Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်ုုပ်နှင့် ၈၈ အရေးအခင်းကာလ

ရာမညFebruary 16, 20151min5989

ယမန်နေ့မနက်မှစ၍ ကျွန်ုပ်သည် ဆန္ဒပြသပိတ်မှောက် အဖွဲ့များအားလိုက်လံကြည့်ရှုရင်းဖြင့်
၈၈ သပိတ်မှောက်ကာလ၏ နောက်ပိုင်းကာလများကို ပြန်ပြောင်းသတိယမိလေတော့သည် ။
ထိုစဉ်က ကျွန်ုပ်သည် ဆယ်တန်းလေးနှစ်ကျပြီး အရွယ်ရောက်မှတ်မိသိရှိနေသည်ဖြစ်သောကြောင့် အတိတ်ဖြစ်ရပ်များကို ပြန်လည်တွေးတော စားမြုံ့ပြန်ချင်စိတ်ဖြစ်မိသည့်အားလျော်စွာ
ဤစာကိုရေးသားရခြင်းဖြစ်လေတော့သည် ။
၁၉၈၈ အရေးအခင်းကာလအစပိုင်းနှင့် အလယ်ပိုင်းများမှာ လူအများသိရှိသည့်အားလျော်စွာ ကျွန်ုပ်အနေဖြင့် မပြောလိုတော့သည်ဖြစ်၍
သပိတ်ကာလ နောက်ပိုင်းအခြေအနေကိုသာ ပြန်လည်ရေးသားချင်မိလေသည် ။
ဤသို့ဆိုရာတွင် ကျွန်ုပ်ရေးသားဖေါ်ပြအံ့သောဖြစ်ရပ်များမှာ ကျွန်ုပ်ပါဝင်ပါတ်သက်သော ဝန်းကျင်သာဖြစ်၍ အားလုံးထပ်တူကျသည်ဟု မဆိုလိုပေ။
ကျွန်ုပ်၏အတွေ့အကြုံများကိုသာ ဦးစားပေးရေးသားတင်ပြမည်ဖြစ်ပေတော့သည် ။

၁၉၈၈ ဩဂုတ်လ၏ စတုတ္ထပါတ်တမနက်၌ …………
ကျွန်ုပ်သည် အိပ်ယာမှထလျှင်ထခြင်း အိမ်ရှေ့တွင် အထုတ်တထုတ်ကို တွေ့မိလေသည် ။
အဆိုပါအထုတ်အား အဆောတလျှင် ဖွင့်ကြည့်ပြီးသည်နှင့် ကျွန်ုပ်မှာလွန်စွာဒေါသထွက်လွန်းသဖြင့် အသားများပင် တဆတ်ဆတ်တုန်နေတာ့သည် ။
၎င်းအထုတ်မှာ အာဂျီနိုမိုတို ကြွတ်ကြွတ်အိပ်အဟောင်းဖြင့်ထုတ်ထားသော ပြည်တွင်းဖြစ် ဓတ်ရိုက်ထမီအဟောင်းတထည်ဖြစ်သည် ။
အဓိပ္ပါယ်ကောက်ချက်ဆွဲရသော် ဖြစ်ပွါးနေသော ၈၈၈၈ အရေးအခင်းသပိတ်တွင် ကျွန်ုပ်မပါဝင်သေးသောကြောင့်
သပိတ်စခန်းမှ ကျွန်ုပ်ထံပို့လိုက်ခြင်းဟူ၍ ယူဆမိလေတော့သည် ။

ကျွန်ုပ်မှာ အဆိုပါဆန္ဒပြပွဲတွင် နေရာယူဖျာခင်းသည့်အမှုမျိုးက်ို မလုပ်ချင်သော်လည်း ယခုအခြေအနေအတိုင်းဆိုပါက မလွှဲမရှောင်သာပါဝင်ရတော့မည်ဖြစ်လေသည် ။
ထိုစဉ်အခါက အုပ်ချုပ်ရေးယန္ဒရားသည်လည်း ရပ်တန့်သွားလေပြီဖြစ်ရာ မိမိတို့ရပ်ကွက် လမ်းနှင့် နေအိမ်တို့ကို ကိုယ့်အားကိုကိုးကာကွယ်ကြရသည်ဖြစ်သောကြောင့် သပိတ်စခန်းတွင်အဖွဲ့ဝင်ဖြစ်ပါက
အနေအထိုင်သက်သာချောင်ချိဖွယ်ဖြစ်နိုင်သောကြောင့် လည်းကောင်း ၊ ဆင်းရဲသားလက်လုပ်လက်စားမိသားစုများတွင် ဆန်ပြုတ်သောက်နိုင်ရန်ကြိုးစားနေရချိန်တွင်
သပိတ်စခန်း၌ ထမင်းထုပ်များ အလျှံအပယ်ပေါများနေ၍ နေ့လွဲညစာပူပန်ရန်မလိုသောကြောင့်လည်းကောင်း ကျွန်ုပ်မှာ သပိတ်တပ်သားအဖြစ်ဝင်ရောက်ရန် ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်ပါတော့သည် ။

ဆယ်တန်းလေးနှစ်ကျသောကျွန်ုပ်သည် သပိတ်စခန်းတွင် ကျောင်းသားခေါင်းဆောင်ငယ်အဖြစ် စတင်နေရာရခဲ့ပါသည် ။
ကျောင်းသားခေါင်းဆောင်ဖြစ်လာပြီးနောက် ကျွန်ုပ်မှာ စဉ်းစားရပါသည် ။
သပိတ်တပ်ဦးမှနေ၍ လှုံ့ဆော်ဟောပြောမည်လား သို့တည်းမဟုတ် နောက်တန်းစခန်းတွင်ထိုင်၍ စီမံခန့်ခွဲမည်လားဟူ၍တွေးတောလေရာ
ဧကန်စင်စစ် အန္ဒရယ်ကင်းဘေးရှင်း၍ စားကောင်းအိပ်ပျော်သော သပိတ်စခန်းအထိုင်အင်အားစုတွင်သာ ဝင်ရောက်လှုပ်ရှားခဲ့သည် ။
ကျွန်ုပ်၏တာဝန်မှာ လွန်စွာအရေးကြီးလှသောရိက္ခာထောက်ပံ့ရှာဖွေရေးဖြစ်လေရာ သပိတ်စခန်း၏ ထမင်းထုတ်အလှုခံ ၊ ဖြန့်ဝေရေးများဆောင်ရွက်ရလေ၏ ။

ရပ်ကွက်အတွင်းစေတနာရှင်များမှလာရောက်လှုတန်းသောထမင်းထုတ်များမှ ကောင်းမည်ထင်သည့်ထမင်းထုတ်များကို ကျွန်ုပ်နှင့် ဘော်ဒါတစုအတွက်အလျင်ဦးစွာဖယ်ပြီးနောက် ကျန်ထမင်းထုတ်များကို လက်သင့်ရာ ခင်မင်သူများအားဝေပေးခြင်းဖြင့် တာဝန်ကျေပြွန်စွာထမ်းဆောင်ခဲ့လေသည် ။

မကြာမီတွင် သပိတ်စခန်းများအတွင်း အဆိပ်ခတ်သည့် သတင်းများပြန့်နှံ့လာလေရာ ကျွန်ုပ်တာဝန်ယူရသော ရိက္ခာထောက်အဖွဲ့အဖို့ ကြီးစွာသောသတိထားစရာ ဖြစ်လာရပါတော့သည် ။
ကျွန်ုပ်မှာလည်း မိမိအသက်ဦးစွာသေရမည့် အဆိပ်ဘေးကို ကြောက်ရွံ့သည့်အားလျော်စွာ စခန်းတာဝန်ခံများ သပိတ်ခေါင်းဆောင်များထံတင်ပြပြီးလျှင် ရိက္ခာသိုလျောင်ရာနေရာနှင့် ရေတွင်းရေကန်များကို ကန့်သတ်နယ်မြေအဖြစ်ပြန်တမ်းထုတ်၍ လုံခြုံရေးဆောင်ရွက်မှုအား တိုးမြှင့်ခဲ့ရလေသည် ။
ထိုအခါမှစ၍ ကျွန်ုပ်၏ ဩဇာအရှိန်အဝါမှာ လျှမ်းလျှမ်းတောက်ထည်ဝါခဲ့ရတော့သည် ။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်နှင့်မျက်နှာကြောမတည့်သူအား လုံခြုံရေးအရ မသင်္ကာသည်ဟုဆိုပါလျှင် သပိတ်တပ်ဖွဲ့ဝင်များနှင့် အားပေးထောက်ခံသူများမှ ခေါင်းဖြတ်သည်အထိအရေးယူနိုင်ဖွယ်ရှိလေသောကြောင့်တည်း ။
ထိုစဉ်က မြောက်ဥက္ကလာတွင် လွန်စွာမှ ဆူပူနေ၍ သမိုင်းရေစီးလှိုင်းကြီးလေထန် ဖြစ်ရပ်များပေါ်ပေါက်နေပြီဖြစ်လေရာ အဆိပ်ခတ်သူဟု နာမည်တပ်လိုက်ပါက မည်သို့ဆက်လက်ဆောင်ရွက်ကြမည်ကို မတွေးဝံ့စရာပင်ဖြစ်နေလေတော့သည် ။

သပိတ်တပ်သားတို့အတွင်းသာမက လမ်းထိတ်မှ ပါတီယူနစ်ဥက္ကဌကြီးနှင့်ရပ်ကွက်ကောင်စီဥက္ကဌဟောင်းတို့သည်ပင် ကျွန်ုပ်အားမျက်နှာချိုသွေးရလေသည် ။
ကျွန်ုပ်မှာ လုံခြုံရေးအဖွဲ့များတိုင်းမြှင့်၍ ထမင်းထုတ်များကို ကင်းတာဝန်ချထားခြင်း ၊ စခန်းအတွင်းတွင် ရှောင်တခင်စစ်ဆေးခြင်းများကို ပြုလုပ်ပြီးလျှင် ဒီမိုကရေစီသပိတ်တပ်ရင်း၏ ထောက်ပံ့ရေးနှင့် လုံခြုံရေးအထူးတာဝန်များကို အားတက်သရောထမ်းဆောင်ခဲ့ပါသည် ။

ဤသို့ဖြင့် စက်တင်ဘာလ ဒုတိယပတ်သို့ရောက်ရှိလာသောအခါ
ဆန္ဒပြပုံစံမှာ အနည်းငယ်ပြောင်းလဲလာကြသည် ။ အဆာအငတ်ခံဆန္ဒပြခြင်းများ ဟိုနားတစုဒီနားတစု စတင်နေပြီဖြစ်သောကြောင့် ကျွန်ုပ်တို့သပိတ်စခန်းအနေဖြင့်လည်း အဆိုပါလှုပ်ရှားမှုတွင် ပါဝင်ပြသရမည်ဖြစ်လေတော့သည် ။
ထမင်းလွန်စွာဆာလောင်တတ်သောကျွန်ုပ်မှာ ကြီးစွာသောစိတ်ဆင်းရဲမှုဖြစ်ရလေသည် ။
အဘယ်ကြောင့်ဆိုသော် အငတ်ခံဆန္ဒပြနေသူများအတွက် ထမင်းထုတ်များမပို့တော့ပါက ကျွန်ုပ်မှာ ဒုဗ္ဗိကန္တရကပ်ဘေး(အငတ်ဘေး) ဆိုက်ရောက်တော့မည်ကို တွေးတောစဉ်းစားမိသောကြောင့်ဖြစ်ပါသည် ။

မည်သို့ပင်ဖြစ်စေကာမူ ဘီဘီစီ ဗွီအိုအေ တို့၏သတင်းတွင် ကျွန်ုပ်တို့၏သပိတ်စခန်းသတင်းအား ဝေဝေဆာဆာဖြင့်ဖေါ်ပြနိုင်စေရန်
သပိတ်တပ်သားများအား ခေါင်းဆောင်များမှ ရဲရဲတောက်မိန့်ခွန်းပြောကြားပြီးလျှင် ဆန္ဒပြစေရန် စည်းရုံးနိုင်ခဲ့လေသည် ။
အဖွဲ့များခွဲ၍ အလှည့်ကျဆန္ဒပြရမည်ဖြစ်သောကြောင့် ကျွန်ုပ်လည်း ပါဝင်ရမည်ဖြစ်လေရာ ထိုအကြောင်းကိုသိပြီးလျှင်ပြီးခြင်း မျက်စိများပင်ပြာဝေသွားမတတ် ဖြစ်ရသည် ။
သို့သော် ကျွန်ုပ်မှာခေါင်းဆောင်ပိုင်း၌ပါဝင်နေသည်ဖြစ်သောကြောင့် အရေးကြီးတာဝန်များထမ်းဆောင်နိုင်စေရာအလို့ငှါ နောက်ဆုံးအဖွဲ့သို့ အလှည့်ရွှေ့ပေးထားခြင်းခံရလေသည် ။
ကျွန်ုပ်၏စိတ်ထဲမှ ကျိတ်ကျိတ်ပြီးတောင်းသောဆုမှာ ကျွန်ုပ်အငတ်ခံ ဆန္ဒပြရသောအလှည့်မတိုင်မှီ ဒီမိုကရေစီမြန်မြန်ရပါစေ ဟူ၍ဖြစ်ပါတော့သည် ။

ကျွန်ုပ်တောင်းသောဆုကားမပြည့်ခဲ့ပါသော်လည်း တမျိုးတဖုံသက်သာခွင့်အားရခဲ့ပါသည် ။
ထိုနေ့သည် စက်တင်ဘာလ (၁၈) ရက်နေ့ဖြစ်သည် ။
ကျွန်ုပ်နှင့် အငတ်ခံဆန္ဒပြအဖွဲ့မှာ ဗိုက်များတဂွီဂွီ အော်မည်နေပြီဖြစ်သည် ။
ဘီဘီစီသတင်းထောက်ဟုယူဆရသူများနှင့်လက်ကမ်းစာစောင်များမှသတင်းယူသူများမှလည်း ကျွန်ုပ်တို့အဖွဲ့သတင်းကိုယူနေကြလေပြီ ။
ထိုအချိန်တွင် စခန်းတွင်းရေဒီယိုမှ ကြာဖြတ်သတင်းတခုကိုကြေငြာလိုက်ရာတွင် ကျွန်ုပ်တို့သပိတ်စခန်းတခုလုံး အုံးအုံးကျွက်ကျွက်ဖြစ်သွားရပါတော့သည် ။
ထိုသတင်းမှာ တပ်မတော်မှ နိုင်ငံတော်ငြိမ်ဝတ်ပိပြားမှုအတွက် အာဏာသိမ်းလိုက်ခြင်းပင်ဖြစ်ပါတော့သသည် ။

ကျွန်ုပ်လည်း ခေတ္တခဏ စနည်းနာလျက် လက်ရှိမြို့တွင်းမှအခြေအနေများကို နားထောင်ပြီးလျှင် မိဘများနေထိုင်ရာအိမ်သို့ အောင်မြင်စွာဆုတ်ခွါလာခဲ့သည် ။
မည်သို့ပင်ဖြစ်စေကာမူ အဆိုပါ ၈၈၈၈ အရေးအခင်းသည် ကျွန်ုပ်အားများစွာအထောက်အကူပြုခဲ့ပါသည် ။
မြောက်များလှစွာသော အကျိုးခံစားခွင့်များထဲမှတခုအားပြောရမည်ဆိုပါက အရေးအခင်းကာလအပြီး၊ စစ်အစိုးရလက်ထက် ၁၉၉ဝ ခုနှစ် ဆယ်တန်းစာမေးပွဲတွင် သင်ခန်းစာများလျော့ချပြီးစစ်ဆေးသောကြောင့် မည်သို့မျှအောင်မြင်ဖို့မရှိသော ဆယ်တန်းလေးကြိမ်ကျဖူးသည့် ကျွန်ုပ်သည် တဘာသာလျှင် ၄ဝ နှုံးဖြင့် ချောမောစွာခိုးချအောင်မြင်ခဲ့လေတော့သည် ။
ထို့ကြောင့် ယခုအခါတွင် သားသမီးများရှေ့၌ ဘွဲ့ရပညာတတ်တဦးအဖြစ် မားမားမတ်မတ်ရပ်တည်နိုင်ခဲ့ပါတော့သည် ။

ကြိုးစားပါဦးမည်
ရာမည

9 comments

  • ခင်ဇော်

    February 16, 2015 at 12:27 pm

    ငင်။
    ၈၈ တုန်းက ကျနော်က ၂ တန်းပဲရှိသေးးး
    ကျောင်းတွေ ပိတ်သွားတော့ ပျော်လိုက်ထာလေ။
    ကလေးကိုး ဘာသိမှာတုန်းနော့။
    :k:

    အဲ။
    တက္ကသိုလ်တက်ခါနီး ကျောင်း ၃ နှစ် ပိတ်ထားတာနဲ့ မိတာ ကိုပဲ စိတ်နာထာ!!!

    ၆ နှစ်သင်ရမဲ့စာကို ၃ နှစ်ထဲနဲ့ တက်သုတ်ရိုက်ရတဲ့ ဘွ။
    😥

  • Ma Ma

    February 16, 2015 at 3:54 pm

    အိုင်ဆေး ရာမည….
    ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို တတပ်တအား စောင့်ရှောက်နိုင်ခဲ့တာ ဂုဏ်ယူလိုက်ပေ့ါ။ :k:
    လူဆိုတာ အတ္တသမားဆိုပေမယ့် တခြားသူကိုသာ အတ္တသမားလို့ထင်တာ။
    ကိုယ့်ကိုကိုယ် အမှန်အတိုင်းသိပြီး ပုံဖော်ဖို့တော့ မလွယ်ဘူး။ :b:

  • Mike

    February 16, 2015 at 4:24 pm

    .အင်း..ခီများစာတောင်မဖတ်ရတာကြာပေါ့…ကောင်းပါ၏

  • ဦးဦးပါလေရာ

    February 18, 2015 at 12:02 am

    .ခင်ဗျားက ကျုပ်ထက်တော့ သာသေးတာပဲ…
    :mrgreen:
    …..
    .အမှန်အတိုင်းရေးရဲတာတော့ ချီးကျူးတယ်…
    .ကျုပ်ဆို အမှန်အတိုင်း မရေးရဲသေးဘူး…
    .ရေးရင်လဲ ဖတ်တဲ့သူတွေက ယုံချင်မှယုံမယ်…
    …..
    .အခုတစ်လောဖြစ်နေတဲ့ကိစ္စတွေပြီးသွားမှ
    .(အကယ်၍ပြီးသွားရင်ပေါ့လေ…)
    .သတ္တိမွေးပြီး အဖြစ်မှန်တစ်ချို့ကို ရေးပြပါဦးမယ်…။

  • ဝင့်ပြုံးမြင့်

    February 18, 2015 at 2:00 am

    .စဉ်းစားနေမိတာက ပို့စ်ပိုင်ရှင်ရဲ့ အသက်ပါပဲ။ ၂ဝကျော် ၃ဝ ပတ်ဝန်းကျင်လောက်လို့ ထင်ထားတာ ဟုတ်မှ ဟုတ်ရဲ့လားလို့။ ကျမထက်များ အသက်ကြီးနေမလား တွေးနေမိတာပါ။

    • မြစပဲရိုး

      February 18, 2015 at 6:32 am

      တော်သေးတာပေါ့။
      အစ်မ က သူ့ကို ၇ဝ တန်းဝင် လို့ တောင် မှတ်နေတာ။ 😉
      ၈၈ ကယ်ပေလို့ ပေါ့။ lol:-)))

  • အလင်းဆက်

    February 19, 2015 at 11:40 am

    8888 တုန်းက ကျနော်က ၁ နှစ်သား
    ဘာဆို ဘာမျှ မသိလိုက်။
    သိများ သိလို့ကတော့
    မှီများမှီလို့ကတော့လားးးးကွာာာာာာာာ

    ဘယ်နား ပုန်းလို့ကောင်းမလဲ ရှာမှာာာာ

    :kwi:

  • အရေးအခင်းတုန်းက အရမ်းငယ်သေးလို့ဘာမှမသိရပေမယ့် အစ်မတွေနဲ့တော့ တို့အရေး တို့အရေးလိုက်အော်ခဲ့တယ်တဲ့။
    သက်ခိုင် ကိုဖတ်ပြီးနောက်မှ စေ့စေ့ငင ထဲထဲဝင်ဝင် အဲ့အချိန်ကိုယ်အရွယ်ရောက်ပြီး ပါဝင်နေမိသလို ခံစားသိရှိမိခဲ့တယ်။

  • ဘာပဲပြောပြော ထိုစဉ်သပိတ်က မဖြစ်မနေဆင်နွှဲရမယ့်သပိတ်လို့မြင်မိပြီး
    ယခုသပိတ်ကတော့ စောလွန်းသည့်သပိတ်
    အမေစုကိုပိတ်သလိုဖြစ်မည့် သပိတ်လို့ မြင်မိ

Leave a Reply