@leprechaunAugust 27, 20111min2076
ဒီပို့စ်က ကျွန်တော် စပြီး ရေးတဲ့ ပို့စ်တစ်ပုဒ် ဖြစ်ပါတယ်။ အရင်က ရေးထားတဲ့ ပို့စ်တွေတော့ ကွန်ပျူတာထဲမှာ ယူနီကုဒ်နဲ့ ရေးထားလို့ မတင်ဖြစ်တော့ပါဘူး။ ခုအချိန်က စိတ်လိုလက်ရ ရှိလို့ ရေးလိုက်တာပါ။ ခုတလော ဂျာနယ်တော်တော်များများ ဖတ်မိလိုက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးထားတဲ့ စာမူတွေကို တော်တော်များများ တွေ့နေရပါတယ်။ ပြီးတော့လည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပက်သက်တဲ့ စာအုပ်တွေလို အပြိုင်အဆိုင်လိုလို ထွက်နေတာကို တွေ့မိနေရပါတယ်။ ဒီ“ဟာတွေကို မြင်တိုင်း စိတ်မကောင်း ဖြစ်မိတယ်။ ဘာကြောင့်လဲဆိုတာကို ပြောရရင်တော့ ဖတ်မိခဲ့တဲ့ ဂျာနယ်ထဲက စာမူတစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။ “ဗိုလ်ချုပ်အောင်ဆန်းက ရောင်းကုန်မဟုတ်ပါ” ဆိုတဲ့ စကားလေးပါ။ ပြီးခဲ့တဲ့ နှစ်တုန်းက ဗိုလ်ချုပ်နဲ့ ပက်သက်တဲ့ စာမူတွေ ဂျာနယ်တွေမှာ မတွေ့ရပါဘူး။ သတင်းစာ လွတ်လပ်ခွင့်ကြောင့်မို့လို့ပါ။ […]