“ဝေးလျက်ပင်”
တစ်နေကွယ် သေနယ်ကူးကြမဲ့အရေး တစ်နေ့တစ်နေ့ နေထွက်လာလိုက်၊ နေဝင်သွားလိုက်နဲ့
ကျွန်မတို့ မဆုံးတေးတွေသီနေသလိုပါပဲ။ ကိုစိန်သော့ရိုက်တဲ့ နေဝင်ချိန်ကိုကြည့်ပြီးတော့ ကျွန်မ
စဉ်စားနေမိတာပါ။ နောက်ကိုပေါက်ရဲ ့ နေထွက်ချိန်ကိုကြည့်ပြီးတော့လည်း ထပ်မံ အတွေးတွေ
ပွားမိပါတော့တယ်။ ( ဒါကြောင့် ဒီပုံလေးနှစ်ပုံကို ကျေးဇူးတင်စကားပြောပြီးယူသုံးခွင့်ပေးပါနော်။)
ဟို အပေါ်ဆုံးပုံကတော့ ပိုင်ရှင်မသိတော့ပါ။ ဆိုက်တစ်ခုခုက ကူးမိပါတယ်။ မသိသူရေ..ကျေးဇူးပါနော်။
အင်ထရိုကကြာနေပြီ။ ဒီလိုပါ။ကျွန်မ ဆရာကြီးမင်းသုဝဏ်ရဲ့ဒီကဗျာလေးဖတ်ပြီး ခံစားမိတာလေးမျှဝေချင်လို့ပါ။
ဝေးလျက်ပင်...တဲ့။
ဒီကဗျာလေးကို ဆရာကြီးမင်းသုဝဏ် (၁၉၈၄) မှာရေးခဲ့တာပါ။
ကျွန်မတို့ ငယ်ငယ်တုန်းက စာမကြိုးစားရင် မြန်မာစာဆရာကြီး ဦးမြသန်းက
“မင်းတို့တွေ ငယ်စဉ်အခါပညာ ကြိုးစားရမှာကွ။ အသက်ကြီးမှ ကျောင်းနေချင် စာဖတ်ချင်နေလို့
မရဘူး။ ခွင့်သာခိုက်မှ မလိုက်ချင်ရင် အမိုက်နင့်ပြင်ရှိသေးရှာလိမ့်လား။ ခွင့်သာဆဲမှ မခဲချင်ရင် တစ်လွဲ
နင့်ပြင်ရှိသေးရှာလိမ့်လား။ ခွင့်သာတုန်းမှ မရုန်းချင်ရင် အရှုံးနင့်ပြင်ရှိသေးရှာလိမ့်လား။”
လို့ ခဏခဏ ရွတ်ပြလွန်းလို့ ဒီစာသားတွေနဲ့ ရင်းနှီးခဲ့ရပါတယ်။
ဒီတုန်းကလယ်တီဆရာတော်ဘုရားကြီးရေးခဲ့တဲ့ စာလို့ ဘယ်သိပါ့မလဲ။ ကိုယ့်ငယ်ဆရာ လက်တမ်းရွတ်ပြတဲ့
ကဗျာလို့ ထင်ခဲ့တာပါကလား။
အတန်းလေးရလာတော့မှ (ခွင့်သာခိုက်မှ မလိုက်ချင်ရင် အမိုက်နင့်ပြင်ရှိသေးရှာလိမ့်လား။ ခွင့်သာဆဲမှ မခဲချင်ရင် တစ်လွဲနင့်ပြင်ရှိသေးရှာလိမ့်လား။ ခွင့်သာတုန်းမှ မရုန်းချင်ရင် အရှုံးနင့်ပြင်ရှိသေးရှာလိမ့်လား။) စာသားတွေ
ကို ရေးသားခဲ့သူဟာ ဘယ်လို ပုဂ္ဂိုလ်ဆိုတာပါသိလာပြီး စာကိုလည်း ခုံခုံမင်မင်ရွတ်လာမိပါတော့တယ်။
အခုဆရာကြီးမင်းသုဝဏ်က (လယ်တီဘုရား ဦးထိပ်ထားလျက်) ဒီစာသားလေးတွေနဲ့ ဆရာကြီးရဲ ့ အတွေးတွေနဲ့
ထပ်ပေါင်းစပ်ပြလိုက်တော့ အနှစ်အရသာရှိသောစာ၊ ကဗျာတစ်ပုဒ်မို့လို့ မိတ်ဆွေတွေကိုလည်းမျှဝေခံစားကြည့်စေချင်
တဲ့စိတ်နဲ့ ရေးချလိုက်ရတာပါ။
ကျွန်မတို့ အသက်အရွယ်တွေရလာကြပြီဆိုတော့ တရားဘာဝနာလည်းလုပ်ချင်လာပြီ။ဒါပေမဲ့ တာဝန်လေးတွေက
လည်းမပြတ်နှိုင်သေး။ ဆရာကြီးမင်းသုဝဏ် က ဒီအတွေးကို ထင်ထင်လင်းလင်းမြင်သာအောင်ရေးစပ်ထားတဲ့
ကဗျာလေးမို့ ကျွန်မ အလွန်နှစ်သက်မိတာပါ။ ဖတ်ကြည့်ကြရအောင်နော်။
ဝေးလျက်ပင်
(လယ်တီဘုရား ဦးထိပ်ထားလျက်)
ခွင့်သာခိုက်မို့၊ လိုက်မည်ကြံလည်း
ရှာရန်ဖွေရန်၊ လေ့လာရန်ဟု
ရန်ပေါင်းများစွာ၊ ဆီးဆို့ကာ၍
ငါ့မှာမလိုက်နှိုင်တကား။
ခွင့်သာဆဲမို့၊ ခဲမည်ကြံလည်း
တွေးရန်တောရန်၊ စဉ်းစားရန်ဟု
ရန်ပေါင်းများစွာ၊ ဆီးဆို့ကာ၍
ငါ့မှာ မခဲနှိုင်တကား။
ခွင့်သာတုန်းမို့ ၊ ရုန်းမည်ကြံလည်း
ရေးရန်သားရန်၊ တင်ပြရန်ဟု
ရန်ပေါင်းများစွာ၊ ဆီးဆို့ကာ၍
ငါ့မှာ မရုန်းနှိုင်တကား။
(၁၉၈၄)
ကျွန်မတို့ မလိုက်နှိုင်သေး၊ မခဲနှိုင်သေး၊ မရုန်းနှိုင်သေးတွေ အများကြီး ကျန်ရှိနေသေးတယ်မဟုတ်ပါလားရှင်။
ဒီလိုဆီးဆို့ကာနေတာတွေ ဖယ်ဖို့ ရှားဖို့ အလွတ်ရုန်းဖို့ အားထုတ်ကြရင်းနဲ့ နေတောင်ဝင်တော့မှာပါလား။
39 comments
pooch
July 12, 2012 at 12:35 am
တီချယ်ရေ ဝေးလျက်ပင် ဆိုတဲ့ အသံလေးကို နားထဲမှာ အကျယ်ကြီး ကြားလိုက်ရသလိုပဲ။
ခုထိ မလိုက်နိုင် လိုက်မမှီနိုင်တာတွေ၊ မခဲနိုင် ၊ မရုန်းနိုင်တာတွေကလည်း တဖြည်းဖြည်း ပိုလိုတောင် များလာသလို ခံစားရတယ်။ တတောင်ထက် တတောင် ပိုလို့တောင် မြင့်လာသလို ပါပဲ။
စကားမစပ်ပါ တီချယ် ဓာတ်ပုံယူသုံးထားတဲ့ ဓာတ်ပုံဆရာကို ဆီမီနာ တခုမှာ တွေ့ခဲ့တာ ။ ကင်မရာတလုံးနဲ့ အလုပ်ရှုပ်နေတာတွေ့တာနဲ့ နှုတ်ဆက်ရမှာ အားနာလို့ မခေါ်ဖြစ်ခဲ့ဖူး။ မတော်…နှုတ်ဆက်လိုက်လို့ ဘယ်သူလဲခင်ဗျလို့ ပြန်မေးရင် မခက်ပေဘူးလားလို့။ 😀
TTNU
July 12, 2012 at 9:51 am
မပုချ်ရေ…
ငိုချင်တာလက်တို့လာပါနဲ့ မဲ့နေသူ ပြုံးအောင်ကူဖို့
တို့မယ်ပုရဲ ့ပခုံးကို ငှားပါလားအေ။
အဲဒီဓာတ်ပုံဆရာကြီးက တအား(ဖေးမတ်စ်)နေတော့
အဲလိုမေးချင်မေးနှိုင်တယ်။ 😛
မပုချ်ရေ..ပထမဆုံးစာလာဖတ်သူအဖြစ် ကျေးဇူးတင်ပါရစေ။
kotun winlatt
July 12, 2012 at 12:56 am
ရွှေပြည်တော်ရယ်….
မျှော်လေလည်းဝေးးးးးဆိုတဲ့ သီချင်းလေးကိုသတိရမိရဲ့..
ပြီးတော့ ..သွားရမည့်ခရီးကားဝေးသေး၏ ခြေသာလျှင်ယာဉ်ကုန်ရှိကြကုန်၏..
ဆိုတဲ့..စကားလေးတွေကို သတိရ…ပြီးတော့..ငါသည် ..ငါသည်..ငါသည်..ဝေးသေး၏။( တရားရရန်)
နောက်တော့..ငါသည်..ငါသည် ..မဝေးတော့( သေခြင်းတရားနှင့်..)ဟူသော အတွေးလေးများကို ခံစားမိလိုက်လေတော့သည်…။
TTNU
July 12, 2012 at 9:54 am
ကိုထွန်းဝင်းလတ်ရေ…
ရွှေပြည်တော်မျှော်လေတိုင်ဝေး လိုပဲ
တီချာတို့တွေ အသိနဲ့ သတိကပ်ဖို့ (အားမထုတ်သ၍)ဝေးနေတာနော်။
ဝေးသေး၏။( တရားရရန်)
မဝေးတော့( သေခြင်းတရားနှင့်..)
ဆိုတာလေး ကြိုက်တယ်။
အရီးခင်လတ်
July 12, 2012 at 5:21 am
တီချယ်ကြီး ရယ်
ဒီလိုမျိုး အသိလေး ထားပြီး နေနေနိုင်တာ ဟာလဲ နေ့စဉ် ဘဝ မှာ တန်ဖိုးရှိမယ် ထင်ပါတယ်။
ကိုယ့်ဟာကိုယ်အားပေးစကားက တရားရှာ ကိုယ်မှာတွေ့ ဆိုပြီးတော့ပေါ့။
ဒီလို ဆင်ခြေလေးတွေ နဲ့ ဘဲ သံသရာလွတ်ကြောင်းတရား တွေ လွတ်လွတ် ကုန်တာ။
ဒီလို နဲ့ ဓာတ်ပုံထဲ က နေဝင်/ထွက် ပုံလေးတွေ လိုဘဲ ဘဝ တွေ က သံသရာ ထဲမှာ ဝင်လိုက် ထွက် နဲ့။
ဝေးတာကို ဝေးမှန်း သိတာကဘဲ နီးဖို့လို့ မှတ်ထားလိုက်ပြီ တီတီကြီးရေ။
သတိပေး-ကဗျာ လေးအတွက် ကျေးဇူးပါရှင့်။ 🙂
ချစ်ခင်စွာဖြင့်
ဟား – ပြောရင်း အဲဒီပုံတွေ ကို “ဘဝ” ဓာတ်ပုံပြိုင်ပွဲ မှာ ဝင်ကြပါလား. 😛
TTNU
July 12, 2012 at 9:59 am
မလတ်ရေ…
မလတ်ပြောသလိုပဲ၊ (ဘဝ) ဆိုတာလေးကနေဝင် နေထွက်ဖြစ်စဉ်
အတိုင်းပဲနော်။
ဖြစ်ပေါ်လာလိုက်၊ ပျက်သုဉ်းသွားလိုက်။
ဒီဖြစ်စဉ်ထဲမှာ တီချာတို့တွေအားလုံး မိုက်မဲစွာ စံနစ်တကျ
ပေါလောမျောနေကြတာ။
🙄
aye.kk
July 12, 2012 at 7:16 am
တီတီနုရေ…
အင်မတန်တန်ဘိုးရှိတဲ့အသိအမြင်လေးတွေ..
တိုးပွားလို ့သိတ်ကိုကျေးဇူးတင်မိရပါတယ်ရှင်..။။
အလင်းဆက်
July 12, 2012 at 7:33 am
တီတီနု..ရေ..
ဆရာကြီးရဲ ့ကဗျာတွေ.က ကျွန်တော်တို ့အတွက်..ကျေးဇူးများစွာ..ပေးထားခဲ့တာပါ.။
အခုလို ပြန်လည်..ခံစား…တင်ပြ ပေးလို ့လည်း.ကျေးဇူးပါနော့ ။
MaMa
July 12, 2012 at 7:34 am
တီချာကြီးရဲ့ ပုံလေးတွေက လှပလွန်းလှသလို….
ဝေးလျှက်ပင် စာလေးကလည်း အတွေးတွေ အများကြီးပေးသွားတယ်။
ကျမတို့လည်း ရန်ပေါင်းများစွာ၊ ဆီးဆို့ကာ၍ မရုန်းနိုင်သေးပါဘူး။ 🙁
ဦးဦးပါလေရာ
July 12, 2012 at 7:56 am
တီချာရေ
ဒီပိုစ့်လေးကတော့
မေ့လျှော့တတ်တဲ့ကျွန်တော့်ကို
ပြန်သတိပေးလိုက်သလိုပါပဲ…။
လူမှု့ကိစ္စတွေကလဲ အသက်ကြီးလာလေ များလာလေနဲ့
ကိုယ့်စည်းရိုး ကိုယ်တိုင်ကာရင်း ကိုယ့်ကိုယ်ကိုပိတ်လှောင်နေမိခဲ့တာကြာခဲ့ပေါ့တီချာရယ်..။
ကိုယ့်ဝန်ထုပ်တွေ ကိုယ်တိုင်ဖြည့်ရင်း တနင့်တပိုးနဲ့ ဝန်ပိနေခဲ့တာလဲ ကြာလှပေါ့…။
ကြောင်လေး
July 12, 2012 at 8:11 am
တီချာကြီးတို့ အတွက် ဝေးလျှက်ပင်ဆိုရင်တော့
ကျနော်တို့အတွက် ပို၍ …..ပို၍…ဝေးလျှက်ပင်………..
ဖေ့ဘုတ်က စာသားလေးသတိရတယ်
မသွားပဲနီးလားသည်က သုဿာန်……
သွားလျှက်နဲ့ ဝေးနေသည်က နိဗ္ဗာန်…….
(တိပိဋကဓရ ယောဆရာတော်)
ရွှေ မင်း သား
July 12, 2012 at 8:12 am
ကျနော်နေမဝင်ချင်သေးဘူး…။
ကျနော် နေမဝင်ချင်သေးဘူး…။
ကျနော် နေမဝင်ချင်သေးဘူး…။
မလိုက်ရ မဖြစ် ရလေအောင်၊ မခဲရ မဖြစ်ရလေအောင်၊ မရုန်းရ မဖြစ်ရလေအောင် တီချယ်ကြီး ကြိမ်တုတ်နဲ့ရိုက်ပြီ သတိပေးနေသလား လို့တောင် တွေးမိပါတယ်။
ဘာလိုလိုနဲ့ နေမွန်းတည့်တော့မယ်။
တောသားလေး
July 12, 2012 at 8:34 am
တီတီနု..ရေ..့တားတားလည်း မလိုက်နှိုင်သေး၊ မခဲနှိုင်သေး၊ မရုန်းနှိုင်သေးတာတွေ အများကြီး ကျန်ရှိနေသေးတယ်
မောင်ပေ
July 12, 2012 at 9:14 am
နေထွက်ချိန်ကနေ စ လို့
ခရီးထွက်လာခဲ့တာ
သုံးပုံတစ်ပုံချိုး
အေးခဲ့ ပူခဲ့ နဲ့
ရယ်မောခဲ့သလို
ငိုလဲကြွေးခဲ့
နောက်ဆုံးဘူတာမှာ
သံသရာ ရထားမစီးရသေးခင်
ကျန်ခရီးကို
ငြိမ့်ညောင်းသာယာဖို့
ဉာဏ်အားအကုန်သုံးပြီး
ဆက်ရသေးတာပ
mamanoyar
July 12, 2012 at 9:22 am
အန်တီနုရေ စာလေးကိုဖတ်ရတာ
ရင်ထဲမှာ သတိတရားတစ်ခု ကျန်နေခဲ့တာတော့
အမှန်ပါပဲ
TTNU
July 12, 2012 at 10:06 am
မအေးကေရေ…
အကျိုးရှိသွားရင် ဝမ်းသာပါတယ်နော်။
🙂
အလင်းဆက်ရေ…
ဆရာကြီးမင်းသုဝဏ်စာပေမြတ်နိုးသူတစ်ယောက်မို့
လေးစားပါတယ်။
🙂
မမရေ…
အတွေးတွေအများကြီးရသွားပြီး ဆက်အားထုတ်ကြရအောင်နော်။
🙂
TTNU
July 12, 2012 at 10:22 am
ကိုပါရေ…
(ကိုယ့်စည်းရိုး ကိုယ်တိုင်ကာရင်း ကိုယ့်ကိုယ်ကိုပိတ်လှောင်နေမိခဲ့တာကြာခဲ့ပေါ့တီချာရယ်)
မှန်လိုက်တာ။ တကယ်တော့ ကျွန်မတို့ ကိုယ်တိုင်ကိုက မလိုက်ချင်၊ မခဲချင်၊မရုန်းချင်ဘဲနဲ့
ကိုယ့်ကိုယ်ကိုပိတ်ထားမိကြတာပါ။
ကိုပါပြောသလိုပဲ..ကိုယ့်ဝန်ထုပ်တွေ ကိုယ်တိုင်ဖြည့်ရင်း တနင့်တပိုးနဲ့ ဝန်ပိနေခဲ့တာလဲ
ကြာပြီ၊ တစ်သက်လုံးပေါ့။ ကိုယ်တိုင်တွန်းမချရက်နေတာနော။
🙂
ကြောင်လေးရေ…
တိပိဋကဓရ ယောဆရာတော် မိန့်ကြားတဲ့အတိုင်း မသွားပဲနီးလာသည်က သုသာန်
သွားလျက်နဲ့ ဝေးနေသည်က နိဗ္ဗာန် ဆိုတာတီချာတို့ အားလုံး စွဲစွဲမြဲမြဲ မှတ်ထားရမဲ့
အချက်ပါပဲ။ ကျေးဇူးပါကွယ်။
🙂
ရွှေမင်းသားရေ…
မွန်းတည့်ချိန်မှာနေမဝင်အောင် အားထုတ်ကြရမယ်။ အားထုတ်မှုရှိထားရင် ဘယ်အချိန်
နေဝင်ဝင် ကြောင့်ကျမှု လျော့နည်းသွားမှာပါ။
🙂
TTNU
July 12, 2012 at 10:28 am
တောသားလေးရေ…
အားခဲထားနော်။
🙂
ကိုပေရေ…
လှသောကဗျာလေးအတွက်ကျေးဇူးတင်ပါတယ်။
လေးစားသွားတာနဲ့ မောင်ပေကနေ ကိုပေလို့ ရေးလိုက်မိပါတယ်။
တီချာ့ ပိုစ်မှာ အခုလိုလှလှလေးမန်းပေးတဲ့အတွက် BC ရွေးပါရစေ။
🙂
နိုရာရေ…
သတိတရားလေးတစ်ခုကျန်ခဲ့ပြီ ဆိုလို့ ဝမ်းသာမိပါတယ်။
🙂
မောင်ပေ
July 12, 2012 at 1:11 pm
ဆရာမပို ့စ်ကိုဖတ်ပြီး
ကိုယ့်ဘဝကို သုံးသပ်မိသွားပါတယ်
လူတစ်ယောက်အချိန်ဘယ်လောက်ပေါများတယ်လို ့ထင်ထင်
အလုပ်မှာ အောင်မြင်မှုတွေ ဘယ်လောက်ရရ
လူ ့သက်တမ်းကို မေ့နေကြတာကို ကွက်ကွက်ကွင်းကွင်းပြန်မြင်အောင်
သံသရာအတွက် သတိရဖို ့
ဖတ်စရာ စာကောင်းတွေနဲ ့
သတိပေးလမ်းညွှန်ပေးတဲ့
ဆရာမ အား အထူးလေးစားကျေးဇူးတင်ပါတယ် ခင်ဗျား
ဘီစီ ရွေးခြယ်ပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ် ခင်ဗျား ။
weiwei
July 12, 2012 at 10:31 am
တီချာရေ ..
ကျွန်မကတော့ ဒုတိယအရွယ်မှာ တတိယအရွယ်စိတ်တွေဝင်နေပြီး နေဝင်တော့မလိုခံစားချက်တွေဖြစ်နေပြီ … လုပ်စရာတွေအများကြီးရှိပေမယ့် မလုပ်ချင်တော့ဘူး … ဘယ်လိုတရားကမှ ကျွန်မကို စိတ်ဓါတ်တက်ကြွလာအောင် နားမချနိုင်တော့ဘူးဖြစ်နေတယ် … နေ့ခင်းကြောင်တောင်မှာ အိမ်မောကျနေသလိုမျိုးလားမသိပါဘူး ….
TTNU
July 12, 2012 at 10:52 am
ဝေရေ…
ဒီလိုမဖြစ်ရပါဘူးကွယ်။ အသိလေးကပ်ပြီဆိုတာနဲ့ သိစိတ်ကို ဉာဏ်ဝင်လာမှာပါ။
နေဝင်တော့မှာကို သိတယ်၊ ချမ်းမြေ ့တဲ့ စိတ်ကလေးနဲ့ လက်ခံပေးရမယ်။
ဝေတို့အရွယ်မှာ လောကီရောလောကုတ္တရာပါ ဆောင်ရွက်ရင်း စိတ်ကလေးပျော်အောင်
နေပါကွယ်။ လောကီအပျော်တွေမဟုတ်တောင်မှ ကောင်းမှုအပျော်တွေနဲ့ ဖြည့်ပေးပါ။
ဘာမှမလုပ်ချင်တော့ဘူးဆိုတာက မိမိစိတ်ကိုမိမိထောင်းနေသလိုဖြစ်နေပါမယ်။
နေမဝင်ခင် အလုပ်ကလေးတွေပြီးအောင်ဆောင်ရွက်ဦးမှပါလို့တွေးကြည့်ပါလားဟင်။
တီချာဥပမာပြောပြမယ်။ တီချာတို့ အသက်အရွယ်ဟာ နေဝင်ချိန်ကို မြင်နေရပြီဆိုပါတော့။
(၇၅)နှစ်သက်တမ်းဆိုရင် နောက် (၁၂)နှစ်ပေါ့။ ဒီလောက်အသက်ရှည်ချင်မှလည်းရှည်မှာ။
ဒီနေမဝင်ခင်ကာလများမှာ ငါ ဘာတွေလုပ်ခဲ့နှိုင်မလဲဆိုတာ ကနဦးအတွေးပါ။
ကိုယ့်ဖို့ တွေ ရပ်ပြီး သူများဖို့တွေ များများ ပါလာသင့်ပြီ။ ရာဇဝင်မတွင်နှိုင်တော့ပေမဲ့
ကိုယ့်သမိုင်း ကိုယ်ရေးခဲ့နှိုင်အောင် အားထုတ်သင့်ပြီ။ စသဖြင့်ပေါ့ကွယ်။ သေတတ်ဖို့
အရေးကြီးပါတယ်။
တီချာလေ ကိုယ့် Obituary တောင်ရေးထားပြီး သားကိုပြထားတယ်။ အမေသေရင် မင်း
မရေးတတ်မှာစိုးလို့ လို့။
ဒီတော့ ဝေရေ… ချမ်းမြေ ့ပါစေနော်။
ချစ်ခင်တဲ့
တီချာ
weiwei
July 12, 2012 at 11:29 am
အားပေးလို့ ကျေးဇူးပါ တီချယ် …
တကယ်တော့ ရတာမလို လိုတာမရတဲ့ ခံစားချက်မျိုးပါပဲ … (အပျိုးကြီးခံစားချက်လဲ တစ်စိတ်တစ်ပိုင်းပါတာပေါ့လေ … 😛 )
လိုချင်တာကို မရနိုင်ရင် မလိုတာတွေကို မယူချင်တော့ဘူး …
ဘာကိုမှ လေးလေးနက်နက် မခံစားချင်တော့ပဲနဲ့ အလိုက်သင့်ပျော်အောင်နေရင်းကနေ ဖြစ်လာတဲ့ စိတ်ကျရောဂါတစ်မျိုးပဲ ဖြစ်မယ်ထင်ပါတယ် …
အပြောင်းအလဲဖြစ်သွားအောင် မင်္ဂလာဆောင်ပစ်လိုက်ရင် ကောင်းမလားလို့ တွေးမိပေမယ့် ……. 🙂
TTNU
July 12, 2012 at 10:32 am
“ဓာတ်ပုံဆရာကြီးဦးပေါက် နှင့် ဦးစိန်သော့” တို့ရေ…
ဘာသံမှမကြားပါလား။ ဓာတ်ပုံတွေအတွက် ရပါတယ်။ယူသုံးပါ။ ကိစ္စမရှိပါဘူး။
စသဖြင့်လည်း ရီပလိုင်း မလုပ်ကြဘူး။
ဟလို??? ဟလို???
🙄 🙄 🙄
ကိုပေါက်(မန္တလေး)
July 12, 2012 at 11:12 pm
ဒုတိယအကြိမ်ပြန်မန်းရတာမာမီ.
ကျနော်ဓါတ်ပုံတွေကို မာမီစိတ်တိုင်းကျသုံးနိုင်ပါကြောင်း။
ကြိုတင်ခွင့်ပြုထားပါ၏။
မာမီရေ ကျနော်ကတော့ အချိန်မရှိတော့ဘူးလို့ ယုံကြည်တာကြောင့်
ရသမျှအချိန်လေးမှာ စာရေးပုံရိုက် ရသလောက်လုပ် ရသလောက်တင်နေပါကြောင်း။
ကြည်ဆောင်း
July 12, 2012 at 11:15 am
ခေတ်စမ်းကဗျာလို့များခေါ်ကြသလားတော့ သိပ်မမှတ်မိတော့ပါဘူး ….
ဆရာကြီး မင်းသုဝဏ် ၊ ဆရာကြီး ဇော်ဂျီ တို့ရေးတဲ့ ကဗျာတွေက တစ်ပုဒ်ဆို တစ်ပုဒ် ရင်ထဲသိပ်ထိတယ်နော် …
မျှဝေပေးတဲ့အတွက် ကျေးဇူးပါတိချယ်ကြီးရှင့်
လေးစားမှုဖြင့်
မကြည်ဆောင်း
ခပ်မိုက်မိုက် ကောင်မလေး
July 12, 2012 at 11:17 am
ပုံလေးကလည်း သဘာဝကျကျနဲ့…
လှလှပပလေးဖြစ်ပြီး…
စာသားလေးလည်း ကောင်းပါတယ်…
ကဗျာလေးလည်း အမှတ်ရသွားပါတယ်နော်…
နေထွက်ချိန်တွေအစပြုလို့….
နေဝင်ချိန်တောင် ရောက်ခဲ့ပြန်ပေါ့…
ဝေးလျက်နဲ့ပင်…နီးလာပြန်ပေါ့….
ဘဝဆိုတာ ခဏလေး…..
အချိန်ကို အကျိုးရှိရှိအသုံးချသင့်၏…။။။။။
kyeemite
July 12, 2012 at 1:55 pm
ရန်ပေါင်းများစွာ၊ ဆီးဆို့ကာ၍
ကြီးမိုက် မလိုက်နှိုင်တကား။
ကြီးမိုက် မခဲနှိုင်တကား။
ကြီးမိုက် မရုန်းနှိုင်တကား။..လို့ပဲပြောရပေအုံးမှာပါ..တီချယ်ခင်ဗျာ..
ငယ်သူငယ်ချင်း တောထွက်ဘုန်းကြီးတစ်ပါးက ကြီးမိုက်ကို ကဗျာလေး
ရွတ်ပီးဆုံးမပါတယ်..
တစ်နေကွယ် သေနယ်သို့တစ်ခါကူး
မေ့ရော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အကြိမ်များရင်ဖြင့်
သေနယ်ရွာ တစ်ကြိမ်လားရမယ်
တားမရဘူး… တဲ့……
ဒါပေမဲ့လဲ..ဒီနေ့ထိ ကြီးမိုက် ဘာမှ မလုပ်ဖြစ်သေးပါဘူး..
amatmin
July 12, 2012 at 3:03 pm
တီချယ်ရေ..မင်္ဂလာပါဗျ..
စိတ်ညစ်ညူးနေတဲ့ချိန်မှာ ဖတ်မိလို့လားမသိပါ..
ကွက်တိခင်ဗျ..ကွက်တိပါ..
အသက်ရှင်နေတုန်းလေး အခိုက်မှာ လုပ်နိုင်တာကတော့
ကိုယ်ပိုင်တဲ့စိတ်ကို ဖြူစင်ကောင်းမွန်စွာမွေးမြူမှ ဆိုတဲ့
အတွေးတော့ဝင်သွားပါတယ်.. (ပိုမြင်လာပါတယ်)..
ကျေးဇူးပါ..တီချယ်ရေ.
manawphyulay
July 12, 2012 at 4:10 pm
တီချယ်ရေ… တကယ့် အနှစ်သာရတွေပါပဲ။ ဖတ်လို့ကောင်းသလို ဆရာကြီး မင်းသုဝဏ်ရဲ့ စာသားလေးတွေကလည်း ငယ်ငယ်ထဲက ခုချိန်ထိ သတိရ အမှတ်ရဆဲပါပဲ။ ခွင့်သာခိုက်မှာ လိုက်ချင်ပါတယ် ရှင်။
shwe kyi
July 12, 2012 at 4:24 pm
1984 ဆိုတော့ရွှေကြည်မွေးခုနှစ်ပဲ။ နှစ်ပေါင်း 28 ရှိပြီပေါ့နော်။ အခုမှဖတ်ဖူးတာ။
တီချယ်လို့ပဲအများခေါ်သလိုခေါ်ပါရစေ တီချယ် ကျေးဇူးပါနော်။ နေဝင်ချိန်ရောက်မှာကြောက်တယ်။
ကြိုးစားပြီးရုန်းကြည့်ရမှာပဲ။
နှင်းဆီ ငုံ
July 12, 2012 at 4:57 pm
ရွှေပြည်တော်ရောက်နိုးနိုးနဲ့ …
တစ်မိုးတော့သောက်ပြန်ပြီ …
ရှေ့ဆက်လို့ချီ ….
အရှေ့ဆီ ရောင်နီကပြေးပြေး …
ပန်းတစ်ရုံ လွမ်းပုံဆင့် … ပန်းပွင့်ကမွှေးမွှေး ….. ဆိုသလို အရှေ့မှာ ပန်းပွင့်တွေပဲရှိမယ်ထင်နေတာ ၊ နေဝင်ချိန်တွေကို သတိမထားလိုက်မိဘူး ၊ နေထွက်ချိန်ကိုပဲတွေးနေမိလို့ ၊ ခုလိုအမြင်လေးရလာအောင် တင်ပြပေးတဲ့ တီချယ့်ကို အရမ်းကျေးဇူးတင်ပါတယ်ရှင် … …. ….
မစ္စတာ တောက်တဲ့
July 12, 2012 at 10:16 pm
တီချယ်ကြီးခင်ဗျာ ..
တီချယ်ကြီး ရေးပြတဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ “ဝေးလျက်ပင်” ဆိုတဲ့ ကဗျာလေးကို ဖတ်ပြီး ဆရာတော်နဲ့ ဆရာကြီးကို ဦးထိပ်မှာတင်လို့ ကျနော့်လည်း ကဗျာတစ်ပုဒ်ကို စမ်းပြီး ရေးလိုက်မိပါတယ် ခင်ဗျာ … ။
” ….
မလိုက်နိုင် ကျန်ခဲ့မယ်ကွယ်
ချည်ထားတဲ့ကြိုး မတိုးခင်က
ဖြည်ထားနိုင်မှ တော်ရာကျမယ် ..
မခဲနိုင် ယိုင်နဲ့မယ်ကွယ်
တိုးလာတဲ့ကြိုး ထပ်မတိုးခင်
အရိုးကို မခင်တွယ်ဘဲ
တကယ့်အကျိုး မြင်စေဦးကွယ် …
မရုန်းနိုင် ကဲ့ရဲ့စဖွယ်
ဒီနွံမှာနစ် သံသရာစစ်သည်
ငါတော့မှားပြီ သိပါသော်လည်း
ဟိုအရေး ဒီအရေးရယ်ကြောင့်
မရုန်းနိုင် မှိုင်ကာတွေက
ရွှံ့ရနံ့သာ နှာမှာကြိုင်မယ်
နွာခြေရာ ပင်လယ်မထင်ပါနဲ့
အမြင်မှာ မနီးပေမယ့်
ဟော .. ဟိုမှာ
နေတောင် ဝင်တော့မယ်ကွယ် …………. ။
…”
ခင်မင် လေးစားစွာဖြင့်
အံစာတုံး
TTNU
July 12, 2012 at 11:02 pm
မောင်အံစာရေ…
နာမည်အသစ်နဲ့လူပါလား။
ကဗျာလေးကို တီချာ့ ကဗျာစုဆောင်းရေးတပ်ထဲမှာ
ကူးယူလိုက်ပြီနော်။ ခေါင်းစဉ်ပေးဦးလေ။
(နွားခြေရာ ပင်လယ်မထင်ပါနဲ့
အမြင်မှာ မနီးပေမဲ့
ဟော .. ဟိုမှာ
နေတောင် ဝင်တော့မယ်ကွယ် ……)
I was touched at this point.
ကဗျာလေးအတွက် အထူးကျေးဇူးတင်ပါတယ်သားရေ။
😀
TTNU
July 12, 2012 at 10:38 pm
မကြည်ဆောင်းရေ…
ဟုတ်တယ်ကွဲ၊ ခေတ်ဆန်းကဗျာတွေပါ။
ရင်ကိုလာမှန်တဲ့ လောကရဲ ့ကိုယ်စားလည် မြားတွေပေါ့။
🙂
ခပ်မိုက်မိုက် ကောင်မလေးရေ…
ဘဝကို ခပ်မိုက်မိုက်လေးအောင်ပွဲဆင်နှိုင်ပါစေ။
🙂
ကိုကြီးမိုက်ရေ…
ရန်ပေါင်းများစွာ၊ ဆီးဆို့ကာ၍
ကြီးမိုက် မလိုက်နှိုင်တကား။
ကြီးမိုက် မခဲနှိုင်တကား။
ကြီးမိုက် မရုန်းနှိုင်တကား။
ဆိုပေမဲ့ ဒီဝါကျတွေနောက်မှာ ကိုကြီးမိုက်ရဲ ့
ခွန်အားတွေ မြင်နေရပါတယ်ရှင်။
🙂
TTNU
July 12, 2012 at 10:54 pm
အမတ်မင်းရေ…
စိတ်ညစ်စရာတွေ ပျောက်ပါစေ။
သင့်စိတ်ကလေးဖြူအောင်လုပ်နှိုင်သူက
သင်မှတစ်ပါး အခြားမရှိ..တဲ့။
🙂
မနောရေ…
လိုက်ခဲ့ပါကွယ်။
🙂
ရွှေကြည်ရေ…
ငယ်သူမို့ မသိပါမဟုတ်ဘဲ သိလာတာအမြတ်ပေါ့ကွယ်။
🙂
ငုံရေ…
(အရှေ့မှာ ပန်းပွင့်တွေပဲရှိမယ်ထင်နေတာ ၊
နေဝင်ချိန်တွေကို သတိမထားလိုက်မိဘူး ၊
နေထွက်ချိန်ကိုပဲတွေးနေမိလို့ ၊) ဆိုတဲ့ အတွေးလေးကို
နှစ်သက်မိပါတယ်။
🙂
ကိုပေါက်(မန္တလေး)
July 12, 2012 at 11:08 pm
ကျနော်ကော်မင်းလေးပျောက်သွားပြီ ပြန်ရှာပေးကြပါ.
padonmar
July 12, 2012 at 11:49 pm
တီချာကြီးရှင့်
ဒီကဗျာက ကိုယ့်ကို တည့်တည့်ရေးလေသလားတောင်ထင်မိပါရဲ့။
နေ့စဉ် ပဋ္ဌာန်းလေးပူဇော်မယ်။နေ့စဉ် သမာဓိရအောင် တရားထိုင်မယ် ၊
ဘယ်လိုပင် စိတ်တွေကူးပေမယ့် ကိုးနတ်ရှင်လေးခွင့်ပေးတုန်း
ခေတ်နောက်မကျန်အောင် သတင်းလေးဖတ်အုံးမှ
၊ခေတ်အခြေအနေကိုကြည့်ပြီး ဝေဖန်လေကန်အုံးမှ
၊အပေါင်းအသင်းတွေရဲ့ စာလေးဖတ်အုံးမှ၊
…..အဲဒီအထွေထွေတွေနဲ့
ကျမလည်း ဝေးလျက်ပင်……
(ကုသိုလ်မှတ်တမ်း ပြက္ခဒိန်မှာလည်း ကြက်ခြေခတ်တွေ များလှပါပြီ၊ဒါကြောင့် ဂေဇက်နဲ့တော့ အဆက်ဖြတ်မှဘဲ စဉ်းစားပြန်တော့လည်း အကြိုက်ဆုံးဆုရွေးပေးရအုံးမယ်တဲ့၊တစ်နေ့ကို ၃၆နာရီသာ ဖြစ်စေချင်တော့တာပါဘဲရှင့်)
blackchaw
July 13, 2012 at 12:06 am
တီချယ်ကြီးရေ။
နောက်ကျစွာ ကွန်းမန့်ပေးမိတဲ့ အတွက် ခွင့်လွှတ်ပါ ။
အခုလို သတိလေး တွေ ပေးပေးနေတဲ့
တီချယ်ကြီးကိုလည်း ကျေးဇူးအထူးပါခင်ဗျာ…။
တပည့် ဘလက်…။
ကြောင်ကြီး
July 13, 2012 at 10:42 am
ဝေးလျက်ပင်
ဆေးဖက်ဝင်
တေးထပ်မြင်
သေးထွက်ချင်…