“နောင်ရိုးတိုက်ပွဲ နှင့် ကျွန်မ ကလေးများ”
ဒီနေ့ညနေ ကလေးတွေ မိမိကြိုက်ရာခေါင်းစဉ်လေးတွေနဲ့ ကိုယ်ပိုင်အယူအဆဆွေးနွေးကြ
တဲ့ သင်ခန်းစာလုပ်ပါတယ်။ ဘိုလိုပြောရင်တော့ PRESENTATION တင်ကြတယ်ပေါ့။
သူတို့ကိုကျွန်မ ကြိုတင် လေ့ကျင့်ပေးထားတာက…
(၁) ဘာမှ အလွတ်မကျက်ပါနဲ့။ စာရွက်ကြည့်ပြောပါ။
(၂) ဗလာစာအုပ်ထဲမှာချရေးထားကြည့်ပြီး ပြောမဲ့ အချက်တိုလေးတွေကို ကဒ်ပြားပေါ်မှာ
ရေးခဲ့ပါ။ တစ်ချက်ချင်း ကြည့်ပြောပါ။
(၃) ပရိတ်သတ်ကို ကြည့်ပြောပါ။ Eyeball contact မရှိဘဲပြောရင် (“You are reading.”)
လို့ အမြဲသတိပေးရပါတယ်။
(၄) လက်ဟန်ခြေဟန်နဲ့ စကားပြောပါ။
(၅) မျက်နှာအကြောကို လျှော့ထားပါ။
(၆) မိမိပြောရမဲ့ အကြောင်းအရာ နိဂုံးချုုပ်ပြီးရင် “Any question?” လို့မေးပါ။
(၇) မေးမဲ့သူက လက်ထောင်ပြမယ် “Excuse me.” လို့ ပြောမယ်။ အဲဒီအခါ “Yes?” အသံကို
Rising Intonation လေးနဲ့ မေးပါ၊ ဖြေပါ့မယ်ဆိုတဲ့ မျက်နှာပေးလေးထားပြီးကြည့်ပါ။
စသဖြင့် …စသဖြင့်တို့ပါ။
အချို့ကလေးတွေကတော့ သူတို့ Laptop လေးတွေမှာ ရေးထား၊ရိုက်ထားပြီး တော်တော်
လေး လှလှပပ ကြိုတင်ပြင်ဆင် ထားကြပါတယ်။
တစ်ချို့ကတော့လည်း Whiteboard ပေါ်မှာ နေရာလပ်မရှိအောင် နှုတ်ကပြောသမျှအကုန်
ချရေးကြပါတယ်။ တစ်ယောက်လောက်တင်ပြီးသွားရင် Whiteboard Marker တစ်ချောင်း
ကုန်သွားလောက်ပါတယ်။
ကြောက်တတ်တဲ့ကလေးတစ်ချို့ကတော့ သူတို့စာရွက်ကို အတင်းဖျစ်ညှစ်ထားတာမျိုး၊
ပရိတ်သတ်ကိုမကြည့်ဘဲ၊ ဆရာမကိုပဲ စိုက်ကြည့်နေတာမျိုး၊ လက်ထဲက ဘောပဲန်ကို
လက်ထဲမှာ စင်္ကြာလှည့်သလိုလှည့်နေတာမျိုး၊ စုံလို့ပါပဲ။ သူတို့စကားလေးငှားပြောရရင်တော့
Performance မျိုးစုံနဲ့ပေါ့လေ။
ကျွန်မက သူတို့ ခေါင်းစဉ်အလိုက်တင်နေတုန်း သဒ္ဒါအမှား၊ အသံထွက်အမှား၊ ကိုယ်နေဟန်
ထား မျက်နှာပေး မှတ်စုကဒ်ကိုင်ပုံအမှားကစပြီး Critiques ပေးပါတယ်။ ပြောနေတုန်း အမှား
ထောက်လိုက်ရင် ဆက်မပြောနှိုင်မှာစိုးလို့ပါ။
ကလေးအများစုဟာ စကားပြောပြီဆိုရင် သူတို့စာအုပ်ကလေးဟာ သူတို့ရဲ့ Security Blanket
ပါပဲ။ ဟောပြောမဲ့စာကို ဘယ်လောက်ကျေညက်အောင် ဖတ်ထားထား၊ ဒီစာအုပ်ကလေးကို
ကိုင်ထား၊ ဖွင့်ထားမှ သူတို့ feel safe ဖြစ်ပုံရပါတယ်။ စိတ်ဓာတ် လုံခြုံနေတယ် ဆိုမလားပါပဲ။
ဒီတော့ ကျွန်မ မှာ ပုံပြင်တွေနဲ့ စည်းရုံးရေးဆင်းရပါတယ်။ ကျွန်မ ပြောလေ့ အရှိဆုံးပုံပြင်
ကတော့ ဘုရင့်နောင်ရဲ့ နောင်ရိုးတိုက်ပွဲပါပဲ။ဒီလိုပြောပြတာပေါ့လေ…
နောင်ရိုးတိုက်ပွဲဆိုတာ ခရစ်သက္ကရာဇ် (၁၅၃၇) ခုနှစ် တောင်ငူဘုရင်တပင်ရွှေထီး က
ဟံသာဝတီ ဘုရင် သုရှင်တကာသူရှင်တကာရွတ်ပိ ကိုတိုက်ခဲ့သောစစ်ပွဲကြီး
တစ်ပွဲ ဖြစ်ကြောင်း။
ဘုရင့်နောင်လိုု့ အမည် မခံရသေးတဲ့ ကျော်ထင်နော်ရထာဟာ တိုက်ဆင်ငါးဆယ်၊ မြင်းငါးရာ၊
စစ်သူရဲတစ်သောင်း၊ဆင်စီးအမတ် ငါးဆယ်နှင့်အတူ နောင်ရိုးသို့ ချီတက်ခဲ့ကြောင်း။
ကျော်ထင်နော်ရထာရဲ့တပ်က ရဲမက် တစ်ဦးကို သစ်ပင်ပေါ် တက် ကြည့်ခိုင်းပြီး တစ်ဖက်
စစ်အင်အားကိုခန့်မှန်း ခဲ့သည်တဲ့ အကြောင်း။
ဒီနောင်ရိုးတိုက်ပွဲမှာ အင်အား မမျှပေမဲ့ ရဲစွမ်း သတ္တိကို အပြည့်နဲ့ မြစ်ကို ဖြတ်ကူးခဲ့ဖေါင်တွေ ကို
မီးရှို့ဖျက်ဆီးပြီး နောက်ပြန်မလှည့်စတမ်း တိုက်ပွဲဆင်ရန်ဖေါင်ဖျက်ခဲ့ကြောင်း။
ဘုရင့်နောင်ဖေါင်ဖျက် ဟူသော စကားက ကျော်ကြားခဲ့သလိုဘုရင့်နောင်၏ တိုက်ပွဲ ဗျူဟာက
ကမ္ဘာ ကျော်ခဲ့ကြောင်း။ စသဖြင့်ပေါ့လေ။
(မှတ်ချက်။ ။ဗမာ လိုပြောတာပါ။ ဘိုလိုပြောရင် အရသာမရှိနှိုင်ဘူးလေ။)
ဒီတော့ မင်းတို့လည်း ဘုရင့်နောင်ရဲ့ဖောင်တော်လို မင်းတို့ အရမ်းအားထားတဲ့ မှတ်စု စာအုပ်
ဗလာစာအုပ်တွေ ပိတ်ပါ။ မှတ်စုတို (Gist) ထုတ်ထားတဲ့ ကဒ်ပြား (တစ်ခါတစ်လေ ခြင်ဆေး
ခွေ ဘူးခွံကို ကပ်ကြေးနဲ့ ဖြတ်ညှပ်ထားတာ) ကိုသာ အရေးပေါ်လက်ကိုင်ထားပါ။ ဘာညာ
ပြောပေးရတာပါ့။
တဖြည်းဖြည်းတော့ အောင်မြင်ပါတယ်။ မယုံရင် မ Pooch ကိုမေးကြည့်ပါလား။ စိတ်ညစ်ပြီး
ကျောင်းထွက်သွားသူတွေလည်းရှိတာပါပဲလေ။
TTNU.
39 comments
ဒဿ ဖွတ်ကျား
September 18, 2012 at 12:30 am
လေးလေးစားစား မှတ်သားနာယူသွားပါကြောင်း တီချာကြီးရေ.
သည်ရက်ပိုင်း. မောင်ဂီ့ အတန်းလစ်နေတာ. ကြာပီမို့.
ဟီးး
ခင်တဲ့
ဂီ
TTNU
September 18, 2012 at 10:22 am
မောင်ဂီရေ…
ကနဦးစာဖတ်သူအဖြစ် ကျေးဇူးတင်ပါတယ်။
ဒဿ ဖွတ်ကျား ဆိုတာ မောင်ရင်မှန်းမသိတာ တီချာ ညံ့တာပဲနော်။
နေကောင်းပါရဲ့လား။ ဘဝကြီးလှလှပပ အဆင်ပြေပြေဖြစ်နေပါစေ လို့
မေတ္တာပို့သပါတယ်။
🙂
မောင်ပေ
September 18, 2012 at 1:00 am
မေးကြည့်တော့ တူးတောင်ဇင်တွဲ မကျော်စေရဘုတဲ့
teacher nuရေ
မဆိုင်သေးပေမယ့်
ဆိုင်တဲ့အခါ အထောက်အကူ
အများကြီးဖြစ်စေတဲ့ ပိုစ့်မိုလို့
အသေးစိတ်ဖတ်ပြီးသကာလ
နောင်မေ့ရင် အခက်ရယ် မကြုံရလေအောင်
ကူးသွားပြီဗျို့
TTNU
September 18, 2012 at 10:40 am
မောင်ပေရေ…
တီချာ့စာလေးတွေတိုင်းမှာ လာလာဖတ်ပေးနေတဲ့အတွက်
ကျေးဇူးတင်ပါတယ်။
By the way, 2012 မကျော်တာ ဘယ်သူ??
ပဟေဠိတွေနော်၊ အမေ စိတ်ရှုပ်တယ်ဟေ့။ 😈
pooch
September 18, 2012 at 10:59 am
စိတ်ရှုပ်လာရင် နရင်းအုပ်လွှတ်လိုုက်ပါ တီချယ်။ သိပ်ကြည့်လို့ရတာ မဟုတ်ဘူး ဒင်းကို 👿
presentation ဆိုတာ နောက်တော့လည်း ထမင်းစားရေသောက် ပြောပါရစေ ငြင်းပါရစေ ဖြစ်သွားတော့တာပါပဲ။ မခံနိုင်သူတွေလည်း ထွက်ပြေးကြတယ်။ ကိုယ်ကတော့ အကြောပြောင်တော့ မျက်နှာပြောင်ပြောင်နဲ့ပဲ ကျန်နေခဲ့တာပါ။
ဘုရင့်နောင်ဆိုလို့ ပြောရအုန်းမယ် တီချယ်။ ဘုရင့်နောင် ဆုံးတော့ သားသမီးတွေ တစ်ရာနီးပါးလောက်ကျန်ခဲ့တယ် ပြောတယ်။ နောက်ထူးခြားချက်က သူ့စစ်တပ်အတွက် တိုက်ရည်ခိုက်ရည်အတွက်ရော လက်နက်ရော ကိုယ်ခံပညာရောအတွက် ပေါ်တူဂီ ကြေးစားစစ်သားတွေကို အားထားခဲ့တယ်တဲ့။ ခုမှ သိတာ။
ကိုး။ ။ ခြေရာပျောက်မြစ် ၊ ကိုယ်တိုင်ရေးမြန်မာ့သမိုင်း ( စာ ၁၂၈ )
မောင်ပေ
September 18, 2012 at 8:19 pm
ဘုရင့်နောင် လို ယောက်ျားမျိုး နဲ ့ညားပါစေဗျာ
ကိုး။ ။ ကိုးဆယ့်ကိုး
ဟီဟိ
htet way
September 18, 2012 at 8:55 am
ဘုရင့်နောင်အကြောင်း ဆိုလို့ စိတ်ဝင်စားပါတယ်
အိမ်မဲမှာကလည်း မကြာခင် သမိုင်း ဆိုင်ရာ အချက်အလက်တွေနဲ့
စုစည်း ပြီး အထိမ်းအမှတ်ကျောက်တိုင်စိုက်ဖို့ ၊ ဘုရင့်နောင်ကြေးရုပ် ထုလုပ်ဖို့ စီစဉ်နေပါတယ်။
ဖွင့်ပွဲမှာ ဂေဇက် က ဆရာတွေ ၊ဆရာမတွေကို ဖိတ်ရမယ်။
လေးစားစွာဖြင့်
ထက်ဝေး
TTNU
September 18, 2012 at 10:44 am
ကိုထက်ဝေးရေ…
တီချာဖတ်လိုက်မိတယ်။
ဖွင့်ပွဲရောက်ရင် ပြည့်ပြည့်စုံစုံ ရေးတင်ပါဦးနော်။
မလာရောက်နှိုင်ပေမဲ့ အကြောင်းစုံတော့သိချင်သား။
ကြောင်ကြီး
September 18, 2012 at 9:12 am
နောင်ရိုးတိုက်ပွဲ
ကြောင်ဆိုးကိုက်ခဲ
အောင်ပိုးသိုက်ဝဲ
ယောင်တိုးဆိုက်ထဲ
မောင်ဖိုးဂိုက်ပဲ
ဗျောင်ခိုးနှိုက်ဖဲ
လောင်မိုးဗိုက်ရွှဲ
တောင်ဖြိုးငိုက်ဟဲ..
TTNU
September 18, 2012 at 11:17 am
ကိုကြီးကြောင်ရေ…
နောင်ရိုးတိုက်ပွဲမှာ ကြောင်ဆိုးတွေဟားတိုက်ရယ်မောနေကြသတဲ့။
ရယ်မောနေတဲ့ကြောင်တွေကို ဘယ်တောကလာကြသလဲလို့မေးကြည့်တော့၊
ရှော့ပင်းမောလ်က တစ်ချို့တစ်ဝက် ကက်ဂလိုဘ် (Cat globe) က တစ်ကောင်နှစ်ကောင်၊
အော် ကြောင်တွေ ကြောင်တွေ…. 😀
weiwei
September 18, 2012 at 10:03 am
မှတ်သားသွားပါတယ် တီချယ် …
ကျွန်မကတော့ မကြာခဏ presentation လုပ်ရလေ့ရှိပါတယ် …
လုပ်တိုင်း ကြောက်စိတ်ကို မထိန်းနိုင်သေးပါဘူး … မကြာခင်တစ်ခု လုပ်စရာရှိသေးတယ် … တွေးရင်းနဲ့တောင် ကြောက်ပါတယ် …
TTNU
September 18, 2012 at 11:26 am
ဝေရေ…
ခဏခဏ ဟောရပြောရတော့လည်း ကျင့်သားရနေရောပေါ့ကွယ်။
တီချာတို့ ဆရာမ မဖြစ်ခင် BLOC TEACHING တွေလုပ်ရတုန်းက
သိပ်တုန်တာပဲ။ ဆရာမ ဖြစ်သွားတော့လည်း တုန်ချိန်ကို မရလိုက်ပါဘူးကွယ်။
🙂
nozomi
September 18, 2012 at 10:53 am
တီချယ်ကြီး ခင်ဗျာ
ဖတ် ပြီး မှတ်သွားပါတယ်
သေချာပြင်ဆင်ထားနိုင်ရင် အကြောက်တော့ နဲနဲ လျော့ပါတယ်
အဓိက ကတော့ ယုံကြည်မှုဖြစ်မယ်ထင်တယ်
အလကားလူတွေမှ မဟုတ်တာပဲ
တီချယ်ကြီးသင်ကြားမှုကို အမြဲခံယူနေတဲ့ဂဇက်ရွာသားတွေပဲဟာ
We can do it
TTNU
September 18, 2012 at 12:01 pm
နိုဇိုမီရေ..
မြှောက်မှန်းသိရက်နဲ့ တစ်ဝက်ကြိုက်မိတယ်။
(အလကားလူတွေမှ မဟုတ်တာပဲ
တီချယ်ကြီးသင်ကြားမှုကို အမြဲခံယူနေတဲ့ဂဇက်ရွာသားတွေပဲဟာ)။ 😀
ကိုခင်ခ
September 18, 2012 at 11:02 am
တီချယ်ကြီးဆီကတော့ မှတ်စရာလေးတွေ အမြဲရနေတာဘဲဗျာ။
အဲဒီတော့ ရွာလည်ထွက်တာ တီချယ်ကြီးဆီရောက်ရင် တစ်ခုခုတော့ လက်ဆောင်ပေးလို့ ရခဲ့တယ်လို့ ဆိုလိုက်မယ်လေ။
TTNU
September 18, 2012 at 1:12 pm
ကိုခ ရေ…
(တီချယ်ကြီးဆီရောက်ရင် တစ်ခုခုတော့ လက်ဆောင်ပေးလို့ ရခဲ့တယ်)
ဆိုလို့ ပီတိဖြစ်ရပါတယ်။ မရောက်ခဲ့ရင်လည်း မေတ္တာတွေ ပို့ပေးနေမှာပါ။
ရောက်အောင်လာခဲ့လို့လည်း ကျေးဇူးတင်နေခဲ့တာပါ။ 🙂
kyeemite
September 18, 2012 at 11:46 am
နောက်နဲနဲကျသွားတယ်တီချယ်ရေ..
presentation ကတော့ တစ်လတစ်ခါ
management meeting မှာလုပ်ရလေ့ရှိပါတယ်..
တစ်ခါထက် တစ်ခါတော့ ပိုကောင်းလာတတ်ကြပါတယ်
လက်တွေ့ အကြိမ်များများလုပ်ပေးဖို့လိုမယ်
တင်ပြမဲ့ အကြောင်းအရာကို ကိုယ်တိုင်ဂဃနဏ သိထားဖို့လိုပါတယ်
ဒါမှ question တွေမေးလာရင် တောက်တဲ့ကြီးလှည်းနင်းထားသလိုမဖြစ်တော့ဘူးပေါ့..
ဟဲ ဟဲ…အတည်ပေါက်နဲ့ဝင်ရွှီးကြည့်တာပါခင်ဗျာ….
TTNU
September 18, 2012 at 1:53 pm
ကိုကြီးမိုက်ရေ…
ဟုတ်ပါတယ်။ (လက်တွေ့ အကြိမ်များများလုပ်ပေးဖို့လိုမယ်
တင်ပြမဲ့ အကြောင်းအရာကို ကိုယ်တိုင်ဂဃနဏ သိထားဖို့လိုပါတယ်)
ကိုယ်တင်ဖို့ ပြင်ထားပြီး မေးလာနိုင်စရာတွေလည်းစဉ်းစားထားရမှာပါ။
နို့မို့ဆို ကိုကြီးမိုက်ပြောသလို မျိုး (လှည်းအကြီး ခွေးနင်းထားသလိုဖြစ်နေမှာပါ။)
အင်္ဂလိပ်လို ပြန်ဖြေရတဲ့ Language barriers ရယ်၊ အချက်အလက်မသိလို့ ဟိုဟာလေ၊
ဒီဟာလေဆိုပြီး ထစ်နေမှာရယ်၊ ဖြတ်ထိုးဉာဏ် မရှိလို့ ဘာမှ အစားထိုးမပြောတတ်မှာရယ်။
ချွေးပြန်စရာပါ။ 🙂
MaMa
September 18, 2012 at 1:40 pm
တီချာကြီးစာကိုဖတ်မိတိုင်း တစ်စုံတစ်ခုသောအကျိုးကို ရစေပါတယ်။
ကျမဆရာရဲ့ ကျမတို့ကို စိတ်ဓာတ်မြှင့်တင်ပေးတဲ့စကားလုံးကတော့….
ကိုယ့်အပိုင်းကို ကိုယ်ကျေညက်အောင်လုပ်ထား။
presentation လုပ်တဲ့အခါ မေးတဲ့သူတွေက ငါ့လောက်မသိလို့ မေးတာလို့ သဘောထားပြီး ရဲရဲရင့်ရင့်ဖြေပါ။ အဲဒါမှ မဖြေနိုင်တဲ့ အခက်အခဲဖြစ်ရင် မေးသူဖြေသူပူးတွဲပြီး အဖြေရှာပါတဲ့။
ဆရာ့အားဆေးကို နားထောင်ပြီး ဖြေရလို့ စိတ်မသက်မသာဖြစ်ရတဲ့ အခက်အခဲက လွတ်မြောက်ပြီး အတော်လေးကို အဆင်ပြေမှုရရှိခဲ့ပါတယ်။ 🙂
ဆရာ့စကားကိုလည်း ခုချိန်ထိ နားထဲစွဲနေပြီး ခုချိန်ထိ ကျေးဇူးတင်နေမိပါတယ်။
TTNU
September 18, 2012 at 2:03 pm
မမရေ…
(တီချာကြီးစာကိုဖတ်မိတိုင်း တစ်စုံတစ်ခုသောအကျိုးကို ရစေပါတယ်)။
ကျေးဇူးပါ။
(မဖြေနိုင်တဲ့ အခက်အခဲဖြစ်ရင် မေးသူဖြေသူပူးတွဲပြီး အဖြေရှာပါတဲ့)။
ဒီအချက်လေးသဘောကျတယ်။
Counter Questions များများထုတ်တတ်ဖို့တော့လိုမယ်ထင်တယ်။
စကားပရိယာယ် ကြွယ်ဖို့လည်း အရေးကြီးပါမယ်။
စိတ်တိုတတ်သူတွေ အတွက် ပရိသတ်တစ်ယောက်ယောက်က ညစ်ပြီး
Shooting Questions တင်လိုက်ရင် စိတ်ရှည်ပေးဖို့ လိုပေလိမ့်မယ်။
🙂
Shwe Ei
September 18, 2012 at 1:50 pm
ပရယ်ဆန်တေးရှင်းလုပ်ရတာကို သဘောကျပါတယ်။ သိပ်နားမလည်တဲ့ ရတန်း ၈တန်းအရွယ်လောက်ထဲက ဆရာက အတန်းရှေ့ထွက်ပီး စာဖြေခိုင်း စာရေးခိုင်း စာရှင်းခိုင်းရင် ဒူးတုန်တုန်နဲ့ထွက်ရတာပါဘဲ။ တတန်းလုံးကလဲ ဂလိုအချိန်ဆို ကိုယ့်ဘဲဝိုင်းတွန်းကျလို့ ပေါက်တဲ့နဖူးမထူးဘူး ဆိုတဲ့ ဇာတ်ခင်းရတာပါ။ ဘုရင့်နောင်ဖောင်ဖျက်သလောက်တော့ သတ်တိ မကောင်းလှဝူးပေါ့တီချယ်ရယ်။ နောက်ကျ လူရှေ့ထွက်ပီး အိုးနင်ခွက်နင်းပေါရတာကို ဝါသနာပါလာတော့တာ။ 😀
TTNU
September 18, 2012 at 2:13 pm
ရွှေအိရေ…
ဆွေးနွေးကြမဲ့ Issue ပေါ်မူတည်ပြီး
(၁) At ease လား
(၂) Serious Discussion လား
ဆိုတာ အရေးကြီးပါတယ်။
တစ်ခါတစ်လေ How I find my boyfriend လိုခေါင်းစဉ်မျိုးမှာ လူရှေ့ထွက်ပီး
အိုးနင်းခွက်နင်းပေါလို့ ရပေမဲ့၊
Serious ဖြစ်တဲ့ အကြောင်းအရာမျိုး..ဥပမာ Environmental Issue : Greening
လိုခေါင်းစဉ်မျိုး မှာတော့ Presentation ရဲ့ ကြံအင်လက္ခဏာတွေက ပြင်းထန်ပါတယ်။
🙂
Shwe Ei
September 18, 2012 at 4:25 pm
မှန်ပါဒလယ် တီချယ်။ သီးစစ်လုပ်ပီး ကွန်ဖရင့် တက်ပေါရတဲ့ ပရယ်ဆန်တေးရှင်းမျိုးအထိတော့ စိတ်ကူးတောင်မယဉ်ဘူးသေးပါ။ Disaster Risk Reduction ခေါင်းစဉ်လောက်နဲ့ ကို့ထက်ရာသီဥတုအကြောင်းနောကျေနေတဲ့ တောသူတောင်သားများရှေ့မှာ ခပ်တည်တည်နဲ့ ပွားဖူးပါတယ်(အကြိမ်ပေါင်းများစွာ)။ 😀 စာထဲက အကြောင်းအရာကို အဆင်ချောအောင် ဘိုလိုလေးညှပ်ပီး မှုတ်လိုက်တော့လဲ အနဲအကျဉ်းအထင်ကြီးခံရသပေါ့လေ ခွစ်ခွစ်။
လုံမလေး မွန်မွန်
September 18, 2012 at 2:16 pm
presentation ကတော့ သေသေချာချာ မလုပ်ဖြစ်ပါဘူး တီချယ်ရယ်…
ငယ်ငယ်ကတော့ ကျပန်းစကားပြောပြိုင်ပွဲတို့ ဘာတို့ဆိုရင် အလက်ကျွတ်ထားတာတွေ ရွတ်ပြလိုက်တာပဲ..
တစ်ခါဖြစ်ဖူးတယ်…တက္ကသိုလ်တက်တော့ စကားရည်လုပွဲမှာ သမီးက စာတွေကျက်ထားတာကို performance ကောင်းအောင်ဆိုပြီး ရှေ့က ဆရာမကို ပြောပြနေသလိုမျိုး ကြည့်ပြောလိုက်တာ စာတွေအကုန် မေ့ကုန်ပါလေရော… 🙂
မနည်းစဉ်းစားပြီးတော့ကို ပြောရတယ်…
အဟဲ..ကိုယ်ကသာ ဘာမှမဟုတ်တာ..သူများ presentation လုပ်ရင်များ သိပ်မေးချင်တာပဲ…. 😛
တီချယ်ပြောပြထားတဲ့ ကြိုတင်လေ့ကျင့်မှုတွေကို သေသေချာချာ မှတ်သားသွားပါတယ်ရှင့်…
ကြည်ဆောင်း
September 18, 2012 at 2:56 pm
Presentation ကတော့ ခုအချိန်တိုင်အောင်ကို ဝေးနေတုန်းဘဲ တီချယ်ရေ..
အရေးကြုံရင်တော့သက်လုံကောင်းအောင် တီချယ့် ဆိုစကားလေးတွေ
လေ့လာမှတ်သားထားလိုက်မိပါတယ်
ဒဿ ဖွတ်ကျား
September 18, 2012 at 3:04 pm
Presentation ဆိုရင် ခုချိန်ထိ ဂွကျတဲ့ ကိစ္စ တခုရှိရဲ့…
အဲ့ဒါကတော့ Documentation ရဲ့ Design ပိုင်းပါပဲ…
အနောက်က ဆြာတွေက အရှေ့က Design အယူအဆကို
လက်ကိုင်ထားကြတယ်.. Presentation Zen တို့ ဘာတို့…
အဲ . အရှေ့ကတော့ ကိုယ်ပိုင် Design အယူဝါဒကို စွန့်လွှတ်လို့
Data အချက်အလက် ခိုင်မာမှု ဆိုတာနဲ့ …ပယ်ပယ်နယ်နယ်ခင်းကျင်းတတ်ကြပြန်တယ်
ဘယ်ဟာ အမှန် ဆိုတာ မရှိပေမယ့် Document ပေါ်တင်ထားတဲ့
Keyword ဖြစ်စေ စာသားဖြစ်စေကို အဲ့သည့် စာလုံး မသုံးဘဲ ဖွင့်ဆိုရှင်း
ပြောနိုင်တာကမှ တကယ့် Presentation ကောင်း လို့ ယူဆမိပါတယ်ခင်ဗျား..
I love you မသုံးဘဲ ရည်းစားစကားပြောနည်း လို့ …
နာမည်ပေးထားပါတယ်..
(လုပ်ပီ .မောင်ဂီ့ ညှီ ပြန်ဘီ..)
တော်သေးဘီ
တီချာကြီးချင့် … အဲ .. ဗျ..
ကြောင်ဝတုတ်
September 18, 2012 at 4:59 pm
နယူးဇီလန် ဒစ်ပလိုမာယူတုန်းက…
ပရယ်ဈာန်တေးရှင်းမှာ အမှတ်အများဆုံးရဖူးတယ်…
သိပ်အထင်မကြီးနဲ့…
ပရယ်ဈာန်တေးရှင်းအတွက် ခေါင်းစဉ်တွေပေးစာတွေကျက်နေတဲ့အချိန်မှာ
တက္ကသိုလ်နောက်ဆုံးနေ့စာမေးပွဲဖြေပြီး ဒစ်ပလိုမာလေးမရမှာစိုးလို့ အသဲအသန်ပြန်လာပြီး…
ပါးစပ်ထဲရှိတာကို အိုးနင်းခွက်နင်းနဲ့ စာတစ်လုံးမှကျက်မထားပဲဖြေလို့ သဘောကျပြီး အမှတ်အများကြီးရတယ်လို့ပြောတာပဲ…
တကယ်တော့ အိုးနင်းခွက်နင်းကိစ္စတွေက အဆင်ပြေသွားတတ်ပါတယ်…
ခင်မင်လျက်-
ကြောင်ဝတုတ်
မဟာရာဇာ အံစာတုံး
September 18, 2012 at 8:10 pm
တီချယ်ကြီး ခင်ဗျာ ..
အတန်းနောက်ကျတဲ့ ကျောင်းသားကို
ဘယ်လို အပြစ်ပေးပါသလဲ ခင်ဗျာ .. 😀
တီချယ်ကြီး ပြောသမျှကို ဖတ်သွား၊ မှတ်သွားပါတယ် ခင်ဗျာ ..
လူရှေ့သူရှေ့ ထွက်ပြောရတဲ့ ကိစ္စကိုတော့
တစ်ခါမှ ကြုံခဲ့ဖူးပါဘူး ..
ကြုံလာရင်လည်း မသိချင်ယောင်ဆောင်ပြီး ထွက်ပြေးတာပဲ ..
နောက်ခါတော့ လုပ်တော့ဘူးဂျာ …
ဘုရင့်နောင်ထုံး နှလုံးမူလို့ ဘာဖြစ်ဖြစ် တွယ်ပစ်လိုက်တော့မယ် …
အလင်းဆက်
September 18, 2012 at 9:19 pm
သားသားက… ကလေး ဆိုတော့… မှတ်လို့ ဖတ်လို ့ကောင်းမှ..ကောင်းးးးးးးးးး
😀
TTNU
September 19, 2012 at 12:22 am
လုံမလေးမွန်မွန်ရေ…
မေးတတ်တာလည်း အတတ်ပညာတစ်ခုပါပဲကွယ်။
——————– 🙂
ကြည်ဆောင်းရေ…
အားထုတ်ချင်စိတ်ရှိနေသ၍ အားတွေရှိနေမှာပါနော်။
—————— 🙂
မောင်ဂီရေ…
E and W တို့ရဲ့ မတူချက်ကတော့ လက်ကုန်တယ်။
W က ပုဂ္ဂိုလ်တွေက Presentation မှာ လူသတ်သလို အငြင်းပွားကြတယ်။
ကိုယ်တို့ E က ပုဂ္ဂိုလ်တွေက မကြိုက်မှာစိုးလို့၊ ပညာပြတယ်ထင်မှာစိုးလို့၊
လူတွင်ကျယ်လုပ်တယ်ထင်မှာစိုးလို့၊ သိကိုမသိလို့… ပေါင်းများစွာနဲ့
Carpetology ( ကော်ဇောကိုသာ ငုံ့ကြည်နေခြင်းဖြင့်) က္ကုန္ဒြေ ဆည်ကြတယ်။ 😀
မောင်ဂီပြောသလို( Data အချက်အလက် ခိုင်မာမှု ဆိုတာနဲ့ …
ပယ်ပယ်နယ်နယ်ခင်းကျင်းတတ်ကြပြန်တယ်) ဆိုတာမှန်တယ်။ ဘာမှ ဆက်လက်ထွင်းဖောက်
တိုက်ပွဲမဝင်ချင်ကြဘူးလေ။ I love you မသုံးဘဲ ရည်းစားစကားပြောနည်း ကိုတော့ မောင်ရင်ပဲ
ဆက်တင်ပေးပါဦး။ 🙄
TTNU
September 19, 2012 at 12:35 am
ကြောင်ဝတုတ်ရေ..(ပရယ်ဈာန်တေးရှင်းမှာ အမှတ်အများဆုံးရဖူးတယ်) တော်လိုက်တာ။
ဒါပေမဲ့ (ပါးစပ်ထဲရှိတာကို အိုးနင်းခွက်နင်းနဲ့ စာတစ်လုံးမှကျက်မထားပဲဖြေလို့ ) ဟုတ်မယ်မထင်ပါ။
ပြေပြေလည်လည်ပြောနှိုင်လို့သာ အမှတ်ရတာပေါ့။
————————————— 🙂
မောင်အံစာရေ…
(ဘုရင့်နောင်ထုံး နှလုံးမူလို့ ဘာဖြစ်ဖြစ် တွယ်ပစ်လိုက်တော့မယ်)အေ
Watch out! Save your soul!
————————————– 🙂
အလင်းဆက်ရေ…
(၂၅)နှစ်ဆိုတာ ကလေးမဟုတ်တော့ဘူးနော်။
————————————- 🙂
အရီးခင်လတ်
September 19, 2012 at 3:04 am
တီချယ်ကြီးရှင့်
Post လေးကို ဖတ်အပြီးမှာ
စိတ်ထဲမှာ တီချယ့်တပည့်ဖြစ်သူများ အတော်ကံကောင်း တယ်လို့ ပထမဆုံးတွေးလိုက်မိပါတယ်။
ကျွန်မတို့ ငယ်ငယ်တုန်းက တော့ ကျောင်းမှာ Presentation ကို နဲနဲပါးပါး လုပ်ရလေ့ရှိတယ်။
ကျွန်မတို့ ခေတ်က ပညာရေးစနစ်က အကောင်းကြီး လို့ မပြောနိုင်ပေမဲ့ ဆရာ/မ တွေ က တကဲ့ Pro စိတ်ဓာတ် တွေနဲ့ သင်ပေးခဲ့ကြလို့ အရေးကြုံချိန် လူတောထဲ တိုး ရဲခဲ့တာလို့ ထင်ပါတယ်။
ဒါကြောင့် ကိုယ့်ကို တကဲ့ ဆရာစိတ် အပြည့်အဝ နဲ့ သွန်သင် တွန်းအားပေး မြေတောင်မြှောက် ပေးတဲ့ ဆရာ/မ တွေ ကျေးဇူး ကို အမြဲ ဦးထိပ်ထား ပါတယ်။
အနောက်တိုင်းတိုင်းပြည် တွေမှာတော့ Presentation ဆိုတာဟာ မူလတန်းကျောင်းသားလေး တွေကအစ လုပ်ကြရပါတယ်။
အဲဒီမှာ ပြောရဲ ဆိုရဲတဲ့ ကလေး ကထားတော့။
ကြောက်တတ်တဲ့ ကလေးတောင် ပြောရဲဆိုရဲ ရှိသွားအောင် ကျင့်ပေးတဲ့ နည်းပါဘဲ။
ဒါကြောင့် ကျွန်မတို့ အရှေ့တိုင်း က ကလေးတွေ က သချာင်္တို့၊ အလွတ်ကျက်ရတဲ့ စာတို့မှာ တော်ချင်တော်မယ်။
Presentation လုပ်ရတဲ့ ပိုင်းမှာ အနောက်တိုင်း ကလေးတွေထက် အားနည်း ကြ တယ်လို့ ကြားဘူးပါတယ်။
ဒါပေမဲ့ အခု ယူကေ မှာလဲ ပညာရေးစနစ်နဲ့ ပါတ်သက်ပြီး အဆိုးတွေ တွေ့လာနေရတယ်။ (ကိုယ့်အမြင်ပါ)
BTW
ဘုရင့်နောင်ဖေါင်ဖျက် နောင်ရိုးတိုက်ပွဲ က နိုင်လိုက်ပေလို့သာပေါ့။
မဟုတ်ရင် ကိုယ့်သေတွင်းတူး တယ်လို့ ပြောစမှတ်တွင်ကျန်ခဲ့မှာ။ :hee:
ငယ်တုန်းက ဆရာမ ကို ပြန်ကွန့် ခဲ့တာ ပြန်သတိတရ ရေးလိုက်တာပါ တီချယ်ကြီးရှင့်။
ကျွန်မတို့ တုန်းက ဆရာတွေကို ပြန်ကွန့်လို့ ရသေးတယ်။
တီချယ့်လို တီချယ်တွေပေါ့။ 🙂
ကြောင်ဝတုတ်
September 19, 2012 at 12:18 pm
အရီးလတ်ကလို ကျွန်တော်ငယ်ငယ်တုန်းကပြောဖူးတယ်…
သမိုင်းသင်တဲ့ဆရာမကို… တကယ်လို့များ မနိုင်ခဲ့ဘူးဆိုရင်ရောလို့…
ဆရာမခမျာ ဘာပြောရမှန်းမသိတဲ့ဘဝကိုရောက်သွားတယ်…
ကျွန်တော်ငယ်ငယ်လေးတုန်းက စာအုပ်တစ်အုပ်ဖတ်ဖူးတယ်…
အဲဒီစာအုပ်က ကမ္ဘာကျော်လူတွေအကြောင်းရေးထားတဲ့စာအုပ်ပါ… နောက်ဆုံးမှာဘာရေးထားလဲဆိုရင်…
တချို့လူတွေက အခြေအနေအချိန်အခါနဲ့ သူတို့လုပ်ရပ်ကိုက်ညီသွားလို့ ကမ္ဘာကျော်တွေဖြစ်သွားတယ်…
အဲဒီလိုပဲ သမိုင်းမှတ်တမ်းတင်ခံရတယ်…
တချို့ကျတော့ လုပ်ရပ်နဲ့အချိန်အခါမကိုက်ညီလို့ သူမသိသူမသိသေဆုံးသွားကြတယ်…
အဲဒီတော့ လောကကြီးမှာ ကိုယ့်ဘဝကို လူမသိသူမသိသေဆုံးမလား… စာအုပ်ထဲမှာသေဆုံးခံမလားတဲ့…
ပြန်တွက်ကြည့်တော့ နာမည်ကြီးရင်တောင် စာအုပ်ထဲမှာသေဆုံးသွားရမှာပါပဲလားပေါ့…
ဘုရင့်နော်က ဖောင်ဖျက်တာ အရီးလတ်ပြောသလိုပဲ… နိုင်သွားတော့ ဘုရင့်နောင်ဘွဲ့နဲ့ သူရဲကောင်းပြုခံရတာပေါ့…
တကယ်လို့များ ရှုံးသွားရင်… ဆူဆိုက်မစ်ရှင်လုပ်တဲ့ သောက်ရူးဆိုအပြောခံရမှာ…ဟိဟိ…
ခင်မင်လျက်-
ကြောင်ဝတုတ်
marblecommet
September 19, 2012 at 5:05 am
တီချယ်ခင်ဗျား
နောက်ကျပြီးမှ ဝင်ဖတ်ဖြစ်ပေမဲ့
တီချယ့်ပို့(စ်)တွေကို ဖတ်လိုက်တိုင်း
စိတ်လက်ကြည်လင်လန်းဆန်းသွားနေကျပါ
အခုလည်း ဖတ်မှတ်သွားပါတယ်
ဒါပေမဲ့
ကျနော်က လူကြောက်တယ်ဗျ….
ကိုပေါက်(မန္တလေး)
September 19, 2012 at 1:55 pm
မာမီရေ
ကျနော်ကတော့ မာမီကျောင်းသားဖြစ်ဘို့ကပ်လွဲလေး လွဲခဲ့တာကို နှမျောခဲ့ပါတယ်.
ပြောသာပြောရတယ် တကယ်လို့များ မာမီနဲ့ဆုံခဲ့ရင်လဲ ကျောင်းသားဆိုးစာရင်းထဲပါမယ်ထင်တယ်.
မာမီ ရေ ကိုယ်ပြောမယ့် အကြောင်းအရာကို ပိုင်နိုင်စွာသိထားမှ လက်တန်း (ဒါမှမဟုတ်)
သံခိပ်ရေးထားတာလေး ကြည့်ပြီးပြောနို်င်မှာပါ။
ဒီလိုဆွေးနွေးတာ ဟောပြောတာလေး ကို ဖတ်ရတော့ ဟိုအရင်တုံးက ဟာသ တစ်ခု ကိုသတိရတယ်။
လူကြီးတစ်ယောက်အတွက် သူများကရေးပေးတဲ့မိန်းခွန်းကို ပြန်ဖတ်ပြတဲ့လူက ဒီလိုပြန်ဖတ်ပြပါသတဲ့။
” ကျနော်တို့ ကိုချမှတ်ပေးထားတဲ့လမ်းညွှန်မှု့အတိုင်းသာလိုက်နာဆောင်ရွက်မယ်ဆိုရင် အောင်မြင်မူ့ပန်းတိုင်ကို လှမ်းကိုင်ဘို့မဝေးတော့ပါဘူး…………….”
ဖြောင်းဖြောင်းဖြောင်း (ဩဘာသံများ) လို့ဖတ်သွားပါသတဲ့။
ကျနော်ကတော့လက်တန်းပြောနိုင်ရေးနိုင်တာကိုသဘောကျတယ်။
အဲလိုပြောနိုင်သူဟာ သူ ပြန်ပြောပြမယ့်အကြောင်းအရာကို သေချာစွာနားလည်သူ နက်နက်နဲနဲသိသူလို့
သတ်မှတ်နိုင်ပါ၏။
ထုံးစံအတိုင်းသူများနောက်ပေါ့မာမီရေ.
ပန်းပင်လေးရှင်အောင်မွေးနော်မာမီရေ…………………………………
padonmar
October 2, 2012 at 8:25 pm
တီချာကြီးရှင့်
ကျောင်းအများကြီးနောက်ကျတာခွေးလွှတ်ပါနော်။
ကျောင်းတုံးကတော့ seminar တွေ အတန်းရှေ့ထွက်ပြောရရင် ဒူးတုန်တုန်နဲ့ပြောခဲ့ရတယ်။
ကိုယ့်အလှည့်ပြီးပြီဆို အလုံးကြီးကျသွားသလိုပါပဲ။
ကျောင်းပြီးတဲ့နောက်တော့ လူရှေ့ထွက်ရမှာ တတ်နိုင်သလောက်ငြင်းခဲ့ပါတယ်။
ဒီနှစ် ဖြေနေတဲ့ စာမေးပွဲတွေ ပြီးရင် ဆရာမပြန်လုပ်ပေးဖို့ ကျောင်းကတောင်းဆိုထားပါတယ်။
ကိုယ်သိပ်စိတ်ဝင်စားတဲ့ ဓမ္မစာပေတွေ ပြန်သင်ပေးရမှာ အလွန်နှစ်ရာလောက် သင်ပေးချင်ပေမယ့် (လူ ၄-၅ ယောက်လောက်
ဝိုုင်းသဘောမျိုး သင်ရမှာ မကြောက်ပေမယ့်)လူ ၅၀-၁၀ဝ ရှေ့ထွက်ရရင် ဖြစ်ပါ့မလားလို့ တွန့်နေမိပါတယ်။
တီချာကြီးရဲ့ ဘုရင့်နောင်ဖောင်ဖျက်နည်းလေးရလိုက်တာ အားဆေးပါပဲ။
ကျေးဇူးပါတီချာကြီး။(စာမသင်ခင် မန်းလေးလာပြီး တီချာကြီးနဲ့လေ့ကျင့်ရမယ်ထင်တယ်)
အရီးခင်လတ်
October 9, 2012 at 7:19 pm
“ဖတ်ရွေး အဖွဲ့ ကိုယ်စား”
အကြောင်းအရာပါ စာလေးကတော့ တိုတိုလေးဖြစ်ပေမယ့် ရှည်လျားလှသော အတုယူစရာများကို ပေးထားတဲ့ စာလေးဖြစ်ပါတယ်။ ကျနော်တို့တိုင်းပြည်က လူအတော်များများ က အများရှေ့မှာ စကားမပြောရဲတတ်ကြပါဘူး။ ပြောပြန်ရင်လဲ စာရွက်ကြီးကြည့်ဖတ်ကြတာ အမြင်ဆိုးလှပါတယ်။
ဒီစာလေးထဲကအကြောင်းအချက်များတိုင်းလိုက်နာမယ်ဆိုရင်အများရှေ့မှာ အမြင်တင့်တယ်စွာ စကားပြောတတ်မှာပါ။
ဘယ်နေရာမဆို ခေါင်းဆောင်လုပ်ချင်တယ်ဆိုရင် အချက်အလက်ကျနစွာ စကားပြောတတ်ဘို့လို့ပါတယ်။
လေးစားရပါသော ဆရာမကြီးရဲ့ လိုက်နာအတုယူစရာဆောင်းပါးများအနက်မှ ဒီဆောင်းပါးလေးကိုတော့ စက်တင်ဘာလအတွက် အကြိုက်ဆုံးစာရင်းတို့ထားလိုက်ပါတယ်။
မှောင်ကြီး
October 10, 2012 at 12:27 am
Presentation
ဆိုကြောက်မှကြောက်ပဲဗျို ့padonmar
October 16, 2012 at 8:12 am
တီချာကြီးရှင့်
ပြီးခဲ့တဲ့ တနင်္ဂနွေက ပညာပေးပွဲလေးတစ်ခုမှာ အပိတ်စကားပြောပေးပါဆိုတော့ တီချာကြီးမှာသလို စာအုပ်တွေမကြည့်ပဲပြောရမယ်လို့ အားတွေတင်း၊မှတ်ထားတဲ့ စာရွက်လေးကိုင်ပြီး ရှေ့ထွက်သွား
အကျွေးအမွေးကလည်း စနေ၊ကိုယ်ကလည်းနောက်က ချိန်းထားတာ ပွဲဆက်ရှိ နေ တော့
ဆူညံနေတဲ့လူ ၂၀ဝ လောက်ရှေ့ မှာ ပြောချင်တာတွေ လက်တမ်းပြောပစ်လိုက်တာ ပြောမယ်လို့မှတ်ထားတာတွေ
တစ်ဝက်တောင်မပါပဲ ပြီးသွားပါလေရော။တိန်……..