“ဒါ ငါ့အလုပ်မဟုတ်ဘူး”
That’s not my job ဒါ ငါ့အလုပ်မဟုတ်ဘူး
This is a story about four people named Everybody, Somebody,
Anybody and Nobody. There was an important job to be done
and Everybody was sure that Somebody would do it.
Anybody could have done it., but Nobody did it. Somebody
got angry about that, because it was Everybody’s job.
Everybody thought Anybody could do it, but Nobody realized
that Everybody wouldn’t do it. It ended up that Everybody
blamed Somebody when Nobody did what Anybody could have.
တစ်ခါတုန်းက လူ(၄)ယောက်ရှိသတဲ့။ ကိုလူတိုင်း၊ ကိုတစ်ယောက်ယောက်၊
ကိုဘယ်သူမဆို၊ ကိုဘယ်သူမှမဟုတ်၊ တို့ဖြစ်ပါတယ်။
တစ်နေ့မှာတော့ အရေးကြီးတဲ့ ဆောင်ရွက်စရာလုပ်ငန်းတစ်ခုပေါ်လာခဲ့တယ်တဲ့။
လူတိုင်းထင်တာက ဒီကိစ္စကို တစ်ယောက်ယောက် လုပ်မှာပဲပေါ့။ ဒါဟာ ဘယ်သူမဆို
လုပ်ရင်ဖြစ်တဲ့ အလုပ်ပါတဲ့။ ဒါပေမဲ့ ဘယ်သူမှမဟုတ်ကြ မလုပ်ကြပါဘူးတဲ့။ ဒီအခါမှာ
တစ်ယောက်ယောက်က စိတ်ဆိုးတော့တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါ လူတိုင်း ရဲ့အလုပ်
ဖြစ်နေလို့ပါပဲ။
လူတိုင်းထင်နေတာက ဘယ်သူမဆိုလုပ်နှိုင်တယ်ဆိုတာပါပဲ။ ဒါပေမဲ့ လူတိုင်းပါဝင်လုပ်ကိုင်
ခြင်းမရှိတာကို ဘယ်သူမှမသိကြဘူးလေ။
အဆုံးမှာတော့ ဘယ်သူမဆိုလုပ်နှိုင်တဲ့အလုပ်ကို ဘယ်သူမှဝင်မလုပ်တဲ့အခါ လူတိုင်းက
တစ်ယောက်ယောက်ကို အပြစ်ဖို့ကြတော့တာပါပဲတဲ့။
29 comments
ko khin kha
August 7, 2012 at 11:13 pm
တွက်ကပ်မှု့ရဲ့ ရလာဒ်သည် အလုပ်မပြီးမြောက်ခြင်းပါတကား။
TTNU
August 7, 2012 at 11:28 pm
ကိုခင်ခရေ…
ကနဦးစလာဖတ်သူအဖြစ်ကျေးဇူးတင်ပါရစေ။
ဟုတ်ပါရဲ့နော်။ ကျွန်မတို့ တွေ တွက်ကပ်နေကြလို့
အောင်လံမထူနိုင်ကြတာများလားလို့ တစ်ခါတစ်လေ
သံသယဝင်မိပါတယ်။
marblecommet
August 7, 2012 at 11:53 pm
ကျနော်တို့ ပတ်ဝန်းကျင်မှာ
အလုပ်ဌာနမှာ ဒီလိုမျိုးလည်း တွေ့ရတတ်ပါတယ် တီချယ်
ကျနော့်အထက်က လူပေါ့ဗျာ
တစ်ခုခု အရေးကြုံလာတဲ့အခါ
ကိုယ်နဲ့ မဆိုင်ဘူး ဆိုပြီးနေလေ့ရှိပါတယ်
ကိုယ်တစ်ယောက်တည်း လုပ်လိုက်လို့လည်း ဘာမှ ဖြစ်လာမှာ
မဟုတ်တဲ့တူတူ ဘာဖြစ်လို့ လုပ်နေတော့မှာလည်းကွာ အလကား
လူမုန်းတယ်ဆိုပြီးလည်း ပြောလေ့ ကျင့်လေ့ နေလေ့ရှိပါတယ်
ကျနော်တို့က မနေနိုင်လို့ ကိုယ့်ဗီဇအရ လုပ်ပြန်ရင်လည်း
မင်းတစ်ယောက်တည်းလုပ်လို့ကော ဘာထူးမှာလည်း ဆိုပြီး
ရိလေ့ရှိပါတယ်
ကျနော်ကို သနားစရာ သတ္တဝါတစ်ကောင်လို
ရှုမြင်လေ့ရှိပါတယ်
ဟုတ်ပါတယ်
သူ့ရဲ့ ရှုမြင်ပုံကြောင့်သူဟာ ကျနော့်ထက်တော့ရုပ်ဝတ္ထုတောက်ပြောင်ပြီးတော့
ကျနော့်ကိုအပေါ်စီးက စီးမိုးသနားကြည့်ကြည့်နိုင်ပေမဲ့
ကျနော်တို့ တသက်လုံးခံစားကျင့်သုံးလာခဲ့တဲ့ စိတ်နှလုံး သိမ်မွေ့တဲ့ အလှတရားတော့
သူ့မှာမကြွယ်ဝရှာဘူးလို့ ပြောရမယ်ထင်ပါတယ်…
တီချယ်ရဲ့
ဒါငါ့အလုပ်မဟုတ်ဘူး ဆိုတဲ့ ပို့(စ်)နဲ့ ဆိုင်မလားတော့မသိဘူး
ကျနော်လည်း တီချယ်ပြောပြတဲ့ လူလေးယောက်အပြင်ဘက်က
နေနိုင်အောင် ကြိုးစားနေတဲ့ အကုသိုလ် အတုံးအခဲလေးပါခင်ည……
pooch
August 8, 2012 at 12:42 am
my beloved teacher,
…….all i know is this :
……….Everybody has secret.
…………Nobody is perfect.
…………..Anybody is always right.
……………..Somebody dreams about something special.
…………………But i’m not one of them.
……………………Cause i’m just a pooch.
……………………….. pooch is pooch.
love you teacher,
your naughty, lazy and mesmerizing girl… he he…. 😀
သကြားလုုံးကြော်
August 8, 2012 at 7:02 am
ဒါကတော့ တာဝန်သတ်သတ်မှတ်မှတ် ခွဲမထားလိုု့ဖြစ်ရတယ် ထင်တာပဲ။ အိမ်သန့်ရှင်းရေးကအစ ဘယ်ဟာက ဘယ်သူ့တာဝန်ဆိုုပြီး အစကတည်းက ရှင်းရှင်းလင်းလင်း ပြောထားရင် ဒီလိုုလက်ညှိုးထိုုးရမဲ့ အဖြစ်မရောက်ပါဘူး ။
kotun winlatt
August 8, 2012 at 7:11 am
ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာတွေအားလုံးဟာ..
ကိုယ်နဲ့ မဆိုင်ဘူးဆိုတာ မရှိပါဘူး..
ကိုယ်နဲ့ မဆိုင်ဘူး..အသာနေ…အသာနေဆိုပြီး..
အသေနာနေကြရတဲ့ ခေတ် ကုန်စေချင်ပြီ..တီတီနုရေ…
nature
August 8, 2012 at 7:53 am
သူ့အလုပ်ကိုယ့်အလုပ်တွက်ကပ်နေပြီဆိုကတည်းက တာဝန်ကြေလုပ်ဆောင်တတ်ကြတဲ့ တလတခါ လကုန်ရင်လခပုံမှန်ရနေတဲ့ လခစား ၊ တနေ့ကုန်ရင် လုပ်ခပုံမှန်ရနေတဲ့ နေ့စား တွေဖြစ်ဖို့များပါတယ်။ ပုတ်ပြတ်ဆိုရင်တော့ ဒီလိုအသံမျိုးကြားရခဲပါတယ်။ လခစားနေ့စားတွေက အချိန်ကုန်ရင်လုပ်ခပုံမှန်ရနေလို့ အများစုက အချိန်ဆွဲလုပ်တတ်ကြတာထုံးစံပါ။ လခစားတွေကြိုးကြိုးစားစားလုပ်ရင်တောင်လူအလို့အထင်ခံရတတ်ပါတယ်။ ပုတ်ပြတ်တွေကတော့ အ
ချိန်တိုတိုနဲ့ အလုပ်ပြီးမှ အကျိုးအမြတ် များများကျန်မှာမို့ ကြိုးစားပြီးမြန်မြန်ပြီးအောင်လုပ်တတ်ကြလို့ လက်ရာကတော့ ဖြစ်ကတတ်ဆန်းနိုင်တတ်ပါတယ်။ ပုတ်ပြတ်သမားတွေအချိန်ဆွဲရင်လူမိုက်ပါပဲ။
လခစား နေ့စားတွေရဲ့လုပ်ခလစာဟာ အချိန်အပေါ်မှီနေလို့ ပုံမှန်အားဖြင့် အလုပ်ပြီးမြောက်မှုအပေါ် အားနည်းချက်ရှိတတ်တယ်လို့ထင်ပါတယ်။ ပုတ်ပြတ်ကတော့ အလုပ်ပြီးမြောက်မှုအပေါ်မှာ တိုက်ရိုက်တည်နေတယ်လို့မြင်ပါတယ်။
တူညီသောလုပ်ကွက်တခုကိုနေ့စားနဲ့ ပုတ်ပြတ်ကိုခိုင်းကြည့်ရင်သိသာပါတယ်။ တူညီသောအဖွဲ့ကို သာခိုင်းကြည့်ပါကွဲပြားမှုတွေတွေ့ရပါလိမ့်မယ်။
P chogyi
August 8, 2012 at 8:37 am
မိသားစု၊ အသင်းအဖွဲ့၊ ………… စသည်ဖြင့် အများနှင့်သက်ဆိုင်တဲ့ကိစတိုင်းမှာ
ပါဝင်သူအားလုံးမှာ တာဝန်ရှိပါတယ်။ သူကြောင့်မအောင်မြင်တာ၊ ……………. လို့
အပြစ်ဖို့နေရင် ဘာအကျိုးအမြတ်မှမရှိပါဘူး။ ဝိုင်းဝန်းအဖြေရှာ အောင်မြင်အောင်
ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။
မမ အညာသူ
August 8, 2012 at 9:44 am
ဟုတ်ပါတယ်
သူ့အလုပ်ကိုယ့်အလုပ်ခွဲခြားနေမယ့်အစား
တစ်ယောက်ရဲ့အခတ်အခဲကိုတစ်ယောက်ကဖြေရှင်းပြီဆောင်ရွတ်ရင်အကောင်းဆုံးပေါ့
မောင်ပေ
August 8, 2012 at 9:08 am
မိသားစု သွေးရင်းတွေမှာတောင် အလိုက်သိမှုဆိုတာ ရှားနေတဲ့အချိန်မှာ….
MaMa
August 8, 2012 at 9:46 am
တီချာရေ- တိုတိုလေးနဲ့ ထိထိမိမိ ဆုံးမလိုက်တာပါပဲလား။
လူအများနဲ့ လုပ်ရတဲ့ အဖွဲ့အစည်းကိစ္စတွေမှာဆို ပိုလို့တောင် အရေးကြီးမယ် ထင်ပါတယ်။
ဒီနေရာမှာ ကိုယ်လုပ်နိုင်တာ လုပ်တတ်တာကို ဘယ်သူကမှ တာဝန်မပေးရပါပဲ ဝင်ရောက်တာဝန်ထမ်းဆောင်သွားတဲ့ စိန်ပေါက်ပေါက် (ဦးစိတ်တို၏ ငှက်ပျောသီး ခိုးစားသောမျောက်ညို မဟုတ်ပါ [:))] ) နဲ့ မဟာရာဇာ မောင်အံစာကို နမူနာယူမိပါတယ်။ [:)]
ဦးဦးပါလေရာ
August 8, 2012 at 10:10 am
တီချာရေ-
ဒီစာစုလေးကတော့ ကျွန်တော်တို့လူသားတွေကြားက တကယ့်ဟာကွက်လေးကို ထောက်ပြလိုက်တာပါပဲ…။
ကျွန်တော်တို့မြန်မာ့လူ့ဘောင်မှာ အရေးတကြီးလိုနေတာ အဲဒီ တာဝန်သိမှု့ပါပဲဗျာ…။
English လိုလေးဖတ်ရတာလဲ words လေး လေးခုနဲ့ လည်နေအောင် လှည့်ရေးသွားတာ နှစ်ချိုက်စရာလေးပါ..။
nozomi
August 8, 2012 at 10:13 am
လောကမှာ အခက်ဆုံးက တာဝန်သိမှု တာဝန်ယူတတ်မှု
အလွယ်ဆုံးနဲ့ လူတွေ အလုပ်များဆုံးက မင်းကြောင့်ဆိုပြီး သူတစ်ပါးကို လက်ညှိးထိုးတာ
cherry nwe
August 8, 2012 at 10:14 am
မှတ်သားထားသင့်တဲ့စကားလေးတွေပါ
ကြောင်ကြီး
August 8, 2012 at 10:34 am
စိတ်ဆိုး
ထိပ်ထိုး
ကြိတ်ပိုး
ဝိတ်တိုး
လိပ်မျိုး
သိပ်ဖြိုး
ချိပ်အိုး
ပိတ်ခိုး။
eipu
August 8, 2012 at 2:22 pm
တယောက်နဲ့တယောက်တွက်ကပ်နေကြတော့ ဘယ်အလုပ်ဖြစ်မှာလဲ
etone
August 8, 2012 at 4:38 pm
တီချယ်ကြီးရေ ….
လက်တွေ့ ဘဝမှာ တကယ့်ကို ဖြစ်နေတဲ့ အဖြစ်ပျက်တွေကို မြင်သာအောင် ဟိုက်လိုက်လုပ်ပြလိုက်သလိုပါပဲ ။
အဖွဲ့စည်းတစ်ခုမှာ လူတိုင်းလုပ်တတ်နေတဲ့ အလုပ်ဆိုလျှှင် ဟိုလူ လုပ်မလိုလို ၊ ဒီလူလုပ်မလိုလိုနဲ့ ခိုကပ် ၊ တွက်ကပ်နေတာနဲ့ပဲ အလုပ်မပြီးတော့ဘူး ။
တာဝန်သိတဲ့ စိတ်မရှိပဲ ပေါ့ပေါ့နေ ပေါ့ပေါ့စားလူတွေ စုမိလို့ … ဖြစ်မှာပါလေ ။ တာဝန်ယူကြီးကြပ်ပေးမယ့် ခေါင်းဆောင်ရယ်ဆိုတာမျိုး တသီးတသန့် မရှိလို့လည်း ပါမယ်ထင်ပါတယ် ။ သမီးလည်း လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်လောက်ကတော့ …. အလုပ်စဝင်ခါစ … ၊ အလုပ်ဆို .. ရှောင်ရှောင်ပြေးမိတာချည်းပါပဲ ….. နောက်ပိုင်း အလုပ်လုပ်နေလည်းကျသွားရော ၊ တာဝန်ယူမှု အပိုင်းအလိုက် ၊ တာဝန်ယူဖြေရှင်းရတာမျိုးတွေ struggle လုပ်ရတာမျိုးတွေကို ပိုသဘောကျလာမိတယ် ….. ။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုအပေါ် စေတနာ ထားပြီး လုပ်လိုက်လို့ … အလုပ်အဆင်ပြေပြေနဲ့ ဖြစ်သွားတဲ့ အချိန်တိုင်း ကျေနပ်မိတဲ့ ပီတိက … အားအင်တွေရသလို ခံစားရပါတယ် …. ။ ဆရာတွေကလည်း တွဲခေါ်ခဲ့တဲ့ အပြင် ၊ အတွေ့ ကြုံနဲ့ စီမံခန့်ခွဲမှုတွေ ၊ စိတ်ဓါတ်တွေကပါ အစ ပြုပြင်ပေးတဲ့အတွက် ၊ တခြားအလုပ်မခုန်ဖြစ်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်တောင် ကျေးဇူးတင်မိပါသေးတယ် ။ အထက်ကလူတွေကလည်း …. ရာထူးအားဖြင့်ကွာခြားပေမယ့် … အသွားပြန်ပြန်ဆွေးနွေးလို့ ရတာမျိုးဆိုတော့ ….. လုပ်သမျှ အသိမှတ်ပြုခဲ့ပြီး ကိုယ့်အတွက် နေရာတစ်နေရာလေး ရခဲ့ပါတယ် ။ ဘယ်သူ လုပ်လုပ် မလုပ်လုပ် ၊ ကိုယ့်တာဝန်တော့ ကိုယ်ကြေအောင် လုပ်ရမယ်ဆိုတဲ့ စိတ်မျိုးလည်း သူတု့ိဆီက … သင်ခွင့်ရခဲ့ပါတယ် …. ။ 🙄
အရီးခင်လတ်
August 9, 2012 at 2:50 am
ကျွန်မ လဲ တုန်တုန် ပြောတာလေးကို အတော် သဘောကျ မိပါတယ်။
ဘရာကြော်သုတ်လေးစားပါ တုန်ကလေးရေ။ 🙂
အလင်းဆက်
August 8, 2012 at 8:50 pm
တာဝန်…ကိုယ်စီ…ကျေဖို ့..
လိုသည်…
aye.kk
August 8, 2012 at 9:05 pm
တီချာရေ…
ကျေးဇူးပါ။
တီချာပြောပြတာတွေနှစ်သက်မိပါတယ်။
အသိရှိပြီး၊သတိပြုရမယ့်အချက်အလက်တွေပါဘဲ။
မိမိနေထိုင်တဲ့ပတ်ဝန်းကျင်မှာ၊ခံစားဘူးမှသိတာပါ။
ဝန်ထမ်းလောကထဲမှာတော့အဖြစ်အများဆုံးပါဘဲ။
တွေ ့မြင်နေရတာ၊စိတ်မသက်သာလှပါဘူး။
TTNU
August 8, 2012 at 9:53 pm
ကမ်းဝေးရေ… ကောင်းတဲ့ ကိုယ့်ဗီဇလေးဖော်ပြနှိုင်ရင် ဘယ်သူဘာထင်ထင်ပါကွယ်။
——————————————————————————————
Pooch ရေ… ဘယ်သူနဲ့မှမတူတဲ့ UNIQUE POOCH ဘဝလေးကို ဆက်ထိန်းထားနော်။
——————————————————————————————
သကြားလုံးကြော်ရေ… တစ်ခါတစ်လေကျတော့လည်း တာဝန်သတ်မှတ်ပေးထားရက်နဲ့
တာဝန်မဲ့သူတွေ ဝန်ထမ်းလောကမှာရှိနေပြန်တယ်။
——————————————————————————————
ကိုထွန်းဝင်းလတ်ရေ… အသာနေလို့ အသေနာတာဆိုတဲ့ စကားလေးကိုသဘောကျမိပါတယ်။
——————————————————————————————
ကိုနေးချားရေ… လခစားနဲ့ ပုတ်ပြတ်နှိုင်းယှဉ်ပြသွားတာ ကောင်းပါတယ်။ ဒါပေမဲ့လခစားတွေထဲ
မှာ လည်း WORKAHOLIC တွေ ရှိတတ်ပါတယ်။
——————————————————————————————–
PChogyi ရေ…ဝိုင်းဝန်းပူးပေါင်းပြီး
မမအညာသူရေ…. အခက်အခဲဝိုင်းဖြေရှင်းကြမဲ့ အတွေးများကို လေးစားပါတယ်။
——————————————————————————————–
မောင်ပေရေ… မိသားစုထဲမှာတောင် အလိုက်သိသူရှားတယ်ဆိုတာ လက်ခံပါတယ်။
လက်တောင်မှ အတိုအရှည် မညီတာပါလား။
——————————————————————————————–
မမရေ… ဘယ်သူမှတာဝန်မပေးလည်း ဆောင်ရွက်တတ်သူတွေရှားနေတဲ့ခေတ်ကြီးမှာ
ဒီလိုလူမျိုးတွေကို ထုံးတို့ထားရမှာပါ။
——————————————————————————————–
ဦးပါရေ… လာဖတ်ပေး၊ အားပေးစကားပြောလို့ ကျေးဇူးပါနော်။
——————————————————————————————–
နိုဇိုမီရေ… မင်းကြောင့် မင်းကြောင့်ပါကွယ် လို့ ပြောမလို့လားဟင်။
——————————————————————————————–
ချယ်ရီနွယ်ရေ… ကျေးဇူးပါ။
——————————————————————————————–
ကိုကြီးကြောင်ရေ…. ကာရံတွေက Super A+ ပါပဲရှင်။
——————————————————————————————–
eipuရေ… တွက်ကပ်တတ်သူတွေတွေ့ရင် ရှောင်နော်၊ တွယ်ကပ်နေဦးမယ်။
——————————————————————————————–
အလင်းဆက်ရေ… တို့တိုင်းပြည်အတွက် တာဝန်ကိုယ်စီကျေကြမယ်နော်။
———————————————————————————————
မအေးကေရေ… ဝန်ထမ်းလောကကြီးကိုကျွန်မတို့ ဘယ်လိုပြန်ပြင်ကြရပါ့မလဲနော်။
———————————————————————————————
အိတုန်လေးရေ… Comment လှလှလေးအတွက် BC လေးလက်ခံပါနော်။
———————————————————————————————
အားလုံးကိုမေတ္တာဖြင့်
TTNU.
etone
August 9, 2012 at 1:18 pm
စိတ်ရင်းနဲ့ရေးတဲ့စာကို ထပ်တူခံစားပေးတဲ့လူရှိတာလည်း … ဝမ်းသာမိပါတယ် ။ တီချယ်ကြီးပေးတဲ့ BC ဒုတိယအကြိမ်ရတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်နော် ။
padonmar
August 8, 2012 at 9:54 pm
တီချာကြီးရှင့်
သိပ်ကောင်းတဲ့ စာလေးပါ။
အဓိပ္ပါယ်လည်းကောင်း တိုတိုနဲ့ ထိထိမိမိရှိတဲ့ အရေးအသားမို့ ကျက်ထားဖို့တောင်ကောင်းပါတယ်။
အဲဒီလို တွက်ကပ်တတ်တဲ့လူထဲမပါမိအောင်တော့ ကြိုးစားနေရဆဲပါ။
မနေ့က facebook မှာ သူငယ်ချင်းက share ပေးတာလေးကောင်းလို့ တီချာကြီးပို့စ်ရဲ့ နောက်ဆက်တွဲလေးအဖြစ် မန့်လိုက်ပါတယ်။
Successful people are always looking for opportunities to help others.Unsuccessful people are always asking”What’s in it for me”.
ဒီစာအတို်င်း အောင်မြင်သူဖြစ်ချင်ရင် everybody,somebody,anybody,nobody တို့လို အလုပ်ကို ရှောင်မနေဘဲ သူတပါးကို ကူညီရမယ့် အခွင့်အရေးလေးရှာကြစေချင်ပါတယ်။
အရီးခင်လတ်
August 8, 2012 at 10:23 pm
တီချယ်ကြီး ရှင့်
နေကောင်းတယ်နော်။
Ever Awesome Post လေးတွေ အတွက် ကျေးဇူးပါ။ 🙂
တကယ်တော့ တွက်ကပ် တတ်တဲ့စိတ်ဟာ ကိုယ့်ကိုယ်ကို သူများတွေထက် အောက်ကို ရောက်အောင် ဆွဲချနေတဲ့ စိတ်ပါဘဲ။
အလုပ်မှာ အဲလိုလူတွေ ရှိတတ်ပါတယ်။
သူတို့ နဲ့ ပြိုင် မနေဘဲ ကိုယ်က စလုပ်ပြရင်း ပြင်ပေး လို့ ရတာလဲ ရှိ။ မရတာလဲ ရှိပေါ့။ 😀
အများအကျိုးကြည့်တတ်သူ တွေဟာ မတွက်ကပ်တတ်ဘဲ ကိုယ်ကျိုးကြည့်သူတွေ ဟာ တွက်ကပ်တယ် ဆိုတာလဲ ပုံသေနည်းလိုပါဘဲ။
အစ်မပဒုမ္မာ ရဲ့ စာလေးကိုလဲ မှတ်သွားပါတယ်။ 🙂
TTNU
August 8, 2012 at 10:00 pm
ပဒုမ္မာရေ…
Successful people are always looking for opportunities to help others.
Unsuccessful people are always asking”What’s in it for me”.
စာသားလေးအတွက်ကျေးဇူးတင်ပါတယ်။
အခွင့်အရေးသမားတွေများနေတဲ့ ခေတ်ကြီးထဲမှာ
ကိုယ်ကျိုးစွန့် ကူညီသူတွေ အလွန်ရှားနေပါတယ်။
အရီးခင်လတ်
August 9, 2012 at 2:48 am
တီချယ်ကြီး
Post တွေမှာ ဆူး က သူ ငယ်ငယ် က အကြောင်းလေးတွေ ပြောနေတာ သဘောကျလို့။
ကျွန်မလဲ ငယ်ငယ် က ဇာတ်လမ်းလေး ပြောချင်လို့ ပြန်ဝင်လာတာ။
ကျွန်မ အသက် ၅နှစ် လောက်မှာ မောင်လေး အငယ်ဆုံး ကို မွေးတယ်။
လသား လေးတောင် မရှိသေးဘူး။ ၃ပါတ်ကျော်လောက်မှာ ဆိုလား။
အမေက အိမ်ရှေ့မှာ ဧည့်သည် နဲ့ စကားပြောနေတုန်း ကလေး ကို လည်ပင်းနေ ဖက် မနိုင့်တနိုင် နဲ့ချီပြီး အမေ့ဆီ ကို ခေါ်လာသတဲ့။
အဲဒါ ကျွန်မ ပေါ့။ ကလေးက နိုးလာပြီး အဲ့အဲ့ နဲ့ အော်နေတာတွေ့ လို့ တာဝန်သိစွာ ချီ လာတာလေ။
အမေ့မှာ မျက်လုံးပြူးသွားတယ်။
ကံကောင်းလို့ ကလေး ပြုတ် မကျတယ်၊
ကံကောင်းလို့ လည်ပင်းအစ်ပြီး အသက်ရှုရပ် မသွားတယ်။
အဲဒါမျိုး ကျပြန်တော့လဲ တာဝန်သိတာက ကိုယ်မနိုင်တဲ့ တာဝန် ကို ဝင်လုပ်သလို ဖြစ်နေပြန်ရော။ 😀
TTNU
August 9, 2012 at 8:21 pm
မလတ်ရေ…
(တာဝန်သိတာက ကိုယ်မနိုင်တဲ့ တာဝန် ကို ဝင်လုပ်သလို)
ဆိုတာလေးသဘောကျမိတယ်။ တာဝန်သိတာလေးကိုက
ချစ်စရာစရိုက်လေးပါကွယ်။ ကိုယ်နိုင်တယ်မနိုင်ဘူးဆိုတာ
ကတော့ (အရွယ်) အချိန်နဲ့ အတွေ့အကြုံက
ဆုံးဖြတ်ပေးသွားမယ်ထင်ပါတယ်ကွယ်။
မေတ္တာဖြင့်
TTNU.
ဆူး
August 9, 2012 at 5:47 pm
ဒါ ငါ့ အလုပ်မဟုတ်ဘူး ဆိုလို့ ဝင်ကို မကြည့်တာ.. ကိုယ်နဲ့ မဆိုင်တာ ဆိုတဲ့ စိတ်မျိုးနဲ့ပေါ့
အရီးလတ် က ဆူး ဆိုပြီး ကွန်မန်းမှာ သုံးသွားတာ တွေ့လိုက်လို့ ဝင်လာကြည့်တာ..
မဆိုင်တာက ဆိုင်တာ ဖြစ်သွားရပြီ တီချယ်ကြီးရေ…
တခြားတော့ မသိဘူး.. မြန်မာပြည်က လူတွေက ဒါငါ အလုပ်မဟုတ်ပါဘူး ဆိုတဲ့ စိတ်မျိုးကို ငယ်စဉ်ကတည်းက ရိုက်သွင်းပေးတတ်ကြတယ်။
ခလေး ကလေး လို မနေဘူး.. နေရာတကာ ပါကိုပါတယ်။
ဒါ နင့်အရာလား မဆီမဆိုင် သွား ကိုယ့်နေရာ ကိုယ်နေ..
ဟေ့ ကောင်(မ)လေး ကိုယ်နဲ့ မဆိုင်တာ ဝင်ပါနဲ့ နောက်ဆုတ်နေ..
ရှည်ကို ရှည်တယ် ဟဲ့ အစိရှည်..
မဆီမဆိုင်အေ.. အကြောကို ရှည်လွန်းတယ်..
ကြားဖူးနေကြ စကားလေးတွေ သတိရသလောက် စဉ်းစားရေးပေးလိုက်ပါတယ်နော်။
မဆိုင်ဘူးလို့ ထင်တဲ့ စိတ်မျိုး ဖြစ်အောင် ငယ်စဉ်ကတည်းက ပတ်ဝန်းကျင်နဲ့ ရိုက်သွင်းတဲ့ အကြောင်း ဆန့်ကျင်ဘက် အမြင်နဲ့ ပြောသွားပါတယ်။
ဥပမာ လူတိုင်းနဲ့ နေ့တိုင်း ပတ်သတ်နေတဲ့ အကြောင်းလေးပေါ့.. ပတ်ဝန်းကျင် သန့်ရှင်းရေး ဆိုတာ လူတိုင်းမှာ တာဝန်ရှိတယ်။ အမှိုက် ထွက်မကျုံးရင်တောင် အမှိုက်မဖွပါနဲ့ ဆိုတဲ့ စိတ်ကလေးမျိုးပေါ့.. စည်းကမ်းတကျ အမှိုက်ကလေး ကိုင်ပြီး ပုံးရှာနေတုန်းပဲ.. အမှိုက် ကို ကိုင်ထားတဲ့ လူ က တခြား လူတွေ အကြည့်တွေကြားမှာ သိမ်ငယ်စိတ်ဖြစ်စေတဲ့ မျက်လုံးမျိုးတွေနဲ့ ဝိုင်းကြည့်ခြင်း ခံရပြီးနောက်မှာတော့.. လမ်းဘေးမှာ ကြုံသလို ပစ်သွားတတ်ကြတာပါပဲ။
ကျောင်းမှာ သင်ရမှာ ကျောင်းမှာ သင်ပေးလိုက်ပေမဲ့ ကျောင်းအပြင်က လူတွေက အကျင့်တွေ ဖျက်ပစ်တာတွေ လုပ်တော့ ဆယ်စု နှစ် တခု အတွင်းမှာ အမှိုက် ကို အလွယ်ပစ်တဲ့ အကျင့်တွေ တော်တော် စည်ကားနေလို့ နေရာတကာ အမှိုက်တွေ နေရာတကာ ပေါများနေပါကြောင်း။
ပြောမယ် ဆို ပြောစရာတွေ အများကြီးပဲ.. ခေါင်းစဉ် တွေ အများကြီး ဆက်လက် ကွဲလွဲ နိုင်စရာတွေ ရှိနေသေးတာမို့.. တခြား ဆက်မပြောတော့ပါဘူး။
ထို့ကြောင့် ထို့ကြောင့် ဒါ ငါ့ အလုပ်မဟုတ်ပါကြောင်း.. 😀
အနေသာ သေချာတဲ့..
ဆူး
TTNU
August 9, 2012 at 8:42 pm
ဆူးရေ…
(ဒါ ငါ့ အလုပ်မဟုတ်ဘူး ဆိုလို့ ဝင်ကို မကြည့်တာ..
ကိုယ်နဲ့ မဆိုင်တာ ဆိုတဲ့ စိတ်မျိုးနဲ့ပေါ့)
ဆိုတဲ့ စိတ်ကိုပြောင်းပြီး လာဖတ်ပေးသွားတဲ့အတွက်
ကျေးဇူးတင်ရမဲ့ တီချာ့အလုပ်ကို တီချာလုပ်ပေးလိုက်ပါတယ်နော်။ 😛