သံပေါက်ရာ နံရံထက်တွင် နစ်ဝင်နေသော နောက်ဆုံး သံချွန်ကို နုတ်ယူလိုက်သည်တွင် ရင်ထဲပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ ထိုနောက်ဆုံးသော သံချွန်ကိုနုတ်စဉ်ခဏ ကျွန်တော့် အသက်ကိုပြန်စမ်းစစ်မိတော့ နှစ်များသည် ကြာညောင်းစွာ ကုန်လွန်ခဲ့လေပြီ။ (က) ပျဉ်ချပ်ပေါ်ရှိ အပေါက်ရာလေးများက ချိုင့်ခွက်ကလေးတွေနှင့်မို့ မျက်နာပြင်သည် ညီညာခြင်းမရှိ။ နဂိုက သည် ပျဉ်ချပ်သည် ပြင်ညီသည်ဟု ဖေဖေပြောသည်။ ထိုသည်က ကျန်ခဲ့ပြီးသော အတိတ်ကာလတစ်ခုဆီက ဖြစ်သည်။ ထိုညီညာနေခဲ့ပါသော ပျဉ်တစ်ချက်ကို ဖေဖေ အိမ်သို့ယူလာသည့်အချိန်ကို မေမေလည်း အတိအကျမသိ။ တစ်ခုသော ကျောင်းဆင်းညနေခင်းအချိန်တွင် ကျွန်တော်အိမ်သို့အဝင် အိမ်၏ တံခါးမကြီးနဘေးတွင် ထိုပျဉ်ချပ်ကို ထောင်လျှက်အနေအထားနှင့် စတွေ့ခြင်းဖြစ်သည်။ ကျောင်းစိမ်းဝတ်စုံကိုလဲပြီး အိမ်ပြင်ပြန်ထွက်မည်အပြု ဖေဖေကို ထိုပျဉ်ချပ်ဘေးနားတွင် တွေ့ရသည်။ ကျွန်တော်တစ်ချက်ကြည့်ပြီး အိမ်ကထွက်မည်အပြု မေမေက လှမ်းပြောသည်။ “ သား […]