ကျွန်တော်ဒီနေ့ည သတင်းကြည့်ဖြစ်တယ်။ (အရင်က မကြည့်ဖြစ်တာ များပါတယ်) တိုက်တိုက်ဆိုင်ဆိုင် လွှတ်တော် သတင်းလာနေပါတယ်၊ ကျွန်တော်က အတွေးသမားဆိုတော့ နည်းနည်းကြားလိုက်ရုံနဲ့ဆက်တွေးဖြစ်တယ်ဗျာ .. ။ နောက်တစ်ခုက ကျွန်တော်တို့မှာ နှိုင်းယှဉ်စရာတွေကလည်း ရှိနေပြန်တော့ .. .. .. ။ သတင်းစလာတယ် အမျိုးသားတစ်ယောက်က ကြေငြာပေးတယ် .. ထုံးစံအတိုင်းပဲပေါ့ ၊ ။ ဘယ်မဲဆန္ဒနယ်က လွှတ်တော်အမတ်ဘယ်သူက ဘယ်ကိစ္စနဲ့ပတ်သက်ပြီးတော့ ဘယ်လိုဆွေးနွေးတယ်ဆိုတာမျိုး မဟုတ်ဘူးဗျ ။ သူတို့ဟာက သတင်းစာရှင်းလင်းပွဲ ပုံစံကြီး ။ အောက်က မေးလိုက် ဟိုတစ်ယောက်က ဖြေလိုက် နဲ့ ။ ဘာလဲဗျ ။ တစ်ကယ်ဖြစ်ရမှာက ဥပမာတစ်ခုဗျာ “ ကျွန်တော်က ဘယ်မဲဆန္ဒနယ်က ဘယ်သူပါ .. ကျွန်တော်ဆွေးနွေးချင်တာက TV […]