သကြားမင်းအကောက်ကြံမှု (သို့) ဝံကိုက်နာ

kyawmonkhantApril 16, 20111min30615

သကြားမင်းအကောက်ကြံမှု (သို့) ဝံကိုက်နာ

 

သင်္ကြန်တွင်း ဘယ်မှ မသွားဖြစ်မလည်ဖြစ်တာနဲ့ စာအုပ်စင်မှာရှိတဲ့ စာအုပ်တွေဖတ်ရင်း ငါးရာ့ငါးဆယ် ဇာတ်တော် တစ်ပုဒ်ကိုဖတ်ဖြစ်ခဲ့ပါတယ်။ လူတွေက သင်္ကြန်တွင်းဆိုတော့ သိကြားမင်းနဲ့ နီးစပ်နေတဲ့အချိန်ဆိုတော့ သကြားမင်း ယုတ်မာတာကို သိစေချင်လို့ ဒီပို့စ်တင်ဖြစ်တာပါ။ အဲဒီသကြားမင်းကလဲ ခုလက်ရှိသကြားမင်းတော့ မဟုတ်ပါဘူး။  လူ့ပြည်လူ့ရွာ လူ့နိုင်ငံမှာ သမ္မတအဆက်ဆက်တို့ရှိသလို နတ်ပြည်မှာလည်း သကြာမင်းအဆက်ဆက်ရှိပါတယ်။ ခုပြောမယ့်သကြားမင်းကလည်း အဲဒီအဆက်ဆက်ထဲကတယောက်ဆိုပါတော့။

ဇာတ်တော်ကတော့ ဒီလိုဗျ

ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းလက်ထက်မှာ ဘုရားလောင်းဟာ ရသေ့ရဟန်းပြုပြီး ဟိမဝန္တာမှာနေခဲ့တယ်။ အဲဒီဘုရားလောင်းကိုစွဲပြီး သမင်မတကောင်က ကလေးတစ်ယောက်မွေးတယ်။ ရသေ့ကြီးက အဲဒီကလေးကို မွေးထားတယ် အိသိသိင်္ဂလို့ နာမည်ပေးတယ်။ အရွယ်ရောက်လာတဲ့အခါ ရသေ့ဝတ်ပေးတယ်။ ရသေ့ကြီးက ရသေ့အကျင့်တွေသင်ပေးလို့ ကျင့်လိုက်တာ ဈာန် အဘိညာဉ်တွေရတယ်။ အိန္ဒြေသိက္ခာရှိတယ်။ စောင့်စည်းတယ်။

ရသေ့လေးရဲ့တန်ခိုးကြောင့် သကြားမင်းရဲ့ထိုင်ခုံလှုပ်တယ်။ သကြားမင်းလဲလူတွေလိုဘဲ ရာထူးလေး ပြုတ်မှာကြောက်တာပေါ့။ သူ့ကုလားထိုင်လှုပ်ပြီဆိုတော့ ထိုင်ခုံတည်မြဲဖို့ အရေး ရာထူးအာဏာတည်မြဲရေး မဟုတ်တာလဲ လုပ်ရတော့မှာပေါ့။ ဒါကြောင့်သကြားယုတ်မာတယ်လို့ပြောတာ။ ဒါနဲ့ သေချာစုံစမ်းလိုက်တော့  ရသေ့ရဲ့ အကျင့်ကြောင့်ဆိုတာသိတော့ အကျင့်ကိုဖျက်ဆီးဖို့ကြံရတော့တာပေါ့။ ကာသိတိုင်းကို သုံးနှစ်မိုးခေါင် အောင်လုပ်လိုက်တယ်။ မိုးခေါင်တော့ လူတွေငတ်တာပေါ့။ ငတ်တော့ လူတွေဆန္ဒပြကြတယ်လေ။

ဘုရင်ကလဲ ဆန္ဒပြတဲ့အကြောင်းရင်းကိုစုံစမ်းရတာပေါ့။ ဆန္ဒပြသူတွေကို နှိမ်နင်းတယ်လို့တော့ မပါပါဘူး။ အဲဒီတုန်းက သေနတ်ကလဲမပေါ်သေးလို့ပေါ့ဗျာ။  ပေါ်ရင်တော့လဲ အခြေအနေကတမျိုးပြောင်းချင်ပြောင်းသွာမှာ။ မိုးခေါင်လို့ လူတွေငတ်လို့ ဆိုတာသိတော့ သီလတွေစောင့်၊ ဥပုသ်ဆောင်တွေဝင်လုပ်တာပေါ့။ ဒါပေမယ့် မိုးကမရွာပါဘူး။  အဲဒီအချိန်မှာ သကြားမင်းက ဘုရင့်ထံလာပါတယ်။ ဘုရင်ကမေးတာပေါ့ ဘယ်သူလဲ။ သကြားကလဲ သကြားမင်းဖြစ်ကြောင်းပြောတာပေါ့။

ဘာလို့လာတာလဲ?

မင်းကြီးနိုင်ငံ သုံးနှစ် မိုးရွာပါလား?

မရွာပါ။

သင်မင်းကြီး မိုးမရွာခြင်းအကြောင်းကောသိသလား?

မသိပါ။

ဟိမဝန္တာအရပ်မှာ အိသိသိင်္ဂရသေ့ငယ်ဟာ ပြင်းပြင်းထန်ထန်ကျင့်တယ်။ အိန္ဒြေစောင့်စည်းတယ်။  မိုးမပြတ်ရွာလို့ အမျက်ထွက်ပီး ကောင်းကင်ကိုကြည့်လို့ မိုးမရွာတာဖြစ်တယ်။ ထိုရသေ့ရဲ့သီလကိုဖျက်ဆီးလိုက်ရင် မိုးရွာလိမ့်မယ် လို့ သိကြားက မိုးလုံးပြည့် မုသာဝါဒနဲ့ပြောတာပေါ့။ အမှန်က သူကတရားခံ။

အဲဒီရသေ့ရဲ့ သီလကို ဖျက်ဆီးဖို့ ဘယ်သူတတ်နို်င်မှာလဲ?

မင်းကြီးရဲ့သမီးတော် နိလိနိကာ တတ်နိုင်ပါတယ်။ သင့်သမီးကို ခေါ်ပြီး ရသေ့ငယ်ရဲ့ သီလကို ဖျက်ဆီးစေလို့  ခိုင်းလိုက်ပါ။ သကြားတာဝတိ ံသာပြန်သွားတယ်။

မင်းကြီးက သမီးခေါ်ပြီး နိုင်ငံတော်တော့ ရသေ့တယောက်ကြောင့် ပျက်စီးတော့မယ် ။ သမီးသွားပီးတော့ အဲဒီရသေ့ကို ပညာပေးလိုက်ပေါ့။

ဇာတ်တော်က စကားပြောခန်းတွေပါတော့ နဲနဲရှည်တယ် ခြုံးလိုက်တော့မယ်နော်။

ဒါနဲ့ မင်းသမီးလိုအပ်ရာရာတွေယူပြီး လမ်းပြ မုဆိုးတို့ အခြံ အရံမတ်တွေနဲ့တောထဲထွက်ခဲ့ကြတယ်။  တောထဲရောက်တော့ စခန်းချပြီး မုဆိုးက ရသေ့ကျောင်းသင်္ခန်းနားရောက်အောင် လိုက်ပြ။  အမတ်တွေကလည်း ဘုရားလောင်းရသေ့ကြီး ထွက်သွားတဲ့အခါ မင်းသမီးကို ရသေ့ပုံစံလုပ်ပြီး ရွှေအဝတ်ဝတ်စေပြီး ချည်ဘောလုံး (ခုခေတ်ဆိုရင်တော့ ယိုယိုပေါ့) ကို ကိုင်စေပြီး ကျောင်းထဲဝင်စေပါတယ်။ မင်းသမီးကလည်း ဘောလုံး(ယိုယို) ကို ကစားရင်း စင်္ကြ ံဦးသို့ ဝင်ပါတယ်။ အဲဒီအချိန်မှာ ရသေ့ငယ်က ကျောင်းတံခါးဝ ကျောက်ဖျာမှာထိုင်နေတာပါ။

ရသေ့က မင်းသမီးကိုမြင်တော့ ကြောက်လန့်ပြီး (ရသေ့က ကြောက်မှာပေါ့လူဆိုလု့ိ သူ့အဖေရသေ့ကြီးဘဲ မြင်ဘူးတာ) ကျောင်းတွင်းဝင်သွားတယ်။ မင်းသမီးကလည်း ကျောင်းတံခါးဝထိ ကစားတာပေါ့။  ရသေ့ငယ်က စဉ်းစားတာပေါ့ ဒီလူဘီလူးသာဖြစ်ရင် ငါ့ကို ကျွတ်ကျွတ်ဝါးပြီးလောက်ပီ၊ ဘီးလူးမဟုတ် ရသေ့သာဖြစ်ရမယ်။ ဒါကြောင့် ကျောင်းကထွက်လာပီး “အိုရသေ့ သင်၏အသီးဟာ အဝေးသို့ပစ်လိုက်သော်လည်း သင်ထံပြန်လာ၏။ သင့်ကိုစွန့်မသွားဘူး။ အဲဒါဘာသီး“ လဲလို့မေးပါတယ်။ အမှန်ကတော့ မင်းသမီးလက်ထဲရှိတဲ့ ဘောလုံး (ယိုယို) ကိုမေးတာ။ ရသေ့ကမမြင်ဘူးတော့ သစ်သီးထင်တာပေါ့။

မင်းသမီးကလည်းလိမ်ပြောတယ်။ အဲလိုအသီးတွေသူနေတဲ့နေရာမှာ အများကြီးရှိကြောင်းပြောလိုက်တယ်။  ဒါနဲ့ရသေ့လေးလဲ ဒီလူကတော့ ရသေ့ဘဲလို့ယုံကြည်သွားပီး ကျောင်းထဲဝင်ဖို့ဖိတ်ခေါ်တယ်။ နေရာပေးဧည့်ဝတ်ပြုတာပေါ့။  မင်းသမီးကလည်းကျောင်းထဲဝင်ပီး သူ့ကိုယ်မှာဝတ်ထားတဲ့ ရှေ့ဘက်ကဖုံးထားတဲ့ အဝတ်တွေဖယ်လိုက်တယ်။ naked ပုံစံဖြစ်သွားတာပေါ့။ ရသေ့လေးကလည်း ဒါမျိုးတခါမှ မမြင်ဘူးဘူးလေ။ ဒါနဲ့ ရသေ့လေးက မိန်းမကိုယ်ကိုမြင်တော့ အနာထင်လို့ မင်းသမီးကိုမေးတာပေါ့။

အိုရှင်ရသေ့ ရှင်ရသေ့ရဲ့ပေါင်နှစ်လုံးကြားက အနာက ဘယ်လိုအနာပါလဲ။ ရှင်ရသေ့ရဲ့မြတ်သော အင်္ဂါက သိုအိမ် အတွင်းသို့ ဝင်သွားရှာသလော? မင်းသမီးကလည်း လိမ်ပြောတာပေါ့။

ရသေ့လေးရယ် သစ်သီးသစ်မြစ်ရှာဖို့ တောထဲ သွားတော့ ကြောက်စရာဝံတစ်ကောင်နဲ့တွေ့တယ်။ ဒါနဲ့ ခဲနဲ့ပစ်လိုက်မိတယ်။ အဲဒီဝံက ငါ့ဆီပြေးလာပီး ငါ့ကို ပက်လက်လန်အောင်တွန်းလှဲပီး ငါရဲ့ အင်္ဂါကိုနုတ်သွားတယ်ကွယ်လို့ပြောတယ်။  အဲဒီ ဝံနုတ်သွားတဲ့ အနာက ကိုက်လဲ ကိုက်ခဲတယ်။ ယားလည်းယားတယ်။ ဒါကြောင့် စိတ်ကို မချမ်းသာပါဘူး။  ရသေ့လေးကတော့ ဝံကိုက်နာကို ပျောက်အောင်စွမ်းနိုင်ပါတယ်။ ငါ့ကို ဆေးကုပေးပါလို့ဆိုတာပေါ့။  ရသေ့လေးကလဲ မင်းသမီးပြောတာအဟုတ်ထင်လို့ အရှင်ချမ်းသာမယ်ဆိုရင် ဆေးကုပေးမယ်လို့ဆိုပီး အနာကို စစ်တာပေါ့။

အိုရှင်ရသေ့ သင့်ရဲ့ဝံကိုက်နာဟာ နက်သောသဘောရှိ၏။ နီသောအရောင်ရှိ၏။ အသားဆွေးလဲမရှိ။ စဉ်းငယ်မကောင်းနံ့ နံ၏။ ကျယ်လည်းကျယ်၏။  ဖန်းဆေးပေးရင်တော့ ချမ်းသာရမယ်။လို့ပြောလိုက်တယ်။

မင်းသမီးကအဲဒီလိုမကုစေချင်ဘူး- ရသေးလေး ဒီဝံကိုက်နာဟာ  မန္တရားမန်းသဖြင့်လည်း ကိုက်ခဲယားယံသော ဝေဒနာမငြိမ်းဘူး။ ဖန်ဆေးလို့လဲ မပျောက်ဘူး။ ဆေးလိမ်းလို့လဲ မပျောက်နိုင်။ ငါပြောသလိုလုပ်ရင်တော့ ပျောက်နိုင်တယ်။ အဲဒါကတော့ နူးညံ့သောရသေ့လေးရဲ့ အင်္ဂါဇာတ်နဲ့ ထိုးပြီး ကုစားပေးပါ။ ရသေ့လေးကလည်း  ဒီရသေ့ကတော့ အမှန်ပြောနေတယ်လို့ထင်တာကိုး ။ မေထုန်မှုပြုရင် သီလပျက်တယ်။ ဈာန်ကွယ်ပျောက်တယ် ဆိုတာကိုလဲ မသိ မိန်းမဆိုတာလဲမမြင်ဘူး။ မေထုန်အကျင့်ဆိုတာလဲ မသိလို့  ဆေးကုစားခြင်းလို့ဘဲ သဘောက်ပေါက်တဲ့အတွက် မင်းမသမီး ပြောတဲ့အတိုင်းလုပ်လိုက်တာပေါ့။ ရသေ့လေးရဲ့သီလလဲ ပျက်စီး။ ဈာန်လဲကွယ်ပျောက်သွားတာပေါ့။

မင်းသမီးလဲ mission a complete ဆိုတော့ တိုင်းပြည်ပြန်သွားတာပေါ့။ သကြားမင်းကလည်း အလွန်နှစ်သက်ဆိုဘဲ။ ယုတ်မာတယ်နော်။ အဲဒီနေ့မှာဘဲ မိုးရွာစေလိုက်ပါတယ်။ တိုင်းပြည်လဲ ပြန်ပီး သာယာဝပြောသွားတယ်လို့ဆိုပါတယ်။

ရသေ့လေးအကြောင်းကတော့ စာအုပ်ညွှန်းလိုက်ပါမယ်။ ပုံတော်စုံ ငါးရာပါးဆယ်ဇာတ်ဝတ္ထု။ ပဉ္စမတွဲ။ နိလိနိကာဇာတ်။ စာမျက်နှာ ၁၆ရ မှာကြည့်လေ။

 

15 comments

  • what is this?

    April 16, 2011 at 7:11 pm

    mudu lat kana and ei thi thin ga are very famous “karma stories” in Dhama literature . I have so familiar these names since I was young for reading thok tan , 550 ni pattaw as your reference. Now, I don’t remember in detail like that for ages :D. I would like to say greatly thanks for your post.
    thit min

  • kai

    April 16, 2011 at 7:52 pm

    ပိုစ့်အတွက်ကျေးဇူးတင်ပါတယ်ဗျာ….။
    တကယ်တော့ ..ဒါက မြန်မာထေရဝါဒရဲ့ ယုံကြည်မှုတချို ့တွေပါပဲ..။
    အဲဒီငါးရာ့ငါးဆယ် ဇာတ်တော်ဆိုတာကနေ တွေးစရာတွေ ပြုပြင်စရာတွေ တပုံတခေါင်းမြင်ရမယ်ထင်ပါတယ်..။

    မမြင်ရရင်တေ့ာ .. ဆရာဝန်နဲ့သေသေချာချာ မေးမြန်းကုသဖို့လိုနေပြီထင်ပါကြောင်း…။ 🙂

  • bigcat

    April 16, 2011 at 11:15 pm

    သဂျီးတို့ မျက်နှာလိုက်ပုံများ မိုးပေါ်မှာနေတဲ့ သိကြားမင်းဇာတ်လမ်းကြတော့ ယုံသတဲ့။ ဟိုးမြေအောက်က ငရဲမင်းကြတော့ လံကြုပ်ကြီးပါတဲ့။ လူဆိုတာ မြေကြီးနဲ့ပိုနီးတယ် သဂျီးရေ၊ အမြဲတမ်း မိုးပေါ်မော့ကြည့်နေလို့မရဘူး၊ အောက်လေးဘာလေးလည်း ငုံ့ကြည့်အုံး….

  • ဪ…. ဒီလိုအနာမျိုး ကုချင်စမ်းလှပါဘိ
    ယနေ့ခေတ်မှာရော အဲလိုလူနာမျိုးမရှိလေရော့သလား??
    ဝတ်မှုန်တို့၊ ဖွေးဖွေးတို့ အဲလိုရောဂါမျိုးဖြစ်လို့ လာပြရင် ကောင်းလေစွ။

    😀

  • nigimi77

    April 17, 2011 at 4:06 am

    ကိုုယ့်ဆရာက ရှုံးနိမ့်ပြီးရင်း ထပ်ရှုံးနိမ့်ချင်တယ် ထင်ပ ….။

    တာမွေ ပလာဇာက Sanfransisco ကို သွားရင် ဝံကိုက်နာ ဖြစ်နေတဲ့သူတွေ

    တပုံကြီး…..။ 🙂

    • ခုလို လမ်းညွှန်ပြသပေးတဲ့အတွက် ဇွန်လ မြန်မာပြည် အလည်ပြန်ရောက်တုန်းရောက်ခိုက် စေတနာဖြင့်လိုက်လံ ကုသပေးမည်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

      ဒူ… ဝေ… ဝေ… ဝေ…

  • naywoonni

    April 17, 2011 at 8:55 am

    ကောင်းပါ့ဗျာ အကောက်ကြံတဲ့ သကြားနဲ့ လိုက်နာလုပ်ကြံတဲ့ ဘုရင်နဲ့ ဘုရင်သမီးတော် က ဘာမှဖြစ်မသွားဘူးတဲ့လား? ဒီအတိုင်းလက်ပိုက်ကြည့်နေတော့မှာလား?

    • အကောက်ကြံတဲ့သကြားကတော့ ခုချိန်မှာ မုန့်လုပ်ရာတွင်လည်းကောင်း၊ အရက်ချက်လုပ်ရာတွင်လည်းကောင်း၊ အခြားသောနေရာများတွင်လည်းကောင်း အမျိုးမျိုးအသုံးချခံရလျက်ရှိပြီး ဘုရင်ဆိုသူမှာလည်း သေဆုံးသွားသည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာလှပြီဖြစ်ကြောင်းနှင့် ၎င်း၏ သမော်တီးမှာလည်း ထိုနည်း၎င်း ခိုင်ခိုင်လုံလုံ သိရှိရပါသည်။

  • nature

    April 17, 2011 at 2:43 pm

    အခု free ကုလို့မရတော့ဘူးလေ၊

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 18, 2011 at 2:34 am

    ဖြစ်နိုင်မယ်ဆိုရင်
    ဆေးကုသပုံ
    အသေးစိတ်လေးကို နောင်ထပ်စာ
    နှစ်မျက်နှာလောက်
    ထပ်ပြီးအနုစိတ်လေး
    ရေးပေးဘို ့တောင်းဆိုပါတယ်ခင်ဗျ
    ကျွန်တော်က နည်းနည်းဝေးလို ့ပါခင်ဗျ

  • kyawmonkhant

    April 18, 2011 at 4:32 am

    ကိုအောင်ဘု မြှောက်မပေးနဲ့နော်၊
    ဒီပို့စ်တင်တာတောင်မဝံ့မရဲတင်လိုက်တာ။ ဇာတ်တော်ထဲပါလို့။
    မန်းတဲ့သူတွေအားလုံးကျေးဇူး။ နှစ်သစ်မှာအားလုံးပျော်ရွှင်ပါစေ။

  • sayargyi

    April 18, 2011 at 9:56 am

    ရသေ့ က ဘာမှမသိ နားမလည်ဘူးဆိုတော့ တဏှာစိတ် ဘယ်ရှိပါ့မလဲနော်..
    စိတ်မရှိတော့ ဟိုဒင်းက ဟိုလိုမဖြစ်ဘဲ ဘယ်လို အဝှာပြုလဲမသိဘူး…
    ကိုယ်နဲ့ နိူင်းပြီး တွေးကြည့်တာပါ….ဟီးဟီး…….

  • bigbird

    April 18, 2011 at 2:14 pm

    ဆရာကြီးကလဲ ပေါက်ပေါက်ရှာရှာ တွေးတက်တယ်..ရှက်စရာကြီး..ဟီး..ဟီး။

  • kopauk mandalay

    April 18, 2011 at 3:54 pm

    ဒီလောက်ဆိုးတဲ့သိကြားမင်းကို သင်္ကြန်မှာ လူတွေကို ခွေးရေပုရပိုဒ်နဲ့ဘာလို့မှတ်ခိုင်းလဲ မသိဘူးနော်
    တော်ကြာ တလွဲတွေလျှောက်လုပ်မှဖြင့်………………………

  • naywoonni

    April 18, 2011 at 4:07 pm

    တိုပေါက် နော်… ရှောက် မကြောနဲ့ ဟိုကြားသွားလို့ မတ်သွားအုံးမယ်..။ ဒွေး ပရပိုက်နဲ့ ဟီဟီ…။။
    နစ်တစ်မှာ ကျော်လို့ စတာနော်………

Leave a Reply