TTNUJuly 24, 20121min126832
အမြဲတမ်းကြားနေရတဲ့ပုံစံပါပဲ… ဘယ်နားမှာတော့ ဓါးခုတ်ခံရတယ် (ရန်ညှိုးမရှိပဲ) ဆေးမူးတယ် ဆေးကွဲတယ်လို့သတ်မှတ်ကြတာပါပဲ ခုတော့ ကိုယ်တွေ့ဗျာ… ကျုပ်အစ်ကို ခံလိုက်ရပီ… ရုံးမှအပြန် အစ်ကို အောင်မင်းဦးနှင့် ကျော်ဇင်ဟိန်းတို့ ဆိုင်ကယ်နှင့် အပြန်လမ်းတွင် အနောက်မှ အောင်မင်းဦးဖြစ်သူကို သံတုတ်ဖြင့် ရိုက်ရာ ဆိ်ုင်ကယ်ပေါ်မှပြုတ်ကျသွားပြီး.. လူ၈ ယောက်ခန့် အုပ်စုဖြင့် ဝိုင်းကာ ဆွမ်းကြီးလောင်းကြသည်။ ၎င်းတို့တွင်သံတုတ်များ. ဓါးများ အသင့်ပါကြသည်။ ၂ယောက်နှင့် ၈ယောက်.. ဖြစ်သည့်နေရာတွင် လူမှားမည်စိုးသဖြင့် အရိုက်ခံနေစဉ်တွင် အမည် အလုပ်အကိုင်များကို ပြောပြသော်လည်း သည်းကြီးမဲကြီးသာ ဆော်ကြပါသည်။ ကိုအောင်မင်းဦး ခွေလဲကျချိန်တွင် ၅၊ ၆ ယောက်ခန့်ဝိုင်းပြီး ကန်ကြောက် ရိုက်နှက်ကာ မြောင်းထဲကျသွားသည်ထိပင်. မြောင်းမှာ.. လူတစ်ရပ်စာနီးပါးခန့်ရှိသည်။ ဒဏ်ရာအနေဖြင့်. ဆီးခုံကွဲခြင်း၊ အူမကြီးပေါက်သွားခြင်း၊ နှင့် ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ […]


TTNUJuly 18, 20121min115947
မဖြေနိုင်မှန်းသိသော်လည်း သူငယ်ချင်း မင်းငါဆုံခိုက် ဘုရားလိုက်ဖို့ ငါတိုက်တွန်းငြား မင်းပြောကြားခဲ့ မအားသေးဘူး နောက်မှကွယ်။ ဥပုသ်နေ့၌ ကျောင်းကိုလိုက်ဖို့ ငါတိုက်တွန်းငြား မင်းပြောကြားခဲ့ မအားသေးဘူး နောက်မှကွယ်။ ဆိတ်ငြိမ်နေရာ အေးရိပ်သာ၌ အာနာပါန ရသမျှကို သွင်းပရှုရှိုက် အတူလိုက်ဖို့ ငါတိုက်တွန်းငြား မင်းပြောကြားခဲ့ မအားသေးဘူး နောက်မှကွယ်။ ဟိုတစ်နေ့က မအားနေရင်း သူငယ်ချင်းဟာ သေမင်းခေါ်ရာ မငြင်းသာပဲ လိုက်ပါသွားရရှာလေပြီ။ ကိုယ်ခေါ်စဉ်က ငြင်းလို့ရလည်း ခုမှ မငြင်း လိုက်သွားခြင်းကြောင့် ရင်တွင်းစကား ဆိုမိငြားသည် အားသွားလို့လား..သူူငယ်ချင်း…။ ဒီသံဝေဂ ကဗျာလေးကို မြောက်ဦးဆရာတော် တရားဟောတုန်းက ထည့်ဟောသွားခဲ့ပါတယ်။ တရားနာနေတုန်းဆိုတော့ အကုန်မှီအောင်လိုက်ချမရေးဖြစ်ခဲ့ပါဘူး။ (မအားသေးဘူးနောက်မှ ကွယ်) ဆို်တဲ့နေရာလေးရယ်၊ (အားသွားလို့လား..သူူငယ်ချင်း) ဆိုတဲ့ နေရာလေးနှစ်ခုကိုတော့ မှတ်မိလိုက်တယ်။ မနေ့ကမှ သားယူလာပေးလို့ အစအဆုံးဖတ်ရတော့တယ်။ […]


TTNUJuly 13, 20121min61337
“မေ့သွားလို့ပါ” မိတ်ဆွေ မေ့တတ်နေပြီလား။ အရေးကြီးတဲ့ ချိန်းဆိုထားတာလေးတွေ မေ့ပြီးမသွားမိလို့ အဆင်မပြေတွေဖြစ်ဖူးပါသလား။ ထမင်းအိုးတူးသွားလောက်အောင်မေ့ပြီး စကားတွေပြောနေမိပါသလား။ အိမ်သော့၊ ဆိုင်ကယ် သော့၊ ကားသော့၊ ဘယ်ထားမိမှန်းမသိဖြစ်ပြီး ပွစာတက်နေအောင် ဟိုရှာဒီရှာ ဖြစ်ဖူးပါသ လား။ ဘဏ်မှာငွေထုတ်ခါနီး မှတ်ပုံတင်နံပါတ်လို့ မေးတော့မှ ကိုယ့်မှတ်ပုံတင်နံပါတ် ကိုယ် အစရှာမရသလိုဖြစ်ဖူးပါသလား။ စိတ်မပူပါနဲ့ မိတ်ဆွေ။ ရှင်တစ်ယောက်တည်းမေ့တတ်တာမဟုတ်ပါဘူး။ ကျွန်မတို့ တွေ အားလုံး ရှုပ်မှုတွေပွေနေတဲ့ (၂၁)ရာစုမှာ အရာရာကို ချက်ချင်းမှတ်မိသတိရဖို့ ပို၍ပို၍ ခက်လာနေလို့ပါပဲ။ ဟိုးတုန်းကတော့ သတိမေ့ရော့တတ်တာကို အသက်ကြီးလာလို့ ပါ ဆိုတာလေးနဲ့ အပြစ် ဖို့ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ပညာရှင်များအပြောအရ မေ့တတ်လာကြခြင်းဟာ ခေတ်မီ နေမှုထိုင်မှု ပုံစံတွေကြောင့်လို့ သိရပါတယ်။ နောင်ဆိုရင် မေ့တတ်တဲ့ မျိုးဆက်တစ်ခု “The […]


TTNUJuly 11, 20121min128539
တစ်နေကွယ် သေနယ်ကူးကြမဲ့အရေး တစ်နေ့တစ်နေ့ နေထွက်လာလိုက်၊ နေဝင်သွားလိုက်နဲ့ ကျွန်မတို့ မဆုံးတေးတွေသီနေသလိုပါပဲ။ ကိုစိန်သော့ရိုက်တဲ့ နေဝင်ချိန်ကိုကြည့်ပြီးတော့ ကျွန်မ စဉ်စားနေမိတာပါ။ နောက်ကိုပေါက်ရဲ ့ နေထွက်ချိန်ကိုကြည့်ပြီးတော့လည်း ထပ်မံ အတွေးတွေ ပွားမိပါတော့တယ်။ ( ဒါကြောင့် ဒီပုံလေးနှစ်ပုံကို ကျေးဇူးတင်စကားပြောပြီးယူသုံးခွင့်ပေးပါနော်။) ဟို အပေါ်ဆုံးပုံကတော့ ပိုင်ရှင်မသိတော့ပါ။ ဆိုက်တစ်ခုခုက ကူးမိပါတယ်။ မသိသူရေ..ကျေးဇူးပါနော်။ အင်ထရိုကကြာနေပြီ။ ဒီလိုပါ။ကျွန်မ ဆရာကြီးမင်းသုဝဏ်ရဲ့ဒီကဗျာလေးဖတ်ပြီး ခံစားမိတာလေးမျှဝေချင်လို့ပါ။ ဝေးလျက်ပင်...တဲ့။ ဒီကဗျာလေးကို ဆရာကြီးမင်းသုဝဏ် (၁၉၈၄) မှာရေးခဲ့တာပါ။ ကျွန်မတို့ ငယ်ငယ်တုန်းက စာမကြိုးစားရင် မြန်မာစာဆရာကြီး ဦးမြသန်းက “မင်းတို့တွေ ငယ်စဉ်အခါပညာ ကြိုးစားရမှာကွ။ အသက်ကြီးမှ ကျောင်းနေချင် စာဖတ်ချင်နေလို့ မရဘူး။ ခွင့်သာခိုက်မှ မလိုက်ချင်ရင် အမိုက်နင့်ပြင်ရှိသေးရှာလိမ့်လား။ ခွင့်သာဆဲမှ မခဲချင်ရင် တစ်လွဲ နင့်ပြင်ရှိသေးရှာလိမ့်လား။ […]


TTNUJuly 11, 20122min887625
Lychee fruit taste is sweet and rich in nutrients, because they contain vitamin C and potassium levels are high. Substances present in the lychees can prevent and treat various diseases, such as coughs, ulcers, and hypertension. လိုင်ချီးစ်သီးရဲ ့အရသာက ချိုမြိန်တယ်။ အာဟာရဓာတ်ပြည့်ဝတယ်။ဗိုက်တာမင် စီနဲ့ ပိုတက်စီယမ် ပါဝင်နှုန်းလည်းမြင့်တယ်။ ချောင်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ သွေးတိုးခြင်းစတာတွေလိုမျိုး ရောဂါမျိုးစုံ ကာကွယ်ပေးနှိုင်တဲ့ ဓာတ်သဘာဝ ပစ္စည်းတွေပါရှိပါတယ်။ Lychee fruit comes from the […]


TTNUJuly 7, 20125min54118
ဆည်းပူးသန့်ရှင်းကြွယ်စေမင်း လောကသာရပျို ့အပိုဒ်(၁၃)မှာ ထုံးတည်းနည်းနာ၊ အဖြာဖြာ၌၊ ပညာရှာမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လလျက်၊ တုတ်ကွပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်၊ စာပေတတ်ကြောင်း၊ တစ်ချောင်းချောင်းလျှင်၊ ခြိမ်းမောင်းသည်းခံ၊ ဆရာ့ထံ၌ ၊ သင်အံကျက်လေ၊တစ်နေ့တစ်ပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ္ပ္ပ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို၊ ဆည်းပူးသန့်ရှင်း၊ ကြွယ်စေမင်း။ လိုက်နာကြရမဲ့ စည်းကမ်းတွေ၊ ထုံးစံတွေ၊ ဓလေ့တွေကို ရှေးရှေးတုန်းကတော့ မိဘနဲ့ အတူ ဆရာသမားများထံမှာ ဆည်းပူးကြရတယ်။ ရွာထိပ်က ဘုန်းတော်ကြီးကလည်းသင် ပေးတယ်။ အမြင်မတော်တာတွေ့ရင် ရွာထဲက ဘယ်လူကြီးကမဆို ဆုံးမပေးကြတယ်။ ဒီလိုနဲ့ ပညာ ဗဟုသုတ ယဉ်ကျေးမှု အစုစုတို့ကို ဆည်းပူးကြပြီး လူတော် လူလိမ္မာလေးတွေ ဖြစ်အောင် အားထုတ်ကြပါတယ်။ ဒီတစ်ပတ်တော့ ဆည်းပူးသင့်ကြတဲ့ အလေ့အကျင့်လေးတွေထဲက (၁) […]


TTNUJune 25, 20121min96446
အခြေခံယဉ်ကျေးမှုများမှာ…. (က) ခြေနင်းသံပြင်းထန်ခြင်း တစ်ချို ့တွေ ခြေနင်းအတော်ကြမ်းကြတယ်။ ခပ်ကြမ်းကြမ်းနင်းနေကျမို့လို့ မိမိကိုယ်ကို ခြေနင်းကြမ်းနေမိမှန်းမသိတတ်ကြပါဘူး။ ခြေသံကြောင့် ကြမ်းပြင် တုန်လှုပ်ခြင်းကြောင့် သူတစ်ပါးကို အနှောက်အယှက်ဖြစ်တာ၊ ရိုင်းစိုင်းတာ၊ မလေးမခန့်ပြုသလို ဖြစ်နေတာ၊ တွေကြောင့် ဆင်ခြင်သင့်ကြပါတယ်။ ပြီးတော့ ခြေဆောင့်နင်းတတ်သူတွေ သတိထားစရာလေးရှိပါတယ်။ဦးနှောက်ကို ကြာရင် ထိခိုက်နှိုင်တယ် ဆိုတာပါပဲ။ (ခ) ဆူညံခြင်း အော်ဟစ်ပြောရမှအားရသူတွေ တွေ့ဖူးမှာပါ။ တကယ်တော့ ကိုယ့် အိမ်အတွင်းမှာပဲဖြစ်စေ တတ်နှိုင်သမျှ သိမ်မွေ့စွာပြောသင့်ကြပါတယ်။ ကျယ်ကျယ်လောင်လောင် အော်စရာမလိုဘဲ ကြားနှို်င်နဲ့ အကွာအဝေးကနေ သွားပြောနှိုင်ရင် အကောင်းဆုံးပေါ့နော်။ စကားသံတင်မဟုတ်ပါဘူး၊ တံခါးပိတ်သံ၊ဖွင့်သံ၊ စားပွဲ ကုလားထိုင် အိုးခွက်ပန်းကန် ရွှေ ့ပြောင်းသံ ဆေးကြောသံ တို့ကိုလည်း အသံ သိပ်မကျယ်လောင်သင့်ပါ။ တေးဂီတ သံတွေဆိုရင်လည်းမိမိ ကြားသာရုံသာဖွင့်သင့်ပါတယ်။ ကိုယ်တိုင်က […]


TTNUJune 24, 20121min112331
(၁၀)တန်းအောင်စာရင်းတွေထွက်ပြီးတဲ့နောက်ပိုင်း ကျမရဲ ့ ဘာသာစကားသင်တန်းကလေး ကို လာတက်သူတွေနည်းနည်းတိုးလာပါတယ်။ တစ်ချို ့ကတော့ (၁၀)တန်းဖြေထားပြီး ကတည်းက တက်ထားနှင့်ကြတာပါ။ ဘာသာစကားသင်တန်းတွေဆိုတာလည်း တစ်မြို ့လုံး တအုန်းအုန်းဖွင့်နေပေသကိုး။ သတင်း စာများဖတ်လိုက်ရင် သင်တန်းတစ်ခုနဲ့ တစ်ခု အားတွေပြိုင်နေလိုက်ကြတာများ ဖတ်ရတာ အားရစရာကြီး၊ အခုချက်ချင်းကို ဒွတ်ဒက်ရွှတ်ရှက် ပြောနိုင်သွားမတတ်ကြော်ငြာကြပါတယ်။ နေ့တိုင်ကြော်ငြာနိုင်ကြပါတယ်။ ကြော်ငြာခတွေ သိပ်ကုန်မှာပဲနော်လို့ ပြောတော့ ဆရာလုပ် နေပြီဖြစ်တဲ့ တပည့်တစ်ဦးကပြောပါတယ်။ “တီချာရေ အခုခေတ်က ကြော်ငြာအားကောင်းဖို့ လိုတာ” တဲ့။ ဒီလိုနဲ့ လူသိနည်းလှတဲ့ ကျမရဲ ့ ဘာသာစကားသင်တန်းလေးဟာ မြို ့ရဲ ့ ခပ်ချောင်ကျကျ တစ်နေရာမှာ တိတ်တဆိတ်လေး ရပ်တည်နေခဲ့ပါတယ်။ အတန်းတက်ဖို့ လာရောက်စုံစမ်းသူ တွေက တစ်ခါတစ်ရံမှာ ကျမကို စာသင်သူတီချာလို့ […]


TTNUJune 21, 20123min5199
LUCK ကျမတို့ နေ့စဉ်သုံးစကားများတွင် “ကံ” ကို မကြာခဏ ထည့်သွင်းပြောဆိုကြပါတယ်။ “ ကံလိုက်တယ်” … “ ကံ မလိုက်ဘူး” … “ ကံနိမ့်နေတယ်” … “ ကံတက်လာပြီ”…. “ ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာတယ်” …. စုံလို့ပါပဲ။ ဒါက မိခင်ဘာသာစကားမှာနော်။ အင်္ဂလိပ်စာမှာလည်း ကံကိုညွှန်းပြပြောဆိုတဲ့စကားလေးတွေ လေ့လာတွေ့ရှိရပါတယ်။ (1) You’re in luck! (2) Your luck’s in! ဒီဝါကျနှစ်ခုလုံးကို မိတ်ဆွေတစ်ယောက်ယောက် စာမေးပွဲအောင်၊ ရာထူးတိုး၊ စသဖြင့် ကောင်းသတင်းပေးတဲ့ အခါမှာသုံးပါတယ်။ အောင်မြင်ပါစေ၊ ချောချောမောမောဖြစ်ပါစေ၊ ကံကောင်းပါစေ လို့ ဆုတောင်းပေးတဲ့အခါမှာ (3) Good luck! (4) Best […]


TTNUJune 15, 20124min75121
The same word as adjective and verb (နာမဝိသေသန၊ ကြိယာ) အလုပ် နှစ်မျိုးလုံး လုပ်သော စကားလုံးတစ်ချို ့   (1) Clear Adjective: (a) The sky is clear. ကောင်းကင်ကြီးက ကြည်လင်နေတာပဲ။ (b)  Healthy people have clear skin. ကျန်းမာတဲ့သူတွေမှာ ကြည်လင်တဲ့ အသားအရည် ရှိကြတယ်။ (c) This is a clear view of the town from the hill. ဒီနေရာတောင်ကုန်းမြင့်ပေါ်က မြို ့လေးရဲ ့ မြင်ကွင်းရှင်းရှင်းလင်းလင်း မြင်ရတယ်။ Verb:       (a) […]


TTNUJune 5, 20121min80543
သိပ်မုန်းတာပဲ   “သိပ်မုန်းတာပဲ” ဆိုတဲ့စကားလုံးလေးကို ဘယ်အခါမှာသုံးပါသလဲ မိတ်ဆွေ။ မိမိစိတ်နဲ့ အစပ်မတည့် .. အဆီအငေါ်မတည့်တာမျိုးတွေ တွေ့ရရင်၊ “ဒါမျိုးတော့ သဘောမတွေ့ပါဘူး၊ မနှစ်မြို ့ပါဘူး၊ မကြိုက်ပါဘူး” လို့ ပြောရရင်နည်းနည်း ပေါ့နေတယ်။ ပါးစပ်နဲ့ တလုံးကြီး အားရပါးရ ပြောပစ်လိုက်တာကတော့ “ အဲဒါမျိုး သိပ်မုန်းတာပဲ” လို့ပဲ ဖြစ်မှာပါ။ ဘိုလိုတော့ “My pet peeves” ပေါ့ ။ တစ်ချို ့လည်း (ချဉ်ထှာ) လို့ သုံးသလားပါပဲ။   ကျမတို့ အပျင်းပြေ လက်လှမ်းမှီသလောက် မုန်းစရာကြီးတွေရှာကြည့်ကြရအောင်နော်။   (၁) တစ်ချို ့တွေလေ လမ်းလျှောက်သွားရင်း ဘေးဘေးဘီဘီ ဂရုမစိုက်အားဘဲ မိုဘိုင်း ဖုန်းနဲ့ (Text message) […]


TTNUMay 17, 20121min67330
ယောင်လည်လည် ယောင်လည်လည်ဖြစ်ရတဲ့ ဘဝကို ယောင်လည်လည်ဖြစ်ဖူးမှ သဘောပေါက်ကြမှာ။ နားမလည်ပါးမလည် ဘဝတုန်းကတော့ သူများ ယောင်လည်လည်ဖြစ်နေရင် တယ်ပြီး စိတ်မရှည်ချင်ခဲ့ဘူးလေ။ ဘာဖြစ်နေတာတုန်း။ ဘာညာပေါ့နော။ ယောင်လည်လည်ဖြစ်နေတယ်ဆိုတာ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေတာမျိုးပေါ့။ ဘိုတွေကတော့ Panic-stricken လို့ ပြောတယ် ထင်ပါရဲ ့။ စိုးရိမ်ပူပန် စိတ်ထိခိုက်တာ များတော့ ကောင်းကောင်းလည်းမတွေးနိုင်၊ ကြောင်းကျိုးလည်းမဆင်ခြင်နိုင် ဖြစ်ရတာမျိုးပေါ့။ အော်..ပြောရင်းနဲ့ လေဝေ့နေပြန်ပါပြီ။ ပြောချင်တာက ဒီလိုပါ။ လွန်ခဲ့တဲ့ (၁၂)နှစ်… (၂၀၀၀)ခုနှစ်တုန်းက စာရေးဆရာ၊ ကဗျာဆရာ၊ ဒါရိုက်တာ၊ ပန်းချီဆရာ မောင်မိုးသူ (ဘကြီးမိုး) ရဲ ့ အသက် (၇၀)ပြည့် မွေးနေ့ပွဲကို ရန်ကုန်မြို ့ ရွှေကျင်နိကာယ ကျောင်းတိုက်မှာ မေလ (၁၇) ရက်နေ့ မှာကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ ဘကြီးမိုးက […]


TTNUMay 13, 20121min85228
The house is not the same since you left the cooker is angry – it blames me The TV tries desperately to stay busy but occasionally I catch it staring out of the window The washing-up’s feeling sorry for itself again it just sits there saying “What’s the point, what’s the point?” မင်းထွက်သွားကတည်းက၊ ပြောင်းလဲသွားတဲ့ အိမ်ကလေး […]