“အားသွားပြီလားသူငယ်ချင်း”
မဖြေနိုင်မှန်းသိသော်လည်း
သူငယ်ချင်း
မင်းငါဆုံခိုက်
ဘုရားလိုက်ဖို့
ငါတိုက်တွန်းငြား
မင်းပြောကြားခဲ့
မအားသေးဘူး
နောက်မှကွယ်။
ဥပုသ်နေ့၌
ကျောင်းကိုလိုက်ဖို့
ငါတိုက်တွန်းငြား
မင်းပြောကြားခဲ့
မအားသေးဘူး
နောက်မှကွယ်။
ဆိတ်ငြိမ်နေရာ
အေးရိပ်သာ၌
အာနာပါန
ရသမျှကို
သွင်းပရှုရှိုက်
အတူလိုက်ဖို့
ငါတိုက်တွန်းငြား
မင်းပြောကြားခဲ့
မအားသေးဘူး
နောက်မှကွယ်။
ဟိုတစ်နေ့က
မအားနေရင်း
သူငယ်ချင်းဟာ
သေမင်းခေါ်ရာ
မငြင်းသာပဲ
လိုက်ပါသွားရရှာလေပြီ။
ကိုယ်ခေါ်စဉ်က
ငြင်းလို့ရလည်း
ခုမှ မငြင်း
လိုက်သွားခြင်းကြောင့်
ရင်တွင်းစကား
ဆိုမိငြားသည်
အားသွားလို့လား..သူူငယ်ချင်း…။
ဒီသံဝေဂ ကဗျာလေးကို မြောက်ဦးဆရာတော် တရားဟောတုန်းက ထည့်ဟောသွားခဲ့ပါတယ်။
တရားနာနေတုန်းဆိုတော့ အကုန်မှီအောင်လိုက်ချမရေးဖြစ်ခဲ့ပါဘူး။ (မအားသေးဘူးနောက်မှ
ကွယ်) ဆို်တဲ့နေရာလေးရယ်၊ (အားသွားလို့လား..သူူငယ်ချင်း) ဆိုတဲ့ နေရာလေးနှစ်ခုကိုတော့
မှတ်မိလိုက်တယ်။
မနေ့ကမှ သားယူလာပေးလို့ အစအဆုံးဖတ်ရတော့တယ်။ ဓမ္မဒါန က (ကိုတူး+မစန်း)
City Boys ဆိုင်ကယ်အပိုပစ္စည်းကပါ။ သူတို့က အသေအချာကို ပလတ်စတစ်လောင်းပြီးဝေငှ
လှူဒါန်းကြတာပါ။ (ကျေးဇူးတင်ပါတယ် ကုသိုလ်ရှင်တို့ရေ။)
ကျွန်မတို့တစ်တွေ ဒီလိုပဲ (မအားသေးဘူး နောက်မှကွယ်) ဆိုတဲ့ စကားစုလေးကို မကြာခဏ
ဆိုသလို ပြောမိကြပါတယ်။ အထူးသဖြင့် ဘုရားသွားဖို့၊ တရားစခန်းဝင်ဖို့၊ စသဖြင့်တို့ဆိုရင်ပေါ့
နော်။ အကြောင်းပြစရာတွေကလည်းတစ်ပုံကြီး၊ အဆင်မပြေသေးတာတွေလည်းအများကြီးပါ့။
“နောက်မှ” ဆိုတဲ့ စကားကိုသုံးရင် ကျွန်မတို့အမေ ကျွန်မတို့ကို ဆူလေ့ရှိပါတယ်။ ကျွန်မတို့က
လည်း ပျင်းတိုင်း၊ အခုချက်ချင်းမလုပ်ချင်တိုင်း “နောက်မှလုပ်မယ်” လို့ ဆင်ခြေပေးတတ်ကြ
တာလေ။ အမေပြောလေ့ရှိတဲ့ စကားတစ်ခုသွားသတိရမိတယ်။ “နောက်မှ ဆိုရင် ကန်စွန်း
ရွက်ကတောင် ရယ်သတဲ့”။ နားမလည်ပါးမလည်နဲ့ ကျွန်မတို့တွေ အမေ့စကားကို ပြန်ရယ်ကြ
တယ်။ ကန်စွန်းရွက်က လူမှမဟုတ်ဘဲ ဘယ်လိုလုပ်ရယ်မှာလဲ..ပေါ့။
အမေရှင်းပြတာကတော့..
ပျင်းတတ်တဲ့ လူတွေက တစ်ခုခု လုပ်မဲ့အရေး မလုပ်ဖြစ်ဘဲနဲ့၊ နေ့ရွှေ ့ ညရွှေ ့ ရွှေ ့တတ်ကြ
တယ်။ တစ်ခါမတော့ လယ်ကန်သင်းရိုးပေါက်နေတဲ့ ကန်စွန်းပင်တွေသန်နေတာတွေ့တော့
တစ်ယောက်က ခူးရအောင်ဆိုတော့ နောက်တစ်ယောက်က နောက်မှလို့ ဖြေသတဲ့။ ဒီတော့
ကန်စွန်းရွက်က နောက်မှလာခူးရင် သူများဦးသွားပြီပေါ့ဟဲ့လို့ ပြောပြီး ရယ်တာတဲ့။ အင်း ပုံပြင်
ဆိုတော့လည်း အားလုံးက စကားပြောတတ်၊ ရယ်တတ်မှပေါ့လေ။
ကျွန်မတို့လည်း လုပ်စရာရှိတာလေးတွေ နေ့ရွှေ ညရွှေ ့ လုပ်ရင်းနဲ့ အလုပ်တွေတောင်ပုံ ယာပုံ
ပုံလာတော့မှာ ညမအိပ် နေ့မအိပ် လုပ်နေကြတာလက်တွေ့ပါပဲ။ အားကုန်တော့မှ အင်နာဗွန်စီ
အစွမ်းတွေ ဘာတွေ လျှောက်လုပ်နေကြတာလေ။ အလုပ်အကြွေးတွေတင်နေတဲ့အခါ လူရော
စိတ်ရော ပင်ပန်းပါတယ်။ နောက်တစ်ခါဆိုရင် တစ်နေ့ အလုပ်တစ်နေ့ ပြီးအောင်လုပ်ပါတော့
မယ်လို့ စိတ်ကူးကြတယ်။ နောက်တစ်ခါကျတော့လည်း “နောက်မှလုပ်မယ်” ဆိုတဲ့ စကားကို
လှိုင်လှိုင်ကြီးသုံးပြီး နားမိပြန်ရော မဟုတ်ပါလား မိတ်ဆွေ။
“မအားသေးဘူး” ဆိုတဲ့ စကားလေး စဉ်းစားကြည့်ကြရအောင်နော်။ တကယ်မအားသေးတာ
ရှိသလို၊ တစ်ခါတစ်လေမှာ အားတော့အားတယ်၊ စိတ်မအားနေတာမျိုး ဖြစ်တတ်ပါတယ်။
(ဃရာဝါသ၊ သမ္ဗာဓဟု၊ ကိစ္စများမြောင်၊ လူတို့ဘောင်၌၊ အိမ်ထောင်သားမွေး၊ ခြနှယ်မြေးသား၊
လူရေးကျယ်စွာ၊ အဖြာဖြာ…) လို့ဆိုထားတဲ့အတိုင်း အရှုပ်တွေလုပ်မိလို့ အလုပ်တွေရှုပ်နေကြ
ရတဲ့ ဘဝတွေ မဟုတ်ပါလား။
ကျွန်မရဲ ့ ပုဂ္ဂိုလ်ရေးရာအမြင်လေးတစ်ခုပြောပြချင်ပါတယ်။ ဘုရားလိုက်ဖို့၊ ဥပုသ်နေ့၌
ကျောင်းကိုလိုက်ဖို့၊ ဆိတ်ငြိမ်နေရာ အေးရိပ်သာ၌ အာနာပါန ရသမျှကို သွင်းပရှုရှိုက်
အတူလိုက်ဖို့၊ ဒီလို ဓမ္မမိတ်ဆွေဖိတ်ခေါ်ရာကို ကုသိုလ်မျိုးစေ့ချဖို့ သွားချင်တဲ့စိတ်ဟာ မိမိရဲ ့
စိတ်ထဲမှာ “မအားသေးဘူး” ဆိုတဲ့ ဆင်ခြေလေးတစ်ချက်ရှိလိုက်တာနဲ့ “နောက်မှကွယ်”
ဆိုတဲ့ ငြင်းဖို့စကားထွက်လာတော့တာပါပဲ။ အဲဒီနောက်တော့ “မအားသေးဘူး” အတွက်
ပံ့ပိုးထောက်ကူမဲ့ ရောင်စုံဆင်ခြေ ဆင်လက်တွေ တန်းစီ၊ နေရာယူ၊ အသင့်ပြင်၊ ပြီးတာနဲ့
(၁) တရားစခန်းဝင်ချင်တာလေ နေပူလို့။
(၂) ဥပုသ်စောင့်ချင်တာလေ အစာအိမ်နာတတ်လို့။
(၃) တရားလာထိုင်မလို့ကို အိမ်က အဒေါ်နေမကောင်းလို့ ကိုယ်တိုင်ချက်ပေးနေရလို့။
(၄) ဘုရားလိုက်မလို့လေ လာခါနီးမှ ငွေခံရောက်လာတာ မအားတော့လို့။
(၅) တရားစခန်းက လူတွေများနေလို့။
(၆) တရားစခန်းဝင်နေတုန်း မီးရေးထင်းရေးဆိုရင် အိမ်မှာလူမရှိလို့။
စသဖြင့်…စသဖြင့်…စသဖြင့်….။
ကျွန်မကိုယ်တိုင်လည်း “မအားသေးဘူး၊ နောက်မှကွယ်” အဖွဲ့ထဲမှာပါပါတယ်။ပြုပြင်ရဦး
မှာပါ။ ဘာမှပြည့်ပြည့်စုံစုံ မလုပ်ရသေးဘဲနဲ့ ခရီးဝေးကြီးကို ထွက်မသွားချင်သေးပါဘူး။
ဒါပေမဲ့လေ မငြင်းသာပဲ လိုက်ပါသွားရမဲ့ တစ်နည်းအားဖြင့် “အားသွားပြီလားသူငယ်ချင်း”
ဆိုတဲ့မေးခွန်းကိုဖြေရမဲ့ ရက်၊ အချိန်တို့ကို ကျွန်မတို့ ရွေးနှိုင်ခွင့်ရှိကြမှာမို့လို့လား၊
ရှောင်နှိုင်ကြမှာမို့လို့လား။
မရွေးနှိုင်၊ မရှောင်နှိုင်သေးကြတာမို့ အခုကတည်းက “မအားသေးဘူး၊ နောက်မှကွယ်” အဖွဲ့ထဲ
ကထွက်၊ ကိုယ်ပိုင်ပါသွားမဲ့ ဘာဝနာပစ္စည်းထုပ်လေးကို “အားသွားပြီလားသူငယ်ချင်း”
မေးခွန်းလေးဖြေတဲ့ အချိန်မှာ အပိုင်ယူသွားကြပါစို့။
47 comments
စိန်ဗိုက်ဗိုက်
July 18, 2012 at 6:59 pm
ကျော်လဲ ပျင်းလို ့မလုပ်ချင်ရင် နောက်မှ၊ အေးဆေးပေါ့ ဆိုပြီး အကြောင်းပြလေ့ရှိသဗျ…
ခုတောင် နောက်မှ အေးဆေး ကွန်းမန် ့ဝင်ပေးမလား စဉ်းစားနေတာ ရှဲ့ငါးမိနစ် ကြာသွားတယ်…
ဟီး.ဟီး..
TTNU
July 18, 2012 at 7:05 pm
ဗိုက်လေးရေ..
မောင်ရင့်ကို ကနဦးစာလာဖတ်သူအဖြစ်ကျေးဇူးတင်ပါရစေ။ 🙂
အားသွားတဲ့အခါ အကြောင်းကြားပါနော်။ 😥
နောက်တာပါ။
အလင်းဆက်
July 18, 2012 at 7:01 pm
ကျွန်တော်လည်း..မအားသေးဘူး…ကွယ်..နောက်မှ.. အုပ်စု ထဲမှာ..ပါ နေပါတယ် ..
တီတီနုရေ… ရေးသင့် တဲ ့ အရေး..မို ့..တွေးသင့်လို ့ တွေး သွားးမိပါပြီ။
လေးစားစွာ..
အလင်းဆက်
TTNU
July 18, 2012 at 7:07 pm
ကိုအလင်းဆက်ရေ…
တွေးသွားတဲ့ အတွေးတွေအတွက်
ကျေးဇူးတင်ပါတယ်။
ပြီးတော့ နောက်မှ ဖတ်မယ်စိတ်မကူးဘဲ
အခုဖတ်ပေးတဲ့ အတွက်လည်း
ကျေးဇူးတင်ပါတယ်။
🙂
ရာဇဝင်လူဆိုး
July 18, 2012 at 7:33 pm
တီတီရေ..ကိုယ့်ကိုကိုယ်ပြန်ဝေဖန် ရရင်ဖြင့် မအားသေးဘူးဆိုတဲ့ အကြောင်းပြချက်တိုင်းရဲ့၃ ချိုးတစ်ချိုးက
တကယ်ကို မအားလို့။ နောက်တစ်ချိုးက မအားတစ်အားလေး(တကယ် အားအောင်လုပ်ရင် လုပ်နိုင်ပါတယ်။
နောက်ဆုံးတစ်ချိုးကတော့ ပျင်းလို့ကို မအားချင်ယောင်ဆောင် လိုက်တာတွေရှိပါတယ်.။။ 😛
TTNU
July 18, 2012 at 9:13 pm
ရာဇဝင်လူဆိုးရေ..
(၁) တကယ်မအား
(၂)မအားတအား
(၃) ပျင်းလို့မအားချင်ဟန်ဆောင်
ဒီသုံးခုလုံးမှာ အကြောင်းပြချက်တွေရှိမှာပါ။
မောင်ပေ
July 18, 2012 at 8:03 pm
ဆရာမကြီးတို ့အသက်အရွယ်ရောက်တဲ့အခါမှာ
တရားဓမ္မ ၊ သံသရာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းများကို
အေးအေးလူလူ ရှာဖွေ ကျင့်ကြံ အားထုတ်နိုင်ဖို ့ရန်
ယခုအခါမှာ
စီးပွားကောင်းကောင်းရှာရပါမည်။
Foreign Resident
July 19, 2012 at 1:56 am
” ဆရာမကြီးတို ့အသက်အရွယ်ရောက်တဲ့အခါမှာ
သံသရာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တရားဓမ္မ များကို ၊
အေးအေးလူလူ ရှာဖွေ ကျင့်ကြံ အားထုတ်နိုင်ဖို ့ရန် ”
ဟုတ်သေးဘူး ကိုပေ ရဲ့ ။
တရားဓမ္မ ကို တကယ် ( တကယ် ) ကျင့်ချင်ရင် စောစောကျင့်ရတယ် ။
၄ဝ မကျော်သေးရင် အကောင်းဆုံးပဲ ၊ ဝေဒနာ ကို ခံနိုင်ရည် ရှိတယ် ။
အိုမင်းမစွမ်း အဖိုးကြီး တစ်ယောက် တရားကျင့်တာ နှင့် ပါတ်သက်ပြီး ၊
ဘုရားဟောခဲ့တဲ့ ဇတ်တစ်ခုတောင်ရှိခဲ့တယ် ။
၂ဝ မှာကျင့်ခဲ့ရင် ရဟန္တာ ဖြစ်ခဲ့မှာ ၊
၃ဝ မှာကျင့်ခဲ့ရင် အနာဂါမ် ဖြစ်ခဲ့မှာ ၊ စသဖြင့် ။
အခု အိုမင်းမစွမ်းမှ ကျင့်တော့ နောက်ကျသွားပြီ ။ စသဖြင့် ။
snow white
July 18, 2012 at 8:06 pm
အားပါတယ်တီတီရယ် လုပ်ချင်စိတ် မရှိတာ ရယ် ငွေ စိတ်တကဖြစ်နေတော့ တရားဘဝနာမလုပ်ဖြစ်သေးဘဲ အလုပ်ကိုသာကြိုးစားလုပ်နေပါတယ်။။ အားသွားလို့တော့ မဖြစ်သေးဘူး မိဘကို ရှာကျွေးရအုံးမယ် တီတီရယ်။။
ဦးဦးပါလေရာ
July 18, 2012 at 8:21 pm
တီချာရေ-
အင်မတန်ကောင်းတဲ့ ကဗျာလေးပါဗျာ..
ဝေမျှတဲ့အတွက် ကျေးဇူးတင်ကြောင်းလေး ပြောပါရစေ..။
တကယ်တော့ ကျွန်တော်တို့တွေမှာ
ကိုယ့်ကိုယ်ကိုပေးထားတဲ့ အလုပ်တွေ တာဝန်တွေ ကိစ္စတွေ တပုံတပင်ကြားမှာ
အမြဲနစ်မြုတ်နေကျပါ…။
အဲသည် အလုပ်တွေ တာဝန်တွေ ကိစ္စတွေကတော့ ကုန်သွားစရာမရှိဘူး..
ကိုယ်မလိမ္မာရင် မလိမ္မာသလောက် တိုးပဲ တိုးလာလိမ့်မှာလို့ ထင်မိပါတယ်..။
အလုပ်တွေကုန်အောင်မလုပ်နိုင်ရင်လဲ
လုပ်နိုင်သလောက်ထဲက ရွေးလုပ်မှပဲ ဖြစ်မှာထင်ပါရဲ့…
စကားမစပ်-
ကျွန်တော်ကြားနာဖူးတာလေးတခုမှာ
အရတ္တမဂ် ဉာဏ် ကို ရရှိပြီးလို့ ပစ္စဝေက္ခဏာဉာဏ်နဲ့ဆင်ခြင်တဲ့အခါ
“ ပြုဖွယ်ကိစ္စ ကုန်ပြီ ” … လို့ ဆင်ခြင်မိတယ်ဆိုတဲ့ စကားလေးကို
သိပ်သဘောကျမိတာပဲ…. တီချာရေ…
ကျွန်တော်ကိုယ်တိုင်လည်း
“မအားသေးဘူး၊ နောက်မှကွယ်” အဖွဲ့ထဲမှာထိပ်ဆုံးကပါတာမို့
ဒီပိုစ့်လေးကိုဖတ်ပြီး ကိုယ့်ကိုယ်ကို သတိပေးရပါတယ်။
ကျေးဇူးပါ တီချာရေ…..။
TTNU
July 18, 2012 at 8:48 pm
စနိုးရေ..
လုပ်ချင်စိတ် မရှိတာ အတွက်ကတော့
ဘာမှ အကြံပေးစရာမရှိပါကွယ်။
မိဘကို ရှာကျွေးရအုံးမယ် တီတီရယ်ဆိုတာလေးကိုက
ခင်ပွန်းကြီး(၁၀)ပါထဲကနှစ်ပါးအတွက် တာဝန်ကျေနေပါပြီ။
🙂
TTNU
July 18, 2012 at 9:08 pm
ကိုပါရေ…
(အလုပ်တွေကုန်အောင်မလုပ်နိုင်ရင်လဲ
လုပ်နိုင်သလောက်ထဲက ရွေးလုပ်မှပဲ ဖြစ်မှာထင်ပါရဲ ့)
ဟုတ်တယ်နော်။
ကျွန်မတို့နေ့စဉ်ဘုရားရှိခိုးရင်
“ငါသည် မုချမသွေ သေရပေမည်။ အသေမဦးခင် ဉာဏ်ဦးအောင်
ကြိုးစားပါတော့မည်” လို့ စိတ်သွင်းရတာလေ။
“ ပြုဖွယ်ကိစ္စ ကုန်ပြီ ” ဆိုတဲ့အဆင့်ကို ဒီဘဝမှာမရနိုင်သေးဘူးဆိုတာ
သိထားပါတယ်။ နောက်တစ်ဘဝမှာ အပါယ်လေးဘုံ မရောက်ဖို့ရယ်၊ ထေရဝါဒ
ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ရယ် အားထုတ်ကျင့်ကြံရမှာလို့ ကျွန်မနားလည်သလောက်ပြော
ချင်ပါတယ်။
တရားစခန်းဝင်မှ၊ ဥပုသ်စောင့်မှ၊ နေ့စဉ်အားထုတ်တရားထိုင်နေမှ မဟုတ်ပါဘူး။
ဒီခန္ဓာကြီးကို ခုံမင်တွယ်တာလွန်းနေရင် သက္ကာရဒိဌိတွေရစ်ပတ်နေပြီပေါ့။
ဒါတွေဖြည်းဖြည်းချင်းလျှော့ချနေရင်ကိုပဲ ဟုတ်နေပါပြီ ကိုပါရယ်။
မဟာရာဇာ အံစာတုံး
July 18, 2012 at 8:44 pm
တီချယ်ကြီး ခင်ဗျာ ..
တီချယ်ကြီးပြောတဲ့ နောက်မှ ဆိုတာနဲ့ ပတ်သက်ပြီး
ကျနော် ကြားဖူးထားတာလေး ရှိသဗျ ..
ဘာတဲ့ …
“ခါထီး၊ ခါမ ဤနှစ်ဝ ခါမ ကိုသာ ရှောင်ရှားပါ” ဆိုပဲဗျ ..
နက်ဖြန်ခါမှ၊ သန်ဘက်ခါမှ ဆိုတာတွေကို ရှောင်ရမယ်တဲ့ ..
သားသားဂ ကြားဖူးတာပဲ ပြောတာနော် ..
အဟီးးးးးးးးး 😀
TTNU
July 18, 2012 at 9:15 pm
မောင်အံစာရေ…
တီချာမကြားဖူးဘူးတော့။
ကျေးဇူးပါ။
ခါထီးကိုလည်းရှောင်မယ်ကွာ။
😀
မဟာရာဇာ အံစာတုံး
July 18, 2012 at 10:07 pm
တီချယ်ကြီးရေ ..
ကြုံတုံး ဒီမှာ တစ်ခါတည်း ပြောရဦးမယ်ဗျာ ..
ဟိုတစ်ခါ တီချယ်ကြီးရဲ့ ပို့စ်မှာ တီချယ်ကြီးက
ကဗျာခေါင်းစဉ် ပေးဦးလို့ ပြောထားတာ
အဲ့ဒါ တီချယ်ကြီးပဲ ကြည့်ပြီး ပေးလိုက်တော့နော် ..
သားသားဂ အဲ့ဒါ စိတ်ပေါက်တုန်း ရေးလိုက်လို့ ခေါင်းစဉ်တော့ စဉ်းစားရတော့ဘူးဂျ .. 😀
TTNU
July 18, 2012 at 11:53 pm
မောင်အံစာရေ..
အမည်ပေးပြီးရင် သတင်းပို့မယ်နော်။
TTNU
July 18, 2012 at 8:45 pm
မောင်ပေရေ…
(ဆရာမကြီးတို ့အသက်အရွယ်ရောက်တဲ့အခါမှာတရားဓမ္မ၊သံသရာမှလွတ်မြောက်ရာ လွတ်မြောက်ကြောင်းများကိုအေးအေးလူလူ ရှာဖွေ ကျင့်ကြံ အားထုတ်နိုင်ဖို ့ရန်
ယခုအခါမှာစီးပွားကောင်းကောင်းရှာရပါမည်။)
အဲဒီလောက်အထိအသက်ရှည်ရင် ဘာပြောစရာရှိပါ့မလဲကွယ်။ဖြည်းဖြည်းပေါ့။
တီချာတို့ အသက်အထိ စောင့်မနေဘဲနဲ့ လုပ်စရာရှိတာအားလုံးလုပ်ရမှာပါ။
တရားထိုင်ဖို့တောထွက်ဖို့ တိုက်တွန်းတာမဟုတ်ပါ။ ထေရဝါဒဗုဒ္ဓဘာသာဝင်ပီပီ
နေ့စဉ် ဒါနသီလဘာဝနာလေးတွေ အားထုတ်သွားရင် ရပါပြီ။
မေတ္တာဖြင့်
TTNU
အရီးခင်လတ်
July 18, 2012 at 9:11 pm
မအား လဲ အားသလို နဲ့ ရွာထဲ ကို ဝင်ခဲ့ပါတယ် တီချယ်ကြီး ရယ်။
ဘဝ မှာ အမြဲ ရေစီးသာ မနေသလို အလုပ်မှာ လဲ တစ်ခါတစ်ခါ အခက်အခဲ တွေနဲ့။
ပြသနာက ကိုယ့်ဘောင်ထဲမှာ ဆို အကြောင်းမဟုတ်။
သူများ ကို စောင့်ရရင် စိတ်ပါ ပိုမအား တော့ဘူး။
ဒီတော့ အဲဒီမှာ ဒုက္ခ ကို မြင်အောင်ရှုပြီး ဒီ ဒုက္ခ ကလဲ မမြဲဘူး လို့ ကိုယ့်ဟာကိုယ် အားပေးရပါတယ်။
အဲဒီ ဒုက္ခ က လွတ်သွားလို့ ပီတိဖြစ်လာရင်လဲ ဒီ ပီတိ ကလဲ မမြဲဘူး ဒုက္ခ ပြန်လာဦးမှာ လို့ တွေးထားရပါသေးတယ်။
လောလောဆယ် မှာတော့ ဘာဝနာ အတွက် မအားသေး ပေမဲ့ မမြဲခြင်းတရား တွေ ကို တော့ နေ့စဉ် မြင်အောင် ရှုနေရပါတယ်။
တီချယ်ကြီး ရဲ့ သံဝေဂ ကဗျာလေး အတွက် ကျေးဇူးပါ ရှင့်။ 🙂
ချစ်ခင်စွာဖြင့်
TTNU
July 18, 2012 at 9:22 pm
မလတ်ရေ…
မလတ်စာထဲမှာ ရှိသင့်တဲ့ အသိရှိနေတာမြင်ရပါတယ်။
ဝမ်းသာပါတယ်။
ဘဝတစ်ခုမှာ ရုံးကန်ရတဲ့အပိုင်း၊ ခံစားပျော်ရွှင်ရတဲ့အပိုင်း
ဘယ်အပိုင်းဖြစ်ဖြစ် အလွန် အကျူးခံယူခြင်းမပြုလုပ်ရင်၊မျောပါမနေရင်၊
နေပျော်စရာဖြစ်သွားမှာပါ။
မလတ်ပြောတဲ့ ဘာဝနာ အတွက် မအားသေး ပေမဲ့ မမြဲခြင်းတရား တွေ ကို တော့ နေ့စဉ် မြင်အောင် ရှုနေရပါတယ်။ဆိုတာကိုက အတော်ဟုတ်နေပြီ
မလတ်ရေ။
🙂
ဇောက် ထိုး
July 18, 2012 at 9:42 pm
ကုသိုလ် ဥစ္စာ ကျန်းခံ့သာ၍ ပညာ တန်းခိုး
တမျိုးမျိုးမှ အကျိုမထွက် ထိုနေ့တွက်
သက်သက်ဝမ်းနည်းဖွယ်
ရွှေ မင်း သား
July 18, 2012 at 9:48 pm
အားတော့ မယ် ခင်ဗျ။ အားအောင်လဲ ကြိုးစားနေပါတယ်။ အားခါနီးးပါပြီ၊ ဒီလိုနဲ့ ဘဲ………………. အားသွားလို့လား..သူူငယ်ချင်း…။ ဖြစ်တော့မယ် ထင်တယ်။
TTNU
July 18, 2012 at 9:58 pm
ဇောက်ထိုးရေ…
(ကုသိုလ် ဥစ္စာ ကျန်းခံ့သာ၍ ပညာ တန်ခိုး
တစ်မျိုးမျိုးမှ အကျိုးမထွက် ထိုနေ့တွက်
သက်သက်ဝမ်းနည်းဖွယ်)
ဒီလိုဝမ်းနည်းဖွယ်ရာနေ့တွေ ရော့အောင်နည်းအောင်
လုပ်ဖို့ တီချာတို့ တွေ ဂရုစိုက်ရမှာနော်။
🙂
TTNU
July 18, 2012 at 10:02 pm
ရွှေမင်းသားရေ…
အလုပ်တွေများနေသူမို့
မအားလည်း အားအောင်လုပ်ပြီး
အသိနဲ့ သတိလေးရအောင်အားထုတ်ဖို့
တိုက်တွန်းမယ်နော်။
🙂
aye.kk
July 18, 2012 at 10:09 pm
post,ဖတ်ပြီး
အသိသတိကပ်မိသွားပါတယ်။
အစဉ်လေးစားလျှက်ပါ။
အေးကေကေ။
ကိုပေါက်(မန္တလေး)
July 18, 2012 at 10:34 pm
မာမီရေ
အားသလားဆိုတော့လဲ မအားဘူး………………..
လုပ်ဖြစ်သလားဆိုတော့လဲ မလုပ်ဖြစ်ဘူး………………………….
ထိတော့ထိတယ် မသိသေးဘူးဆိုသူထဲမှာ ကျနော်ပါနေတယ်မာမီရေ
အခုတော့ ဓါတ်ပုံလေးတွေတင်လိုက်ပါအုံးမယ်
စာလေးတွေရေးလိုက်ပါအုံးမယ်။
မာမီခွင့်လွှတ်နော်……………………………
marblecommet
July 18, 2012 at 10:58 pm
တီချာခင်ဗျား …..
ကဗျာရဲ့ ဆိုလိုရင်းကို ဒီအတိုင်းသတိပေးရင်
ဒီလောက်တန်ဖိုးထားချင်မှ ထားမိမယ်
လုပ်သင့်တဲ့အလုပ်နဲ့ အတွေးအခေါ်ကို
သပ်ရပ်တဲ့ ကဗျာ အနုပညာနဲ့ ချပြလိုက်တော့မှ
ပြုပြင်ရမယ့် စိတ်ကို ပိုမိုသတိချပ်မိသွားကြောင်းပါခင်ဗျာ
လေးစားတဲ့
မောင်ကမ်း…
TTNU
July 19, 2012 at 12:01 am
မအေးကေရေ…
ကျွန်မလည်းဒီသံဝေဂ စာစုလေးကို ဘုန်းကြီးဟောပြကတည်းက
အတော်နှစ်သက်မိတာ။ ကျွန်မတို့ အားလုံး သေမျိုးတွေဆိုတာသိကြပေမဲ့
ငါကတော့ မသေလောက်သေးပါဘူးလို့ အထင်နဲ့ မှားပျော်နေကြတာနော်။
TTNU
July 19, 2012 at 12:06 am
ကိုပေါက်ရေ…
(ထိတော့ထိတယ် မသိသေးဘူးဆိုသူထဲမှာ ကျနော်ပါနေတယ်မာမီရေ)
သိတာကိုက တော်လို့ပေါ့။
သိတာကို မသိချင်ဟန်ဆောင်မပစ်လေနဲ့။
လောဘ၊ဒေါသ၊မောဟတွေ လျှော့လိုက်ရင်ပြီးပြီ။
ဓာတ်ပုံတင်ရင်းစာရေးရင်း သူများစိတ်ချမ်းသာအောင်ကူညီရင်း
အရှုံးမရှိတဲ့ လူသားဖြစ်လာပါစေ။
🙂
TTNU
July 19, 2012 at 12:17 am
မောင်ကမ်းရေ…
တီချာတို့လူသားတွေအားလုံး
အလုပ်တွေမအားတဲ့ဘဝထဲကို
ငိုချင်လို့ရောက်လာကြတာ။
ရယ်နေတာတောင် ငိုစရာကစောင့်ကြည့်နေသတဲ့။
ဆိုတော့ မအားဘူး။ နောက်မှငိုမယ်၊ နောက်မှရယ်မယ်။
ဒါဖြင့် အခုဘာလုပ်နေတာလဲ။ အခုငိုစရာရှာနေတာတဲ့။
ရယ်နေတာမဟုတ်ဘူးလားဆိုတော့ သူများအမြင်မှာသာ ရယ်နေတာ
ကိုယ့်ဖာသာကတော့ ငိုနေတာပါဗျာတဲ့။
ရှုပ်သွားပြီမဟုတ်လား။
marblecommet
July 19, 2012 at 12:50 am
ဂျာ တီချယ် ရှုပ်ပေမဲ့ ရှင်းနေသလိုလို
ရှင်းနေပေမဲ့ ရှုပ်သွားသလိုလိုပါပဲ
ဒါကကို ဘဝ ဖြစ်နေသလားလို့ ခင်ဗျ..
လေးစားတဲ့
မောင်ကမ်း…
Foreign Resident
July 19, 2012 at 2:11 am
တီချာကြီးရေ ၊
အခု လက်ရှိ အချိန်မှာ ကျနော်ကတော့ ၊
တနေ့ တနေ့ ခွေးတွေနှင့် လမ်းလျှောက်တာ ( နာရီဝက် ) ကလွဲလို့ ၊
ဘာအလုပ်မှ မရှိဘူးလို့ ဆိုရအောင်ကို အားနေတယ် ။
ဘဝမှာ အဆင်ပြေနေလို့လား မသိ ( ကိုယ့်ဘာသာ ကိုယ် အထင်ပါ ) ၊
တရားဓမ္မ ဘက်ကို အာရုံ သိပ်မရောက်ဘူး ဖြစ်နေတယ် ။
ဆိုးတာက ဩဇီ မှာ ကလျာဏမိတ္တ ကလည်း သိပ်မတွေ့ဘူး ။
ရန်ကုန် မှာကတော့ ကျနော်က ကလျာဏမိတ္တ ကိုပဲရွေးပေါင်းတော့ ၊
ကုသိုလ်ရေးက စဉ်ဆက် မပြတ်လှဘူး ။
TTNU
July 19, 2012 at 3:22 pm
ကိုဖောရေ…
ကျွန်မလည်းဒီလိုတွေးခဲ့ဖူးတယ်။ ဘဝမှာ သောကအပူတွေ
နည်းနည်းပေါ်လာမှ ကျွန်မတို့တွေ တုန်လှုပ်လာမိတယ်၊ စိုးရိမ်လာမိတယ်။
လွတ်လမ်းတွေ့လိုတွေ့ငြား အားကိုးရှာလာကြတယ်။
အဆင်ပြေနေသေးရင်၊ နေသာနေသေးရင် ထာဝရလှနေပြီလို့ ထင်မှတ်မှားမိ
လာတယ်။ ဘာဒုက္ခမှ မရှိဖူးလေလေ ခန္ဓာဒုက္ခ မတွေးမိလေလေပါပဲ။
အနီးဆုံးဥပမာဆိုရရင် နေကောင်းနေတုန်းမှာ အာရောဂျံ ပရမံ လာဘံ
ဆိုတာ ဘာကြီးလဲလို့ မေးချင်နေတဲ့သဘောပါပဲ။
ကိုဖောပြောသလို ကလျာဏမိတ္တအရေးကြီးသလို “အတ္ထာဟိ အတ္ထနော” ကလည်း
အဓိကကျနေပါတယ်။ နှစ်ခုလုံးလိုအပ်တာတော့အမှန်ပေါ့လေ။
ဓမ္မမိတ်ဆွေကောင်းတွေ တွေ့နှိုင်ပါစေ ဆုတောင်းလျက်
TTNU.
MaMa
July 19, 2012 at 6:34 am
တီချာကြီးရေ-
အလုပ်ကြွေးတွေ များနေလို့ ပိုစ့်တွေ သိပ်မဖတ်ဖြစ်ဘူး။
တီချာ့ပိုစ့်တွေကတော့ အသိတရားတစ်ခုခု ပေးတတ်လို့…..
မအားတဲ့ကြားက ဝင်ဖတ်သွားပါတယ်။
မအားသေးပါဘူး တီချာကြီး [:-((]
htoosan
July 19, 2012 at 7:41 am
ဆရာမကြီး စာတွေကို တိတ်တိတ်ဘဲ အားပေး လက်မထောင်နေကျပါ ။
ဝန်ခံရမှာတွေများနေလို့ ..
surmi
July 19, 2012 at 10:21 am
တီချယ်ကြီးရေ
မေ ့မေ ့လျော ့လျော ့ဖြစ်မည် ့အရေးကိုသတိယစေခဲ ့ပါတယ်
မနေ ့ညကသန်ကောင်ကျော်မှရွာထဲရောက်လို ့ဖတ်ဘဲဖတ်ခဲ ့ရတာပါ
နေ ့စဉ်ရုန်းကန်နေရတဲ ့ဘဝမှာမအားတာမှန်ပေမဲ ့ ရသလောက်အချိန်လေးမှာစောင် ့ထိန်းခြင်းသီလနဲ ့
ရှုမှတ်ပွားများမှုဘာဝနာကို နဲနြဲဖြစ်ဖြစ်လုပ်သင် ့တာပဲလေ
တရားရိပ်သာမသွားနိုင်ပေမဲ ့လည် မအိပ်မှီလေးမှာမိနစ်အနည်းငယ်လောက်ရှုမှတ်မိရင်တောင်
အကြောင်းအထောက်အပံ ့အနည်းငယ်တော ့ရမယ်ထင်ပါတယ်။အဘဖော ပြောသလိုပါဘဲ
ငယ်ရွယ်စဉ်က အားထုပ်နိုင်ရင် တာဝန်တွေကနဲပါးသေးသလို ကျန်းမာရေးကလဲဒေါင်ဒေါင်မည်ဆိုတော ့
စိတ်ရှိသလောက်ဝီရိယ စိုက်နိုင်မှာပါ ။ ခုတော ့လဲ အားသမျှအချိန်လေးကိုလုပြီး ဘယ်တော ့သွားရမယ်မှန်း
မသိတဲ ့ခရီးအတွက် ပြင်ဆင်ရဦးမှာပါ။ဒီပို ့စ်လေးကမေ ့မေ ့လျော ့လျော ့ပေါ ့ပေါ ့ဆဆဖြစ်ခဲ ့တာကိုသတိ
ဝင်စေခဲ ့ပါပြီ ။ ကလျာဏမိတ္တ အဖြစ်မှတ်ယူပြီး အထူးကျေးဇူးတင်မိပါတယ်ဗျာ ။
nature
July 19, 2012 at 10:55 am
……ဥပုသ်နေ့၌
ကျောင်းကိုလိုက်ဖို့
ငါတိုက်တွန်းငြား
မင်းပြောကြားခဲ့
မအားသေးဘူး
နောက်မှကွယ်။…..
သေမင်းခေါ်တော့မအားဘူးလို့ပြောလို့မရဘူး။ရှိတဲ့အလုပ်တွေ အကုန်ထားခဲ့ပြီး လိုက်သွားရမှာ။ ဒီလိုသွားတဲ့အခါ ဘုရားတရားသံဃာဆိုတဲ့ သရဏဂုံတည်ပြီးသွားရင်တော့ကောင်းရာသုဂတိရောက်နိုင်ပါတယ်။
ဘုရား တရား သံဃာ ဆိုတဲ့ရတနာ၃ပါးကို နှုတ်ဖျားလေးကပဲ ဆိုနေကြတာများပါတယ်။ ဘယ်လို အဖိုးတန်တဲ့ရတနာလည်း ဘယ်လောက်အဖိုးတန်လဲ။ ဘာဖြစ်လို့အဖိုးတန်လည်းဆိုတဲ့အဓိပါယ်ကို လေးလေးနက်နက် သိမြင်နိုင်တဲ့သူ နဲလို့ ဘုရားသည်ကိုးကွယ်ရာမဟုတ်လို့ ငရဲအိုးဂျိုးကပ်မဲ့ မိစ္ဆာဒိဌိ အယူမျိုးတွေ တောင်ပေါ်ပေါက်နေတာ အင်မတန် ဝမ်းနည်းစရာကောင်းပါတယ်။
same kyaw
July 19, 2012 at 1:38 pm
ဆရာမကြီးရေ လောလောဆယ် အားနေလို့ ဝင်အားပေးသွားပါတယ်။တနေ့တော့အားမှာပါ။
same kyaw
July 19, 2012 at 1:39 pm
ဆရာမကြီးရေ လောလောဆယ် အားနေလို့ ဝင်အားပေးသွားပါတယ်။တနေ့တော့အားမှာပါ။အရမ်းကောင်းတဲ့ စာလေးပါ
TTNU
July 19, 2012 at 3:43 pm
မမရေ…
နေကောင်းလား။မအားတဲ့ကြားက ဝင်ဖတ်သွားပါတယ်ဆိုလို့
ကျေးဇူးတင်ပါတယ်ကွယ်။
🙂
ကိုထူးဆန်းရေ…
တိတ်တိတ်ဘဲ အားပေး လက်မထောင်နေကျပါ ဆိုလို့
အတော်ကျေနပ်သွားမိပါတယ်။ ဝန်ခံစရာတွေများနေရင်
Post တစ်ခုတင်လိုက်ပါလား။ 😀
🙂
ကိုဆာမိရေ…
ကလျာဏမိတ္တ အဖြစ်သတ်မှတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်ကွယ်။
အကြောင်းအထောက်အပံ ့အနည်းငယ်ကနေ အားကြီးသောအထောက်အပံ့
ဖြစ်အောင် အားထုတ်ကြရမှ ဒီခန္ဓာနောင်ခါမလာမှာမဟုတ်ပါလားကွယ်။
🙂
ကိုနေးချားရေ…
(ဘုရားသည်ကိုးကွယ်ရာမဟုတ်လို့ ငရဲအိုးဂျိုးကပ်မဲ့ မိစ္ဆာဒိဌိ အယူမျိုးတွေတောင်
ပေါ်ပေါက်နေတာ အင်မတန် ဝမ်းနည်းစရာကောင်းပါတယ်။)
ဟုတ်ပါတယ်။ ကျွန်မလည်း လက်လှမ်းမီသလောက် ကလေးတွေကို ထေရဝါဒအနှစ်သာရ
ပြောပြောပြနေရတယ်။ မိရိုးဖလာဗုဒ္ဓဘာသာအသိသာရှိကြတဲ့ ကလေးတွေ သနားစရာကောင်း
ပါတယ်။ ဘုရားသည်ကိုးကွယ်ရာမဟုတ်လို့ တွေးမိသွားမှာ စိုးရိမ်စရာကောင်းပါတယ်။
🙂
Same Kyaw ရေ..
နှစ်ခြိုက်စွာဖတ်ပေးသွားတာ ကျေးဇူးပါနော်။
🙂
မေတ္တာဖြင့်
TTNU.
pooch
July 19, 2012 at 7:39 pm
တီချယ်ရေ အနော့်ကို တည့်တည့်များ များ ရေးထားသလားမှတ်ရတယ်။ ရွှေကြီးမြင့်က တရားပွဲတွေဆို တီချယ် ခေါ်တိုင်းမလိုက်လို့။ ( အကြောင်းအမျိုးမျိုးပြပြီးတော့လေ)
ဟုတ်ကဲ့ပါ တီချယ် ဆင်ခြင်ပါ့မယ်။ ပြင်ဆင်ထားပါ့မယ်။ အနော်က ရောဂါကလည်း ထူပြောတော့ ပြင်ထားနိုင်မှ တော်ကာကြမယ်။
Solid_Sn@ke
July 19, 2012 at 7:44 pm
တီချယ်ကြီးရေ … ခပ်ညံ့ညံ့ရုပ်ဝတ္ထုသမား မောင်ဂီ့ကတော့ …
မအားလျက်ကနေ သေမယ့် ဇာတာရှင်ခည …
ခုလည်း မအားသေးဘူးရယ်….
လိမ့်ပီဗျို့ …
သတင်းပို့ရုံဝင်ပို့သွားကြောင်းရယ်ပါ…
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 19, 2012 at 8:03 pm
ကဗျာထဲက အကြိုက်ဆုံးအပိုဒ်လေးးးးးးးး
ကိုယ်ခေါ်စဉ်က
ငြင်းလို့ရလည်း
ခုမှ မငြင်း
လိုက်သွားခြင်းကြောင့်
ရင်တွင်းစကား
ဆိုမိငြားသည်
အားသွားလို့လား..သူူငယ်ချင်း…။
TTNU
July 19, 2012 at 8:17 pm
မပုချ်ရေ…
တည့်တည့်ပစ်မိသွားသလားဟင်။
အားနာလိုက်တာကွယ်။
🙂
မောင်ဂီရေ..
(ခပ်ညံ့ညံ့ရုပ်ဝတ္ထုသမား မောင်ဂီ့ကတော့ …
မအားလျက်ကနေ သေမယ့် ဇာတာရှင်ခည)
ဆိုတော့ ငါ့သားအတွက် တီချာမှာ
စကားလုံးမရှိတဲ့ကောင်းကင်ကြီးများ
ဖြစ်သွားပြီလားထင်မိပါရဲ ့။
🙂
ကိုထွဋ်ရေ…
တီချာ့အမြင်ကလေ
“အားသွားပြီလားသူငယ်ချင်း”
ဆိုတဲ့နေရာလေးမှာကိုက ကရုဏာရသလေးပါနေတယ်။
စိတ်မကောင်းတဲ့ ခံစားချက်လေးကိုလည်းခံစားမိသလိုပဲ။
ငေါ့တော့တော့နဲ့ “မင်းကွာ!” ဆိုတဲ့အသံလေးပါနေသလိုပဲ။
သူများနဲ့တော့ အမြင်တူချင်မှတူမှာပါလေ။
🙂
မေတ္တာဖြင့်
TTNU.
weiwei
August 4, 2012 at 11:32 pm
အသက်ပိုကြီးလာလေ တာဝန်ပိုများလာလေ ပိုမအားလေဖြစ်နေပါတယ် …
အားအောင် အသိကပ်ပေးလိုက်တဲ့ တီချာ့ပို့စ်အတွက် လက်မထောင်ပြီး အားပေးခဲ့ပါတယ် …
မအားတာများ အခုလိုရက်စွဲအတော်နောက်ကျပြီးမှ ဖတ်ဖြစ်တာသာကြည့်ပေတော့ … 🙂
ကြောင်ကြီး
August 4, 2012 at 11:54 pm
ဥပုဒ်စောင့်ရင်း ယောင်ပြီးလည်း တံတွေးမျို မချနဲ့အုံး… အလုပ်များလို့ ယောင်ပါတယ်ဆိုလည်း ဖန်ဆင်းမွေးမြူရှင်က ခွင့်အလွှတ်ဘူး….
padonmar
August 14, 2012 at 7:44 pm
ဒေါက်ဒေါက်ဒေါက်
တီချာကြီးရှင့်
ပွဲတက်ပြီးမှ ဖိတ်စာပို့ရပါတယ် (စာပို့သမားမအားလို့ နောက်ကျတာခွင့်လွှတ်ပါ)
မင်းသမီးကို ဆုချဖို့လည်း မမေ့နဲ့နော်။
http://myanmargazette.net/143974
http://myanmargazette.net/143981
နှစ်သက်သူတွေရဲ့ မှတ်ချက်တွေဖတ်ပြီး ပီတိလေး ခံစားရဖို့ရယ်။
အခြားသူတွေလည်း အလွယ်တကူဖတ်မိကြဖို့ ရည်ရွယ်ပါတယ်။
ကြောင်လေး
August 14, 2012 at 9:17 pm
အခုမှပဲ ပြန်ဖတ်မိတယ်၊ ကဗျာလေးကူးသွားပါတယ် ဆရာမကြီးခင်ဗျာ၊ တန်ဖိုးရှိတဲ့သတိပေးဆောင်းပါးလေးပါပဲ။
ပြန်လည်တူးဆွပေးတဲ့ အန်တီပဒုမ္မာကိုလည်းကျေးဇူးပါ။