ကို သာJuly 17, 20121min2878
အခုတလောနေရာတော်တော်များများမှာ စိတ်မကောင်းစရာကျန်းမာရေး သတင်းလေးတွေကြားကြားနေရလို. ရွာထဲကလူတွေဆီက အကြံတောင်းချင်လို.ပါ။ ရာသီဥတုကမမှန် ဝမ်ရေးကခက်ခက် သိရက်နဲ.မရှောင်နှိုင်တဲ့အဖြစ်တွေကြောင့် လေဖြတ်တယ်၊လေဖြန်းတယ် ဆိုပြီး မကြာခဏကြားနေရတယ်။ ကုဖို.အသာထား စားဖို.တောင်ခက်နေတော့ scan ဖတ်၊ဆေးရုံတက် ဆိုတာကို ဘယ်လိုဖြတ်ကျော်ရမလဲ။ ဆေးမီးတိုပဲဆိုဆို၊တိုင်းရင်းဆေးပဲပြောပြော နည်းနည်းသက်သာပြီး ဘဝခရီးဆက်ခွင့်ရကြစေချင်တယ်။ အချိုမှုန်.စားလို. လေဖြတ်ဖို.ပိုများတယ်ပြောလည်း နယ်ပြီးစားစရာဟင်းမရှိလို. အချိုမှုန်.လေးဖြူးထားတဲ့ထမင်းနဲ. နောက်တနေ.ဆက်ဖို.အဟာရပါပဲလေ။ စပါးကြီးသည်းချေ နဲ.ဆွဲချ၊ အပြောသာလွယ်တာ ဘယ်မှာလဲအစစ်၊ ၂၄ နာရီအတွင်း ခိုသွေးနဲ.အရက် နှစ်ပက်သောက် ဆိုတာကမှ ဟုတ်တုတ်တုတ်။ ဘာပဲဖြစ်ဖြစ် ကောက်ရိုးတစ်မျှင်ရရ ကမ်းပေးချင်လို. ရွာထဲကရှိသမျှ သိသမျှဖောက်သည်ချပေးရင် ဘဝအမောထဲမှာ သက်သာရာများရသွားကြမလားလို.ပါ။ comment ဖြစ်ဖြစ် post ဖြစ်ဖြစ်ပေါ့ အကူအညီတောင်းကြည့်တာပါ။ကျေးဇူးပါ။


“ကိုပေါက်(မန္တလေး)က ရေးဖော်များသို့ သံချောင်းခေါက်ခြင်း” ကျွန်တော် မန်းလေးသား ကိုပေါက် က 2009ခုနှစ် ဒီဇင်ဘာလ(16)ရက်နေ့ ကနေစပြီးတော့ “မြန်မာသူငယ်ချင်းများနေ့”ဆိုက်မှာ “ပျော်အောင်နေနိုင်ဘို့ “ဆိုတဲ့စာအတိုလေးကိုစရေးပြီး ဘလောဂ့်ဂါ တစ်ယောက်ဘဝကို စခဲ့ပါတယ်။ (ကျနော်ဘလောဂ့်ဂါတစ်ယောက်ဘယ်လိုဖြစ်လာတယ်ဆိုတာကိုလဲ “ကျနော်အင်တာနက်စာရေးဆရာ” ဆိုတဲ့နာမယ်နဲ့ရေးခဲ့ပါတယ်။ဒီစာမူလေးကလဲ (24-4-2011)နေ့ထုတ်မန်းလေးတိုင်းဂျာနယ်မှာ ပုံနှိပ်ဖော်ပြပြီးဖြစ်ပါတယ်။) အဲဒီကနေစရေးရင်း မြန်မာသူငယ်ချင်းများနေ့တွင်သာမကဘဲ (1) Poemscornor (2) ထာဝရသူငယ်ချင်းများ (3) အဖြူရောင်အချစ်များ (4) Future dream (5) မန်းလေးဂေဇက် (6) ချောကလက်မြို့တော် (7) အိမ်လွမ်းသူ (8) Netlog (9) ဓနုဖြူမြို့တော် (10) စင်္ကာပူရောက်မြန်မာများ (11) ရွှေကျွန်းသား (12) Five three (13) လဝန်းဖြူ အစရှိတဲ့ဆိုက်တော်တော်များများမှာဝင်ရေးဖြစ်ပါတယ်။ တစ်ချို့ဆိုက်တွေကလဲ အခုချိန်မှာအကြောင်းအမျုးိမျုးိကြောင့်မရှိကြတော့ပါဘူး။ စစခြင်းရေးတော့ […]