သုရွင္July 26, 20131min3157
စိတ္တဇ… တဒိတ်ဒိတ်ခုန်နေတဲ့  နားထင်သွေးတိုးတဲ့အသံ ကြောင့် ငါ့ရဲ့မညီမညာ  ည  တွေ..စည်း ဝါး တော့ ခပ်ကိုက်ကိုက်။ ခုန်ပေါက်နေတဲ့ အတွေးအပိုင်းအစ တွေ ……. ငါ့ဘဝ ကို  ကြီးလိုက် ငယ်လိုက်ဖြစ်စေတယ်……….။ တစ်ဖျောက်ဖျောက်ကျနေတာက… ဟိုးကောင်းကင်က ….မိုးစက်တွေ မဟုတ်ခဲ့ပါဘူး။ ( မဖြစ်နိုင်ဘူးမပြောပါနဲ ့…..။) ငါ့ကိုပဲကြည့်…. မီးမဟုတ်ပေမယ့်…တစ်ဖျစ်ဖျစ်လောင်တယ်။ သစ်ရွက်မဟုတ်ပေမယ့်…..တစ်ဖြုတ်ဖြုတ်ကြွေတယ်။ ပရုတ်လုံးမဟုတ်ပေမယ့် တစ်ဖြည်းဖြည်းလုံးပါးပါးခဲ့တယ်။ မှန်ထဲက ငါမှာ… အရေးအကြောင်းတွေ ခပ်မှိန်မှိန်ကနေ ခပ်ထင်းထင်း…ဖြစ်လာပေါ့။ အကောင်းဆုံးဖြစ်အောင် မလုပ်ခဲ့မိဘူး ဆိုပြီး သံဝေဂ ရ ရ ရ ရ ရ……… ရ ချည်းပဲနေတော့တာ။ တစ်ချိန်တစ်ခါတော့ ငါ့ အပြန်လမ်းမှာ.. နောင်တတွေကို အလေးခံပြီး သယ်ယူမသွားချင်တော့ပါဘူး။ ရွေးချယ်ခွင့် ရ နေသေးသ၍ ပေါ့ဗျာ။ […]