Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


TTNUJanuary 8, 20142min74723
1. Not traveling when you had the chance. Traveling becomes infinitely harder the older you get, especially if you have a family and need to pay the way for three-plus people instead of just yourself. အခွင့်အရေး ကြုံလာတုန်း ခရီးတွေ မသွားမိတာမျိုးလေ။အသက်ကြီးလာတော့ ခရီးတယ်မတွင်တော့ဘူးပေါ့။ အထူးသဖြင့် မိသားစုတစ်စုလုံးခရီးသွားဖို့ သုံးယောက်စာ အထက်တော့ ကုန်ကျပေတော့မယ်လေ။ တစ်ကိုယ်တည်းစာ မဟုတ်တော့ဘူးလေ။ ( ငွေကြေးတတ်နိုင်ပေမဲ့ ကရိကထတွေများတဲ့ အာရုံ ကိုပြောတာပါ)။ 2. Not learning […]


TTNUOctober 13, 20121min107341
ကျွန်မတို့မှာ ချမ်းမြေ့ရိပ်ငြိမ်ဆိုတဲ့ Group Page လေးတစ်ခုရှိပါတယ်။ ကျွန်မနဲ့ စာလာလေ့လာဖူးကြတဲ့၊ တပည့်တွေ ကျောင်းသားဟောင်းတွေ အသင်းဝင် အဖြစ်စုပေါင်းပါဝင်ရေးသားကြ၊ Comment တွေပေးကြ၊ Share ကြ၊ တင်ထားတဲ့ ငယ်ငယ်တုန်းကဓာတ်ပုံလေးတွေ ပြန်ကြည့်ပြီး လွမ်းကြ၊ တီချာကို စာမေးကြ၊ အခုရောက်ရှိနေတဲ့ ဘဝလေးတွေ အကြောင်း ပြောကြဆိုကြ၊ အတော်ပျော်စရာကောင်းတဲ့ Community လေးတစ်ခုဖြစ်လာခဲ့ပါတယ်။ ကျွန်မကလည်း သူတို့ရေးအားလေးတွေပိုထွက်လာအောင် လှုံ့ဆော်အားပေးရပါတယ်။ ဘယ်နိုင်ငံရောက်နေတဲ့ ဘယ်သူတွေ၊ ဘာတွေလုပ်နေကြသလဲ။ စာရေးပါ။ သိတာလေးတွေသူငယ်ချင်းတွေကို ပြန်ပြောကြပါ၊ စသဖြင့် တိုက်တွန်းတဲ့အခါရှိသလို၊ ဘယ်သူရေ မင်းစာအရေးအသားက (Nine) ပါကွယ်၊ တီချာတို့ အဖွဲလေးရဲ့စာမျက်နှာမှာ စာရေးပေးပါနော်လို့ စာမူတောင်းရပါတယ်။ ( ဥပမာ ဂဇက်စာရေးသူ ဆရာမ ဒေါ်ပုချ်)။ အင်ထရိုရှည်နေပြီ၊ ဒီလိုပါ။ အစားကောင်းစားရရင် […]


TTNUOctober 11, 20121min154745
  လူ့ဘဝထဲကိုရောက်လာကြပြီ ဆိုကတည်းက အငိုနဲ့စခဲ့ကြရတယ်။ ရယ်တစ်ခါ ငိုတစ်လှည့်၊ နိုင်တစ်ခါ ရှုံးတစ်လှည့်၊ ပြုံးတစ်ခါ မဲ့တစ်လှည့်၊ မဆုံးတဲ့ခရီးရှည်ကြီးနှင်ကြရတယ်။ ကံသတ္တိထူးပါလာသူတွေမှာ ရွှေဇွန်းကိုက်မွေးလာခဲ့ကြပေမဲ့၊ အကျိုးပေးနည်းသူတွေ မှာတော့၊ဒုက္ခအမျိုးမျိုးအိုးကြီးအိုးငယ်နဲ့ပေါ့လေ။လမ်းပေါ်မှာလမ်းပျောက်နေသူတွေ၊ မျှော်လင့်ချက်တွေမှေးမှိန်နေသူတွေ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိသူတွေ၊ အများကြီးပါ။ မနက်က ကျုံးဘေးလမ်းလျှောက်ရင်းနဲ့ လူတစ်ယောက် ပလက်ဖေါင်းပေါ်မှာအိပ်ပျော်နေလိုက်တာ၊ အမှတ်မထင်ကြည့်လိုက်တော့ အသက်မှ ရှိရဲ့လားလို့ထင်မိတယ်။တုတ်တုတ်မှ မလှုပ်ဘူးလေ။ သူ့ဖာသာသူ နတ်စည်းစိမ်တော့ ဖြစ်မလားပဲ။ မြင်ရတဲ့သူအနေနဲ့ စိတ်မကောင်းဖြစ်စရာပါ။                 သူဘယ်လောက်အထိအိပ်နေသလဲဆိုရင် ကျွန်မ အသွားမှာဖြတ်သွားတုန်းမြင်ခဲ့တာ မနက်(၅.၄၅) လောက်ပေါ့။ သုဓမ္မာဇရပ်တွေနားထိလျှောက်ခဲ့ပြီး ခဏလေ့ကျင့်ခန်းလုပ်တယ်၊ ၊ပြန်လာတော့ (၆.၃၀) လောက်ရှိပြီ။ အိပ်နေတုန်းပဲ။ ဒါနဲ့ ခပ်ကြောက်ကြောက်နဲ့ပဲ နည်းနည်းလှမ်းလှမ်းကနေ Zoom […]


TTNUSeptember 18, 20121min105839
ဒီနေ့ညနေ ကလေးတွေ မိမိကြိုက်ရာခေါင်းစဉ်လေးတွေနဲ့ ကိုယ်ပိုင်အယူအဆဆွေးနွေးကြ တဲ့ သင်ခန်းစာလုပ်ပါတယ်။ ဘိုလိုပြောရင်တော့ PRESENTATION တင်ကြတယ်ပေါ့။ သူတို့ကိုကျွန်မ ကြိုတင် လေ့ကျင့်ပေးထားတာက…   (၁) ဘာမှ အလွတ်မကျက်ပါနဲ့။ စာရွက်ကြည့်ပြောပါ။ (၂) ဗလာစာအုပ်ထဲမှာချရေးထားကြည့်ပြီး ပြောမဲ့ အချက်တိုလေးတွေကို ကဒ်ပြားပေါ်မှာ ရေးခဲ့ပါ။ တစ်ချက်ချင်း ကြည့်ပြောပါ။ (၃) ပရိတ်သတ်ကို ကြည့်ပြောပါ။ Eyeball contact မရှိဘဲပြောရင် (“You are reading.”) လို့ အမြဲသတိပေးရပါတယ်။ (၄) လက်ဟန်ခြေဟန်နဲ့ စကားပြောပါ။ (၅) မျက်နှာအကြောကို လျှော့ထားပါ။ (၆) မိမိပြောရမဲ့ အကြောင်းအရာ နိဂုံးချုုပ်ပြီးရင် “Any question?” လို့မေးပါ။ (၇) မေးမဲ့သူက လက်ထောင်ပြမယ် “Excuse me.” လို့ […]


TTNUSeptember 13, 20121min73223
“သဲ ရယ် ရေ ရယ်” လူ့ဘဝကြီးထဲမှာ နေလာရတဲ့ သက်တမ်း ကြာလာလေလေ လူတွေအကြောင်းသိလာလေလေပါလား။ အစကတော့ ဘယ်သူ့မှ ပြောမပြတော့ဘူးလို့ နေတာပါပဲ။  ဒါပေမဲ့ ရှင်တို့တစ်တွေလည်း ဘဝမှာ ဒီလိုကြုံလာရင် သိရအောင် ပြောပြချင်လို့ပါ။ ကျွန်မတို့ အိမ်အနောက်ဘက်ကအိမ်က ချစ်မိတ်ဆွေများနဲ့ ကျွန်မတို့ “ဖု” ကြတဲ့ ဇာတ်လမ်းလေးပါ။ပြီးခဲ့တဲ့ တစ်ပတ်က မိုးတွေရွာပါရောလား။ မြောင်းရေတွေလျှံ၊ အိမ်ခြံထဲရေတွေဝင်၊ ခြင်တွေကကိုက်။ဒီတော့ ကျွန်မတို့ ရပ်ကွက်ရုံးကလူကြီးတွေ၊မီးသတ်ရဲဘော်လေးတွေ၊လုပ်အားပေးတွေနဲ့မြောင်းတွေဆယ်ကြ၊ တံတားအောက်တွေကနွံတွေထိုးချကြနဲ့ စုပေါင်းညီညာအောင်ကြောင်းဖြာကြပါတယ်။ ကျွန်မခြံထဲကမြေနိမ့်နေတော့ မြောင်းရေတွေ တစ်ထွာလောက်ဝင်ပြီး စီးမထွက်နှိုင်တော့တာနဲ့ ပန်းရံခေါ်ရ၊ရေစုပ်စက်ဝယ်ရ၊ ရေပိုက်ဆရာခေါ်ရနဲ့ ကျွန်မတို့ ပျားပန်းခတ် နေကြတာပေါ့။ ပန်းရံလာပြီဆိုတော့  အုတ်၊ထုံး၊သဲ မှာရ သယ်ရ၊ပုံရ၊ ဝေယျာဝစ္စ များလှပါဘိ။ ချစ်မိတ်ဆွေများအိမ်ကလည်း လိုလိုချင်ချင်ပါပဲ၊ သူတို့ အိမ်ရှေ့ (တည့်တည့်ကြီးတော့မဟုတ်ပါ) […]


TTNUSeptember 12, 20122min63647
The Paradoxical Commandments (ဆန့်ကျင်ဘက် အမှန်တရားများ) by Dr. Kent M. Keith People are illogical, unreasonable, and self-centered. Love them anyway. လူတွေဟာ သဘောတရားမှန်မှန်၊ ကျိုးကြောင်းဆီလျော်စွာမတွေးကြ၊မလုပ်ကြဘူး။ တစ်ကိုယ်ကောင်းဆန်ကြတယ်။ ဘာပဲဖြစ်ဖြစ်  သူတို့ကို ချစ်ခင်လိုက်ပါ။ If you do good, people will accuse you of selfish ulterior motives. Do good anyway. မင်းကောင်းတာလုပ်ရင် လူတွေက မင်းရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အတွင်းစိတ် ကိုဖုံးထားပြီးလုပ်တယ်လို့ စွပ်စွဲကြမယ်။ ဘာပဲဖြစ်ဖြစ် ကောင်းတာလုပ်လိုက်ပါ။ If you are successful, you […]


TTNUAugust 25, 20121min63415
မိခင်ဖခင် ကျေးဇူးရှင်ကို ပုံ(၁)           ပုံ(၂) (ဖဝါး လက်နှစ်လုံး ပုခုံးလက်နှစ်သစ် လူဖြစ်အောင်မွေးလုပ်ကျွေးခဲ့သည်)   “ မိခင် ဖခင်ကျေးဇူးရှင်ကို၊ ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့၊ ရှိခိုးဦးတင်။ ကြည်လင်မြတ်လေး၊ သိမ်းမြန်းမွေး၍၊ လုပ်ကျွေး ခယ၊ ရိုတုပ်ကွလျက်။ ကြီးထ သက်အို၊မျိုးဆွေကိုလည်း၊ ကြည်ညို ညွှတ်တိမ်း၊ ပိုက်ထုပ်သိမ်း၍။ ချမ်းငြိမ်းသာယာလှစေမင်း။” (ကန်တော်မင်းကျောင်းဆရာတော် ရဲ့ လောကသာရဆုံးမစာ စာပိုဒ်(၈)မှာ)   မိဘ နှစ်ပါး၊ သက်ကြီးဆွေမျိုးများအပေါ်မှာ ရိုသေမြတ်နိုးချစ်ခင်ဖို့ ရေးသားဖော်ပြထား ပါတယ်။ ကျေးဇူးရှင် မိခင်ဖခင်တို့ကို မြတ်မြတ်နိုးနိုးချစ်ခင်ပါ။ ဘုရားစေတီရှိခိုးသကဲ့သို့ ရှိခိုးပါ။ကြည်ဖြူလေးမြတ်စွာ သိမ်းပိုက်၍ အရိုအသေပုဆစ်တုပ်ပြီးလျှင် လုပ်ကျွေးမွေးမြူပါ။ ဒါ့အပြင် အသက်အရွယ်ကြီးတဲ့ ဆွေမျိုးတို့ကိုလည်း ကြည်ဖြူလေးမြတ်စွာ သိမ်းပိုက်၍ […]


TTNUAugust 22, 20121min106435
  ပင်စင်စားတစ်ယောက်ရဲ့ ဘဝကို ဒီနာရီလေးနဲ့ နှိုင်းယှဉ်တွေးကြည့်ရင် သနားစရာပဲနော်။ အချိန်တွေမရှိတော့ဘူး။ကြောင်အိုလို့ ကြွက်မလေးတော့ဘူး။ လေးတွဲ့ဖင့်နွှဲပြီး နေညိုချိန်တောင် ရောက်တော့မှာပါလား လို့တွေးလိုက်ရင် ကိုယ့်ကိုယ်ကိုတောင်သနားပြီးငိုချင်မိပါရဲ့။ Retired but not expired! ပင်စင်တော့ယူလိုက်ပြီ၊ ဒါပေမဲ့ သေမင်းကိုတော့ အသက်မပေးသေးဘူး။   Late to rise Early to bed Collect that pension Before you’re dead. အိပ်ရာထနောက်ကျ အိပ်ရာစောစောဝင် မသေခင်ပင်စင်လေးထုတ် အဲဒါကိုယ့်ရဲ့အလုပ်။   You’re retired – Goodbye tension. Hello pension! အနားယူပြီဆိုတော့ သွားပါရော့ ဖိအားတွေ မင်္ဂလာပါ ပင်စင်လစာရေ။   ဒီစာသားလေးကို Reader’s Digest […]


TTNUAugust 21, 20122min100036
လူတိုင်းအညွန့်လေးတလူူလူတက်ချင်ကြတယ်။ နာမည်ပေးရင်တောင်မှ ဘယ်သူမှ “ငတိ” လို့ မပေးချင်ဘူးနော။ ဘုရားပန်းကပ်ရင်လည်း အညွန့်လှလှလေးပါတဲ့ ပန်းမှ ကပ်ချင်တယ်။ သပြေဆိုလည်းသပြေညွန့်လေးနုပြီးရဲနေမှ ကြိုက်တာပါ။ ဥပမာ (၁) သပြေညွန့်   ဓာတ်ပုံ။ (အစိမ်းရောင်လွင်ပြင် ချော) ကျေးဇူးတင်ပါသည်။         နောက်တစ်ခါ  ဟင်းသီးဟင်းရွက်ဆိုရင်လည်းနုဖတ်ညွန့်ဖူးနေမှ။ခပ်ရင့်ရင့်နဲ့ရွက်ကြမ်းကြီးတွေဆိုရင် ခြွေပစ်တော့တာပါပဲ။ တို့စရာဘာတို့စားသလဲမေးရင် ဗူးရွက်ပြုတ်လို့ မဖြေပေါင်၊ ဗူးညွန့်လေးပြုတ်တို့တာ လို့ပြောကြတာ။  ဒီလိုပဲ ဖရုံညွန့်၊ ဖရဲညွန့် စသဖြင့်တို့လည်းအညွန့်လေးတွေကြော်စားမှ ချိုသလိုလို။     ဥပမာ(၂) ဖရုံညွန့်။           ဥပမာ(၃)  ဖရဲညွန့် (Credit to My Balcony Jungle.)     […]


TTNUAugust 17, 20122min167147
  ကျွန်မတို့ တွေအားလုံးသိထားပြီးကြတဲ့အတိုင်း “တပည့်မကောင်းဆရာ့ခေါင်း” တဲ့။ ဆရာမကောင်းရင်ကော? တပည့် ဒေဝတတ်တွေ များလာတော့မှာပေါ့။ ဆရာတစ်ယောက်၊ အထူးသဖြင့် ဆရာကောင်းတစ်ယောက်ဖြစ်ဖို့ မလွယ်ပါ။ တကယ့်ကို မလွယ်ပါ။   ဆရာဆိုတာ နာနာကျင်ကျင် အပြစ်မြင်တိုင်း၊ ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၏၊  ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့ ။  ဆိုတဲ့အတိုင်း ဆရာတစ်ယောက်ရဲ့ စံ ၊ လေ့လာကြည်ရအောင်နော်။ Invest in Teachers – The Art of Teaching Posted by linedalile ⋅ July 25, 2012 ⋅ ဒီဆောင်းပါးထဲမှာဖွင့်ဆိုထားတာလေးဖတ်ကြည့်ပါဦး။ A teacher is someone who gives you something to […]


TTNUAugust 12, 20123min55417
(ပုံ ၁) I love you. (ငါမင်းကိုချစ်တယ်)ဆိုတဲ့ သင်္ကေတလေးပါ။ ကမ္ဘာသုံး၊ အများသုံး၊ လူတိုင်းသုံးဝေါဟာရလေးနဲ့အတူထင်ရှားနေတဲ့ လူသုံးများနေတဲ့ လက်သင်္ကေတလေးတစ်ခုပါ။         (ပုံ ၂) Thank you. (ကျေးဇူးတင်ပါတယ်) ဆိုတဲ့ သင်္ကေတလေးပါ။ အနီးအနားမှာ လာပြီးကျေးဇူးတင်စကားပြောခွင့်မကြုံတဲ့ အခါမျိုးတွေမှာ နှုတ်ခမ်းလေးလှုပ်ပြီး (Thank you.) လို့ ပြောရင်လည်း Lip- reading ဖတ်တတ်ရင်တော့ အဆင်ပြေပါတယ်။ ဒါမှမဟုတ် ဒီသင်္ကေတလေးပြလိုက်ရင်လည်း ကောင်းသွားမှာပါ။   (ပုံ ၃) Please ( တောင်းပန်ပါတယ်) ဆိုတဲ့ သင်္ကေတလေးပါ။ Sorry. I’m sorry. စသောစကားတွေထက် ပိုလေးနက်နေသလို ကျွန်မတော့ ခံစားမိပါတယ်။     […]


TTNUAugust 11, 20121min84141
လောကသာရဆုံးမစာ လင်္ကာပိုဒ်(၂၁) မှာ ပျူပျူငှာငှာ၊ လူတကာကို၊ သာသာချိုချို၊ ချစ်ဖွယ်ဆို၍၊စိုစိုပြည်ပြည်၊ ကျင့်မူနည်ဖြင့်…. လို့အစချီရေးထားပါတယ်။ လူအပေါင်းကို ချစ်ဖွယ်အမူအရာနှင့် ချိုချိုသာသာပြောဆိုဆက်ဆံ ကြစေရန် ဆုံးမထားခြင်းဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံရှိ မြန်မာတိုင်းရင်းသားများမှာ ပြောဆိုဆက်ဆံရေးနဲ့ ပတ်သက်ပြီး ရိုသေ မှု၊ကိုင်းရှိုင်းမှု၊ အစုစု ရှေးပဝေသဏီကတည်းကစတင်ရှိခဲ့တာပါ။ ထီးသုံးနန်းသုံး၊ထီးဟန်နန်းဟန်၊ တွေနဲ့ ယဉ်ကျေးခဲ့ ကြဖူးပါတယ်။ ခေတ်တွေ ပြောင်းလာသည်နှင့်အမျှ နှုတ်ဆက်ခြင်း၊ မိတ်ဆက်ခြင်း၊ အရိုအသေပြုခြင်းတွေ ပြောင်းလာလိုက်တာ တွေလည်း သတိထားမိကြမှာပါ။ ကျွန်မတို့ ပထမဆုံး နှုတ်ဆက်ခြင်း ကိုလေ့လာကြည့်ကြရအောင်။ “မင်္ဂလာပါ” တဲ့။ တကယ့်ကို ကျက်သရေရှိတဲ့ စကားစုလေးပါ။ ဘိုစာ၊ ဘိုစကားနှစ်ခြိုက်သူတွေကတော့ “Good Morning” “Good Afternoon” “Good Evening” “Hello” “Hi” စသဖြင့်ပြောကြပါလိမ့်မယ်။ […]


TTNUAugust 7, 20121min78529
That’s not my job ဒါ ငါ့အလုပ်မဟုတ်ဘူး This is a story about four people named Everybody, Somebody, Anybody and Nobody. There was an important job to be done and Everybody was sure that Somebody would do it. Anybody could have done it., but Nobody did it. Somebody got angry about that, because it was Everybody’s job. […]