ဒီနေ့တော့ ဟင်းချိုတစ်မျိုးနဲ့လက်ဆောင်ပါးလိုက်ပါတယ်…အလုပ်အားလပ်ရက်လည်းဖြစ်တော့ အချိန်လည်းရလို့ရေးဖြစ်တာပါ…. ပါဝင့်သည့်ပစ္စည်းများ။ ။ပုဇွန်ကြား၊ကင်းမွန်(ပြည်ကြီးငါး)၊ငါးအသားလွှာ၊ငါးဖယ်လုံး။ ဆလပ်ရွက်၊မုန့်လာဥနီ၊ပဲပြားစိမ်း၊ကြက်သွန်မြိတ်၊ပန်းဂေါ်ဖီပွင့်၊မှိုဖြူ၊ပင်လယ်ရေညှိ စသည်တို့ပါဝင်ပါသည်။ ချက်ပြုတ်ပုံ။ ။ပုဇွန်ကြားကို ခါးလယ်မှခွဲပြီး၊ချေးထုတ်ပါ။နှတ်ခမ်းမွှေးများကို ကျပ်ကြေးဖြင့်ညှပ်ပစ်ပါ။ကင်းမွန်ကို အကွင်း(သို့)မိမိနှစ်သစ်သလိုလှီးပါ၊ငါးအသားလွှာကို ပါးပါးလှီးပြီး။ဆား၊အချိုမှုန့်၊ငရုတ်ကောင်းဖြူ၊နှမ်းဆီမွှေးတို့ဖြင့်အနည်းငယ်နယ်ထားပါ။ငါးဖယ်လုံးက ရယ်ဒီမိတ်အထုတ်တွေသုံးလည်းရပါတယ်။ကိုယ့်ပါသာကိုယ် ငါးကိုခြစ်ပြီးလုံးရင်လည်းပိုကောင်းတာပေါ့နော်…။ ဆလပ်ရွက်သန့်သန့်ကိုရေစင်စင်ဆေးပါ၊မုန့်လာဥနီကို အကွင်းလေးလှီးထား၊ပဲပြားစီမ်းကို၊လေးထောင့်အတုံးလေးတုံး မိမိနှစ်သက်သလိုတုံးပါ။ကြက်သွန်မြိတ်ကို လက်နှစ်သစ်အရွယ်လှီးဖြစ်ထားပါ။ပင်လယ်ရေညှိအနည်းငယ်ကိုတော့ ရေစိမ်ထားလိုက်ပါ။ အားလုံးအစဉ်သင့်ဖြစ်ပြီဆိုရင်…မီးဖိုပေါ်မှာ ဟင်းချိုပုဂံလုံးတစ်စာကျော်ကျော်လောက်ရေထည့်ပါ၊ဂျင်းအပြားလေးတစ်ပြားလောက်ထဲ့၊ရေဆူလာလျှင် ပုဇွန်၊ငါး၊ကင်းမွန်၊ငါးဖယ်လုံးထည့်ပါ။ပြီးလျှင် ပဲငံပြာရည်က လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်ထည့်၊ခရုဆီကနည်းနည်းထည့်၊ဆားနည်းနည်း။အချိုမှုန်ုနည်းနည်းထည့် အရသာအနေတော်ဆိုရင် ပဲပြား၊မုန်လာဥနီ။ပန်းပွင့်စတာတွေကိုထည့်ပါ၊ဟင်းအချိုအရသာအားလုံးအစဉ်ပြေပြီဆိုရင်… ပုဂံလုံးထဲမှာ ဆလပ်ရွက်ကိုခင်းလိုက်ပါ။ထို့နောက် ဟင်းရည်ကိုဖြည်းဖြည်းချင်းလောင်းထည့်၊ပြီးတော့မှ ပင်လယ်ရေညှိကိုထည့်ပါ။ဒါဆိုရင် ကိုယ်တိုင်ချက်တဲ့ ပင်လယ်စာဟင်းချိုတစ်ခွက်ရပြီပေါ့… ကဲ…စမ်းသပ်လိုက်ကြအုံး…ရွာသူားတို့ရေ…