ရတနာသိုက် ရှာပုံတော် – ၈
ရတနာသိုက် ရှာပုံတော် – ၇ တို့အား ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ဖတ်ရှုလိုပါက လင့်ခ်ပေါ်တွင် ကလစ်နှိပ်ကာ ဖတ်ရှုနိုင်ပါကြောင်း ……..။
ကြားရက်များအတွင်း မဖော်ပြနိုင်ခဲ့ခြင်းအတွက် ခွင့်လွတ်ကြစေလိုပါကြောင်း …
နောက်တစ်ပိုင်းတွင် အစ၊ အဆုံး အကုန်လုံးကို တင်ပေးသွားနိုင်ရန် ကြိုးစား ရေးသားနေပါကြောင်း …..
အားပေး၊ ဖတ်ရှုကြသူအပေါင်းအား ကျေးဇူး အထူးပင် တင်ရှိပါကြောင်း ……
………………………….
တွေ့လေပြီ …
“ဟိုရှေ့က ကုန်းကမူကြီးက ဒီမြေပုံထဲမှာ အမှတ်အသားပြတဲ့ နေရာမဟုတ်လား”
“ဟုတ်တယ် ကိုပါ၊ အဲဒါကြီးပဲ”
ပါလေရာ ဆိုသူနှင့် မောင်ပေ ဆိုသူတို့မှာ မြေပုံအား ထုတ်ကြည့်ရင်းဖြင့် ပြောနေကြခြင်း ဖြစ်လေ၏။ ၎င်းတို့၏ ဘေးတွင်လည်း ကြီးမိုက်၊ ကိုချော၊ ကိုရင်မောင်၊ ပေါက်ဖော်၊ ဖရဲသီးနှင့် လင်းဆက် ဆိုသော လူများမှာ ရပ်လျက် ရှိနေသည်ကို တွေ့ရလေ၏။
“ဒါဆို ကျုပ်တို့ အနေနဲ့ မှတ်တိုင်ကိုတော့ တွေ့နေရပြီ၊ ဒီတော့ ဘာလုပ်ဖို့ စဉ်းစားထားကြသလဲဗျာ”
ယင်းသို့ ပါလေရာ ဆိုသူမှ ပြောလေရာ ကျန်လူများမှာ ထိုင်လိုက်ကြပြီးနောက် ၎င်းတို့ အနေဖြင့် ရှေ့ဆက်ကာ မည်သို့ မည်ပုံ ပြုလုပ်သင့်သည်များကို ဆွေးနွေးကြလေ၏။ ထိုလူစုထဲတွင် လင်းဆက် ဟူသော လမ်းပြမုဆိုးမှာလည်း အစ ပထမတွင် ရတနာသိုက်ရှာရန် ထွက်လာခဲ့ခြင်းအား မသိခဲ့ပေ။ သို့ရာတွင်မူ လမ်းခရီးအတွင်း ထိုလူစုမှ ၎င်းအား ရတနာသိုက်အကြောင်းကို ဖွင့်ပြောခဲ့ပြီးနောက် ထိုလူစုနှင့်အတူ သွေးသောက် ညီအစ်ကို ဖွဲ့ခဲ့လေ၏။
“ကိုချော ပြောတဲ့အတိုင်းဆိုရင် ကျုပ်တို့ထဲက နှစ်ယောက်က ရှေ့ပြေးသွားကြရမယ်၊ ဒီတော့ကာ အဲ့ဒီလို ရှေ့ပြေးသွားပြီး လေ့လာဖို့အတွက် တောကျွမ်းတဲ့ လင်းဆက်နဲ့ မောင်ပေက တာဝန် ယူပေးကြရပါမယ်”
ယင်းသို့ ပါလေရာ ဆိုသူမှ မေးလိုက်သည့်အခါတွင် မောင်ပေ ဆိုသူနှင့် လင်းဆက်ဆိုသော မုဆိုးတို့မှာ ခေါင်းငြိမ့်ကာ သဘောတူကြောင်း ပြလေ၏။ ထို့နောက်တွင် ပါလေရာ ဆိုသူမှပင် ဆက်၍ ပြောပြန်လေ၏။
“နောက်ပြီး ကျုပ်တို့ထဲမှာ ကျန်တဲ့ လူခြောက်ယောက်က သုံးယောက်စီခွဲပြီး ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ကြရမယ်။ ဒီတော့ ကိုချောရယ်၊ ကိုရင်မောင်ရယ်၊ ပေါက်ဖော်ရယ်က တစ်ဖွဲ့၊ ကျုပ်ရယ်၊ မောင်ကြီးမိုက်ရယ်၊ ဖရဲသီးရယ်က တစ်ဖွဲ့ထားမယ်၊ ကိုချောတို့ အဖွဲ့က ဟောဟိုက နေရာကနေ စောင့်ကြည့်ပေးရပါမယ်”
ဟူ၍ ဆိုကာ အမှတ်အသား ကုန်ကမူကြီးနှင့် မလှမ်းမကမ်းတွင် ရှိနေသော နေရာအား ညွှန်ပြလိုက်လေ၏။
“ကျုပ်တို့ အဖွဲ့ကတော့ ဟောဟိုနေရာကနေ စောင့်ကြည့်နေမယ်၊ တစ်စုံတစ်ခု ထူးခြားပြီဆိုရင်၊ ဒါမှမဟုတ် အန္တရာယ် တစ်ခုခု ဖြစ်ပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် ချိုးကူသံပေးပြီး အချက်ပြကြပါ”
ယင်းသို့ ပါလေရာ ဆိုသူမှ ပြောဆိုလိုက်ပြီးနောက်တွင် မောင်ပေနှင့် လင်းဆက်ဆိုသူတို့သည် အမှတ်အသား ကုန်ကမူကြီးဆီသို့ ဦးတည် သွားလေ၏။ ကျန်သည့် အဖွဲ့နှစ်ဖွဲ့မှာလည်း ၎င်းတို့ တာဝန် ယူပေးကြရမည့် နေရာများသို့ အသီးသီး ထွက်ခွာ သွားကြလေတော့၏။
ကိုချော ဆိုသူတို့မှာ ၎င်းတို့ လူစုရာဘက်မှ ကြည့်လျှင် ကုန်းကမူ၏ လက်ယာဘက် ခပ်လှမ်းလှမ်းတွင် ရှိပြီး ပါလေရာ ဆိုသူတို့မှာမူ ကုန်ကမူ၏ ဘယ်ဘက် ခပ်လှမ်းလှမ်းတွင် ရှိလေ၏။ မြေပုံတွင် အမှတ်အသား ပြထားသော ကုန်းကမူမှာ အမှန်စင်စစ် အားဖြင့် ကုန်ကမူ တစ်ခု မဟုတ်ဘဲ ဂူတစ်ခု ဖြစ်လေ၏။ ချုံနွယ်၊ သစ်ပင်များ ပိတ်နေသောကြောင့် အဝေးမှ လှမ်းကြည့်ပါက ကုန်ကမူ (တောင်ကုန်းငယ်) တစ်ခုဟု မြင်နေရခြင်းသာ ဖြစ်လေတော့၏။
X X X X X X X X
သူတို့လည်း တွေ့ပြီ
တစ်ခုသော ညအချိန် ပဲခူးရိုးမတောကြီးအတွင်း တစ်နေရာ၌ လူတစ်စုသည် သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ထိုးထားသော လင့်စင်ပေါ်၌ အိပ်စက်နေလျက် ရှိသည်ကို တွေ့ရလေ၏။ သို့ရာတွင်မူ ၎င်းလူစုအတွင်းမှ လူထွားကြီး နှစ်ဦးမှာမူ အိပ်စက်ခြင်း မရှိပါဘဲ စကားပြောလျက် ရှိနေသည်ကို တွေ့ရလေ၏။
“ကိုခိုင်ရေ၊ ကျုပ်တော့ဖြင့် ဟိုကောင်ကို တယ်ပြီး မသင်္ကာလှဘူးဗျို့”
“ဘယ်သူများတုံး ကိုကြောင်ကြီးရဲ့”
“ဟိုက အရပ်ခပ်ပုပုနဲ့ ကောင်ကိုလေဗျာ” ဟူ၍ ဆိုကာ အိပ်စက်လျက် ရှိသော အထမ်းသမား လူတစ်ဦးအား လက်ညှိုးညွှန်ပြလိုက်လေ၏။
“ဒီကောင့်မှာ ဘယ်လို မသင်္ကာစရာ အချက်တွေ့လို့လဲ”
“ဒီကနေ့ ကျုပ်တို့ ခဏ နားခဲ့တဲ့နေရာ သိရဲ့ မဟုတ်လားဗျာ”
“အင်း .. ပြောပါဦး”
“အဲ့ဒီနေရာရောက်တော ဒီကောင်က အပေါ့သွားမယ်ဆိုပြီး ခဏထွက်သွားတယ်ဗျ၊ ကျုပ်ကလည်း ပတ်ဝန်းကျင် အခြေအနေကို လိုက်ပြီး အကဲခတ်ရင်းနဲ့ ဒီကောင်ကို တွေ့သွားတယ်။ ဒီကောင်က သူ့အိတ်ထဲက အဝတ်ဖြူစလေးကို ထုတ်ပြီး သစ်ပင်မှာ ချည်နေတယ်ဗျ”
“ဟုတ်လား ကိုကြောင်ကြီး၊ ဒါဆိုရင်တော့ ကျုပ်တို့နောက်ကို လိုက်လာတဲ့ လူတစ်စုတော့ ရှိလိမ့်မယ် ထင်တယ်၊ မဖြစ်ဘူးဗျ၊ ဒီကောင်ကိုတော့ဖြင့် ရှင်းခဲ့မှ ဖြစ်လိမ့်မယ်”
“ကိုခိုင်ရေ ဒီကောင်ကို ရှင်းတာက လွယ်လွယ်လေးပါ။ ခုအချိန် ဓားလေးနဲ့ စွပ်ကနဲ ထိုးချလိုက်ဦးတော့ ကိစ္စ ပြီးပါရဲ့ဗျာ၊ ကျုပ်စဉ်းစားနေတာက ကျုပ်တို့နောက် လိုက်လာတဲ့ လူစုဟာ ဘယ်သူတွေ ဖြစ်မလဲဆိုတာကိုပဲဗျ”
ယင်းသို့ ကြောင်ကြီးဆိုသူမှ ပြောပြီးလျှင် ဆေးလိပ်ကြမ်းကြီး တစ်လိပ်အား မီးညှိပြီး ခဲလိုက်လိုက်လေ၏။ ဦးခိုင် ဆိုသူမှာလည်း ကြောင်ကြီး နည်းတူပင် အပေါစား ဆေးပေါ့လိပ် တစ်လိပ်အား ဖွာ၍ ခဲနေသည်ကို တွေ့ရလေ၏။ ၎င်းတို့သည် မျက်မှောင်ကျုံ့လျက် ရှိသည်ကို တွေ့ရသဖြင့် စဉ်းစားခန်း ဝင်နေကြဟန် ရှိလေတော့၏။ ယင်းနောက်တွင် ဦးခိုင် ဆိုသူမှ စကားစလေသည်။
“ဒီလို စဉ်းစားကြည့်ရအောင်ဗျာ၊ ကျုပ်တို့နောက် လိုက်လာတဲ့ လူစုဟာ ပထမဆုံး အနေနဲ့ ကျုပ်တို့ကို သေသေချာချာကို သိနေတဲ့ လူစုပဲ ဖြစ်ရမယ်”
“ဟုတ်တယ်ဗျ၊ ဒီအချက်က အမှန်ပဲ၊ နောက်ထပ် ဒီလူစုဟာ ရတနာသိုက်အကြောင်းကိုလည်း ကျုပ်တို့နည်းတူ သိတဲ့လူပဲ ဖြစ်ရမယ်”
“ဒါလည်း မှန်တာပဲ၊ နောက်ပြီး ကျုပ်တို့သွားမယ့် ခရီးကို သိရအောင်လို့ သူလျှိုတစ်ယောက်ကို ထည့်ပေးပုံထောက်ရင် ဒီလူစုလက်ထဲမှာ ရတနာသိုက်ရဲ့ မြေပုံ မရှိဘူးဆိုတာ သေချာတယ်”
“ဟုတ်ပါပြီ၊ ဒီလူစုလက်ထဲမှာ ရတနာသိုက် မြေပုံ မရှိဘူး၊ နောက်ထပ် သူလျှိုကို ထည့်ပေးလိုက်တဲ့ ကိစ္စကလည်း အတော် ခရီးပေါက်မှ မထင်မှတ်ဘဲ တွေ့လိုက်ရတာဆိုတော့ကာ ဒီလူစုရဲ့ အကွက်ချထားမှုက အတော်ကို ပိရိတယ်လို့ ပြောလို့ ရနိုင်တယ်ဗျ”
“ဒါဆိုရင် ကျုပ်တို့ကို သေသေချာချာ သိနေတဲ့လူစု၊ ရတနာသိုက်အကြောင်းကို သိနေတဲ့ လူတစ်ယောက်၊ မြေပုံ မရှိတဲ့ လူတစ်ယောက်၊ ဒီလမ်းကြောင်းအတွက် ကြိုတင်ပြီး ပိပိရိရိ အကွက်ချထားတဲ့ လူတစ်ယောက် ဆိုတဲ့ အချက်တွေကို ပေါင်းလိုက်ရင်”
ယင်းသို့ ဦးခိုင်ဆိုသူမှ ပြောလိုက်သည့်အခါ ကြောင်ကြီး ဆိုသူမှ မဆိုင်းမတွပင် –
“မောင်ဂီ ပဲ ဖြစ်ရမယ်” ဟူ၍ ပြောလိုက်လေတော့၏။ ယင်းနောက်တွင် ဦးခိုင်ဆိုသူမှ ကြောင်ကြီး ဆိုသူအား ပြောပြန်လေ၏။
“ဒီလိုဆို မောင်ဂီ တော့ဖြင့် ကျုပ်တို့နောက်ကို လိုက်လာနေပြီ၊ ကျုပ်တို့ အနေနဲ့ ဘာဆက်လုပ်ကြရင် ကောင်းမလဲ”
“ကျုပ်တို့ အနေနဲ့ ရတနာသိုက်နဲ့ မဝေးတော့ဘူး၊ ဘဲဥရဲ့ စကားအရဆိုရင် တစ်ရက်သာသာလောက်ပဲ လှမ်းတော့တယ်၊ ဒီတော့ကာ နက်ဖြန်ခါမှာ ကျုပ်တို့အနေနဲ့ ဟန်မပျက် ခရီးဆက်မယ်ဗျာ၊ ဟိုကောင် အမှတ်အသား လုပ်တဲ့အခါမှာတော့ ကျုပ်က ဝင်ဖမ်းမယ်၊ ပြီးတော့မှ မောင်ဂီတို့ အဖွဲ့ကို စောင့်ပြီး သတ်ပစ်မယ်”
“အင်း … ကိုကြောင်ကြီး အကြံက မဆိုးဘူး၊ အဲ့ဒီအတိုင်း လုပ်ကြတာပေါ့ဗျာ၊ နို့ .. နေပါဦး၊ အခု ကျုပ်တို့ ပြောနေတာတွေ ဟိုသူလျှိုက ကြားသွားခဲ့ရင်ရောဗျာ”
“မပူပါနဲ့ ကိုခိုင်ရယ်၊ သူတို့ စားတုန်းက ကျုပ်အိပ်ဆေးလေး နည်းနည်း ထည့်ကျွေးခဲ့ပါတယ်၊ ဒီတော့ကာ ဒီညအဖို့မတော့ ခင်ဗျားနဲ့ ကျုပ်ပဲ တစ်လှည့်စီ ကင်းစောင့် အိပ်ကြရုံပေါ့ဗျာ”
“ပထမ အလှည့်က ကိုကြောင်ကြီးပေါ့ဗျာ၊ ကျုပ်ကတော့ဖြင့် မောင်ဂီကိုတွေ့ရင် အပြတ်ရှင်းနိုင်ဖို့အတွက် အားမွေးလိုက်ဦးမယ်ဗျို့”
ဟူ၍ ဦးခိုင် ဆိုသူမှ ပြောရင်းဖြင့် အိပ်စက်လိုက်လေတော့၏။
X X X X X X X X
သူတို့ကတော့ နီးလေပြီ
တစ်နေ့သ၌ ပဲခူးရိုးမတောကြီးအတွင်း တစ်နေရာရှိ သစ်ပင်ကြီး တစ်ပင်အောက်တွင် လူတစ်စုသည် ထိုင်နေကြလျက် ရှိသည်ကို တွေ့ရလေ၏။ အဆိုပါ လူစုအတွင်း မျက်လုံးမျက်ဖန် ကောင်း၍ ဆွဲဆောင်မှု ရှိဟန်တူသော လူရွယ်တစ်ဦးကိုလည်း တွေ့ရ၏။ အဆိုပါ လူရွယ်၏ ဘေးတွင်လည်း လူ ငါးယောက်ခန့် ထိုင်နေသည်ကို တွေ့ရလေသည်။
“ဘယ်လိုလဲ ကိုဂီ၊ နီးစပ်ပြီလားဗျ”
“အင်း … ကျုပ်တွက်ထားပုံအရဆိုရင် ဒီတစ်ခါ အလံဖြူဟာဖြင့် နောက်ဆုံး ဖြစ်လိမ့်မယ် ထင်တယ်ဗျ”
“ဒါဆိုရင်တော့ဖြင့် ရတနာရောက်ဖို့ ခြေတစ်လှမ်းလောက်သာ လိုတော့သပေါ့”
“အဲ့ဒီလို ပြောနိုင်ပါပြီ ကိုကမ်း ရေ၊ ဟော .. ဟိုမှာ ပြောရင်းနဲ့ မိုးတိမ်တောင် ပြန်လာပြီပဲ”
ဟူ၍ လူရွယ်မှ ဆိုကာ ၎င်းတို့ထံသို့ ဦးတည် လှမ်းလာနေသော လူရွယ် တစ်ဦးအား လက်ညိုးညွှန်ကာ ပြလိုက်လေ၏။ မိုးတိမ် ဆိုသူမှာ ပဲခူးရိုးမ တောကြီးအတွင်း ကျင်လည် ကျက်စားနေသော တောမုဆိုးတစ်ဦး ဖြစ်လေသည်။ မိုးတိမ်ဆိုသူ အနားသို့ ရောက်လာသော အခါတွင် မောင်ဂီ မှ မေးလိုက်လေ၏။
“ဘယ်လိုလဲဗျို့၊ တွေ့ခဲ့ရဲ့ မဟုတ်လား”
“တွေ့ခဲ့တယ်၊ ဟောဒီမှာပဲ” ဟူ၍ မိုးတိမ် ဆိုသူမှ ပြန်လည် ပြောဆိုရင်း ၎င်း၏ လက်ထဲတွင် ရှိနေသော အဝတ်ဖြူလေးအား မောင်ဂီ ထံ လှမ်း၍ ပေးလိုက်လေ၏။ မောင်ဂီ ဆိုသူ လူရွယ်မှာ အဝတ်ဖြူလေးအား သေချာစွာ ကြည့်ပြီးနောက် မိုးတိမ် ဆိုသူဘက်သို့ လှည့်ကာ မေးလေ၏။
“ကိုမိုးတိမ်၊ ဒီအဝတ်ဖြူကို ရှာခဲ့တုန်းက ဘာတွေများ ထူးထူးခြားခြား တွေ့ခဲ့သေးလဲဗျ”
“ဘာမှတော့ ထူးထူးခြားခြားကြီး မတွေ့ခဲ့ပါဘူး ကိုဂီ”
ယင်းသို့ ပြောလိုက်သည့်အခါတွင် မောင်ဂီ ဆိုသူမှာ မျက်မှောင် တစ်ချက် ကျုံ့လိုက်ပြီးနောက် မိုးတိမ် ဆိုသူအား မေးမြန်လေ၏။
“ဒီလိုဆိုရင်ဗျာ၊ ခင်ဗျား ဒီအဝတ်ဖြူကို သစ်ပင်က ဖြုတ်ယူခဲ့တုန်းက ဘယ်နှစ်ခေါက် ဖြည်ပြီးမှ ဖြုတ်ယူခဲ့တာလဲဆိုတာကို ပြောပြပါလား”
ယင်းသို့ မောင်ဂီမှ မေးလိုက်သည့်အခါတွင် မိုးတိမ် ဆိုသူမှာ တွေးတောသကဲ့ ရှိပြီးနောက် –
“သုံးခေါက်ဗျ၊ ဟုတ်တယ် သုံးခေါက် ချည်ထားခဲ့တာပဲ”
ထိုသို့ မိုးတိမ်ဆိုသူမှ ပြောလိုက်သည့်အခါတွင် မောင်ဂီ၏ ဘေးတွင် ထိုင်လျက် ရှိနေသော ကိုကမ်း ဆိုသူမှ “ဘယ်လိုများ ထူးထူးခြားခြား ဖြစ်နေလို့လဲ ကိုဂီရဲ့” ဟူ၍ မေးမြန်းလေရာ မောင်ဂီ ဆိုသူမှ –
“ဒီလို ကိုကမ်းရေ၊ ကျုပ်တို့ အနေနဲ့ ရတနာသိုက်နဲ့ နီးလာလေလေ အန္တရာယ်တွေနဲ့ နီးလာလေလေပဲဗျ၊ ဒီတော့ကာ အရာရာကို သတိနဲ့ လုပ်နေရတာပေါ့ဗျာ၊ အခု ကျုပ်အနေနဲ့ ဦးခိုင်တို့ အဖွဲ့ထဲ သူလျှို ထည့်ပေးလိုက်တဲ့ လူက ကျုပ်ရဲ့ အမှတ်အသားအတိုင်း ဦးခိုင်တို့ အဖွဲ့ နားတဲ့အခါ အဝတ်ဖြူကို သစ်ပင်မှာ ချည်ခဲ့ပေးဖို့ ပြောခဲ့တယ်ဗျာ”
“အေးလေဗျာ၊ အခု အဝတ်ဖြူချည်တဲ့ နေရာမှာ ဘာကိုများ တွေးမိလို့လဲဗျ”
“ဒီလို ကိုကမ်းရေ၊ အခု အဝတ်ဖြူ ချည်တဲ့ ကိစ္စက နည်းနည်း ဆန်းနေသလားလို့ဗျ”
ယင်းသို့ မောင်ဂီမှ ပြောလိုက်လေရာ အနီးတွင် ရှိသော ဆာမိ ဆိုသူမှ မေးမြန်လေ၏။
“ဘယ်လိုများ ဆန်းတာတုံး မောင်ဂီရဲ့”
“ဒီလို ကိုဆာမိရေ၊ ကျုပ်ရဲ့ သူလျှိုက ဘယ်တော့မှ အဝတ်စည်းတဲ့အခါ သုံးခေါက် စည်းလေ့ မရှိဘူးဗျ၊ ခိုင်အောင်လို့ အလွန်ဆုံး နှစ်ခေါက်သာ စည်းလေ့ ရှိသဗျ၊ အခု ဟာက သုံးခေါက် ဆိုတော့ ….၊ ကျုပ်အထင် ဦးခိုင်တို့ သိသွားပြီ ထင်တယ်”
“ဒါဖြင့် ဘယ်လို ဆက်လုပ်ကြမလဲဗျာ”
ယင်းသို့ ဆာမိ၊ ကိုကမ်း၊ မိုးတိမ် ဆိုသူတို့မှ ပြိုင်တူ မေးလိုက်မိသကဲ့သို့ ဖြစ်သွားလေရာ မောင်ဂီ ဆိုသူမှ ၎င်းတို့အား ပြုံးရွှင်သော မျက်နှာပေးနှင့် ကြည့်လိုက်ရင်းဖြင့် –
“ဘယ်လို ဆက်လုပ်ကြမလဲဆိုတာကိုတော့ ကျုပ် ကြံလိုက်ဦးမယ်ဗျာ” ဟူ၍ ပြောဆိုပြီးနောက် ၎င်း၏ အိပ်ကပ်အတွင်းရှိ ကြုတ်ဗူးလေးအတွင်းမှ စီးကရက် တစ်လိပ်အား ထုတ်ယူကာ မီးညှိ ရှိုက်ဖွာလိုက်ပြီးနောက် တစ်စုံတစ်ခုသော အကြောင်းအား လေးနက်စွာ စဉ်းစားနေလေတော့၏။
X X X X X X X X
ကြိုးစားလျှက်
အံစာတုံး
18 comments
ကိုရင်မောင်
August 7, 2012 at 10:59 pm
ကိုအံစာတုန်းရေ စိတ်ဝင်စားနေတဲ့ ရတနာအသိုက်ကြီး
တွေ့ဘို့နီးနေပြီ…နီးနေပြီ ဟီဟိ…
ဟိုနှစ်ဖွဲ့နဲ့ဖိုက်တင်ခန်းစောင့်ဖတ်မယ်ဗျို့…
ပွဲပြီးရင် ရဲတွေလာမှာလားဟင်……..
surmi
August 7, 2012 at 11:12 pm
အော ….ဂလိုကိုး ….ဆေးကြိုသောက်ခိုင်းထားတာ…..
တွေ ့ကြသေးတာပေါ ့ကွာ ရတနာသိုက်မရလို ့ကတော ့
ပဲခူးရိုးမကသစ်တွေ အကုန်ရောင်းစားပလိုက်မယ် ………..
marblecommet
August 7, 2012 at 11:38 pm
ဒီမယ် ကိုခြောက်ဘက် ကျုပ်က ဝတ္တုရှည်ဆို
အဲဂလို ဆတ်တငံ့ငံ့ ဖတ်ရတာလောက် ဒေါသထွက်တာ ရှိဘူးဗျ . .အဟီး . .
ဒီတော့ ခင်ဗျား ဟာကြီးကို အပိုင်းတစ်ကနေ အခုထိ
ကျုပ်ပရင့်ထုတ်ထားတယ်…
အဲ ခင်ဗျားဟာကြီးလည်း အဆုံးသတ်ရော ကျုပ်အလုပ်အားတဲ့
တစ်ရက် ကော်ဖီ ပူပူနဲ့ ယူပြီသာမှတ်ပေတော့…
အဲခါကျ ငယ်ငယ်တုန်းက ဘုတ်အုပ်ထူထူကြီးတွေကို
ဆုံးသွားမှာ စိုးလို့ နွှာ နွှာပြီး ဖတ်သလို ဖတ်တော့မယ်ဗျာ…..
ဒါကြောင့် မန့်တာ အားနည်းတာ ခွင့်လွှတ်နော်..
ဟဲဟဲ ကော်ဖီဆိုတာ ကတယ်ပြောတာနော့
ဝါတွင်းမို့…..
…..မို့……မို့……
ခင်တဲ့….
ငကမ်း….
surmi
August 8, 2012 at 12:51 am
အဲသလို ဆတ်တငံ ့ငံ့ဖြစ်တာ ကျုပ်လဲပါတယ် ။
မနက်မနက် မျက်နှာမသစ်ခင် ဖွင့် ကြည် ့ရတာအမော ….
ခက်တာက ….သူကလည်း မအားဆိုတော ့ ……
ဇွဲရှိရှိနဲ ့စောင် ့ပေါ ့ ဗျာ ………။
marblecommet
August 8, 2012 at 12:57 am
ဟုတ်ကဲ့ ကိုဆာရေ့
ဇွဲရှိရှိနဲ့တော့ စောင့်ပါမယ်….
သို့သော်လည်း ဒင်းကို ဆြာကြီး ရွှေဥဒေါင်းစကားနဲ့ပြောရရင်
ကျုပ်တို့ အဲဂလိုပြောလို့ ဆူး ကလေး တစ်ချောင်းပေါက်ပြီး
မြန်မြန်ရေးအောင် ထွင်လုံးကလေး နည်းနည်း ပေးလိုက်ခြင်းရယ်ပါ
အာဟိ……
မိုးတိမ်
August 8, 2012 at 8:25 am
ပါတော့လာပြီဗျို ့။စောင့်ဖတ်နေပါတယ်ဗျာ။
လစ်ဘရယ်တွေခံရတာပဲကြည့်ချင်တယ်နော် ဌင်းဌင်း…..
ကြည်ဆောင်း
August 8, 2012 at 8:45 am
ဖတ်ဖို့စောင့်လိုက်ရတဲ့ရတနာသိုက်
ဖတ်ရတော့လဲ ဆံ့တငံ့ငံ့နဲ့ ….
ဒါနဲ့ ရတနာသိုက် ဖွင့်ကြည့်ရင်ရှိပါ့မလားဟင်…….
မရှိမှဘဲ ရွာသားတွေအကုန် ရွာထဲပြန်ရောက်မှာ 🙄
YE YINT HLAING
August 8, 2012 at 9:29 am
ဟုတ်တယ် ကိုအံကြီးရေ အစ အဆုံး ဖတ်လိုက်ချင်ပါရဲ့ ။ မအား တော့လည်း စောင့်ရုံပေါ့နော—
pan pan chit
August 8, 2012 at 10:40 am
နောက်တစ်ပိုင်းမှာ အစအဆုံး အကုန်အဆုံးသတ်တော့မှာလားဟင်င်
ဖတ်ရတာ ဆန့်ငင်ဆန့်ငင်ဆိုပေသည့် ပြီးသွားမှာလည်း နှမြောသား 🙂
ဒါနဲ့ ဦးကြောင်ကြီးက ကိုကိုဂီ့ကို မသတ်ဖြစ်အောင်ရေးပေးနော် ခိခိ 😛
ကြောင်ကြီး
August 8, 2012 at 10:56 am
ကြောင်ဖီ
မောင်ဂီ
လှောင်ရီ
ထောင်သည်
ငေါင်မြည်
အောင်ပြီ
ကောင်စီ
မောင်နီ..။
Khaing Khaing
August 8, 2012 at 11:47 am
အပျိုကြီး မမခိုင် အပိုင်း (၈) ကိုအားပေးသွားပါကြောင်း ……..
မဟာရာဇာ အံစာတုံး
August 8, 2012 at 4:20 pm
ဟုတ်ကဲ့ပါ ခင်ဗျာ ..
ခုလို လာရောက်ကာ အားပေးသွားကြပါကုန်သော
ရွာသူားအပေါင်းအား ကျေးဇူး အထူး တင်ရှိပါကြောင်း …
နောက်အပိုင်းတွင် အစ/အဆုံး အကုန်လုံးကို တင်ပေးသွားနိုင်ရန် အတွက်လည်း ကြိုးစားရေးသားနေပါကြောင်း …။
အဲ့အခါကျလည်း အားပေးကြပါဦးလို့ …. 😀
အားလုံးကို ချစ်တဲ့
အံစာတုံး
manawphyulay
August 8, 2012 at 4:56 pm
ဘယ်သူပဲရရ ရတနာတွေရလို့ကတော့ မနောလည်း မုန့်ဖိုးပေးရမယ်နော်
ဒါဗြဲ
MaMa
August 8, 2012 at 6:35 pm
မိုက်တယ်။
ရတနာရှာတဲ့ ရွာသူားတွေကို ပုံဖော်ထားတာ။
အာလုံး ပန်ကာ့ထိပ်သီး လူလည်ကြီးတွေချည်းပဲ။
လူတန်းစားခွဲခြားထားတာ သဂျီးကိုတော့ ဆေးလိပ်ကြမ်းကြီး ပေးသောက်ပြီး…
မောင်ဂီကျတော့ စီးကရက်ဆိုပါလား ။
တော်ကြာသဂျီးစိတ်ဆိုးပြီး မောင်အံဇာ့ပိုစ့် ပွိုင့်မတိုးပဲနေဦးမယ်။ [:D]
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me
အရီးခင်လတ်
August 9, 2012 at 3:30 am
မမ ရေ
သူကြီးကိုတိုက်တာ ဆေးလိပ်ကြမ်းတောင် မဟုတ်။
အပေါစား ဆေးပေါ့လိပ် တဲ့။
ဟားဟာဟ။
ဒါကြောင့် two thumbs. 😀
အလင်းဆက်
August 8, 2012 at 8:58 pm
ခိုင်ခိုင်က အပျိုကြီး.ဖစြ်ကြောင်းကြော်ငြာ သွားသကိုးး…
တားတာ..လူကြိ်ုကြီး..လင်းဆက်..သည်လည်း….
ဆက်လက် ဖတ်ရှု.ပါမည့်အကြောင်း…. ဆုံးဖြတ်ချက်ချလိုက်ပါ၏
အဟိ
မောင်ပေ
August 8, 2012 at 9:36 pm
မုဆိုးကြီးမောင်ပေ
ရုပ်မဆိုးဖြီးပြောင်နေ
အဟုတ်အကျိုးရှိအောင်လေ
ဖြုတ်ခိုးပြီးပေါင်စေ
shwe kyi
August 9, 2012 at 9:30 am
အားလုံးကတော့ ဆရာ့ ဆရာတွေချည်းပဲ တော်လိုက်တဲ့ ဦးကြောင်ကြီးနဲ့ ကိုဂီ ပါးတာလှပ်နေတာပဲ။
ဇာတ်သိမ်းမျှော်နေပါတယ်ရှင့်။