Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“လက်ဟန်ပြပြောသောစကားများ”

TTNUAugust 12, 20123min57717

(ပုံ ၁) I love you.

(ငါမင်းကိုချစ်တယ်)ဆိုတဲ့ သင်္ကေတလေးပါ။
ကမ္ဘာသုံး၊ အများသုံး၊ လူတိုင်းသုံးဝေါဟာရလေးနဲ့အတူထင်ရှားနေတဲ့
လူသုံးများနေတဲ့ လက်သင်္ကေတလေးတစ်ခုပါ။


 

 

 

 

(ပုံ ၂) Thank you.

(ကျေးဇူးတင်ပါတယ်) ဆိုတဲ့ သင်္ကေတလေးပါ။
အနီးအနားမှာ လာပြီးကျေးဇူးတင်စကားပြောခွင့်မကြုံတဲ့ အခါမျိုးတွေမှာ
နှုတ်ခမ်းလေးလှုပ်ပြီး (Thank you.) လို့ ပြောရင်လည်း
Lip- reading ဖတ်တတ်ရင်တော့ အဆင်ပြေပါတယ်။ ဒါမှမဟုတ် ဒီသင်္ကေတလေးပြလိုက်ရင်လည်း ကောင်းသွားမှာပါ။

 

(ပုံ ၃) Please

( တောင်းပန်ပါတယ်) ဆိုတဲ့ သင်္ကေတလေးပါ။
Sorry. I’m sorry. စသောစကားတွေထက် ပိုလေးနက်နေသလို
ကျွန်မတော့ ခံစားမိပါတယ်။

 

 

 

 

 

 

 

(ပုံ ၄) Yes.

(ဟုတ်ကဲ့ပါ) ဆိုတဲ့ သင်္ကေတလေးပါ။
ခေါင်းငြိမ့်ပြတာ၊ မျက်တောင်ခတ်ပြတာမျိုးတွေလည်းရှိပါတယ်။

 

 

 

 

 

 

 

(ပုံ ၅) No.

( မဟုတ်ပါဘူး) ဆိုတဲ့ သင်္ကေတလေးပါ။
ခေါင်းခါပြရင်လည်း ရပါတယ်လေ။

 

 

 

 

 

 

 

 

 


 

 

 

 

 

 

 

 

 

 

 

ပုံ ၆) Peace. / Rude Reverse Peace.


(ပထမပုံက ငြိမ်းချမ်းရေး သဘောဆောင်ပေမဲ့၊
ဒုတိယပုံကတော့ရိုင်းပါတယ်။သူဇာတ်လမ်းလေးက ဒီလိုပါ။
Rude Reverse peace sign derives from the middle ages
100 years war.
အလယ်ခေတ် အင်္ဂလိပ်ပြင်သစ် နှစ်တစ်ရာစစ်ပွဲမှဆင်းသက်လာတာပါတဲ့။
French cut off English archers’ middle & index fingers
so as never to shoot any arrows at them again.
ပြင်သစ်တွေက အင်္ဂလိပ်လေးသည်တော်တွေရဲ့လက်ညှိုးနဲ့လက်ခလယ်တွေကို
မြားမပစ်နှိုင်အောင်ဖြတ်ပစ်ကြသတဲ့။
So English taunt French by showing their fingers so as to say
“I can still shoot you Frog!” but presently means
“f–k off you twat.”
ဒီတော့ အင်္ဂလိပ်တွေက သူတို့လက်ချောင်းတွေထောင်ပြပြီး
ပစ်နိ်ှုင်သေးကြောင်းဆိုသတဲ့။
နောက်တော့ သက်ရောက်လာတဲ့ အဓိပ္ပါယ်က
“….” ဆဲဆိုတဲ့ စကားလုံးတွေဖြစ်သွားတော့တာပါပဲ။

(ပုံ ၇) Agree.


(သဘောတူပါတယ်) ဆိုတဲ့ သင်္ကေတလေးပါ။ အတည်ပြုရေးမပြုရေး
မဲခွဲကြရင် အသုံးဝင်မဲ့ သင်္ကေတလေးဖြစ်မယ်ထင်ပါရဲ့။

 

 

 

 

 

 

 

(ပုံ ၈) Disagree.


(သဘောမတူပါဘူး)ဆိုတဲ့သင်္ကေတလေးပါ။ Thumb down နဲ့
သဘောတရားဆင်မယ်ထင်ပါတယ်။

(ပုံ ၉) Learn.

(လေ့လာသင်ယူပါ) ဆိုတဲ့ သင်္ကေတလေးပါ။
မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို
ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။ လို့ ပြောနေသလို
သဘောထားရင်း ကျောင်းသူကျောင်းသားများ၊
လူငယ်လူရွယ်များ၊ စာဖတ်နာကြ၍ အစစ
အရာရာလေ့လာဆည်းပူးနှိုင်ကြပါစေလို့
တိုက်တွန်းလိုက်ရပါတော့တယ်။

TTNU.

17 comments

  • aye.kk

    August 12, 2012 at 12:34 am

    တီချာရေ…
    ဗဟုသုတတွေဝေမျှပေးတဲ့။
    စေတနာကိုလေးစားရပါတယ်။
    တီချာပြောပြလို ့အသိတိုးရပါတယ်။
    သားတွေကိုပြန်ပြောပြနိုင်တဲ့အတွက်ဝမ်းသာမိပါတယ်။(aye.kk)

    • TTNU

      August 12, 2012 at 12:54 am

      မအေးကေရေ…
      ကနဦးစာလာဖတ်သူအဖြစ် ကျေးဇူးတင်ပါရစေ။
      ကျွန်မနည်းနည်းညနက်တောင်နေပြီ။ နေ့ခင်းက ပုံတင်လို့ကိုမရလို့
      အခုညကြီးမှာရအောင်တင်ကြည့်တာ။ ကဘောက်တိကဘောက်ချာ
      ဖြစ်နေလိုက်တာမအေးကေရယ်။ ခွေးကြီးမှ လက်ပေးသင်နေသလိုပါပဲ။
      နှစ်ခါလောက် edit လုပ်တာကို In a mess ဖြစ်နေတာ။
      သူများတွေ ပုံတွေတင်တာ အားကျမိတာရော၊ ဒီလက်ပြပြောစကားတွေ
      အကြောင်း Discussion တစ်ခု လုပ်ပြီးခါစမို့တစ်ကြောင်း၊ ရအောင်လုပ်ကြည့်
      ချင်နေတာလေ။ FAIL ကွယ်။ E Minus တောင် မရနှိုင်ဘူး။ 😥
      ဒါပေမဲ့ တင်လိုက်တဲ့တစ်ခဏမှာပဲ မအေးကေ ရဲ့ Comment ကတက်လာတာမို့
      ကျွန်မ စိတ်ပင်ပန်းရကျိုးနပ်သွားပါပြီ။ အိပ်လို့ပျော်နှိုင်ပါပြီ။
      ကျေးဇူးတင်ပါတယ် မအေးကေရယ်။ 🙂
      မေတ္တာဖြင့်
      TTNU.

      • pooch

        August 12, 2012 at 3:37 pm

        ဒါများ တီချယ်အနော့်ကို လှမ်းခေါ်လိုက်ရောပေါ့.. 😀
        ပြောသာပြောရတယ် ကိုယ်တိုင်တောင် ပျင်းပြီး စာရေးဖို့ကို လုံးဝအာရုံမရတော့ဘူး.. ပျင်းရင်း ပျင်းရင်း. ပျင်းလွန်းလို့ ဖျင်းလာသလိုလိုပဲ..
        တီချယ် စကားနဲ့ပြောရရင် ပဲတီကို အချဉ်သိပ်လိုက်တာ ချဉ်လွန်းလို့ မျက်နှာကို မဲ့နေရတယ်

        ီdiscussion အတန်းတွေကိုတော့ လွမ်းသား တီချယ်.. အတန်းဖော်တွေနဲ့ အော်လားဟစ်လား ငြင်းလား ခုံလား ..
        ခုတော့လည်း တယောက်တနေရာ တဘဝစီမှာ ရုန်းကြကန်ကြ နဲ့ တွေ့ဖို့တောင် ခက်သွားပြီ

  • အဂျစ်

    August 12, 2012 at 2:42 am

    ဖတ်လဲဖတ် ကူးလဲကူးဲကူးထားပါတယ် tq ပါ

  • kyeemite

    August 12, 2012 at 8:53 am

    တီချယ်ကြီးကတော့ဘက်စုံပါပဲလား..

    မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို
    ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။ ..

    ..ဆိုလို့ အိမ်မှာဖတ်ဖို့ ကူးထားလိုက်ပါတယ်ခင်ဗျာ..
    တီချယ်ရဲ့ အဝေးကတပည့်..
    ကြီးမိုက်။

  • ဦးဦးပါလေရာ

    August 12, 2012 at 9:11 am

    ကျေးဇူးပါတီချာရေ-
    ကျွန်တော်မသိသေးတာတွေ သိသွားရတယ်
    မေ့နေတာတွေလဲသတိရသွားမိတယ်… 😀

    တကယ်တော့ လူစုလူဝေးကြားထဲမှာ
    မရောက်ရောက်အောင်သွားပြောရတာ
    မကြားကြားအောင်အော်ပြောရတာထက်စာရင်
    လက်ဟန်ခြေဟန်သင်္ကေတလေးတွေကို အလျှင်းသင့်သလို ညှပ်သုံးတာ အများကြီးပိုပြီး သင့်တော်ပါတယ်။
    လူများစု ကျယ်ကျယ်ပြန့်ပြန့် သိသွားကြရင်ကောင်းမှာ…။

    • shwe kyi

      August 14, 2012 at 3:41 pm

      မှန်လိုက်တာနော်။ ရွှေကြည်ပြောချင်တာတွေပြောသွားတာပဲ။
      တီချယ်ကြီး ဦးဦးပါပြောသလိုပဲနော်..။ 🙂

  • ခုလို hand languageတွေကို ပုံလေးတွေနဲ ့ဖော်ပြပေးလို ့ကျေးဇူးပါနော် တီချယ်ရေ။
    နောက်ထပ်လဲ အလျင်းသင့်သလို ဖော်ပြပေးပါဗျ။

  • မောင်ပေ

    August 12, 2012 at 10:49 am

    teacher nu ရေ… မနေ့က ဖေ့ဘုတ်မှာ ရှဲသွားကြောင်း သတင်းပို့ခဲ့ပါတယ်
    အခုပိုစ့်ကတော့ မေ့သွားရင် အလွယ်ပြန်ကြည့်လို့ရအောင် gmail draftမှာ ထားဖို့ ကူးသွားပါပြီ ခင်ဗျ

  • TTNU

    August 12, 2012 at 10:56 am

    အဂျစ်ရေ…ဖတ်ပေး ကူးပေး၍ ကျေးဇူးတင်ပါတယ်။
    ————————————– 🙂
    ကိုကြီးမိုက်ရေ… ကူးပြီးလမ်းမှာမဖတ်နဲ့နော်။ အိမ်ကျမှဖတ်။
    ————————————– 🙂
    ကိုပါရေ… (လူများစု ကျယ်ကျယ်ပြန့်ပြန့် သိသွားကြရင်ကောင်းမှာ…)
    ကလေးတွေက ကျွန်မတို့ထက် အရမ်းသိကြလေရဲ့။

    သင်တန်းတစ်ခုမှာ
    ကျွန်မမိတ်ဆွေ ဆရာမကြီးတစ်ယောက် လက်ချာပေးတုန်းက အကြောင်းလေးပြောပြ
    မယ်။ သူက အချက်အလက်တွေ လက်(၅)ချောင်းနဲ့ ချိုးရေတွက်ပြီး အားရပါးရ ဟောပြော
    ပို့ချနေတာ။ လက်မ ကစတင်ရေတွက်ပြီး ငါးချက်မြောက်ပြီးတဲ့အခါမှာ ပြန်ဆွေးနွေးတော့
    နံပါတ်ငါး ကစပြီးပြောတယ်။လက်သန်းလေးချိုးချလိုက်၊ဆွေးနွေးလိုက်။ လက်သူကြွယ်လေး
    ချိုးချလိုက်၊ဆွေးနွေးလိုက်။ လက်ခလယ်ကျမဲ့ အချက်ကို ခဏချန်ထားပြီး လက်ညှိုးအချက်(၂)
    နဲ့ လက်မအချက်(၁) တို့ ဆက်စပ်ပုံ ကို အကျယ်တဝင့်ပြောနေလိုက်တာ ဟောပြောစင်မြင့်ပေါ်မှာ
    သူ့လက်ကလေးကလက်ခလယ်လေးတစ်ချောင်ထဲထောင်ပြီး စတိုင်ထုတ်နေလိုက်တာလေ။
    ကလေးတွေ ( ဆရာ/မ လောင်းတွေပါ) ပွစိပွစိစကားတွေပြေနေပါလား။ မငြိမ်ပါလား။ ဒီလောက်
    အရေးကြီးတဲ့ လက်ချာကိုပေါ့။ သူ့လက်ကြီးက စကားတွေပြေနေတာ ဆူညံတာနည်းမလားရှင်။
    ဒါကို ဆရာမအိုကြီးတွေ သဘောမပေါက်သေးဘူးတော်။ ကလေးတွေက ကျွန်မတို့ထက်
    အရမ်းပို သိကြလေရဲ့ဆိုတာယုံပြီလား ကိုပါရေ။ 😀

  • TTNU

    August 12, 2012 at 11:01 am

    ကိုချစ်သူရေ..ကျွန်မလည်းဒီ Sign Language ကို ဝါသနာပါတယ်။တစ်ခါတစ်လေ
    အိမ်ကလူတွေ ကို စိတ်တိုရင် စကားမပြောတော့ဘဲ လက်ဟန်တွေပြနေလို့ ငယ်ငယ်တုန်းက
    အမေဆူခံထိဖူးတယ်။
    —————————————– 🙂
    မောင်ပေရေ… ချစ်စရာကောင်းလေစွ။
    —————————————- 🙂

  • တီချယ်ရေ ဆူခံထိဖူးတာ သတိသွားရတယ်ပေါ့။တီချယ်ပို ့စ်မှာ tagsလုပ်ထားသလို
    ကျနော်တို ့ကlearn လုပ်နေတာပါဗျ

  • ahnyartamar

    August 12, 2012 at 7:48 pm

    ဟာ…တီချယ်ကြီးက modernize ဖြစ်တယ်နော်။ update တွေပါလား။ ရိုးရိုးသားသားပြောရရင် ပုံ(၁) နဲ့ ပုံ(၆) ကိုပဲ သိတယ်။

  • TTNU

    August 12, 2012 at 9:47 pm

    အညာတမာရေ… ခေတ်ကလေးတွေကို မမှီနှိုင်လွန်းလို့ပါတော်။
    ———————————— 🙂
    ကိုလင်းဆက်ရေ… လိုအပ်တာတွေ လိုက်လို့ကိုမမှီဘူးနော်။
    ———————————— 🙂

  • ကြောင်ကြီး

    August 13, 2012 at 9:58 am

    လက်ဟန်ပြ
    ဆက်ဆံရ
    ကြက်ပျံမကျ
    ငှက်မာန်ကြွ
    နတ်လှံအက
    ထက်သန်ပါ့
    မနက်ဖြန်ဝဏ္ဏ
    တက်ကံစ…။

  • si tone

    August 14, 2012 at 3:18 pm

    ဒါလဲ …. Body lauguage တစ်မျိုး ပဲနော်…….. အဲဒါလဲ တမျိုးလေး ကောင်းပါတယ်…..

Leave a Reply