Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ချမ်းမြေ့ရိပ်ငြိမ်မှ စာရေးကောင်းသူများ”

TTNUOctober 13, 20121min116841

ကျွန်မတို့မှာ ချမ်းမြေ့ရိပ်ငြိမ်ဆိုတဲ့ Group Page လေးတစ်ခုရှိပါတယ်။ ကျွန်မနဲ့ စာလာလေ့လာဖူးကြတဲ့၊ တပည့်တွေ ကျောင်းသားဟောင်းတွေ အသင်းဝင် အဖြစ်စုပေါင်းပါဝင်ရေးသားကြ၊ Comment တွေပေးကြ၊
Share ကြ၊ တင်ထားတဲ့ ငယ်ငယ်တုန်းကဓာတ်ပုံလေးတွေ ပြန်ကြည့်ပြီး လွမ်းကြ၊ တီချာကို စာမေးကြ၊ အခုရောက်ရှိနေတဲ့ ဘဝလေးတွေ အကြောင်း ပြောကြဆိုကြ၊ အတော်ပျော်စရာကောင်းတဲ့ Community လေးတစ်ခုဖြစ်လာခဲ့ပါတယ်။

ကျွန်မကလည်း သူတို့ရေးအားလေးတွေပိုထွက်လာအောင် လှုံ့ဆော်အားပေးရပါတယ်။
ဘယ်နိုင်ငံရောက်နေတဲ့ ဘယ်သူတွေ၊ ဘာတွေလုပ်နေကြသလဲ။ စာရေးပါ။ သိတာလေးတွေသူငယ်ချင်းတွေကို ပြန်ပြောကြပါ၊ စသဖြင့် တိုက်တွန်းတဲ့အခါရှိသလို၊ ဘယ်သူရေ မင်းစာအရေးအသားက (Nine) ပါကွယ်၊ တီချာတို့ အဖွဲလေးရဲ့စာမျက်နှာမှာ စာရေးပေးပါနော်လို့ စာမူတောင်းရပါတယ်။ ( ဥပမာ ဂဇက်စာရေးသူ ဆရာမ ဒေါ်ပုချ်)။

အင်ထရိုရှည်နေပြီ၊ ဒီလိုပါ။ အစားကောင်းစားရရင် ချစ်တဲ့သူတွေ သတိရသလိုပါပဲ။ စာကောင်းကောင်း
လေးဖတ်ရရင် ချစ်တဲ့သူတွေကိုပဲ သတိရမိပါတယ်။ ဒါကြောင့် ဂဇက်ကချစ်သော မိတ်ဆွေများကို
(ကျွန်မတပည့်) ခိုင်ဇာလင်းရဲ့စာမူလေးဖတ်စေချင်လိုက်တာ။

ဒီကလေးမလေးကို မြန်မာစာအရေးအသားဒီလောက်မွှတ်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး။ သူ့အရေးအသားလေး
တွေက မာယာမပါဘူး။ ချစ်စရာကောင်းတယ်။ အနားမှာ လာပြီးဥဩလေးတွန်နေသလိုပဲ။ (တင်စားတာများသွားပြီလားမသိ။)

ကျွန်မသူ့ကို Mandalay Gazette ဝင်ဖို့ Mail ပို့ထားပါတယ်။ စ လုံးမှာနေပါတယ်။ ရုပ်ကလည်း
အတော်ချောပါတယ်။ သူ့ကို ချမ်းမြေ့ရိပ်ငြိမ်ကို စာတွေများများတင်ဖို့ တိုက်တွန်းထားပါတယ်။ အော် တစ်လက်စတည်း လက်ကုန်ကြွားပါရစေ၊

နောက်ထပ် သူ့လို အရေးကောင်းအတွေးကောင်း စာရေးသူတွေရှိသေးပါတယ်။ ဒေါ်ပုချ် အပါအဝင်ပေါ့ရှင်။
ကဲ … စာမြည်းလေးနည်းနည်းကြွား (အဲလေ) ကျွေးပါရစေ။

(၁) Wendy Maw

(ဆိုုတော့…………ခုုတစ်လောတော့မဟုုတ်ပါဘူး ဒီကိစ္စကိုုတွေးမိနေတာကြာပါပြီ… လမ်းတွေပေါ်မှာ ကွမ်းသွေးတွေထွေးတဲ့ကိစ္စပါ။လမ်းသွားတာမှတစ်ပြမရှိသေးဘူး…ကွမ်းသွေးအကွက်က
ရေလိုု ့တောင်မရတော့ဘူး..အဲလုိုတွေ အခြေအနေဆိုုးနေတာ..စိတ်လည်းပျက်မိတယ်။ လူတွေဘာလုိုများ ဒီကွမ်းကိုုစား၊ စားပြီးစည်းမရှိကမ်းမရှိ ထွေးရလဲလိုု ့??

ဆိုုတော့..ဘယ်မှာလဲ တာဝန်ကျေပွန်မှူ?? တစ်ခုုတော့ရှိတယ်….ကိုုယ့်ကိုုကိုုယ် ဒီလုိုလုုပ်ရတာ ရှက်ရကောင်းမှန်းမသိတာလဲ ပါသလိုု မထူးဇာတ်ခင်းကြတာလဲပါမှာပေါ့လေ။

နောက်ထပ် တစ်ခုုက အမှိူက်ပစ်တာတွေ…ကိုုယ်ရဲ့ အမှုိုက်ကိုု ဘာလိုု ့အမှိူက်ပုုံးထဲ
တည် ့အောင်ကိုုမပစ်နုိုုုင်ရတာလဲ? စဉ်းစားမိတယ်…………အဲဒါကိစ္စကအရမ်းကိုု ခက်ခဲတဲ့ အလုုပ်လားလိုု ့။

နောက်ထပ်တစ်ခုုကတော့ ကိုုယ်လုုပ်ရမယ့် အလုုပ်ကိစ္စကိုု ဘာလိုု့သူများတွေက နောက်ကနေတွန်းပြီး တဒွတ်ဒွတ်ပြောမှ လုုပ်ကျရတာလဲ? ကိုုယ်တာဝန်ကိုု မသိတာလား? မလုုပ်တတ်တာလား? မလုုပ်ချင်တာလား? မသိချင်ယောင်ဆောင်နေတာလား?)

 

(၂)  Wendy Maw

ကျွန်မ အရင်တုုန်းက စာရေးဖိုု ့စိတ်ကူးရှိပေမဲ့ မရေးဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ စာတွေကိုတော့ အမြဲပဲ
ဖတ်မိပါတယ်။ ကြည်အေး၊ မစန္ဒာ၊ ဂျာနယ်ကျော် မမလေး အစရှိတဲ့ ကလောင်ရှင်တွေ ရဲ့ အမာခံ
ပရိတ်သတ် လိုု ့ပြောလိုု ့ရပါတယ်။ စာမရေးဖြစ်တဲ့ အဓိက အကြောင်းအရာ ကတော့ မအားတာရယ်၊
ဘယ်ကနေ ဘယ်လိုု ရေးရမယ်မှန်းမသိတာရယ်ပေါ့။ စာရေးခြင်း အတတ်ပညာ ကိုု တော့ အလွန်ကုို တတ်မြောက်ချင်ခဲ့တဲ့သူပါ။ ဒီလိုုနဲ့ ကျွန်မတိုု ့ရဲ့ ဆရာမ က Groupထဲ မှာ post တွေတင်ရမယ် ဆိုုတော့
ဘာကိုု တင်ရင်ကောင်းမလဲ လုို စဉ်းစားရင်းနဲ့ ကျွန်မ ဒီစာရေးဖိုု ့ဖြစ်လာတော့တာပါဘဲ။

အဲဒီအတွက် ကျွန်မတိုု ့ရဲ့ ဆရာမဒေါ်သန်းသန်းနုုကိုု အရမ်းပဲ ကျေးဇူးတင်မိပါတယ်။ ကျွန်မရဲ့ စိတ်ကူးကိုု ကောင်အထည်ပေါ်အောင် တွန်းအားတွေပေးလိုု ့ပါ။ ဆရာမကကျွန်မတိုု ့ကိုု အမြဲပဲဆုုံးမလေ့
ရှိပါတယ်။
“နင်တိုု ့ ငါလိုုဆရာမကိုု ထမင်းထုုပ်နဲ့ တစ်မြို့ လုုံးပတ်ပြီးရှာကြည့် မရှိတော့ဘူး” ၊
“ဒဏ်ရာကိုု ဆေးထည့်တာ နဲနဲတော့စပ်မယ်၊ အက်စစ်နဲ့ ပက်တာမဟုုတ်ဘူး”၊  အစရှိသဖြင့် ဆုုူ..အဲလေ ဆုုံးမလေ့ရှိပါတယ်။ (:P)

ဒီတော့ ကျွန်မကလည်း ဒီနေရာကနေ ပြန်ပြောလိုုက်ပါမယ်….တီချုယ်လိုု ဆရာမ က တစ်မြို ့လုုံး မဟုုတ်ပါဘူး၊ တစ်နိုုုင်ငံလုုံး မှာ ရှိမှာမဟုုတ် တော့ပါဘူး။ နောက်ပြီး တီချယ် ဆေးထည့် ပေးလိုု ့ဒဏ်ရာ က အမာရွတ် တောင်မရှိတော့ပါဘူး တီချယ်…။

(၃) Sai Thar Kyaw

The Account in My Heart
No username, no password
It won’t work “Copy, Paste”
Like Cltrl+C or Cltrl+V
For all of my lost!!!
Won’t also work to “Delete” my memory
That had dealed with you.
No backup, no recovery
On the wall of my heart,
Your comments are still everywhere,
Which makes my mind mess up.
You did report all of my post as
“Report As Spam” grimly.
It’s not 528 and over 1500 times.

ဒါတွေက အမြည်းမျှတင်ပြတာပါ။ ကလေးတွေရဲ့စာရေးနိုင်အားလေးတွေဟာ စိတ်ထဲမှာတော်တော် ကျေနပ်မိကြောင်းပြောပြချင်တာပါ။
အခုဆက်လက်ဖော်ပြမှာကတော့ခိုင်ဇာဝင်းရဲ့ အတွေးအရေးလေးပါ။အားပေးကြပါဦး။

—————————————————————————————-

ခေါင်းရွက်သည်၊ မှောင်မှောင်သည်၊ အထမ်းသည်

by Khaing Zar Win on Thursday, 4 October 2012 at 13:14 ·

မန္တလေး ကို လွမ်းရတဲ့ အကြောင်းတွေထဲမှာ မနက်၊ နေ့လယ်၊ ညနေ၊ ညပိုင်း မရိုးရအောင် လာတတ်တဲ့ အသည်မျိုးစုံလည်း ပါပါတယ်။ ကိုယ့်မြို့လေးမှာ နေနေကြတုန်းက သိပ်သတိမထားမိပေမဲ့ ဒီရောက်တော့ ကျန်တဲ့ မြန်မာအစားအစာလေးတွေ ဘယ်လောက်လွယ်လွယ် ရတယ်ပဲဆိုဆို ဖြတ်သွားတဲ့ ဈေးသည် တစ်ယောက်မဟုတ် တစ်ယောက် ခေါ်ပြီး ပါလာတဲ့ အစားအသောက်တွေကို ဝယ်စားရတဲ့ အချိန်မျိုးကတော့ ဘယ်လိုမှ အစားထိုးပြန်မရပါဘူး။

– မနက်ခင်းလင်းတာနဲ့ ကြားရတဲ့ အသံက ပဲပြုတ်နဲ့ ကောက်ညှင်းပေါင်း။ ကောက်ညှင်းပေါင်း ပူပူလေးပေါ်မှာ စားတော်ပဲပြုတ်အိအိလေးတွေတင် နှမ်းထောင်းလေးဖြူးထားတာကို ဝယ်ပြီး အိမ်က ဖျော်ထားတဲ့ကော်ဖီလေးနဲ့ စလိုက်ရတဲ့ နေ့တွေ သတိရပါတယ်။

– နေ့လယ်ခင်း (အင်း နေ့လယ်ခင်း အသည်က နဲနဲ များတယ်။ ဘယ်သူကို စလွမ်းရပါ့)

၁) သာကူကျို၊ မုန့်လက်ဆောင်း၊ နို့ထမင်း၊ ဒိန်ချဉ် သည် – နွေနေ့လယ် ပူပူမှာလာတဲ့ ဒီ အသည်ကို ခေါ်၊ မောင်နှမ တွေ ဝိုင်းပြီး ကိုကြိုက်ရာကိုယ်မှာစားကြတာပေါ့။ သာကူကျို နွေးနွေးလေးပေါ်မှာ အုန်းခြစ်လေးတွေဖြူးထားတာ စားမလား။ ထန်းညက်ရည်အေးအေးလေးနဲ့ မုန့်လက်ဆောင်းဖတ်ဖြူဖြူလေးတွေကို သောက်မလား။ ဒိန်ချဉ်နဲ့ ထန်းညက်ရေနဲ့ ခေါက်စားရကောင်းမလား စသည်ဖြင့် ကိုယ်ကြိုက်ရာကိုယ်ရွေးကြတာပဲ။

၂) ကြာဆံကြော်၊ ခေါက်ဆွဲကြော်သည် – နဲနဲလေး ထပ်စောင့်လိုက်ရင်တော့ ဒီအသည်လာပါပြီ။ ကြာဆံကြော်၊ ခေါက်ဆွဲကြော် ဆီခြောက်ခြောက်ကြော်ထားတဲ့ အပေါ်မှာ ငါး အရေခွံကြော်လေး ကို အလွတ်မပေးကြပြန်ဘူး။

၃) ငှက်ပျောထုပ်၊ ကောက်ညှင်းထုပ်နဲ့ မုန့်ဦးနှောက် သည် – အဲဒီ အသည်တွေ မမှီတော့ဘူး ဆိုရင်တော့ ငှက်ပျောဖက်လေးတွေနဲ့ ထုတ်ထားတဲ့ မုန့်လေးတွေ့ စောင့်ရုံပေါ့။ သူတို့က ငှက်ပျောထုတ် စားမယ်ဆိုရင် သကြားလေးဖြူးပေးတယ်။ ကောက်ညှင်းထုတ်စားမယ်ဆိုရင် ဆီချက်လေးဆမ်းပေးတယ်။ မုန့်ဦးနှောက်စားမယ် ဆိုရင်တော့ မြေပဲမှုန့်နဲ့ ဆီချက်လေးထည့်ပေးတယ်။

ညပိုင်း (ညပိုင်းမို့ မရှိဘူးမထင်နဲ့ဗျ၊ ရှိပါ့)

၁) ပြန်ပေါင်းထုတ်၊ ဌာပနာထုတ်သည် – အစကတော့ ဘာမှန်းမသိ၊ ဝယ်စားကြည့်ပြီးမှ မုန့်ဖတ်ထုပ် ကိုပြောတာ။ ကောက်ညှင်းမှုန့်ကို နယ်ပြီး အုန်းသီးခြစ်နဲ့ထန်းလျက် ဒါမှမဟုတ် သကြားကို ဌာပနာပြီးမှ ပေါင်းတဲ့မုန့်ပေါ့။ (ပြန်ပေါင်းချင်တဲ့လူတွေက ဒါနဲ့ ယတြာချေတယ်တဲ့။ဟုတ်မဟုတ်တော့မသိ။ :kwi:

၂) ကျွဲခေါင်းသီးပြုတ် – နာမည်နဲ့လိုက်အောင်ပဲ ကျွဲခေါင်းပုံ (ချိုကလေး နှစ်ဘက်ကပါသေး) အသီးကို ပြုတ်ထားတာပါ။ စိမ့်စိမ့်လေးနဲ့စားလို့ အလွန်ကောင်းပါတယ်။

၃) ဝက်မြေဥပြုတ် – အခွံခွါပေးပါ့မယ်လို့ ကတိပေးတဲ့သူရှိမှပဲ စားချင်တဲ့ အစာပါ။ ချိုချိုစိမ့်စိမ့်လေးနဲ့ စားလို့ကောင်းသလောက် အခွံမည်းမည်းတွေခွါရတာ လက်ဝင်သလိုပါပဲ။

ဒါတွေက ခေါင်းရွက်သည်တွေပဲ ရှိပါသေးတယ်။ လွမ်းလက်စနဲ့ တွန်းလှည်းသည် တို့ အထမ်းသည်
တို့ကို ပါ လွမ်းပရစေ။ (ညနေစောင်း အစားအသောက်တွေပေါ့လေ။ )

၁) နို့ဟင်းမလိုင် – ဘာနဲ့ဘာနဲ့ချက်တယ်တော့ မပြောတတ်ပါဘူး။ နွားနို့အရသာလေးနဲ့ ချိုစိမ့်လေး
စားရတာပဲ မှတ်မိပါတယ်။

၂) ရေခဲခြစ်၊ ရေခဲချောင်း၊ ရေခဲသုပ် – အိမ်က တားမြစ်ထားသော အသည်ပါ။ ဒါကြောင့်မို့လားမသိ၊ ပိုစားကောင်းလိုက်တာမှ။ ဆိုးဆေး ရောင်စုံပါသော ရေခဲအမျိုးမျိုးကို လျှာ ရောင်စုံဖြစ်အောင်ခိုးစားခဲ့ရပါတယ်။ (အသည်ကြီးကို လမ်းထိပ်မှာ စောင့်ဖို့ မျက်စပစ်ရသေး။)

၃) ရွှေရင်အေး၊ ကျောက်ကျော အုန်းနို့ဆမ်း။ – ဘယ်လိုပြောရမှန်းမသိအောင်ကို အရသာကောင်း
လွန်းပါရဲ့။ အုန်းနို့အစစ်ကိုး။ အသက်ငယ်တုန်းက သတိမထားမိပေမဲ့ ခု ဒီတစ်ခေါက်ပြန် စားမိတော့
သွေးတိုးတယ်။ (ဟီးဟီး။ ကိုယ့်အသက်ကို မေ့ပြီး အဝသွားစားတာ)

၄) မှောင်မှောင်သည် – အမျှော်ရဆုံး အသည်ပါ။ ငရုတ်သီး အစိမ်းမှုန့်နဲ့ နယ်ထားတဲ့ သစ်တော်သီးစိမ်း၊ သရက်သီးစိမ်း၊ -ငံပြာရည်၊ ငရုတ်သီးမှုန့်နဲ့နယ်ထားတဲ့ မက်မန်းသီး၊ စောင်းလျားသီး၊-ပဲမှုန့်နိုင်းချင်းနဲ့
သုပ်ထားတဲ့ သင်္ဘောသီးခြစ်လေးတွေ၊ (အမလေး၊    ရေးရင်းနဲ့သွားရည်ကျလာပြီ။ ရပ်မှ)

ကဲ အထမ်းသည်တွေဘက်လှည့်မယ်။

၁) တို့ဟူးသုပ်သည်  – ၂ မျိုး ရှိတယ်။ ဗမာသုပ်နဲ့ ရှမ်းသုပ်လို့ပဲ အလွယ်မှတ်လိုက်တယ်။ ဗမာသုပ်က
မြေပဲမှုန့်၊ မန်ကျည်းမှည့်ရေ တို့နဲ့ ချဉ်ငံစပ်သုပ်တယ်။ ရှမ်းသုပ်ဆိုတာက သံပုရာရည်၊ရှာလကာရေ တို့ကို နှမ်းထောင်းလေးတွေနဲ့ အရည်ရွှဲရွှဲသုပ်တာပဲ။ နည်းအတိအကျတော့မသိဘူး။ နှစ်မျိုးလုံးကြိုက်တာပဲ မှတ်မိတယ်။

၂) မုန့်ဟင်းခါးသည် –  ဆိုင်ထိုင်သည်တွေ ပေါ်လာပြီးနောက် သိပ်မတွေ့ရတော့ဘူး။ ပဲနဲ့ချက်ထားတဲ့
ဟင်းရည် ကျဲကျဲကို ပူပူလေးစားရတာကိုတော့ အရမ်းကြိုက်ခဲ့တယ်။

အဲဒီလိုမှ အိမ်မှာ မစောင့်ချင်ရင်တော့ နီးနီးနားနားမှာသွားလို့ရတဲ့ လမ်းဘေးဆိုင်သေးသေးလေးတွေ
အများကြီးပဲ။

၁) အကြော်စုံ – ဘူးသီးကြော်၊ ဘယာကြော်၊ မတ်ပဲကြော်၊ ပြောင်းဖူးကြော်၊ ပဲကပ်ကြော် စသည်ဖြင့် မန်ကျည်းမှည့်အချဉ်ရည်လေးနဲ့ တို့စားရတဲ့ အကြော်စုံပေါ့။

၂) အပေါင်းသည် – ကောက်ညှင်းကိုမှ ကုလားပဲနဲ့ပေါင်းထားတာလည်းရတယ်။ ခေါက်ပဲပေါင်းဆိုတဲ့ဟာ ပဲ မဲမဲလေးတွေနဲ့ ပေါင်းထားတာလည်းရတယ်။ ဒီ အဆိုင်နဲ့ အကြော်စုံဆိုင်က ကပ်ရပ်ဖွင့်တာများတယ်။

၃) ကော်ပြန့်စိမ်း၊ ကော်ပြန့်ကြော်၊ ကော်ပြန့်ကြော်သုပ် – ဒေသစွဲတယ်ပဲဆိုဆို စားဖူးတဲ့ကော်ပြန့်
တွေထဲ မန်းလေးက ကော်ပြန့်ပဲကြိုက်တယ်။ ကော်ပြန့်လို့ကြားဖူးကာစကတော့ နာမည် အတိုင်းပြန့်ပြန့်ပြူးပြူးမှတ်နေတာ။ အလိပ်လိုက်လေးကိုး။ အထဲမှာ ဂေါ်ဖီ၊ ပဲပင်ပေါက်၊ခါချက်ဥခြစ်
တစ်ခါတစ်ခါ စိမ်းစားဥခြစ်လေးလည်းပါတယ်။အဲဒါတွေကိုအရင်ကြော်ပြီးထည့်လိတ်၊ ပြီးမှပြန်ကြော်တာ
ကော်ပြန့်ကြော်။ ပါဝင်ပစ္စည်းတွေ ကို ရေစစ်ပြီး အရွက်ထဲ ထည့်လိတ်ထားတာ ကော်ပြန့်စိမ်းလိတ်။
အဲဒါလေးတွေကို ငရုပ်ချဉ်နဲ့တို့စားရတယ်။

၄) မုန့်ပြစ်စလက် (မုန့်ပျားသလက်)၊ရေမုန့်၊ ခေါက်မုန့် –  ဘယ်လိုပဲခေါ်ခေါ် ဆန်မှုန့်နဲ့ လုပ်တဲ့မုန့်
တွေချည်းပဲ။ အဲဒီ ဆိုင်တွေက များသောအားဖြင့် ထိုင်စရာရှိဘူး။ ပါဆယ် ယူရတာများတယ်။ အနီမုန့်ဆိုရင် ထန်းညက်ရည်လေးဆမ်းပြီးအိုးကင်းကပ်ပေးလိုက်တာ။ အချိုကြိုက်သမား အတွက်ပေါ့။ အဖြူမုန့်ဆိုရင် နံနံပင်၊ငရုပ်သီးစိမ်းပါးပါးလှီးထည့်ပြီး စားတော်ပဲပြုတ်လေး ဖြူးလိုက်ရော။ ဒါက အစိမ့်ကြိုက်သမားတွေ အတွက်။ရေမုန့် (ရန်ကုန်က ခေါက်မုန့်လို့ခေါ်တာ မနှစ်ကပြန်မှသိတယ်) က အပါးမျိုးပေါ့။ ပါးပါးပြားပြားလေးကို ခေါက်ပေးလိုက်တာ။ အိုးကင်းကတ် ကြွပ်ကြွပ်လေး ပိုစားကောင်းသေး။

အင်း၊ မနက်၊ နေ့လယ်၊ ညနေ၊ ည အဆာပြေ သရေစာတွေက ကုန်သလောက်ရှိပြီထင်ပါရဲ့။ ရှာရှာဖွေဖွေ ရေးရမယ်ဆိုရင်တော့ ကျန်သေးတာပေါ့လေ။ နောက်တစ်ခေါက်မှပဲ မနက်ခင်းစာတွေ သီးသန့်ရေးတော့မယ်။ခု ရေးရင်း ဗိုက်ဆာတဲ့ ဒဏ်မခံနိုင်တော့ဘူး။   :byae:

————————————————————————————-

ကဲ..ကျွန်မပြောတာယုံပြီမဟုတ်လား။ အရေးအသားကို သဘောကျရင်ကျ၊ မုန့်တွေစားချင်လို့
သွားရည်ကျချင်ကျ၊ မိတ်ဆွေတို့ စိတ်တိုင်းကျပါပဲတော်။

TTNU.

 

41 comments

  • အရီးခင်လတ်

    October 13, 2012 at 10:39 pm

    တီချယ်ကြီး က သိပ်ပြီး ချစ်ဖို့ ကောင်းတယ်။
    စာရေးကောင်း သူတွေ ခေါ်လာပြီ။
    သူ့စာလေးဖတ်ပြီး ဗိုက်လဲ ဆာလာလို့ တစ်ခုခု ပြေးစားဖို့ လိုပြီ။
    ရသ မြောက်ပါပေတယ်။
    တို့ဟူးသုတ် နဲ့ မုန့်ဟင်းခါး စားချင်တယ်။
    (၁) ဆိုတော့ နောက် နံပါတ်တွေ အများကြီး တက်လာဦးမှာပေါ့။
    ကျေးဇူးပါ တီချယ်ကြီး နဲ့ Wendy။ :hee:

    • TTNU

      October 14, 2012 at 12:11 am

      မလတ်ရေ…
      ကနဦးစာလာဖတ်သူအဖြစ် ကျေးဇူးတင်စကားပြောပါရစေ။
      တီချာလည်း မြန်မာမုန့် ကြိုက်တတ်လို့လားမသိဘူး။ ခိုင်ဇာလင်းစာမူလေး
      ဖတ်ပြီး ကြိုက်သွားတာနဲ့ Share လုပ်လိုက်တာပါ။ သူ့ဆီကို Mail ပို့ပြီး
      အရင် Request လုပ်ထားတာ ဒီမှာရေးတင်ရင် လက်ခံမလားလို့။သူ့ဆီကဒီနေ့မှ
      စာပြန်လာလို့ တင်တာနောက်ကျသွားတယ်။ သူ့ကို ဂဇက်ဝင်ခိုင်းထားတာမို့
      နောက်ထပ် အရသာရှိတဲ့စာတွေ စားရ (ဖတ်ရ) မှာပါ။
      🙂

  • Hnin Hnin

    October 13, 2012 at 11:05 pm

    အရေးကောင်းလိုက်တာ…ကြိုဆိုနေပါတယ်ရှင့်….စာဖတ်ရင်းနဲ့မြန်မာမုန့်ကြိုက်သူ
    သွားရေတွေကျပြီး ဆာချင်ချင်သက်သတ်လွတ်ဗိုက် အတော့်ကိုဆာသွားပါတယ်…
    ဒါတောင် မနက်ကမှ မုန့်စိမ်းပေါင်း(ထမင်းချိန်) အဝတီးထားသေးလို့နော်…
    အရီး အားတစ်ခုရသွားပြီပေါ့နော်… 🙂

    • TTNU

      October 14, 2012 at 12:19 am

      နှင်းနှင်းရေ…
      ဗိုက်ဆာသွားပြီလား။
      ဝါတွင်း သက်သတ်လွတ်စားနေတာလား။
      ဗမာမုန့်တွေကို တီချာလည်း ကြိုက်တယ်။

  • အရေးအသား ခပ်ချိုချိုလေးတွေ ရေးတတ်တဲ့
    တီချယ်ကြီးရဲ့ တပည့်မ ခပ်ချောချောလေးကို
    ဟောဒီ ရွာကြီးဆီ အမြန်ဆုံး လာရောက်နိုင်ဖို့အကြောင်း
    ကြိတ်ပြီး ဆုတောင်းမိလိုက်ပါရဲ့ …
    ဒါနဲ့ တီချယ်ကြီး .. တိုးတိုးလေး မေးရဦးမယ်ဂျ ..
    ဟိုလေ .. ဟို … အဲ့တောင်မလေးဂ အာပျိုလေးလားဟင်င်င် .. အဟီးးးး :mrgreen:

    • TTNU

      October 14, 2012 at 12:26 am

      မောင်အံစာရေ…
      ကြိတ်ပြီးဆုတောင်းမလို့လား။
      ငရုတ်သီးကြိ်တ်မှာဆိုရင် မျက်စိထဲဝင်မယ်၊ သတိထားပါနော်။

      မင်းတိုးတိုးလေးမေးလို့
      တီချာလည်းတိုးတိုးလေးပြန်ဖြေမယ်နော်။
      ( whispering…..whispering ….. whispering……)

  • uncle gyi

    October 14, 2012 at 10:14 am

    တီချာရေအဲဒီမုန့်သည်တွေအခုနေရာပျောက်ကုန်ပြီဗျ
    အကြော်တို့မုန့်ဟင်းခါးတို့ရွှေရင်အေးတို့ဟူးအကုန်လက်ဘက်ရည်ဆိုင်တွေကရောင်းကုန်ကြပြီဗျ

  • မာမီရေ
    စာတော်သူ ဖြစ်အောင် သင်ကြားပေးဘို့ နည်းလမ်းရှိပါတယ်။
    စာရေးကောင်းသူဖြစ်အောင် သင်ကြားလို့မရနိုင်ပါဘူး။
    ့ စာရေးချင်စိတ် ရင်ထဲမှာမရှိဘဲ စာတစ်ပုဒ်ဖန်တီးလို့မရနိုင်ပါဘူး။
    ဒီတော့ စာရေးချင်သူမှန်သမျှကို စာချရေးဖြစ်အောင် ကျနော်ကတော့ တိုက်တွန်းပါတယ်။
    နောက်စာရေးသူတွေထဲမှာ ရသစာပေ ရေးသူက ပိုနည်းလို့လာပါတယ်။
    အဲတော့ မာမီဆီက စာရေးချင်သူတွေမှန်သမျှကို ချရေးဖြစ်အောင်တိုက်တွန်းစေလိုပါတယ်။
    သူများသာပြောနေ တိုက်တွန်းနေတယ် ကျနော်တောင်ဒီနှစ် အရင်နှစ်တွေလောက် စာမရေးဖြစ်ဘူး။
    ကျနော်အတွေးတွေထူသွားပြီလားတော့ မသိဘူး မာမီရေ………………………

  • Thu Wai

    October 14, 2012 at 11:36 am

    အရေးအသားလဲကောင်းချောလဲချောတယ်ဆိုရင်တော့ ဓာတ်ပုံလေးတွေပါတင်ပေးဖို့ တို်က်တွန်းပေးပါ တီချယ်ကြီးနော်

  • စိန်ဗိုက်ဗိုက်

    October 14, 2012 at 11:58 am

    အရေးလဲကောင်း ရုပ်လဲ ချောမှတော့ စောဂဒဲက ခေါ်ပါလားလို ့..
    တီချယ်ကြီးတို ့ကလဲ လိုက်သင်ပေးနေရတယ်..ဒဂဒဲ..
    စောဂဒဲက ခေါ်ခဲ့ပါလားလို ့
    :harr:
    ရွာထဲရောက်အူးကြောင်ကြီးတော့ မသိစေနဲ ့နော..

  • မောင်ပေ

    October 14, 2012 at 1:09 pm

    မုန် ့ပစ်စလက် ၊ မုန် ့ရေပါး ၊ ဆင်းရဲသားမုန် ့ .. အိုဗျာ ဘယ်လို ခေါ်ခေါ်
    အဲဒီမုန် ့ကောင်းကောင်းစားချင်တယ်ဆိုရင်
    ၂၅လမ်း ၊ ၈၂ လမ်း ၊ လမ်းအနောက်တောင်ထောင့်မှာ တစ်ဆိုင်
    ၂၅လမ်း ၊ ၈၄ လမ်း လမ်းအနောက်တောင်ထောင့်မှာ တစ်ဆိုင်
    အဲဒါ..အဲဒါ ( ခရက်ဒစ်တူသဂျီး )
    အခမဲ့ ကြေငြာလိုက်ပါတယ်ခင်ဗျ

  • pooch

    October 14, 2012 at 1:39 pm

    တီချယ် အမခိုင်က လာမယ်တဲ့လား ။ ဒါဆိုပျော်စရာပေါ့။ ဟိုပါမောက္ခကြီးကတော့ သုတေသနတွေနဲ့ မအားရှာဘူးထင်ရဲ့။ sandi ရဲ့ စလုံးမှာ ရဲကို မြန်မာကလာပြီး ကတ္တီပါ ဖိနပ်စီးတဲ့ ဟာသတွေ လာရေးခိုင်းအုန်းမှ ထင်တယ်။

    မြို့မငြိမ်းနဲ့ ပန်းချီဆရာကြီး ပေါ်ဦးသက်တို့ရဲ့ မျိုးဆက်သစ်ကို ဓာတ်ပုံတွေ လာတင်ခိုင်းလိုက်အုန်းတီချယ်။
    အခုတော့ ရွှေရုပ်လေးနဲ့ မိုးမမြင်လေမမြင် ပျော်နေတယ် ထင်ပါ့ ဟီး :mrgreen:

    လက်ဖက်ခြံသူဌေးကို သူ့လက်ဖက်တွေ ဆေးမဆိုးကြောင်း သက်သေပြခိုင်းလိုက်ပါတီချယ်။တောင်တက်အဖွဲ့တွေကို အတွေ့အကြုံတွေ ရှဲခိုင်းလိုက်ပါ တီချယ်။ 😀

  • ကိုရင်စည်သူ

    October 14, 2012 at 2:04 pm

    အဲ့ဒါကြောင့် တီချယ်ကြီးကို တားက ထာဝရ ဆရာမကြီး တော်ထားရဒါ။
    လုပ်ပါဦး ဇာလေးရဲ့ လက်ရာတွေကို တီချယ်ကြီး ကြော်ငြာတာနဲ့တင်
    ဖက်.. အဲ.. (ဖတ်)ချင်လှပီ… :kwi:
    ရွာထဲမှာ ရုပ်ချောသဘောကောင်းတဲ့ တီချယ်ကြီး တပည့် ရွာသားလေး အူးစည်
    ရှိတယ် ဆိုတာလေးပါ.. မေလ်းထဲ ထည့်ရေးပေးပါနော့.. 😳 😳

  • Crystalline

    October 14, 2012 at 5:10 pm

    ဆာလွန်းလို့စိတ်ပြောင်းအောင်ပို့စ်တွေလိုက်ဖတ်နေတာ…တီချယ်ကြီးရဲ့ပို့စ်ကနောက်ဆုံးအပိုဒ်ရောက်တဲ့အခါမတော့ အစားတွေရေးထားတာ စားချင်စိတ်မထိန်းနိုင်တော့ဘူး..နောက်နေ့မှလျော့တော့မယ်.

  • TTNU

    October 14, 2012 at 9:33 pm

    uncle gyi ရေ…
    မန ္တလေးမှာတော့ လက်ဖက်ရည်ဆိုင်မှာ ရပေမဲ့ အခုလို ဈေးသည်တွေလည်းရှိသေးတယ်။
    သူတို့ဆီမှာက ပိုစားကောင်းတယ်။
    —————————- 🙂

    ကိုပေါက်ရေ…
    အတွေးတွေမထူလို့သာ ဂျာနယ်တွေမှာ ကိုပေါက်ဆောင်းပါးတွေ ပါနေတာပေါ့။
    ————————— 🙂

    Thu Wai ရေ…
    ဓာတ်ပုံ တင်ပေးခိုင်းရမလား။ FB မှာ သူ့ဓာတ်ပုံတင်ထားပါတယ်။ တစ်ချို့ကတော့
    ဘာပုံမှန်းမသိတဲ့ မဲတဲမှောင်တောင်ပုံတွေတင်တာနော်။
    ————————– 🙂

    ဗိုက်လေးရေ..
    ရှင်ပြောတဲ့ အတိုင်း တင်ချင်ပါတယ်။ ရှင့် သွားကျိုးပုံကြီးကလည်း ကြောက်စရာတော့။
    ————————- 🙂

    မောင်ပေရေ…
    မုန့်ပြစ်သလက် သတင်းအတွက် ကျေးဇူးတင်ပါတယ် နော်။
    ————————- 🙂

  • TTNU

    October 14, 2012 at 9:52 pm

    Pooch ရေ…
    ဟုတ်ပါ့တော်။
    စာတွေရေးခိုင်းရတာမောနေပြီ။
    Reading အတန်းမှာ လက်ထောင်ပါ၊ စာမေးပါ အော်နေရတယ်။
    Discussion အတန်းမှာ စကားပြောပါ။ ရဲရဲ ပြောပါ ဖောင်ဖျက်ပါ တိုက်တွန်းရတယ်။
    Speaking အတန်းမှာ စကားပြောရင် Mood ထည့်ပါဟဲ့ အခါခါ အော်နေရတယ်။
    အခု အပြင်လောကထဲရောက်ပြန်တော့လည်း ဂဇက်မှာ စာရေးပါ စာရေးပါ စာရေးပါ…..
    စာရေးပါ…….. 🙂

    ကိုစည်သူရေ..
    စိတ်ချပါနော်။ စိတ်လည်းထိန်းပါနော်။ ဒါပေမဲ့ ကိုစည်သူ ရုပ်ချောတယ်ဆိုတာကို
    ဘယ်လို သိနိုင်မှာလဲ။ ကိုရင်ပုံကြီးနော်။
    —————— 🙂

    Crystalline ရေ…
    တီချာလည်း ဒီလိုပဲ ဖတ်ရင်းစားချင်လာလို့ သူများတွေဖတ်ရအောင် ဆက်ပို့လိုက်တာလေ။
    ——————- 🙂

  • padonmar

    October 14, 2012 at 9:59 pm

    တီချာကြီးတပည့်တွေကတော့ လူတော်တွေချည်းပဲနော်။
    ခိုင်ဇာဝင်းကလေးကတော့ စာဖတ်သူတွေကို ဆွဲဆောင်သွားလိုက်တာ အခုပဲ မုန့်သွားဝယ်စားချင်လာရော။
    ဒါပေမယ့် သူ့စာက ဖတ်ရတာ အရသာမတွေ့ပါဘူး။

    (စားရမှ အရသာတွေ့မှာကိုး)

    • TTNU

      October 14, 2012 at 10:46 pm

      ပဒုမ္မာရေ…
      ဝယ်ကျွေးပါမယ့်ကွယ်။ ဗမာမုန့်ဆိုရင် တီချာလည်းကြိုက်တယ်။
      ဘိုစာတွေကို ကော်ဖီရည်လေး။ ချော့ကလက်ရည်လေးကလွဲလို့
      တယ်မကြိုက်လှဘူးကွယ်။ သံဗူးတွေသောက်ပြီးလေချဉ်တက်တက်နေတာ
      က ပြဿနာတစ်ရပ်လေ။ 😀

  • Khaing Zar Win

    October 15, 2012 at 8:27 am

    တီချယ်၊ သမီး ရောက်ပြီ။ ဘယ်လို သုံးရမယ်ဆိုတာ အရင်လေ့လာလိုက်ဦးမယ်နော်။ ပြီးမှပဲ အစားတွေ အဲလေ စာတွေ တင်တော့မယ်။ ခု ရောက်ရောက်ချင်း လာနှုတ်ဆက်တာ။ 🙂

    • ရွှေ ကြည်

      October 15, 2012 at 10:26 am

      မင်္ဂလာပါ မခိုင်ဇာဝင်းရေ ဖတ်ရွေးအဖွဲ့ စိတ်ညစ်သွားအောင် လက်ကုန်သာချဲပေတော့ :harr:
      ရွာထဲမှာသတိထားနော် နှူးဘာဂိုဏ်းဆိုလား ရှိရဲ့ နောက်ပြီး တသီးပုဂ္ဂလတွေလည်းရှိသေးတယ် :mrgreen:

      တီချယ်ကြီးရေကျေးဇူးပါနော်..။

      • ရောက် .. ရောက် ..
        ရောက်လာပီလားဟင်င်င် … :mrgreen:

        မမဂျီးကို ပေါဒါ ဟုတ်ဘူး ..
        အပေါ်ဂ တောင်မလေးဂို ပေါဒါ …

        • ရွှေ ကြည်

          October 15, 2012 at 5:30 pm

          ဟုတ်ပါပြီတော် ငါ့မောင်ရယ် မခိုင်ဇာလေးကိုမမဂျီးကယောင်းမ ခေါ်ပလိုက်ရမလား ငါ့မောင်အတွက်လေ 😉

        • မမဂျီး ရွှေကြည် ဂလည်း ..
          မေးနေချရာ လိုသေးလို့လားလို့ ….
          ယောင်းမ ဆယ်ခါပြန်မက တော်ပစ်လိုက် …
          အဟိ …

    • Ma Ei

      October 15, 2012 at 2:24 pm

      မင်္ဂလာပါ ခိုင်ဇာရေ…
      အရေးအသားကိုလဲ သဘောကျ၊
      မုန့်တွေစားချင်လို့လဲ သွားရည်ကျ ရနဲ့ ဒို့မလဲ
      မြန်မာ အစားအစာလေးတွေ သဘောကျသူမို့ပါ…
      အားပေးနေပါမယ်နော်…

    • TTNU

      October 15, 2012 at 9:32 pm

      ခိုင်ဇာဝင်းရေ…(ခေါ်နေကျအမည် မခေါ်တာ တစ်မျိုးဖြစ်နေမလားပဲ)
      ရောက်လာပြီလား။ ဝမ်းသာတယ်တော်။
      တီချာ သမီး mail ကနေ comment တွေလည်းပို့ထားသေးတယ်။
      နောက်တစ်ပုဒ်ကိုလေ ဟင်းတွေတင်ပေးပါနော်။ ဂဇက်မှာစာတင်နည်း
      Home page မှာရှင်းပြထားပါတယ်။ အဲဒီဟင်းတွေလည်းတီချာ ဂဇက်မိတ်ဆွေ
      တွေကို ဖတ်စေချင်တယ်။ သမီး ချမ်းမြေ့ရိပ်ငြိမ်မှာတင်တုန်းကတည်းက အရမ်းကြိုက်တာ။
      စာပို်ဒ်လေးတွေတော့ နည်းနည်းပြန်ခွဲလိုက်ပေါ့။ သမီးလုပ်တတ်ပါတယ်။ :ha:
      ချစ်သော တီချာ

  • nozomi

    October 15, 2012 at 10:18 am

    တီချယ်ကြီး ကျွန်တော်လဲ ရောက်ပါပြီ ( အယ် ဘာမှလဲ မဆိုင်ဘူး )

    ဒေါ်ပု တစ်ယောက်နဲ့တောင် တီချယ်ကြီး တပည့်တွေရဲ့ အစွမ်း သိပြီးသားမို့
    လက်ရာကောင်းတွေ ထပ်ဖတ်ရတော့မှာမို့ မျှော်နေမိကြောင်းပါ
    မြန်မာမုန့်တွေကတော့ ကြိုက်လွန်းလို့ ဖတ်ရင်းနဲ့တောင် စားချင်စိတ် တဖွားဖွား ပေါ်လာမိတယ်

    ဒီလို ဆရာကောင်းရဲ့ တပည့်ဖြစ်ခွင့်ရတဲ့ ဒေါ်ပု တို့ ဒေါ်ဇာ တို့ နဲ့ တပည့်ကျော်တွေရဲ့ ဆရာဖြစ်ခွင့်ရတဲ့ တီချယ်ကြီးအတွက်လဲ ဂုဏ်ယူပါတယ် ခင်ဗျာ

    • Khaing Zar Win

      October 15, 2012 at 11:45 am

      ကြိုဆိုမှုအတွက် ကျေးဇူး တင်ပါတယ်ရှင့်။ ရေးတတ်လွန်းလို့ မဟုတ်ပါ။ အင်မတန် ချစ်ရ၊ ကြောက်ရသော ဆရာမ ကြောင့်ကြိုးစားရေးပါတယ်။ 😀

  • တီချယ် တီချယ်..
    သမီးကလေ စာဖတ်တာ သိပ်နားမလည်လို့…အဲဒီအစ်မက ရွာထဲကလူတွေကို သူဝယ်ကျွေးချင်တဲ့ မုန့်တွေ ရေးပြပြီး ဘာစားချင်လဲလို့ မေးနေတာလားဟင်.. 🙄 :mrgreen:

    မခိုင်ဇာရေ..
    ရွာသူ (villager) ဖြစ်လာတာ ဝမ်းသာစွာ ကြိုဆိုပါတယ်နော်.. ဒီလိုစာလေးတွေနဲ့ မိတ်ဆက်ပေးတဲ့ တီချယ့်ကို ကျေးဇူးအထူး… 🙂

  • TTNU

    October 15, 2012 at 9:37 pm

    နိုဇိုမီရေ…
    (ဒီလို ဆရာကောင်းရဲ့ တပည့်ဖြစ်ခွင့်ရတဲ့ ဒေါ်ပု တို့ ဒေါ်ဇာ တို့ နဲ့
    တပည့်ကျော်တွေရဲ့ ဆရာဖြစ်ခွင့်ရတဲ့ တီချယ်ကြီးအတွက်လဲ ဂုဏ်ယူပါတယ် ခင်ဗျာ)
    အဲဒီလိုလေးစိတ်ချမ်းသာအောင်ရေးတတ်တဲ့ နိုဇိုမီရဲ့ ဂဇက်မိတ်ဆွေဖြစ်ရတာလည်း
    တီချာတို့က ဝမ်းသာပါတယ်တော။
    🙂

  • အလင်းဆက်

    October 15, 2012 at 9:44 pm

    တီတီနုရေ..
    ဖတ်ရှု..သွားပါကြောင်း…

    ဘာ ပြောရမှန်းမသိ လို ့..ဘာမှ ပြောမသွားတော့ပါဘူးနော် ။

    တာ့တာ။

  • TTNU

    October 15, 2012 at 9:47 pm

    မွန်မွန်ရေ…
    ဟုတ်တယ်၊ သူကဝယ်ကျွေးမှာတဲ့။ ဘာစားမလဲ စာရင်းပေးထားနော်။
    တီချာကတော့ ငှက်ပျောထုပ်၊ ကောက်ညှင်းထုပ်နဲ့ မုန့်ဦးနှောက်။
    ဝက်မြေဥပြုတ်။ တို့ဟူးသုပ်။ အကြော်စုံ။ မုန့်ပြစ်စလက် (မုန့်ပျားသလက်)၊
    ရေမုန့်၊ ခေါက်မုန်။ စသည်တို့ကို ကြိုက်ပါသည်။ :kwi:

  • ဖိုးကြက်တောင်@badminton

    October 16, 2012 at 12:04 am

    တီချယ်နု
    ခိုင်ဇာလင်း (မန္တလေး)ဆိုလို့ မြန်မာလက်ရွေးစင်ကြက်တောင်အားကစားမယ် ခိုင်ဇာလင်း(မန္တလေး)ကိုပြောတာများလား ခင်ဗျာ

  • kyeemite

    October 16, 2012 at 1:42 pm

    မင်္ဂလာပါ..ထုံးစံအတိုင်းနောက်ကျသွားတယ်
    လူငယ်တွေကိုစာရေးဖို့တိုက်တွန်းတာ
    အောင်မြင်လို့ တီချယ်ကြီးနဲ့အတူ
    ဝမ်းမြောက်ဝမ်းသာဖြစ်မိပါဂျောင်း….
    တီချယ်ကြီးချီးကြူးသလိုပဲ…
    ရေးသားတဲ့အကြောင်းအရာနဲ့ အရေးအဖွဲ့လေးကလည်း
    ဆွဲဆောင်မှု့အပြည့်ရှိပါဂျောင်း….
    ရွာမှာ ရသပိုစုံသွားတာပေါ့ခင်ဗျာ..
    လေးစားခင်မင်လျှက်…
    :kwi:

  • pyopyo may

    October 16, 2012 at 5:37 pm

    တီချယ်ကြီး ရေ

    တီချယ်ကြီး မိတ်ဆက်ပေးတဲ့ ခိုင်ဇာ လေးရဲ့
    အရေးအသား ကိုလည်းကြိုက်ပါတယ်၊
    စားကောင်းသောက်ဖွယ် တွေကိုလည်း ကြိုက်ပါတယ်၊
    တပည့်တွေ အပေါ် ဂရုစိုက်တတ်တဲ့ ၊ အားပေးတတ်တဲ့
    တီချယ်ကြီးရဲ့ စိတ်ဓါတ် ကိုလည်း ကြိုက်ပါတယ် ၊

  • MaMa

    October 16, 2012 at 5:54 pm

    တီချာကြီးဆီမှာ လူစည်နေတယ် သတင်းကြားလို့ အမြန်ပြေးလာရတာ မောတောင်သွားတယ်။
    လူများစုံတုန်း စာသင်ပြီး စာမေးလို့ မရတဲ့လူကို တုတ်နဲ့ရိုက်ပါ တီချာကြီး။
    (ကိုယ့်ထက် ဦးသူများကို မနာလိုလို့ ချောက် (ဂျောက်) တွန်းသွားပါသည်။)

    ကြိုဆိုပါတယ် ခိုင်ဇာလင်းရေ။
    ရေးဖော်ရေးဖက် တွေးဖော်တွေးဖက် တစ်ယောက်တိုးလာပြီမို့ အားပေးပါတယ်။
    တီချာတပည့်ဆိုကတည်းက ခေသူမဟုတ်ဆိုတာကို ရွာထဲမှာ မယ်ပုက သက်သေပြထားတယ်။
    ကိုယ်တိုင်လည်း မခေသူဖြစ်ရအောင် တီချာ့တပည့်အဖြစ်ခံယူထားတာ တီချာတောင် နာမည်ပျက်တော့မယ် ထင်ပါရဲ့။ :kwi:

  • garuda

    October 16, 2012 at 7:34 pm

    မုန့်တွေကတော့ လွှတ်ကောင်းဗျာ။ အကုန်ကြိုက်။

  • ဦးဦးပါလေရာ

    October 16, 2012 at 8:12 pm

    မုန့်တွေလဲ မနေ့ကတည်းကလာစားပြီးပါပြိ
    မုန့်သည်တွေကိုလည်းတန်းစီဖတ်ပြီး အလွမ်းဖြေပြီးပါပြီ တီချာရေ…
    (ဒီနေ့မှပြန်ကြည့်တော့ ကျွန်တော့်ကွန်မင့် ဘယ်ရောက်သွားလဲ မသိပြန်ဘူး…)
    အတွေးကောင်း အရေးကောင်းလေးတွေကို အားပေးသွားပါတယ် တီချာရေ..

  • TTNU

    October 16, 2012 at 10:03 pm

    ဖိုးကြက်တောင်ရေ..
    မဟုတ်ပါဘူးကွယ်။ သူ့ Profile ပုံပါတယ်လေ။ကြည့်လိုက်နော်။
    —————————————————————– 🙂
    ကိုကြီးမိုက်ရေ…
    ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်နော်။
    ——————————————- 🙂

    ပျိုမေရေ…
    ဒီကလေးမလေးကိုက စာအရေးတော်တာ၊အပြောကောင်းတာပါကွယ်။
    ကျေးဇူးပါ။
    ——————————————————————— 🙂
    မမရေ..
    နေကောင်းလား။ တီချာကြီးလည်း အခုတစ်လောမှရွာထဲပြန်လာဖြစ်တာ။
    Facebook နဲ့ တစ်ချို့ page လေးတွေမှာ လျှောက်လည်ပြီးဆရာလုပ်နေတာ။
    ———————————————————————- 🙂
    ဂရူဒါရေ..
    ကြိုက်သလောက်ထည့်စားပါနော်။
    ———————————- 🙂
    ကိုပါရေ…
    ထပ်မန်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
    ———————————- 🙂

  • padauk moe

    October 29, 2012 at 8:26 pm

    အနေဝေးသူအဖို့တော့ ရေးသားသမျှ မုန့်သရေစာတွေကတော့ အကြိုက်ပါဘဲ မမရေ
    ဗိုက်ကစာနေပေမယ့် ဘယ်လိုပြောရမလဲ အငွေ့ဆိုမလား အရေးဆိုလား အမြည်းစားခဲ့ပါ်တယ်နော်

  • မမလေး

    October 30, 2012 at 1:41 am

    ဟာာာာာာာာာာာ …………. ရူးတော့မှာပဲ …….. ဗိုက်ဆာနေပါတယ်ဆိုမှ …. ဒီလိုမှန်းသိ မနက်မှဖတ်ပါတယ် … ခုစားလိုက်ရင် ဝ တော့မှာ … 🙁 အိပ်မပျော်တော့ဘူး 🙁

Leave a Reply