kyawmonkhantApril 16, 20111min30615
သကြားမင်းအကောက်ကြံမှု (သို့) ဝံကိုက်နာ   သင်္ကြန်တွင်း ဘယ်မှ မသွားဖြစ်မလည်ဖြစ်တာနဲ့ စာအုပ်စင်မှာရှိတဲ့ စာအုပ်တွေဖတ်ရင်း ငါးရာ့ငါးဆယ် ဇာတ်တော် တစ်ပုဒ်ကိုဖတ်ဖြစ်ခဲ့ပါတယ်။ လူတွေက သင်္ကြန်တွင်းဆိုတော့ သိကြားမင်းနဲ့ နီးစပ်နေတဲ့အချိန်ဆိုတော့ သကြားမင်း ယုတ်မာတာကို သိစေချင်လို့ ဒီပို့စ်တင်ဖြစ်တာပါ။ အဲဒီသကြားမင်းကလဲ ခုလက်ရှိသကြားမင်းတော့ မဟုတ်ပါဘူး။  လူ့ပြည်လူ့ရွာ လူ့နိုင်ငံမှာ သမ္မတအဆက်ဆက်တို့ရှိသလို နတ်ပြည်မှာလည်း သကြာမင်းအဆက်ဆက်ရှိပါတယ်။ ခုပြောမယ့်သကြားမင်းကလည်း အဲဒီအဆက်ဆက်ထဲကတယောက်ဆိုပါတော့။ ဇာတ်တော်ကတော့ ဒီလိုဗျ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းလက်ထက်မှာ ဘုရားလောင်းဟာ ရသေ့ရဟန်းပြုပြီး ဟိမဝန္တာမှာနေခဲ့တယ်။ အဲဒီဘုရားလောင်းကိုစွဲပြီး သမင်မတကောင်က ကလေးတစ်ယောက်မွေးတယ်။ ရသေ့ကြီးက အဲဒီကလေးကို မွေးထားတယ် အိသိသိင်္ဂလို့ နာမည်ပေးတယ်။ အရွယ်ရောက်လာတဲ့အခါ ရသေ့ဝတ်ပေးတယ်။ ရသေ့ကြီးက ရသေ့အကျင့်တွေသင်ပေးလို့ ကျင့်လိုက်တာ ဈာန် အဘိညာဉ်တွေရတယ်။ အိန္ဒြေသိက္ခာရှိတယ်။ စောင့်စည်းတယ်။ ရသေ့လေးရဲ့တန်ခိုးကြောင့် […]