“အရင်တုန်းကနဲ့ မတူတော့တဲ့ မင်းမရှိတော့တဲ့ အိမ်ကလေး”
The house is not the same since you left
the cooker is angry – it blames me
The TV tries desperately to stay busy
but occasionally I catch it staring out of the window
The washing-up’s feeling sorry for itself again
it just sits there saying
“What’s the point, what’s the point?”
မင်းထွက်သွားကတည်းက၊ ပြောင်းလဲသွားတဲ့ အိမ်ကလေး
ထမင်းအိုးလေးစိတ်ဆိုးပြးီ ၊ ငါ့ကို အပြစ်တွေတင်။
ရုပ်ရှင်ရုပ်သံလိုင်းတွေကလည်း၊အဖမ်းရခက်
ပြူတင်းအပြင်ဖက်ငေးမျှော်နေတတ်ကြတာလည်း၊ တွေ့ပါလျက်။
ပန်းကန်ဆေးစက်လေ ၊ ဝမ်းနည်းပက်လက်နဲ့
ဘယ်လိုဖြစ်တာလဲကွဲ့၊ ဘယ်လိုဖြစ်တာလဲကွဲ့ လို့ လှမ်းကာလှမ်းကာမေး။
The curtains count the days
Nothing in the house will talk to me
I think your armchair’s dead
ခန်းဆီးများကလည်း ၊ ရက်တွေ တွက်ရေကာမောကြ
အိမ်ထဲရှိတဲ့ ဘာကမှ ငါ့ကို စကားမပြော၊ အဖက်မလုပ်
မင်းရဲ ့ လက်တင်ကုလားထိုင်ကလည်း၊ သက်သက်ကို ငုတ်တုတ်။
The kettle tried to comfort me at first
but you know what’s its attention span is like
I’ve not told the plants yet
they think you’re still on holiday
အစကတော့ ရေနွေးအိုးလေး၊ ငါ့ကိုနှစ်သိမ့် မှုပေးသေး
ကြာတော့လည်း၊ သူ့မှာ အာရုံနဲ့ဝေးဝေး။
မင်းဟိုး ခရီးဝေးထွက်သွားတယ်လို့၊ ပန်းပင်လေးတွေကို ငါပြောမပြရသေး
မင်း အပန်းဖြေခရီးက ပြန်မလာသေးဘူးလို့၊ သူတို့ကမှန်းထင်နေကြတာမို့။
The bathroom misses you
I hardly see it these days
It still can’t believe you didn’t take it with you
ရေချိုးခန်းလေးကလည်း၊ မင်းကိုလွမ်းနေဆဲပါကွဲ့
မင်းထားရစ်ခဲ့တာ ၊သူ့ခမျာ မယုံနိုင်ရှာသေးဘူးတဲ့
ငါ လည်း သူ့ဆီ မရောက်တာကြာပြီ မဟုတ်လား။
The bedroom won’t even look at me
since you left it keeps its eyes closed
all it wants to do is sleep, remembering better times
trying to lose itself in dreams
it seems like it’s taken the easy way out
but at night I hear the pillows
weeping into the sheets.
အိပ်ခန်းလေးကလည်းမျက်လုံးစုံမှိတ်ထား၊
ငါ့ကိုများအဖက်မလုပ်၊ သူ့ဖာသာအိပ်စက်ရင်း၊
ပျော်ခဲ့တဲ့ အချိန်လေးတွေ၊ဖွေရှာကာ အိပ်မက်
စိတ်အမောတွေထဲက ထွက်ခွာပြေးတဲ့အခိုက်။
ညဖက်မှာရှိုက်ငိုသံ၊ ကြားလိုက်လို့ နားစွင့်လိုက်ပြန်တော့
လှိုက်ဖိုကာငိုကြွေးနေကြလေတဲ့၊ ခေါင်းအုံးလေးတွေရဲ ့ မျက်ရည်များပါလား။
(Henry Normal)
ဟင်နရီနော်မယ်ရဲ ့ ဒီကဗျာလေးကို ဖတ်ကြည့်ပြီး အရှေ ့လိုလို အနောက်လိုလို
လွမ်းမိုးတွေ စွေလာမိလို့ မြန်မာလိုပြန်ရေးကြည့်မိတာပါ။ ကဗျာ မရေးတတ်ပါဘူး။
ဒါကြောင့် ကဗျာတစ်ပုဒ်ရဲ ့ ရသကို မခံစားရရင် ခွင့်လွှတ်လိုက်ပါ။
ဒီအသက်အရွယ်ကြီးနဲ့ တရားစခန်းဝင်ရမှာ၊ ဘာတွေလာရေးနေတာလဲလို့ အတွေးလေးတစ်စ
ဝင်လာမိခဲ့ရင် တစ်ကွက်ကြောင် နေတယ်လို့ သနားလိုက်ပါ။
ဗမာစာအနေနဲ့ဖတ်ရင်းနဲ့ စိတ်ညစ်သွားတယ်ဆိုရင်၊ ဟင်နရီရဲ ့ အင်္ဂလိပ်လို အပိုင်းကိုဖတ်ရင်း
နဲ့ စိတ်ချမ်းသာလိုက်ပါ။ “မင်းမရှိတော့တဲ့ အိမ်ကလေးတစ်အိမ်ထဲမှာ နေရတဲ့ ဘဝလေးတွေ”
ကို ခံစားနားလည်နိုင်သွားကြမှာပါ။
28 comments
မဟာရာဇာ အံစာတုံး
May 13, 2012 at 10:51 am
တီချယ်ကြီးရေ ..
အောက်ဆုံးက အပိုဒ်လေးကို အခိုက်ဆုံးပဲဗျာ ..
ဘာတဲ့ … ” ညဖက်မှာရှိုက်ငိုသံ၊ ကြားလိုက်လို့ နားစွင့်လိုက်ပြန်တော့
လှိုက်ဖိုကာငိုကြွေးနေကြလေတဲ့၊ ခေါင်းအုံးလေးတွေရဲ ့ မျက်ရည်များပါလား … ”
မျက်ရည်ချောင်းမှာ ခေါင်းအုံးလေး မျောနေပါမှ .. ဆိုတဲ့ ကဗျာလေးကိုတောင် အမှတ်ရလိုက်မိသေးတယ်ဗျာ …
TTNU
May 13, 2012 at 1:25 pm
မောင်အံစာရေ…
ထုံးစံအတိုင်းပြောနေကြစကားလေးအရင်လက်ခံပေးပါ။
ကနဦးစာလာဖတ်သူအဖြစ် ကျေးဇူးတင်ပါရစေ။
ကဗျာမပီစာမပီတာကို လာဖတ်ပြီးချီးကျူးပေးတာ ကျေးကျူးကဘားဆိုင်ပါ။
ဒါထက်စကားမစပ်
“Smoking is hazardous for your health.” နော်။ မောင်ရင့် ပုံကြီးက
အငွေ့တစ်ထောင်းထောင်းနဲ့။ 😛
ဗိုက်ကလေး
May 13, 2012 at 10:57 am
မင်းမရှိတော့တဲ့ အိမ်ကလေး အထီးကျန်ဆန်လွန်းလှတယ်လေး..
တီချယ်ကြီးရေးပါခင်ဗျား..တစ်ကွက်ကြောင်တယ်လို ့ထင်ပါဘူး..
တားတို ့ကတော့ ဗမာလိုပဲ ခံစားသွားပါတယ်ခင်ဗျား..
TTNU
May 13, 2012 at 1:30 pm
မောင်ဗိုက်လေးရေ…
ဗမာလိုကော ဘိုလိုပါခံစားပါ။
သူ့ ဘိုလို အရေးအသားလေးက ပိုလှပါတယ်။
တီချာ သက်သက် ဝင်ဖျက်သလိုတောင်ဖြစ်နေမလားပဲ။
ကိုပေါက် ရန်ကုန်ကပြန်လာတော့ မောင်ရင်နဲ့ တွေ့ခဲ့ကြောင်းပြောတော့
တီချာက မောင်ရင့် အိမ်ရှေ ့က အရူးမကြီးအကြောင်းမေးနေတာ။
ဗိုက်ကလေး
May 13, 2012 at 1:35 pm
အရူးမ မရှိတဲ့ အိမ်ကလေး .အထီးကျန် ဆန်လွန်းလှဒယ်လေး..အမလေး.. မဟုတ်ပါဘူး.ဘွာတေး..ဘွာတေး..
တီချယ်ကြီးရေ..မြန်မာလိုကော အင်္ဂလိပ်လိုကော ခံစားတတ်အောင် အူးဗိုက်ကလေး အီးပညာရပ်အား အားစိုက် လေ့လာပါဦးမယ်ခင်ဗျား
ကျေးဇူးပါခင်ဗျ
pooch
May 13, 2012 at 12:57 pm
တစ်ကွက်ကြောင်တယ် လို့ မထင်ရက်ပါဘူး တီချယ်ရယ်
အမေများနေ့မှာ မရှိတော့တဲ့ သားလေး ကိုဖိုးချမ်းကို လွမ်းနေလို့ သတိတရနဲ့ ကဗျာစီမိတာလို့ နားလည်ထားပါတယ်။
မင်းမရှိတော့တဲ့ အိမ်လေးမှာ အထီးမကျန်ရအောင် အနော်မကြာမကြာလာနှောင့်ယှက်ပေးပါ့မယ် တီချယ်
with love,
your best girl…. 😀
TTNU
May 13, 2012 at 1:36 pm
မပူးချ်ရေ…
“တစ်ကွက်ကြောင်တယ် လို့ မထင်ရက်ပါဘူး တီချယ်ရယ်”
ဒီလိုလေးတွေပြောပြောပြီး ငါ့ကို တီတာနေတာမဟုတ်လား။
ခဏခဏလာမယ်ပြောပြီး တစ်နှစ်မှ သုံးခါလောက်လာတာများ။
မေးလိုက်ရင် တော့ သူ့အလုပ်နဲ့သူ ရှုပ်နေလိုက်တာ၊ အိုဘားမားကတောင်
မမ ခေါ်ရတယ်။ 😆
windtalker
May 13, 2012 at 9:07 pm
သူက အိုကလားမ လို ့နာမည်ပြောင်းထားတယ်တဲ့ တီချယ်ရေ ။ ခိုင်လုံသော သတင်းရပ်ကွက်ကနေ တိုးတိုးတိတ်တိတ် ကြားခဲ့ရတာဗျ ။ ဟီဟိ
ကြောင်ကြီး
May 14, 2012 at 8:57 am
ဒဂွက်ကြောင်
ဒဂေါင်ကြွက်
နှစ်ကွက်ကြောင်
နှစ်ကောင်ကြက်
သားမက်ကြောင်
သမောင်ကက်
မရှက်ပေါင်
မရှောင်ဖက်
ပုရှ်ကြောင်
ပေါင်ရှု
ဂလု ဂလု….။
manawphyulay
May 13, 2012 at 1:15 pm
ရေချိုးခန်းလေးကလည်း၊ မင်းကိုလွမ်းနေဆဲပါကွဲ့
မင်းထားရစ်ခဲ့တာ ၊သူ့ခမျာ မယုံနိုင်ရှာသေးဘူးတဲ့
ငါ လည်း သူ့ဆီ မရောက်တာကြာပြီ မဟုတ်လား။
ဒီအပိုဒ်လေးလည်း ခံစားရတယ်…
TTNU
May 13, 2012 at 1:50 pm
မနောရေ…
Facebook မှာ add ထားတယ်နော်။ကြည့်လိုက်ဦး။
ပါဝင်ခံစားပေးတဲ့အတွက် ချစ်ခင်ပါတယ်။
အင်္ဂလိပ်လိုလဲ ဖတ်ပြီး Structure ဖွဲ့ထားပုံ လေ့လာဦးနော်။
ချစ်ခင်တဲ့
တီချာနု
ကိုပေါက်(မန္တလေး)
May 13, 2012 at 1:38 pm
မာမီ
နှစ်ယောက်ထဲရှိရာကနေ
တစ်ယောက်ပဲ့ထွက်သွားချိန် မှာ ဒီကဗျာလေးကို ဖတ်မိရင်
မျက်ရည်တွေ တလှိမ့်ချင်း ကျမှန်းမသိကျလာမှာအသေအချာပါမာမီရေ။
TTNU
May 13, 2012 at 1:57 pm
ကိုပေါက်ရေ…
ငိုချင်ရက် လာပြီးလက်မတို့နဲ့နော်။
မောင်ရင် လား မျက်ရည်တစ်လိမ့်ချင်းကျမှာ၊ ဝုန်းဒိုင်းကြဲ ကျမှာလုပ်ပါ။
ဒါပေမဲ့ မမြင်ရသေးတဲ့ ရှေ ့ခရီးအတွက်ဘာမှ ကြိုတင်စိတ်မညစ်ပါနဲ့။
ပျော်ပျော်ရွှင်ရွှင်နေသွားပါ။
မေတ္တာဖြင့်
မာမီ
အရင့်ရောင်
May 13, 2012 at 1:42 pm
TT တို့ကလည်း အဲဂလို ငိုချလိုက်တာပဲလားနော်………..
ဒီကဗျာလေးကို ဖတ်ရင်းနဲ့
ကျွန်တော် တောင် ငိုချင်လာပီဗျ…
အဟင့်င့်င့်
ဝင်ရောက်ခံစားသွားပါ၏………….
TTNU
May 13, 2012 at 2:08 pm
အရင့်ရောင်ရေ…
မငိုပါနဲ့ကွယ်။
တကယ်ကိုယ်တွေ့ ကြုံမှ ငိုပါသားရယ်။
အတိသဉ္ဖာ နာဂရချစ်သူ
May 13, 2012 at 2:39 pm
တီချယ်နုရေ. တချို့ ့လူတွေ ဆယ်တန်းသာအောင်ပါတယ်
Cookerနဲ ့cook မခွဲခြားတတ်သေးဘူးနော်
htet way
May 13, 2012 at 6:33 pm
ကောင်းလိုက်တာ ဆရာမ ကြီး
ခံစားလိုက်ပါတယ်။
တခါတလေ ဘာသာပြန်ကဗျာလေးတွေလည်း တင်ပေးတော့
ကျွန်တော်တို့ လည်း အဆင်ပြေတာပေါ့ ။
ကျေးဇူးတင်ပါတယ်ဗျာ။
windtalker
May 13, 2012 at 9:41 pm
ဖတ်ရင်းဖတ်ရင်း နဲ ့ဘာကို လွမ်းရမှန်းမသိ လွမ်းစိတ်တွေဖြစ်လာမိတယ်ဗျာ ။
အင်းဂလိ လိုထက် ဆရာမကြီး ဘာသာပြန်တာကို ပိုကြိုက်တယ်ဗျို ့။
aye.kk
May 14, 2012 at 5:05 am
ဖတ်ရင်းနဲ ့ရင်ထဲမှာဟာတာတာ..
ဖြစ်သွားအောင်ခံစားရပါ၏…။။
Khaing Khaing
May 14, 2012 at 10:17 am
တော်တော့်ကိုခံစားလိုက်ရတယ် တီချာနုရေ ……… တပည့်မလေးအိမ်မှာလည်း ဟာတာတာဖြစ်နေတာကြာပါပြီ …. တိုက်ဆိုင်လိုက်တာတီချယ်ရေ …….. စာတွေကိုလည်း ဖတ်မှတ်သွား ပါတယ်တီချယ် ………
TTNU
May 14, 2012 at 12:14 pm
မောင်ပေရေ…
မင်းနော်။ (သူက အိုကလားမ လို ့နာမည်ပြောင်းထားတယ်တဲ့ တီချယ်ရေ) တဲ့။
သိရင် စိတ်ဆိုးလိမ့်မယ်။ ဟွန်း။
(ဖတ်ရင်းဖတ်ရင်း နဲ ့ဘာကို လွမ်းရမှန်းမသိ လွမ်းစိတ်တွေဖြစ်လာမိတယ်ဗျာ)
ဒီအတွက်ကတော့ ရတယ်။ လွမ်းသာလွမ်းတော်။ 😛
မအေးကေရေ…
ဝင်ဖတ်ပေးတာကျေးဇူးပါနော်။
ခိုင်ခိုင်ရေ…
ရင်ထဲမှာ မဟာပါနဲ့ဦးကွယ်။
အခုမှ ဘဝ ဆိုတာ သမီးတို့ အလှဆင်ကြရမှာမဟုတ်လား။
အားခဲထား။ 😛
ကိုကြီးကြောင်ရေ…
ဒဂွက်ကြောင် ဒဂေါင်ကြွက်
နှစ်ကွက်ကြောင် နှစ်ကောင်ကြက်
သားမက်ကြောင် သမောင်ကက်
ဒီနေရာမှာ သမက်ကြောင်…သမောင်ကြက်ဖြစ်ရမှာတော့။ 😆
mocho
May 14, 2012 at 1:05 pm
တီချယ် ရေ
ယောက်ျားနဲ့ သားကို သံယော ဇဉ်ကြီးတဲ့ မိုချို က ရင်ဘက်ကြီး နဲ့ဖတ်သွားပါကြောင်း။ မျက်ရည် လည်း ဝဲ သွားပါကြောင်း။
စနေ
May 14, 2012 at 1:40 pm
အန်တီဆရာမ …
လက်မတစ်ချောင်းထောင်ပြီး အားပေးသွားပါတယ်ရှင့် …
တပည့်အသစ်ကလေးပါ ….
အန်တီဆရာမရဲ့စာတွေတော့ အမြဲဖတ်ဖြစ်ပါတယ် …
အခုမှ ကောမန့်ရေးဖြစ်တာပါ …..
ahnyartamar
May 14, 2012 at 2:19 pm
တီချယ်က ဒီလိုလည်း အရေးကောင်းတယ်နော်။
ကိုပေါက်(မန္တလေး)
May 14, 2012 at 4:58 pm
မာမီစာဖတ်လိုက်တာ ကဗျာတစ်ပုဒ်ရသွားပြီ
Khin Latt
May 14, 2012 at 6:55 pm
တီချယ်ကြီး
ကဗျာလေးကို ရင်ထဲက ကိုယ်ချင်းစာစိတ်များစွာနဲ့ ခံစားခဲ့ပါတယ်။ 🙁
တီချယ့်ကို ဂေဇက်ရဲ့ မိခင်ကြီးအဖြစ် သတ်မှတ်ထားကြတာကြောင့် သားသမီးတွေ အများကြီးလို့ တွေးလိုက်ပါနော်။
တီချယ် ကျန်းမာရွှင်လန်း ပါစေကြောင်း မိခင်နေ့ အမှတ်တရ (Belated Mother’s Day Wish) ပါရှင့်။
ချစ်ခင်လေးစားစွာဖြင့်
မလတ်
ဦးဦးပါလေရာ
May 14, 2012 at 8:25 pm
but at night I hear the pillows
weeping into the sheets.
သိပ်လှတဲ့ အချပိုဒ်လေးပဲ တီချာရယ်…
ဒီကဗျာလေးဖတ်ရင်းနဲ့
ကျောင်းသားဘဝတုန်းကခံစားမှု့မျိုးလေးတွေတောင်
ရိုးတိုးရိပ်တိတ် ရ လိုက်သလိုပါပဲ…။
TTNU
May 14, 2012 at 9:19 pm
ရင်ဘတ်ကြီးနဲ့ ခံစားသွားတဲ့ မိုချိုရေ…
တီချာတော့ မိုချို ့ မျက်ရည်တွေ ချူယူရင်းနဲ့
ကိုယ်တိုင်လည်း ဆို့နင့်နေဆဲပါ။
စနေရေ…
တီချာ့စာတွေလာဖတ်ပေးတာ ကျေးဇူးပါ။
အော်..မေ့တော့မလို့.. တီချာက မသောကြာတော့။ 😛
အညာတမာရေ…
ဖတ်ကောင်းတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်နော်။
မလတ်ရေ…
Belated wish ပေမဲ့ Heartfelt memory ကိုဖန်တီးပေးသွားပါတယ်ကွယ်။
တီချာကလည်း အားလုံးကို သားသမီးတွေလို ခံစားမိပါတယ်။
ကိုပေါက်ရေ…
တီချာလည်း မင်းကဗျာအောက်မှာ ထပ်ဆက်ပေးထားတယ်တော့။
ဦးပါရေ…
အနုသယကစခဲ့ရတဲ့ သမုဒယဆိုတဲ့ အလွမ်းတွေကို
ရိုးတိုးရိတ်တိတ်လေးပဲလားကွယ်။ 😛
မေတ္တာဖြင့်
တီချာနု