“မိခင်ဖခင် ကျေးဇူးရှင်ကို”
မိခင်ဖခင် ကျေးဇူးရှင်ကို
ပုံ(၁)
ပုံ(၂)
(ဖဝါး လက်နှစ်လုံး ပုခုံးလက်နှစ်သစ် လူဖြစ်အောင်မွေးလုပ်ကျွေးခဲ့သည်)
“ မိခင် ဖခင်ကျေးဇူးရှင်ကို၊ ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့၊ ရှိခိုးဦးတင်။
ကြည်လင်မြတ်လေး၊ သိမ်းမြန်းမွေး၍၊ လုပ်ကျွေး ခယ၊ ရိုတုပ်ကွလျက်။
ကြီးထ သက်အို၊မျိုးဆွေကိုလည်း၊ ကြည်ညို ညွှတ်တိမ်း၊ ပိုက်ထုပ်သိမ်း၍။
ချမ်းငြိမ်းသာယာလှစေမင်း။”
(ကန်တော်မင်းကျောင်းဆရာတော် ရဲ့ လောကသာရဆုံးမစာ စာပိုဒ်(၈)မှာ)
မိဘ နှစ်ပါး၊ သက်ကြီးဆွေမျိုးများအပေါ်မှာ ရိုသေမြတ်နိုးချစ်ခင်ဖို့ ရေးသားဖော်ပြထား
ပါတယ်။ ကျေးဇူးရှင် မိခင်ဖခင်တို့ကို မြတ်မြတ်နိုးနိုးချစ်ခင်ပါ။ ဘုရားစေတီရှိခိုးသကဲ့သို့
ရှိခိုးပါ။ကြည်ဖြူလေးမြတ်စွာ သိမ်းပိုက်၍ အရိုအသေပုဆစ်တုပ်ပြီးလျှင် လုပ်ကျွေးမွေးမြူပါ။
ဒါ့အပြင် အသက်အရွယ်ကြီးတဲ့ ဆွေမျိုးတို့ကိုလည်း ကြည်ဖြူလေးမြတ်စွာ သိမ်းပိုက်၍
အရိုအသေပုဆစ်တုပ်ပြီးလျှင် လုပ်ကျွေးမွေးမြူပါ။ ဤသို့ ပြုခြင်းအားဖြင့် အမိ၊ အဖတို့နှင့်
အသက်ကြီးသောဆွေမျိုးတို့ရဲ့စိတ်ဟာငြိမ်းငြိမ်းချမ်းချမ်း၊ သာသာယာယာ ဖြစ်ခြင်းရှိပါစေ။
တကယ်အနှစ်သာရရှိတဲ့ ဆုံးမစာလေးဖြစ်ပါတယ်။ သုံးထားတဲ့ ဝေါဟာရတွေ ကြည့်ပါဦး။
ချစ်ခင်ရမယ်။ မြတ်နိုးရမယ်။ ရှိခိုးဦးတင်ရမယ်။ လေးစားရမယ်။ ရိုသေရမယ်။ ကြည်ညိုရမယ်။
လုပ်ကျွေးပြုစုရမယ်။ ဒါမှ မိဘနှစ်ပါးရဲ့ နှလုံးစိတ်ဝမ်းငြိမ်းချမ်းသာယာမယ်။
မိဘနှစ်ပါးဟာ အနနေ ္တာအနန ္တ ငါးပါးထဲမှာ ပါဝင်သလို၊ ခင်ပွန်းကြီးဆယ်ပါးထဲမှာလည်း ပါဝင်
နေပါတယ်။ ဒီလိုကျေးဇူးကြီးလှတဲ့ မိဘတို့ကို သားသမီးတို့က ကျွေးမွေးမပျက်၊ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်နဲ့အညီ ပြန်လည်ကျေးဇူးဆပ်ကြ
ရမှာဖြစ်ပါတယ်။
ကျွန်မ အမေ ကျွန်မတို့ငယ်ငယ်တုန်းက ခဏခဏပြောဖူးလို့ စွဲနေတဲ့ စကားလေးတစ်ခွန်းရှိ
ပါတယ်။ မိဘနှစ်ပါးကသားသမီး(၁၀)ယောက်ကို ကျွေးမွေးပြုစုနိုင်ပေမဲ့ သားသမီး(၁၀)
ယောက်က မိဘနှစ်ပါးကို ကျွေးမွေးနိုင်ဖို့ ခက်တယ် တဲ့။ ငယ်ငယ်တုန်းကတော့ အမေ
လျှောက်ပြောနေတာ၊ မဖြစ်နိုင်ဘူး၊ ဘယ်သားသမီးမဆို သူတို့မိဘကို လုပ်ကျွေးမှာပဲလို့ တွေး
ခဲ့မိပါတယ်။
မင်္ဂလသုတ်မှာပါရှိတဲ့ အတိုင်း
မာတာပီတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန ္တာ၊ ဧတံမင်္ဂလမုတ္တမံ။
ဆိုတဲ့ အပိုဒ်လေးကိုလေ့လာကြည့်ကြရအောင်။
မိခင် ဖခင်ကျေးဇူးရှင်တို့ကို အစဉ်လုပ်ကျွေးပါ။
သားသမီး နှင့် အိမ်သူဇနီးတို့ကိုလည်း ချီးမြှင့်ထောက်ပံ့ပါ။
ဉာဏ်ဖြင့်ထောက်ရှု ဝေဖန်ပြီးမပျင်းမရိ အနှောင့်အရှက်မရှိသောအလုပ်ကိုလုပ်ပါ။
ကောင်းမြတ်သောမင်္ဂလာမည်ပါပေ၏။
လို့ အဓိပ္ပါယ်ရပါတယ်။
ဘုရားအလောင်း သုဝဏ္ဏသာမ ရဲ့ မိဘလုပ်ကျွေးတဲ့ အကြောင်းကျွန်မတို့ ငယ်ငယ်မူလတန်း
ကတည်းကသင်ကြားနာယူခဲ့ဖူးပါတယ်။ မျက်မမြင် မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခဲ့ပုံများ
ငယ်ငယ်တုန်းက စာသင်ယူနေရင်း သုဝဏ္ဏသာမ ကိုအားကျခဲ့ရပါတယ်။ သုဝဏ္ဏသာမ မြား
မှန်တော့ လိုက်ငိုမိပါသေးတယ်။ သားရွှေအိုးထမ်းလာတာမြင်ရပြီ ဆိုတော့လည်း ပျော်လိုက်တာ။
စာသင်ခန်းထဲမှာလိုက်ခံစားနေမိတာပြောပါတယ်။
ရှင်မဟာရဋ္ဌသာရ ဆုံးမစာတွေထဲက ဒီစာပို်ဒ်ကလေးကို ဖတ်ကြည်ကြရအောင်နော်။
လက်သစ်တောင်သာ၊ ယူဇနာပေါင်း တာပြန်လောင်းသော်
ရှစ်သောင်းလေးထောင်၊ အမြင့်ဆောင်သည့် တောင်မြင့်မိုရ်ရှိ
ဂုဏ်ကြီးဘိသည့်၊ မွေးမိဖခင်၊ ကျေးဇူးရှင်နှင့်
ထို့ပြင်တခြား ဘိုးနှင့်ဘွားကို
ဘုရားတစ်ဆူ၊ ဂူတစ်လုံးသွင်၊ စိတ်ထင်ကလျက်
ဦးတင်လက်ထား၊ အစားအဝတ်၊ မလွတ်ရစေ
ရေပူရေအေး၊ လိုရာပေး၍၊ ကျွေးမွေးကြလေ။
တထွေမှတ်သား၊ အခါးအချို၊ သူတို့ဆိုလည်း
ဘိုးဘွားမိဘ၊ ဆရာစကား၊ ပြသဆိုထွေ၊ မျိုတတ်စေ။
မိဘ၊ ဘိုးဘွားတို့ရဲ့ စကား ချိုချို ခါးခါးနာယူရမယ်လို့ မိန့်ကြားထားတာ အလွန်မှတ်သား
စရာဖြစ်ပါတယ်။
မိဘကို ကလန်ကဆန်ပြန်ပြော၊ ပမာမခန့်တွေပြုမူ၊ မထေမဲ့မြင်တွေ ပြန်ကြည့်၊ အသိစိတ်တွေ
ကင်းမဲ့နေတဲ့ သားသမီးတစ်ချို့ကို ကျွန်မတွေ့ဖူးပါတယ်။ သင်းကလေးတို့တွေ ဘာကြောင့်များ
ဒီလို တိရစ ္ဆာန်စိတ်ပေါက်နေကြတာပါလိမ့်လို့ အခါခါ တွေးခဲ့မိဖူးပါတယ်။ ဆိုဆုံးမရတာ ခက်ခဲ
တဲ့ကလေးမျိုးတွေမို့ ၊ မိဘစကား ကိုနားထောင်လက်ခံရမှာ ထောင်တတ်တဲ့နား ပါမလာကြ
လေရော့သလား။ ဘေးကဝေဖန်ရတာလွယ်ပါတယ်။ တကယ်မိမိသားသမီးထဲမှာ ဒီလို ငရဲကို
မကြောက်တဲ့ ကလေးတစ်ယောက်ပါလာခဲ့ရင် သိပ်စိတ်ညစ်မှာပဲလို့လည်းတွေးမိပါတယ်။
မိဘတွေကတော့ မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊
ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင် ဖခင်မယ်တို့တာ … ဆိုစကားနှင့်အညီ ကျေပွန်အောင်ဆောင်
ရွက်ကြရာမှာ အချို့ အကုန်ကျေပွန်တယ်၊ အချို့မကျေပွန်ဘူး ရှိကြမယ်ထင်ပါတယ်။
ဥပမာ.. အရင်းအနှီးထုတ်မပေးနှိုင်ဘူး။ ထိမ်းမြားလက်ထပ်ပေးဖို့ ခေတ်စံနစ်ပုံစံ အရ မိမိ
စုံမက်သူကိုသာ ယူခွင့်ပြုလာကြတယ်..စသဖြင့်ပေါ့နော။
ကျွန်မရဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ခံယူချက်လေးပြောပြချင်ပါတယ်။ မိဘတွေ ဘက်က ဘာတွေ
အားနည်းနည်း၊ ဘယ်လောက်ပဲ ပံ့ပိုးမှု ချို့တဲ့တဲ့၊ ကိုယ်ရနှိုင်တဲ့ အတိုင်းအတာလေးကိုပဲ
အဖေ့ကြောင့် အမေ့ကြောင့် ငါ ဒီလိုရပ်တည်ခွင့်ရတယ်လို့ သေတဲ့အထိ ရင်ထဲမှာ စွဲမြဲ
ဆုပ်ကိုင်သွားမှာပါ။
15 comments
မောင်ပေ
August 25, 2012 at 8:57 pm
ဆရာမရေ… စေတနာနဲ ့လမ်းညွှန်ပြသပေးတဲ့အတွက် လေးစားကျေးဇူးတင်ရှိပါတယ်ခင်ဗျ
ကျွန်တော်မောင်ပေ ဆိုရင် အမေပဲရှိတော့တာဆိုပေမယ့် ၊ ကိုယ့်အမေ ကို ကိုယ် ယနေ ့တိုင် စိတ်ချမ်းသာအောင် မလုပ်ခဲ့ပါဘူး ။ များသောအားဖြင့် သားအမိချင်းစကားများကြပါတယ် ။ မကောင်းမှန်းသိပေမယ့်လဲ … အမေသင်ပေးတဲ့ စဉ်းစားတွေးခေါ်ဉာဏ်တွေနဲ ့ကိုယ်စဉ်းစားမိသလို ၊ ကိုယ်လက်ခံထားတဲ့အယူနဲ ့ယှဉ်လာရင် အမေကို ပြန်ပြီးအာခံသလို ဖြစ်တော့တာပါပဲ ။ တစ်ကယ်တမ်းကြ မဖြစ်သင့်မှန်း ပြီးမှ ပြန်ပြန်တွေးမိတယ် …။ ဆရာမကြီးစာကိုဖတ်အပြီးမှာတော့ .. တတ်နိုင်သမျှ အမေကို စိတ်ချမ်းသာအောင် ထားဖို ့ ကြိုးစားသွားပါမယ် ခင်ဗျား
TTNU
August 25, 2012 at 9:10 pm
မောင်ပေရေ…
ပထမဆုံး စာလာဖတ်သူ လူကလေးမောင်ပေ ကျေးဇူးတင်နေပါတယ်။
အမေကို စိတ်ချမ်းသာအောင် ထားဖို ့ ကြိုးစားသွားပါမယ် ခင်ဗျား ဆိုတဲ့
စာတစ်ကြောင်းနဲ့ပဲ တီချာ ဒီစာတင်ရကျိုးနပ်သွားပြီလို့ ခံယူမိပါတယ်။
ပြန်ငြင်းကြခုန်ကြမယ်ဆိုရင်လည်း အမေလက်ခံနှိုင်မဲ့ စကားလုံးလေးတွေ
ရွေးပြောရတာ မခက်ဘူးထင်ပါတယ်ကွယ်။
တစ်ဦးတည်းကျန်အမေတွေဟာ သားသမီးမျက်နှာ
အရိပ်ကြည့်နေကြသူတွေပါကွယ်။
မေတ္တာဖြင့်
TTNU.
pooch
August 25, 2012 at 11:30 pm
ဟုတ်တယ် တီချယ်ရေ တဦးတည်းကျန်နေတဲ့ အမေတွေဟာ သားသမီးမျက်နှာကိုပဲ အရိပ်ကြည့်နေတယ် ဆိုတာ အမှန်ပါပဲ။
ကိုယ့်ကိုယ်ပဲ အရိပ်ကြည့်နေတော့တခါတခါ ဂျစ်ချင်တာတောင် မဂျစ်ဝံ့တော့ဘူး။
မောင်မောင်ဂေါက်
August 25, 2012 at 9:12 pm
တီချယ်ကြီးခင်ဗျာ ..
ကျနော့် အနေနဲ့လည်း မိဘတွေ စိတ်ဆင်းရဲအောင် လုပ်ခဲ့မိပါတယ် ..
ခုတော့ မိဘတွေ စိတ်ချမ်းသာအောင် ကိုယ့်အပြုအမှုတွေကို ပြင်ဆင်နေပါတယ် ခင်ဗျာ ..
ခုထက် ပိုပြီးတော့လည်း မိဘတွေ ကျေးဇူးဆပ်နိုင်အောင် ကြိုးစားသွားတော့မယ်လို့ တေးမှတ်ထားပါတယ် ခင်ဗျာ …
ကျေးဇူးတင်ပါတယ် တီချယ်ကြီး ခင်ဗျာ …
ကို ခင်ခ
August 25, 2012 at 9:38 pm
အဖေ အမေ ရယ်လို့ရှိခဲ့တုံးက မိဘကို ကောင်းကောင်းဆက်ဆံရမှန်း အတွေးမဝင်ခဲ့ဘူး၊ ပြန်ပြောစရာရှိရင် ပြောလိုက်တာဘဲ ဘာမှမစဉ်းစားမိဘူး၊
အဖေဆုံးပြီး အမေဘဲကျန်တော့မှ အမေကိုသနားမိပြီး အခုတော့ ကောင်းမွန်စွာပြောဆို ဂရုစိုက်တတ်လာတယ်၊ အဲဒီလို စိတ်တွေဖြစ်တဲ့အချိန်မှာ အဖေကတော့ မရှိတော့ပြီလေ။
တကယ်အစားပြန်ထိုးမရတဲ့ နောင်တမှ နောင်တပါ တီချယ်ရေ။
အကယ်၍ လွန်ခဲ့တဲ့ ရ နှစ်ကျော်က ဒီလိုစာလေးသာ ဖတ်ဖြစ်ခဲ့မယ်ဆိုရင်ဖြင့်——-။
Sonny
August 25, 2012 at 9:55 pm
တီချာကြီး
မိဘတွေကတာတာဝန်အမြဲကျေတာပါ
သားတို့သားသမီတွေကတော့အမြဲလိုနေတာပါ။
အယူကြီပါပဲ အပေးနဲတာ သားတို့တွေပါ
မိဘမေတ္တာကို ကြီးလေလေပိုသိလေပါ
ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…
ဦးဦးပါလေရာ
August 25, 2012 at 10:50 pm
တီချာရေ
ကျွန်တော်လဲ ငယ်တုန်းကတော့ မိဘစကား သိပ်အလေးမထားမိပါဘူး..
တော်တော်ကြီးလာပြီး အသက်သုံးဆယ်နီးတော့မှပဲ
ကိုယ့်ကြောင့်မိဘစိတ်မဆင်းရဲစေရ လို့ စိတ်ဆုံးဖြတ်ပြီး နေထိုင်ပြုမူဆက်ဆံဖြစ်ပါတယ်။
တိုက်ဆိုင်တယ်ပဲ ဆိုဆို-
အဲဒီအချိန်ကစလို့ ကျွန်တော့်ဘဝ တည်တည်ငြိမ်ငြိမ်နဲ့ မှန်မှန်တိုးတက်လာပါတယ်။
အခုတော့ လက်ရှိမိခင်ကြီးကို တန်ဘိုးထားပြီး အဝေးက စောင့်ရှောက်နေဖြစ်ပါပြီ…။
pyopyo may
August 25, 2012 at 11:58 pm
တီချယ်ကြီး ရေ
ပျိုုုမေ က အမေပဲ ရှိတော့တာပါ
အဖေ ကဆုံးသွားပါပြီ ၊
အဖေ့ကို အရမ်းလွမ်းပါတယ် ၊ အခု အချိန်မှာ — အဖေ — လို့ အားရပါးရ
ခေါ်လိုက်ချင်ပေမဲ့ ထူးမဲ့ အဖေက မရှိတော့ပါဘူး
အဖေမရှိတော့ မှ အဖေရဲ့ တန်ဖိုးကို ပိုပြီး သိတာပါ ၊
ဒါကြောင့်အမေကို လည်း စိတ်ချမ်းသာအောင်ထားပါတယ်
တီချယ်ကြီး ရဲ့ ဆုံးမစကား ကိုမှတ်ထားပြီး
အမေ့ ကို အရင်ကထက် ပိုပြီးဂရုစိုက်ပါ့မယ်
ှ
Hnin Hnin
August 26, 2012 at 2:37 am
မေမေ ဆုံးသွားတော့မှ အမေ့မေတ္တာဆိုတာ သေချာသိလာခဲ့ရတယ်။ သူများ အမေနဲ့သမီး
နွေးနွေးထွေးထွေးတွေ့ရင် မေမေ့ကိုသတိရပြီး ဆို့နင့်ပြီး မျက်ရည်ကျမိပါတယ်။သမီးမိန်းကလေးအတွက်
ဖခင်မေတ္တာဆိုတာက မိခင်မေတ္တာနဲ့ မတူပါဘူး။ မိခင်တွေက ပေးလေ့ရှိတာမျိုး ဖခင်ဆီက မျှော်မှန်း
သလောက် မရပါဘူး။ မိခင်နဲ့ သမီးကျတော့ စိတ်ချင်းဆက်နေသလိုပဲ။ ဘာမဆိုဆိုးတိုင်ပင်၊ကောင်း
တိုင်ပင် လုပ်လို့ရတယ်။ ပေါ့ပေါ့ပါးပါး ဆက်ဆံလို့ ရတယ်။ ဖခင်လို ရှိန်နေစရာ၊ပြောဖို့ ချိန်ဆနေစရာ
မလိုဘူး။ ဖခင်တွေက မိခင်တွေထက် သားသမီးအပေါ်စာနာ၊ငဲ့ညှာ၊ထောက်ထားမှု ပိုင်းမှာ အားနည်း
တယ်။ ကိုယ့်အတွက် ရှေ့တန်းတင်တာမျိုးတွေ ရှိတတ်တယ်။ တချိန်ထဲမှာလည်း ဖခင်အနေနဲ့ သား၊သမီးအတွက် ပြည့်စုံအောင် ရှာဖွေ၊ဖြည့်ဆည်းပေးကြတယ်။ ဒီကျေးဇူးတွေကြောင့် ဖေဖေ့ကို အတတ်နိုင်ဆုံးပြုစုပေးပါတယ်။ မေမေ့ကိုလည်း နေ့တိုင်း အမျှဝေဆဲ၊ နှစ်တိုင်းရည်စူးပြီး ကိုယ်တတ်နိုင်သလောက် ကောင်းမှုတွေ လုပ်ပေးနေဆဲပါ။ ဒီစာကို ဖတ်လိုက်ရလို့ တီချယ့်ကို
ကျေးဇူးတင်ပါတယ်။ ရင်ဖွင့်လိုက်ရလို့ မေမေ့ကိုလည်း အလွမ်းပြေသွားပါတယ်။
YE YINT HLAING
August 26, 2012 at 1:21 pm
ပြန်မရ နိုင်တော့တဲ့ ဆုံးရှုံးမှုတွေထဲမှာ အဖေ လည်းပါတယ် ။ အဖေ ဆုံးပြီးနောက်ပိုင်း အမေ နဲ့ ညီကိုမောင်နှမတွေ အတွက် သားကြီး အကိုကြီး တစ်ယောက် ပီသအောင် ကြိုးစားရုန်းကန်ရပ်တည်နေပါတယ် ။ ” အကို ကြီးတော့ အဖ အရာ မိသားစု အရေးမှာ ေ.ရှဆုံးက မားမားရပ်တည်နိုင်ဘို့ကြိုးစား ” ဆိုတဲ့ ကိုဘိုဖြူ ရဲ့” သားကြီး ” သီချင်းကို ကျွန်တော် အရမ်းကြိုက်တယ် ။ ဖြစ်နိုင်ရင် အိမ်ထောင်ကျပြီး ဖြစ်တဲ့ ညီကိုမောင်နှမတွေ အားလုံး တမြို့တည်း တအိမ်ဝိုင်းထဲမှာ အတူစုနေချင်တယ် ။ မဟုတ်ရင် အမေ က သမီးကြီး ဆီသွားချင်လိုက် သားလတ်ကို တွေ.ချင်လိုက်နဲ့ သွားလိုက် လာလိုက် လုပ်နေတဲ့ ခရီး က အဝေးကြီးတွေမို့ပါ ။ အမေ့ မျက်စေအောက်မှာ သားသမီးတွေ အကုန်လုံး ရှိနေတယ်ဆိုရင် အမေ စိတ်အေးရတာပေါ့ဗျာ ! ဒါက ကျွန်တော့ စိတ်ကူးပါ တီချယ်ကြီးရေ — ။ ဒီစိတ်ကူး အကောင်အထည် ဖော်ဖို့ ကတော့ အတော်မလွယ်တဲ့ ကိစ်စ ပါ ။
kyeemite
August 26, 2012 at 4:05 pm
ကျနော်က သားသမီးလည်းဖြစ်သလို
မိဘလည်းဖြစ်နေတော့..ရေစီးရေဆန်သဘောကို
ပိုသိလာပါတယ်..။
သေချာပေါက်ပြောနိုင်တာကတော့ မိဘမေတ္တာကိုဘယ်လောက်ပင်သိပေမဲ့…
မိဘကသားသမီးကိုပေးခဲ့တဲ့ မေတ္တာနဲ့ ကရုပြုမှု့မျိုးကို သားသမီးကမိဘအပေါ်ပြန်ပီးပေးနိုင်ဖို့(မှီအောင်)
မလွယ်ပါ..ငွေကြေးထောက်ပံ့တာလွယ်ပါတယ်..မေတ္တာထောက်ပံ့ဖို့မလွယ်တာဆိုလိုတာပါ..
ဘာကြောင့်လည်းဆိုတော့….
ကျနော့မှာ မိဘမေတ္တာအပြည့်ပေးပီး ပြုစုပျိုးထောင်ပေးရမဲ့သားသမီးတွေရှိနေပြီမို့ပါ…
ဒါကြောင့်..တစ်နေ့ ကျနော်လည်း…သားသမီးတွေဆီကနေ ခုကျနော်ပေးနေသလောက်မေတ္တာ
ပြန်ရဖို့ မမျှော်လင့်ထားပါဘူး…ဒါကိုပဲ ဝဋ်သံသရာလို့ပြောရမလား….
အဲတော့..မရနိုင်တာကိုမျှော်လင့်မထားရင်..တကယ်ကြုံလာတဲ့အခါ ခံစားမှု့များ သက်သာမလားဘဲ…
ကျနော့အတွေးသက်သက်ပါ တီချာကြီးခင်ဗျား..
ဝဋ်လည်နေတဲ့…
ကြီးမိုက်။
TTNU
August 26, 2012 at 11:03 pm
မပုချ်ရေ..
သမီးလိမ်မာလေးအတွက် ကောင်းကျိုးချမ်းသာတွေရပါစေ။
———————- 🙂
မိဘတွေ ကျေးဇူးဆပ်နိုင်အောင် ကြိုးစားသွားတော့မယ်လို့
တေးမှတ်ထားပါတယ် ခင်ဗျာ ဆိုတဲ့ မောင်မောင်ဂေါက်ရေ…
မောင်ရင်က မောင်အံစာလား။ မျက်စိလည်သကွဲ့။
——————– 🙂
ကိုခ ရေ..
တကယ်အစားပြန်ထိုးမရတဲ့ နောင်တမှ ကိုဖြေပေးဖို့
လှူမျှဝေပါကွယ်။
——————- 🙂
ဆရာဆန်နီရေ..
(အယူကြီပါပဲ အပေးနဲတာ သားတို့တွေပါ။)
အယူချည်းပါပဲ လို့ ပြင်ပေးလိုက်တယ်နော်။
အမေကြီးတို့က စေတနာနဲ့ပေးတာပါကွယ်။ ယူပါ။ယူပါ။
—————— 🙂
ကိုပါရေ..
အဝေးက စောင့်ရှောက်နေဖြစ်ပါပြီ ..ဆိုတာကိုက
ကျေးဇူးမမေ့တာမို့ စိတ်မကောင်းမဖြစ်ပါနဲ့နော်။
—————— 🙂
ပျိုမေရေ..
တီချာတောင်ငိုချင်သွားပြီ။ လှူမျှဝေနော်။
—————— 🙂
နှင်းနှင်းရေ..
တီချာ့စာလေးဖတ်ပြီး စိတ်ဖြေသာတယ်ဆိုလို့ ဝမ်းသာမိပါတယ်။
—————– 🙂
ရဲရင့်လှိုင်ရေ..
တီချာ့ အမေပြောလေ့ရှိတာလေးတစ်ခုသွားအမှတ်ရမိတယ်။သားသမီးတွေ
ကတစ်မြို့တစ်ရွာစီမှာနေကြတော့ ညတိုင်ဘုရားရှိခိုးရင် မေတ္တာပို့ရတာ မြန်မာပြည်
ပတ်နေရသလိုပဲတဲ့။
—————– 🙂
ကိုကြီးမိုက်ရေ..
ဝဋ်သံသရာရယ်လို့တော့ မဟုတ်ပါဘူးကွယ်။ စုန်ရေ ဆန်ရေသဘောကို နားလည်
ထားကြလေတော့ ခံသာမယ်လို့တော့ထင်ပါရဲ့။
—————– 🙂
မေတ္တာဖြင့်
TTNU.
P chogyi
August 27, 2012 at 12:45 pm
စုန်ရေပဲရှိတယ်၊ ဆန်ရေမရှိဘူးလို့ စကားပုံတော့ ထားခဲ့ပါတယ်။
ဒါပေမဲ့ တစ်ချို့ သားသမီးတွေလဲ မိဘကျေးဇူးဆပ်ရင်း ပြုစုစောင့်ရှောက်တတ်ကြပါတယ်။
(ပင်လယ်ဒီရေက စုန်ရေရော၊ ဆန်ရေရောရှိတယ်လေ)။
ဆရာမပြောလို့ ကျွန်တော်လဲ ကျွန်တော်အမေကို သတိရလို့
လကုန်ရင် ပုဂံကနေသွားခေါ်ပြီး၊ ရန်ကုန်မှာ ခဏလိုက်နေပါဦးလို့ ခေါ်ထားလိုက်ဦးမယ်။
TTNU
August 27, 2012 at 3:12 pm
P chogyi ရေ…
(ပင်လယ်ဒီရေက စုန်ရေရော၊ ဆန်ရေရောရှိတယ်လေ)
ဆိုတာလေးကြိုက်တယ်။
မူလကတည်းက တီချာလည်း ဆန်ရေမရှိတာကို သားသမီးလိမ်မာတွေဘက်က
စိတ်မကောင်းဖြစ်နေတာ။
အမေကိုအနားခေါ်ထားလိုက်ဦးမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကလေးကို လေးစားလျက်။
ks htet
August 30, 2012 at 11:05 am
တီချယ်ကြီးခင်ဗျာ့ တီချယ်ကြီးရဲ့ Eng စာသင်တန်းတည်နေရာကိုသိခွင့်ရှိနိုင်မလားခင်ဗျား လေးစားစွာဖြင့်