Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


susunosukiAugust 25, 20111min57212
ဆိတ်ဆိတ်နေခြင်း ဆိုတာအဓိပ္ပယ်အမျိုးမျိုးယူဆလို့ ရတဲ့အရာဖြစ်တယ်။ ဆိတ်ဆိတ်နေခြင်း ဟာ ဝန်ခံခြင်း ဖြစ်နိုင်တယ်။ မြန်မာစကားပုံတစ်ခုက သက်သေပြနေတယ်။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်း ။ ဆိတ်ဆိတ်နေခြင်း ဟာ လစ်လျှူရှုခြင်း ဖြစ်နိုင်တယ်။ ဒီကိစ္စမျိုးဆိုတာ အလေးဂရုပြုရလောက်အောင် အရေးယူဆောင်ရွက်ရလောက်အောင် အရေးမကြီးဘူးပါဘူးလို့ ဆိုလိုတာဖြစ်နိုင်တယ်။ ဆိတ်ဆိတ်နေခြင်း ဟာ မေ့လျော့ခြင်း ဖြစ်နိုင်တယ်။ ပြောလိုက်တဲ့ စကားတစ်ခွန်း ဒါမှမဟုတ် စကားတစ်စု ဟာအပြောခံရသူ ကြားနိုင်လောက်အောင်မကျယ်လို့ မကြားခြင်း လဲဖြစ်နိုင်တယ်။ ကြားနိုင်လောက်အောင်ကျယ်ပေမယ့် လည်း တဒင်္ဂအာရုံစုစည်းမှုအားနည်းနေလို့ မကြားခြင်း တနည်းအားဖြင့် မေ့လျော့ခြင်း ဖြစ်နိုင်တယ်။ မေ့လျော့ခြင်းလို့ ဆိုရတာက အင်္ဂလိပ်လို missing ကိုမြန်မာပြန်တဲ့ အခါကျွန်တော်ရွေးချယ်လိုက်တဲ့ စကားဖြစ်တယ်။ မေ့လျော့ခြင်း၊ မေ့ကျန်ခြင်း ဖြစ်တယ်။ စကားလုံးရွေးချယ် တာ မှားကောင်းမှားနိုင်တယ်။ အာရုံလွင့်ပါးခြင်းတစ်မျိုးဖြစ်တယ်။ ဆိတ်ဆိတ်နေခြင်း […]


susunosukiJune 27, 20111min52916
မနာ္တလေးဂေဇက် အက်မင်နှင့် တကွရေးဖော်မိတ်ဆွေ အပေါင်းတို့ခင်ဗျာ… ကျွန်တော်တစ်နှစ်ကျော်( စိတ်အထင်-နည်းနည်းလွဲနိုင်တယ်) ရေးလို့ ရတဲ့ ပွိုင့် ၄ သောင်းကျော်ကို လှူချင်ပါတယ်။ ဒီဆိုဒ်မှာ ရေးနေတဲ့ အကောင်းဆုံး ရေးတယ်လို့ အများက မဲပေးတဲ့ လူကို ပေးချင်ပါတယ်။ ကျွန်တော့်ထက်စာရင် ဆိုဒ်ကိုပိုအကျိုးပြုနိုင်တယ်ထင်လို့် ဂုဏ်ပြုတာပါ။ အားလုံး vote ပေးကြပါ။ (ပေးလို့ရ, မရ လည်းသိချင်ပါတယ်။ ဒါတွေအကုန်လုံးကို အက်မင်ကပဲ ကိုင်တာမို့လို့ ရနိုင်မယ်ထင်ပါတယ်)


susunosukiJune 23, 20111min2903
ရထားစီးတဲ့ အကြောင်းတွေ ကျွန်တော်ဒီဆိုဒ်မှာရေးတာ များနေပါပြီ။ ဒါပေမယ့် နောက်ဆုံးပိတ်အိတ်နဲ့ လွယ်ပေါ့လေ။ မြို့ပါတ်ရထားနဲ့ ပါတ်သတ်ပြီး ပိုစ့်တစ်ခုရေးချင်တာက မြန်မာ့မီးရထားရဲ့ တိုင်း (၇) ကြေငြာစာနဲ့ ပတ်သက်လို့ပါ။ ကျွန်တော် သတိထားမိသွားတာက ရထားအချိန်မှန်တာနဲ့ ပါတ်သက်လို့ ရေးထားတဲ့ အချက်တွေပါနေလို့ဖြစ်ပါတယ်။ လအလိုက်ကို ရထားအချိန်မှန်ကန်မှုတွေပြထားတော့ ဒီဆိုဒ်ထဲမှာ မြို့ပတ်ရထားစီးသူများရှိနေခဲ့ရင် သူ့တို့ရေးထားသလို မှန်/မမှန်တို်က်ဆိုင်စစ်ဆေးနိုင်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ ရထားအချိန်မှန်ကန်မှုကို နှစ်ပေါင်း ၂ဝ အတွင်းမှာ ၄ စက္ကန့်ပဲ ကွာခဲ့တယ်လို့ ဂျာနယ်တစ်ခုမှာဖော်ပြထားတာကို တစ်ခါက ဖတ်ဖူးပါတယ်။ နည်းနည်းတွေ လွဲချင်လွဲနိုင်တယ်။ ကျွန်တော်ဖတ်ဖူးတာ ကြာနေပြီ။ ကဲ ကျွန်တော်တို့ နိုင်ငံ မဟာရန်ကုန်မြို့ကြီးရဲ့ လူဦးရေ ၁၀+ ရာခိုင်နှုန်းကို ပို့ဆောင်ပေးနေတဲ့ မြို့ပတ်ရထားတွေရဲ့ အချိန်မှန်ကန်မှုကို ကြည့်ကြပါဦး…..။


susunosukiJune 22, 20111min70128
နေရာတကာ မိုင်တိုင် ၇၆.. လွန်ခဲ့သော ရက် ၂ဝ လောက်ကတည်းက ကြားခဲ့ရတယ်။ ကြည့်တဲ့သူတွေက ‘အောင်မယ်လေး ကြောက်ဖို့ကောင်းလိုက်တာ’ ဆိုတာမျိုးကိုပဲ နားညည်းအောင်ကြားခဲ့ရ။ ဖြစ်ကြောင်းရယ်ကုန်စင်ကိုလည်း ဂျာနယ် အလီလီမှာ ရှင်းကြပါရဲ့။ ကော်လန်များများရလိုက်ကြတယ်။ အဖြစ်မှန်လို့ ပြောကြသူမှာမနည်း။ ကားဂိတ်မှာလည်း ”မိုင်တိုင် ၇၆ ”အခွေ-ကူးခွေ လိုက်ရောင်းကြတယ်။ တစ်ခွေကို ၅၀ဝ ကျပ်နဲ့။ ရထားပေါ်မှာတောင်ရောင်းကြတယ်။ ရုံးမှာလည်း မိုင်တိုင် ၇၆၊ အိမ်ဘေးကလည်း မိုင်တိုင် ၇၆၊ ကားပေါ်မှာ ရထားပေါ်မှာ မိုင်တိုင် ၇၆၊ နေရာတကာ ဒီအကြောင်းတွေပဲ ကြားရလွန်းလို့ ဒါရိုက်တာ မောင်မျိုးမင်းတော်တော် ရေပန်းစားနေတော့တယ်။ သက်ဆိုင်ရာဆင်ဆာလူကြီးတွေကတော့ ဗုဒ္ဓဘာသာကို အထင်လွဲစေမည့် လူအများကြောက်လန့်စေမည့် အကြောင်းအရာမျိုးတွေဖြစ်သောကြောင့် ခွင့်မပြုခဲ့ဟုပြောပါတယ်။ ခွင့်ပြုခဲ့လျှင်တောင် ခုလိုနာမည်ကြီးအံ့မထင်။ ခုတော့ ”ဒါရိုက်တာက […]


susunosukiJune 21, 20111min55613
ရန်ကုန်မြို့ရှိမြို့ပါတ်ရထားများ ပြုပြင်ရန်လိုအပ်လျက်ရှိနေသည်။ မြန်မာ့မီးရထားတိုင်း ( ရ ) အတွက်ရထားတွဲများ ပြုပြင်ခြင်း ဆေးသုတ်ခြင်းများပြုလုပ်နေသည်ဆိုသော်လည်း အများစုမှာ အရင့်အရင်က ပုံစံအတိုင်း ခပ်မှိုင်းမှိုင်းပင်။ ကြမ်းပိုးကိုက်သည်ကတော့ အရင်ထက်စာလျှင် သက်သာသွားသည်ဟုပြောနိုင်သည်။ အောက်မှပုံမှာ ဒညင်းကုန်းဘူတာ မှ ဗွက်လည်နေသော ဈေးတန်းဖြစ်သည်။ ဘူတာကို ရထားဆိုက်ချိန်ဆိုလျှင် ကုန်တင်ကုန်ချလုပ်သူများ ခရီးသည်များနှင့် ရှုပ်ထွေးနေတတ်သည်။ ဘူတာမှ လူတစ်ဦးမှာ အော်လံတစ်ခု နှင့် အဆက်မပြတ်အော်နေရသည်။ ရထားတွဲများသာ ပြုပြင်ရန်လိုအပ်နေသည်မဟုတ်။ ရထားလမ်းများမှာလည်း မညီမညာ၊ ရွာမဘူတာမှ အထွက်ဆိုလျှင် ရထားတွဲမှာ ညင်သာသော အရှိန်နှင့်ပင် အတော်လူးနေပေသည်။ ဒဂုံတက္ကသိုလ် ရထားလမ်းများလည်းထိုအတိုင်းပင်။ မြန်မာ့သက်တမ်းအကြာဆုံး ရန်ကုန်-ပြည်ရထားလမ်းပိုင်းပေါ်မှ အုတ်ကျင်းဘူတာ သံလမ်းပေါ်မှာပင် အမှိုက်ပုံရှိနေပေသည်။ တခြားသံလမ်းဘေးတလျှောက်မှ အမှိုက်ပုံများမှာလည်း မရေမတွက်နိုင်အောင်ပင်။ ပုံတွင်ကြည့်ပါ။ ထိုထက်ဆိုးသည့်အချက်ကား ရထားများပေါ်တွင် ကွမ်းစား၊ […]


susunosukiJune 18, 20111min2724
အင်း–ဒါကလည်းတစ်ခုပေါ့လေ။ တကယ်တမ်း အဲဒီတုန်းက အချိန်တွေကို ပြန်ပြင်နိုင်ခဲ့ရင် ကိုယ်ချစ်တဲ့သူကို ချစ်တယ်လို့ပြောရဲတဲ့သတ္တိကိုမွေးခဲ့မိမယ်။ အဲဒီသတ္တိသာရှိခဲ့ရင် ကျွန်တော် ပထမဆုံးရေးတဲ့ ရည်းစားစာဟာ သူ့ဆီမရောက်ပဲ ကျွန်တော့် အမေဆီ( အမေစာအုပ်တွေရှင်းရင်း) ရောက်သွားမှာ မဟုတ်ပါဘူး။ ခုနေစိတ်နဲ့သာဆိုရင် (ဆရာမရိုက်ရုံမကလို့ မိဘခေါ်ချင်ခေါ်ခဲ့ပါစေ) သူ့လွယ်အိတ်ထဲ ရည်းစားစာ ငါးဆောင်လောက်ကို ထည့်ပေးလိုက်မိမှာ။ ခုဆိုရင် သူလည်းကလေးတွေနဲ့ ဘယ်ရောက်လို့ရောက်နေမှန်းမသိတော့ပါဘူး။ ကျွန်တော်လည်းမလွမ်းမိပါဘူး။ ကံကုန်ရင် ကိုယ့်လမ်းကိုယ်သွားရမယ့်သူတွေပဲ။ နည်းခဲ့တဲ့သတိ္တကိုပဲ ပြင်ခဲ့ချင်တာ။ စိတ်ပျက် လက်ပျက်ဖြစ်စရာတွေ ချည်းပဲလားဆိုတော့ မဟုတ်ပါဘူး။ တစ်ချို့ကိစ္စတွေကိုတော့ အချိန်ကြာခဲ့ပေမယ့် ခုထက်ထိကျေနပ်နေခဲ့တယ်။ ဥပမာ-ဆယ်တန်းတုန်းက ကျူရှင်ကောင်းကောင်း မယူနိုင် ( ဘာသာစုံတောင်မသင်ခဲ့နိုင် )ပေမယ့် အောင်မှတ်ရအောင် ကိုယ့်မစွမ်းအစနဲ့ ကျက်မှတ်ခဲ့တာမျိုးပေါ့။ တစ်ချို့ဘာသာတွေဆို သင်ရိုးညွှန်းတမ်းစာအုပ်ကိုတောင် အလွတ်ကျက်ခဲ့ တယ်။ မြန်မာစာ ခက်ဆစ်ဆို ဝေါဟာရ […]


susunosukiJune 18, 20111min191
တကယ်လို့ ကျန်ခဲ့တဲ့ ဆယ်နှစ်တာ အပိုင်းအခြားကို ပြန်ပြင်လို့ရနိုင်တယ်ဆိုပါတော့။ သင့်ဘဝရဲ့ ဘယ်လိုအစိတ်အပိုင်းတွေကို ဖယ်ထုတ်ပစ်လိုက်ချင်ပါသလဲ။ ဘယ်လိုအဖြစ်အပျက်တွေကို ပြန်ဆင် မွမ်းမံချင်ပါသလဲ။ ဘယ်လိုအစိတ်အပိုင်းတွေကို ထပ်မံပေါင်းထည့်ချင်ပါသလဲ။ နောင်တတွေ နဲ့ သုံးမရတော့ လောက်အောင်ကြေမွမနေပေမယ့် တစ်ချို့ တစ်ချို့သော နေရာလေးတွေကို အားမလို အားမရစိတ်၊ ဒေါသစိတ်၊ နာကျည်းစိတ်တွေနဲ့ ပြင်ချင်တယ်။ တစ်ချို့ကိစ္စတွေကို ဖယ်ထုတ်ချင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ နောင်တစိတ်နည်းနည်းပါမယ်ထင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်တာ ဆိုပါတော့..အင်း… ၂၀၀၁ ခုနှစ် ရဲ့ ဂျွန်လလောက်ကနေ စပြီးပြင်လိုက်မယ်။ တကယ်ပဲအဲဒီအချိန်ကို ပြန်ပြင်လို့ရမယ်ဆိုရင် စာကိုပိုကြိုးစားမိခဲ့မှာ အမှန်ပဲ။ စာကြိုးစားခြင်းဟာ တခြားသော စိတ်ညစ်စရာတွေကို မေ့ဖျောက်လို့ရနိုင်သလို နောက်ပိုင်းမှာလည်း ကိုယ့်ဘဝအတွက် ကောင်းမွန်တဲ့ အထောက်အပံ့ရနိုင်တယ်လေ။ ကျွန်တော်ဟာ ကျောင်းတွင်းမှာ တခြားစည်းကမ်းတွေ ကိုသူများထက်ကျော်လွန်အောင်လိုက်နာခဲ့ပေမယ့် စာသင်ရာမှာတော့ လျော့ရဲရဲနိုင်ခဲ့တယ်။ […]


susunosukiJune 18, 20111min3615
တစ်နေ့က အိပ်ရာကတစ်ရေးနိုးတော့ ခြင်ထောင်မှာ ပင့်ကူတစ်ကောင်ကပ်နေတာ တွေ့လိုက်တယ်။ ဘေးမှာ အသင့်တွေ့ရတဲ့ ပေတံကို ထောင်ပြီး ဓါတ်ပုံရိုက်ယူလိုက်ပါတယ်။ ခြင်တစ်ကောင်နဲ့ အိပ်ကြည့်ပါဆိုတဲ့ စာအုပ်တစ်အုပ်အကြောင်းကြားဖူးပါတယ်။ ပင့်ကူတစ်ကောင်နဲ့ အိပ်ရတဲ့ အရသာကိုတော့ စာဖတ်သူများ ခံစားကြည့်ပါဦး။


susunosukiJune 4, 20111min4689
ရန်ကုန်မြို့ပေါ်မှာ ဘိလပ်မြေအတု – အစစ်နှင့် အချိုးကျရောစပ်ထားသော ဘိလပ်မြေ များရောင်းဝယ်နေကြပါတယ်။ ရောတဲ့ အမှုန့်က ဘိလပ်မြေနဲ့ အရောင်ရော အထိအတွေ့ကော အရမ်းတူပါတယ်။ အညာဖက်က မြစ်ကမ်းတွေမှာ နွေဖက်ဆိုရင် ပေါ်တတ်တဲ့ နှုန်းခြောက် အခဲတွေကို ပြန်ကြိတ်တယ်လို့ ကြားပါတယ်။ သိရသလောက်ဆိုရင် ဘိလပ်မြေအတုက ဆောက်လုပ်ရေးဆိုဒ်အကြီးစားတွေမှာတော့ သုံးလေ့မရှိပါဘူး။ မြို့တွင်းက လက်လီဆိုင်တွေမှာ အထူးသဖြင့်တွေ့ရတတ်ပါတယ်။ အခက်အခဲကြောင့် ဓါတ်ပုံမတင်ပေးနိုင်တာ သည်းခံပေးပါရန်။ မြို့သစ်လိုနေရာမျိုးတွေမှာ ဘိလပ်မြေသုံးတဲ့ အိမ်ရှင်တွေဟာ လုပ်ငန်းသိပ်မကြီးတာတစ်ကြောင်း၊ ကိုယ်ကိုယ်တိုင်မကျွမ်းကျင်တာတစ်ကြောင်းနဲ့ ပန်းရံဆရာတွေကို လွှဲထားတတ်ပါတယ်။ ပန်းရံဆရာဆိုတာ ကလည်း ဘယ်လောက်ပဲရိုးတယ်ပြောပြော လက်ဖက်ရည်ဖိုးများများပေးတဲ့ ဆိုင်မှာပဲဝယ်တတ်ပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီး ဘိလပ်မြေအတု-အစစ်နဲ့အရော နဲ့ အလေးချိန်မပြည့်တဲ့ အိတ်တွေဟာ အသုံးပြုတဲ့အထဲရောက်သွားပါတယ်။ ဘိလပ်မြေဝယ်သူလေ့ရှိသူတွေ သတိထားနိုင်အောင် အတုနဲ့ အစစ်ဘယ်လိုကွာတယ်ဆိုတာ နည်းနည်းလောက်ပြောပြပါ့မယ်။ ၁။ […]


susunosukiMay 30, 20111min37511
ရန်ကုန်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ ဆိုင်ကယ်မစီဖို့ တားမြစ်ထားပေမယ့် စီးနင်းသူတွေ အများအပြားရှိနေပါတယ်။ မြို့သစ်တွေမှာ ပိုများတယ်။ ယာဉ်ထိန်းရဲရှိရင် အချင်းချင်း သတိပေးကြပြီး ပြေးနေကြပါတယ်။ ဓါတ်ပုံ- ဒညင်းကုန်လမ်းဆုံမှ ဆိုင်ကယ်ကယ်ရီများ တစ်ချို့ ဆိုင်ကယ်မဝင်ရဆိုတဲ့ ဆိုင်းဘုတ်တွေကို မှုတ်ဆေးဘူးတွေနဲ့ ဖျက်ထားတာတွေ့ရပါတယ်။ လိုင်စင်မရှိတဲ့ ဆိုင်ကယ်သမားတွေဟာ ဦးထုတ်ဆောင်းခြင်းမရှိပါဘူး။ စီးရင်းလည်း ဆိုင်ကယ်တစ်စီးကို နှစ်ယောက်သုံးယောက်စီးပါတယ်။ ယာဉ်စည်းကမ်းကိုလည်း လုံးဝ လိုက်နာခြင်းမရှိပါဘူး။ ဒီလိုဆိုင်ကယ်တွေရှိနေတာ ခရီးသွားလာတဲ့ ပြည်သူတွေ အတွက် အရမ်း အနာ္တရယ်များပါတယ်။


susunosukiMay 7, 20112min2572
ရပ်ဝေးရပ်နီးမှ ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင်အများ ဖူးမျှော်သဒ္ဒါပွားများနိုင်ရန် ေလးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ၆.၅.၂၀၁၁ မှာ ဓါတ်ပုံရိုက်ယူခဲ့ပါတယ်။


susunosukiJuly 18, 20101min2080
အရူးတွေဟာ ပစ္စည်း ဥစ္စာကို လိုချင်တပ်မက်မှု များတယ်။ ပိုင်ဆိုင်ရရှိတဲ့အခါ ဝမ်းသာပျော်ရွှင်တယ်။ လူတော်တွေကတော့ ပစ္စည်း ဥစ္စာပိုင်ဆိုင်မှုတွေ ဆီကနေ တန်ခိုးအာဏာ ရယူလိုကြတယ်။ သူတို့ဟာ ဒီတန်ခိုးအာဏာ ရရှိ အသုံးပြုနိုင်တာကို ပျော်တယ်။ ပညာရှိတွေကတော့ ပစ္စည်း ဥစ္စာရဲ့စစ်မှန်တဲ့ တန်ဖိုးကိုရှာဖွေတယ်။ ဒီတန်ဖိုးတွေကို မြင့်တက်စေခြင်းဖြင့် ပျော်ရွှင်မှုကို ရရှိတယ်။


susunosukiJune 1, 20101min2331
အရူတွေကတော့ သူတို့လုပ်ငန်းအတွက်အသက်ရှင် နေကြတယ်။ လုပ်ငန်းတိုးတက်မြင့်မားနေတယ်ဆိုရင် သူတို့ဟာ လုပ်ငန်းအတိုင်းမြင့်မားနေကြတယ်။ လုပ်ငန်းကျဆင်းနေတယ်ဆိုရင် သူတို့ဟာ ကျဆင်သွားကြတယ်။ လုပ်ငန်းမှာ ပြဿနာ အရေးကိစ္စတွေ တစ်စုံတစ်ခု ကြုံလာရင် သူတို့ဟာ လုံးဝပျက်စီးသွားတော့တယ်။ လူတော်တွေကတော့ လုပ်ငန်းကို ယာဉ်ရထားလို သဘောထားတယ်။ လုပ်ငန်းတိုးတက်မြင့်မားနေတယ်ဆိုရင် သူတို့ဟာဒီယာဉ်တွေကိုမောင်းနှင်သွားတယ်။ လုပ်ငန်းတိုးတက်မှုကျဆင်းနေတယ်ဆိုရင်တော့ သူတို့ပြုပြင်တယ်။ လုပ်ငန်းမှာ ပြဿနာ အရေးကိစ္စတွေ ကြုံလာရင်သူတို့ဟာ နောက်ယာဉ်တစ်စီး ပြောင်းစီးတော့တာပဲ။ ပညာရှိ တွေကတော့ လုပ်ငန်းကိုစဉ်ဆက်မပြတ် ထွက်ကျနေတဲ့ရေပန်းလို သဘောထားကြတယ်။ သူတို့ရဲ့လုပ်ငန်းဟာ ကမာ္ဘသူ ကမာ္ဘသားတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတယ်။ ကမာ္ဘသူ ကမာ္ဘသားတွေရဲ့ လိုအပ်ချက်တွေဟာ အမြဲတစေရှိနေတဲ့အတွက် သူတို့ရဲ့ လုပ်ငန်းတွေဟာလည်း စဉ်ဆက်မပြတ် တိုးတက်နေတာပေါ့။