ရာမညFebruary 16, 20151min1659
ယမန်နေ့မနက်မှစ၍ ကျွန်ုပ်သည် ဆန္ဒပြသပိတ်မှောက် အဖွဲ့များအားလိုက်လံကြည့်ရှုရင်းဖြင့် ၈၈ သပိတ်မှောက်ကာလ၏ နောက်ပိုင်းကာလများကို ပြန်ပြောင်းသတိယမိလေတော့သည် ။ ထိုစဉ်က ကျွန်ုပ်သည် ဆယ်တန်းလေးနှစ်ကျပြီး အရွယ်ရောက်မှတ်မိသိရှိနေသည်ဖြစ်သောကြောင့် အတိတ်ဖြစ်ရပ်များကို ပြန်လည်တွေးတော စားမြုံ့ပြန်ချင်စိတ်ဖြစ်မိသည့်အားလျော်စွာ ဤစာကိုရေးသားရခြင်းဖြစ်လေတော့သည် ။ ၁၉၈၈ အရေးအခင်းကာလအစပိုင်းနှင့် အလယ်ပိုင်းများမှာ လူအများသိရှိသည့်အားလျော်စွာ ကျွန်ုပ်အနေဖြင့် မပြောလိုတော့သည်ဖြစ်၍ သပိတ်ကာလ နောက်ပိုင်းအခြေအနေကိုသာ ပြန်လည်ရေးသားချင်မိလေသည် ။ ဤသို့ဆိုရာတွင် ကျွန်ုပ်ရေးသားဖေါ်ပြအံ့သောဖြစ်ရပ်များမှာ ကျွန်ုပ်ပါဝင်ပါတ်သက်သော ဝန်းကျင်သာဖြစ်၍ အားလုံးထပ်တူကျသည်ဟု မဆိုလိုပေ။ ကျွန်ုပ်၏အတွေ့အကြုံများကိုသာ ဦးစားပေးရေးသားတင်ပြမည်ဖြစ်ပေတော့သည် ။ ၁၉၈၈ ဩဂုတ်လ၏ စတုတ္ထပါတ်တမနက်၌ ………… ကျွန်ုပ်သည် အိပ်ယာမှထလျှင်ထခြင်း အိမ်ရှေ့တွင် အထုတ်တထုတ်ကို တွေ့မိလေသည် ။ အဆိုပါအထုတ်အား အဆောတလျှင် ဖွင့်ကြည့်ပြီးသည်နှင့် ကျွန်ုပ်မှာလွန်စွာဒေါသထွက်လွန်းသဖြင့် အသားများပင် တဆတ်ဆတ်တုန်နေတာ့သည် ။ ၎င်းအထုတ်မှာ […]