တခါမျှကို မမက်ဖူးသော အိပ်မက်ပါပဲ.. မှော်ဘီအလွန် တိုက်ကြီး အစပ်ပေါ့.. ကျောင်းသားက ၁၀၀.. သင်မှာက ၂ ယောက်.. အတန်းချိန်က ၃ ချိန်.. စမှာက မနက် ရ နာရီ… နေတာက မြို့ထဲမှာ သွားရမည့် ခရီးကြာချိန်က ၂ နာရီလောက် စီးရမှာ… အိပ်မက်ကို စတင်ပေးတဲ့သူက ယောက္ခထီးပါ… မင်းသွားသင်မလားတဲ့.. ပြောတုန်းကတော့ ကိုယ်ကလဲ နဂို ဒီမှာ(မေတ္တာပါရမီ) ပညာဒါနက လုပ်နေပြီ.. သင်နိုင်မှာပဲလို့ တွေးတာက တကြောင်း… တခြားအကြောင်းအရာက တကြောင်းနဲ့.. ဟုတ်.. ရပါတယ်.. သွားသင်လိုက်မယ်လေ.. တကယ်တမ်းသွားသင်ရမယ်ဆိုတော့.. ရင်တော့ခုန်တယ်.. ဘာလို့ဆိုတော့ အဲက ကလေးတွေရဲ့ Knowledge, IQ ပြီးတော့ ကိုယ်က လုပ်သာလုပ်တာ အသင်အပြ အဲလောက်မကောင်းတော့မတတ်မှာစိုးတယ်..ကျောင်းသူားကလဲ […]