chitkayJuly 15, 20101min4135
http://www.irrawaddy.org/bur/index.php/news/1-news/3618-2010-07-13-09-32-51 မှာ သတင်းအပြည့်အစုံကို ဖေါ်ပြထားပါတယ်။ ဇူလိုင်လ (၉) ရက်နေ့က ပြိုကျသွားတယ်လို့ သတင်းမှာ ဖေါ်ပြပါရှိပါတယ်။ ကျောင်းဆောင်သစ်လို့ လည်း ဖေါ်ပြထားပါတယ်။ တောင်ကြီးရှိ သူငယ်ချင်းများကို မေးမြန်းပြီး အခြေအနေများကို ထပ်မံတင်ပြပေးပါ့မယ်။


chitkayMay 18, 20101min2681
မေလ ၁ရ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံတွင် ရဟတ် ယာဉ်ပျက်ကျမှုကြောင့် အစိုးရအဖွဲ့ဝင်များ အပါအဝင် လူ ၆ ဦး သေဆုံးသွားကြောင်း Thailand News သတင်းဋ္ဌာနက ဖေါ်ပြထားပါ သည်။ ကွီဇွန် မြ်ို့တော်ဝန် နှင့် သူ၏ သက်တော်စောင့် ၂ ဦး နှင့် ရဟတ်ယာဉ်မောင်းသူ တို့အပြင် ထိုရဟတ်ယာဉ်မှာ လူနေအိမ်များပေါ်သို့ ပျက်ကျသဖြင့် အိမ် ၂ လုံး ထိခိုက်ပျက်စီးသွားသည့် အပြင် အရပ်သား ၂ ဦးပါ သေဆုံးသွားသည်ဟု Thailand News က ဖေါ်ပြထားပါသည်။


chitkayMay 17, 20101min3122
ယနေ့ မနက် ၁ဝနာရီ ၄ဝ မိနစ်လောက် တွင် ရန်ကုန်၌ မိုးရွာသွန်းသွားသော်လည်း ကွက်ကျား မိုး အသွင်သာ ရွာသွန်းသွားပါသည်။ မိုးရွာသွန်းနေချိန်တွင် အလုပ်ထဲ၌ ဖြစ်နေသဖြင့် နေအိမ်သို့ ဖုန်းဆက်ကြည့်ရာ နေအိမ် မှ မိုးမရွာသေးကြောင်း တိမ်များ တက်နေကြောင်း နှင့် မိုးခြိမ်းသံများ ကြားနေရကြောင်း ပြောပါသည်။ မည်သို့ပင်ဆိုစေကာမူ လူအများ မျှော်လင့်တောင့်တနေသော မိုးသည် လူအများစိတ် ချမ်းသာစေရန် အလို့ငှာ ရွာသွန်းဖြိုးလိုက်ပါပြီ။