Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


ကုိ ထြဋ္April 1, 20191min58958
Vinaya Vidheya Rama (2019)သင်ကောင်းလျှင် ရာမ မဆိုးပါ… Ram Charan ရမ်ချရန် ရဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကမှ ထွက်ထားတဲ့ ကားသစ်ပါ… ညီအစ်ကို မောင်နှမ အချစ်နဲ့ အက်ရှင် ရောပြွန်းထားတဲ့ ကားလေးပါ… ထုံးစံအတိုင်း ရမ်ချရန်ချရင် ကြမ်းချက်က 9+++ ပဲ… ဇာတ်လမ်းလေးက ရှင်းပါတယ်… မိဘမဲ့ ကောင်လေး ၄ ယောက်မှာ ရရစားစား လုပ်နေရင်း လသားအရွယ်ကလေးတယောက်က သူတို့ဘဝထဲ ရောက်လာခဲ့တယ်… အဲကောင်လေးကပဲ နောက်ပိုင်း ညီအစ်ကိုတွေ ပြသနာတက်လိုက်တိုင်း ရောက်ရောက်လာပြီး ရှင်းပေးပါတယ်… ဘယ်အချိန်ကတည်းကလဲဆိုတော့ မူလတန်းအရွယ်လောက်ကတည်းကပေါ့… အဲကောင်လေးကတော့ ဘယ်သူဖြစ်မလဲဆိုတာ ပြောစရာမလိုပါဘူးနော်… ငယ်ငယ်လေးထဲက “ဇ” လေး နဲ့ ကောင်ကလေးက တခွန်းပဲ ထပ်ခါထပ်ခါ […]

Half-Girlfriend-600x338.jpg

ကုိ ထြဋ္March 29, 20192min49241
2017 ရုပ်ရှင်ကား အကြည်မထွက်ခင် ထွေလာကြည့်ပြီး ရေးထားတာ… မင်းသားက အာဂျွန်ကပူးမင်းသမီးက ရှာဒကပူးဇာတ်လမ်းက 3 Idiots နဲ့ 2 States ရေးသားသူဒါရိုက်တာက Aashiqui 2 ကို ရိုက်ကူးခဲ့သူထုတ်လုပ်သူက EK Villain ထုတ်လုပ်သူ ပထမဆုံး UN မှာ ပြခွင့်ရခဲ့တဲ့ ဘောလီးဝုဒ်ကား…စိတ်ဝင်စားစရာ အကြောင်းချင်းရာ အမျိုးသမီးတွေ ပညာသင်ကြားခွင့်ရရေး၊ ကျောင်းတွေမှာ အမျိုးသမီးတွေ အတွက် အိမ်သာ အလုံအလောက်ရှိရေး… အကြိုက်ဆုံး သီချင်းကတော့ Phir Bhi Tumko Chaahunga(Still You Want) အာဂျစ်ဆင်း ဆိုထားတာ… အာဂျွန်ပြောတဲ့ အကြိုက်ဆုံး တော်ကီကတော့ –“နင့်ဘဝတခုလုံး ဒီကောင်မလေးအတွက် မြုပ်နှံထားမှာလား ???အုတ်ဂူထဲထိ ဒီအချစ်စိတ်တွေကို သယ်ဆောင်သွားမှာပါ…”“ဘယ်လောက်ဆိုးဆိုး ငါကတော့ ဆက်ချစ်နေမှာပါ…”ရှာဒ […]

wyne-600x597.jpg

ကုိ ထြဋ္March 28, 20191min7968
ကျွန်တော်သိခဲ့တဲ့ ကိုဝိုင်းက ပထမ မင်းသားအနေနဲ့ ရိုက်ဖူးတယ် မအောင်မြင်ခဲ့ဘူး… နောက် ဇာတ်ပို့ ဇာတ်ရံလုပ်တယ်… မဆိုးဘူး နောက် ပျောက်သွားတယ်… မှတ်မှတ်ရရ ညီအစ်ကို ၂ ယောက်မှာ သူက သားအရင်း ဆိုးတယ် ဖိုးထိုးတယ် ဖအေကို ၂လုံးပြူးနဲ့ ချိန်တဲ့ ကား… အဲမှာတောင် သူရိုက်တဲ့ ဇာတ်ရုပ် ပီပြင်လို့ သဘောကျခဲ့တယ်… နှစ်တွေတော်တော် ပျောက်ပြီး အချစ်ကားမိုက်မိုက်တွေကို စာသားအလန်းနဲ့ ပြန်တွေ့တယ် own creater နာမည်နဲ့ ပြန်ဝင်လာတယ်… လူမှားတယ် ထင်နေတာ… အဲခေတ်က ဆရာ တာရာမင်းဝေပြီးရင် တော်ကီမိုက်တာ ဆရာ မင်းခိုက်စိုးစန် ဆရာ နီကိုရဲ ဒါတွေက ဝတထုပဲ ဖတ်ရတာ ဇာတ်လမ်းကို ရုပ်နဲ့ ဒိုင်ယာလော့ တွဲပြီးဆို […]


ကုိ ထြဋ္March 28, 20191min5446
Hello! ကျွန်တော် ရေမြေ့သနင်းပါ… မတွေ့ရတာ တော်တော်ကြာပါပြီ… ပထမ လူတလုံးနဲ့တုန်းက တခါပျောက်သွားပြီး နောက် ရေမြေ့သနင်းနဲ့ ထပ်ပျောက်သွားခဲ့ပါတယ်… အလုပ်အခြေအနေပေါ်မူတည်ပြီး အချိန်ရ/မရ နဲ့ မဝင်ဖြစ်တာပါ… ပြီးတော့ ရေးစရာလဲ တကယ်မရှိလို့ပါ… ဒီကြားထဲ လှုပ်ရှားမှုအနေနဲ့တော့ Bollywood ချစ်သူများဆိုပြီး Join Group လေး ထောင်ပြီး ရုပ်ရှင် အကြောင်းလေး ဘာလေး ရေးလိုက်ပါသေးတယ်… ခုပြန်လာတာကတော့ ဇီဇီ နဲ့ သူကြီး ကောင်းမှုပါ… ဦးစွာ သူကြီးက Linedin မှာ လက်ခံလိုက်တော့ ပရိုဖိုင်းထဲမှာ mandalaygazette.net ဆိုတာ ပြန်တွေ့ပြီး လင့်ခ်ကို နှိပ်လိုက်တာ ဇီဇီ ပို့စ်ကို တန်းမြင်မိတော့တာပါပဲ… ဇီဇီက ခေါင်းစဉ်ပေး တော်တော် တော်တယ် ပြောရမယ်… ကျွန်တော် […]


ကုိ ထြဋ္July 11, 20171min14699
#မေမေ နဲ့ တခုသောညနေခင်း သို့မဟုတ် မိသားစုကို အချိန်ပေးပါ# အိမ်ထောင်သက် ၂၁ နှစ်ကျော်မှ ကျွန်တော့်မိန်းမက တခြားအမျိုးသမီးတယောက်နဲ့ ရုပ်ရှင်တွေသွားကြည့် ညစာစားစေချင်နေတယ်… ပြောတော့ပြောပါသေးတယ်… “ကျွန်မ ရှင့်ကို ချစ်ပါတယ်… ဒါပေမဲ့ ကျွန်မသိတဲ့ အဲဒီအမျိုးသမီးကလဲ ရှင့်ကို ချစ်ပါသတဲ့၊ ပြီးတော့ အချိန်တချို့လဲ ကုန်ဆုံးချင်ပါသတဲ့” လေ… မိန်းမက အလည်သွားစေချင်တဲ့ အဲဒီအမျိုးသမီးဆိုတာ တခြားမဟုတ်ပါဘူး… မုဆိုးမဘဝ နဲ့ ၁၉ နှစ် အနေကြာနေပြီဖြစ်တဲ့ ကျွန်တော့်အမေပါ… အလုပ်ကများတာနဲ့ ကလေးသုံးယောက်ရဲ့ ဗာဟီရတွေက သူမဆီကို တခါတရံဆိုမှ တရံတခါလောက်သာ ရောက်ဖြစ်စေတော့တာ… ဒီညပဲ သူမကို လျှောက်လည်ဖို့ (Night Out) ထွက်ဖို့ ဖုန်းဆက်လိုက်ပါတယ်… ထင်တဲ့အတိုင်းပဲ ” နင်နေရောကောင်းရဲ့လား.. ဘာတွေဖြစ်နေတာတုန်း” လို့ […]


ကုိ ထြဋ္October 25, 20161min134919
-တကယ်တော့ ဒီပို့စ်က ဖေ့စ်ဘွတ်မှာ တင်ထားတာပါ… -ဖြစ်ပုံက ဒီလိုပါ… -အချိန်နည်းနည်းအားတာနဲ့ နေ့လည်စားထမင်းချိုင့်ကို လင်မယားနှစ်ယောက် ဦးသူဆေးနေကြပါ… -တရက်ကျတော့ ရုံးထဲက တယောက်က ချိုင့်ဆေးတာ မိန်းမတွေအလုပ်လေတဲ့… -ဒါနဲ့ ကျွန်တော်လဲ ပြောပါတယ်… ဒါဆို ကျွန်တော့်မိန်းမ ဘာလို့ အလုပ်လာလဲလို့…??? -လစာ မလောက်လို့လေတဲ့… -ယောကျာင်္းအလုပ်ဖြစ်တဲ့ စီးပွားရှာတာကို မိန်းမက လိုက်လုပ်နေရတော့ မိန်းမအလုပ်လို ဖြစ်နေတဲ့ သတ်မှတ်ထားတဲ့ ချိုင့်ဆေးခြင်းကို ကျွန်တော်လုပ်တာ မျှတပါတယ်… -ဒါနဲ့ပဲ -“နားတော့ နည်းနည်းခါးမယ်ဗျ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးဒေါ်နွားကျောင်းချင်သူများတချို့အတွက်တော့… ကိုယ်ကိုယ်တိုင်ရော အောင်မြင်တဲ့ မိသားစုတခု တည်ထောင်နိုင်ပြီလား အရင်မေးပါ… မိသားစုအတွက်၊ မျိုးဆက်အတွက် ဘာ Plan တွေ ဆွဲထားပြီလဲ… သူလိုကိုယ်လိုနဲ့တော့ ဂိုက်လာမဖမ်းပါနဲ့…. -ကိုယ်လင်ကိုယ်မယားကွယ် အဆင်ပြေပြီး လင်အလုပ် […]


ကုိ ထြဋ္July 25, 20162min184850
– ဒီတခါ ရေးတာကို ရေမြေ့သနင်းတယောက် လိုင်းပြောင်းတယ် ထင်မှာပဲ… တကယ်တော့ ဂျန်နဝါရီနောလစ်(General Knowledge) ကနေ မသွေဖီပါဘူးဗျာ… -သိချင်တာလေးကို သေချာလေ့လာရင် ခေါင်းတလုံးတည်းထက်စာရင် အများနဲ့က ပိုကောင်းမလားလို့ပါ… ပြီးတော့ ဒီရွာလေးက ကွန်မန့်ကအစ သေချာမန့်ကြတော့ ဖတ်ရတာရော ပေးရတဲ့ အချိန်ရော မျက်လုံးရော အားလုံး အိုကေတယ်ဗျ… -ဖေ့စ်ဘွတ်မှာဆို အကြောင်းအရာတခုတင်တယ် ကြိုက်ရင် စွတ်ကြိုက် စွတ်ကို ချီးကျူးပြီး၊ မကြိုက်ရင် ရစရာတောင် မရှိဘူး မန့်ကြတယ်…တခါတလေ ယုတ်ယုတ်ညံ့ညံ့ကို မန့်ကြတယ်… ကောင်းတဲ့ မန့်က ရှားတယ်… -တခါတလေတော့လဲ ပါတတ်တယ်.. ကိုယ်မသိသေးတဲ့ အကြောင်းအရာလေးတွေကို မှီငြမ်းပုံစံ ဒါမှမဟုတ် ကိုယ့်ဘဝ အတွေ့အကြုံနဲ့ ယှဉ်ပြီး မန့်ပေးကြတယ်… ဖတ်ရတာ သိပ်ကောင်းတယ်… -တခါ… Debate […]


ကုိ ထြဋ္July 21, 20161min7296
-ဒီတလော ကိုရေမြေ့ တယောက် အရေးစိပ်တယ် ပြောလဲ တတ်နို်င်ဘူးဗျာ… ကျွန်တော်က ကိုယ်သိထားရင် သူများခက်နေတာတွေ့ရင် နေတတ်ဘူးဗျ… -ကိုယ်အချိန်တွေ ရင်းခဲ့ရသလို သူများတွေကို မရင်းရစေချင်ဘူး… ဒါက စေတနာ နဲ့ ပင်ကိုယ်စိတ်ရင်းပါ… အလကားပေးလို့ ငပေါထင်လဲ တတ်နိုင်ဘူး…   -ဒါလေးက Anti Virus အသေးစားလေးပါ… ဖိုင်တွေ ပျောက်နေတာ(Hidden) ဖြစ်နေရင် သူက မရှိမဖြစ်ဘဲ… -အလကားအွန်လိုင်းမှာပေးတယ်… မှန်တယ် Serial Key မရလို့ Black Lists ဖြစ်နေတာတွေလဲ တွေ့နေရတယ်… ကိုယ်တိုင်လဲ ကြုံခဲ့ရတာပေါ့… -ဗားရှင်းနိမ့်နေပြီး ကီးမှန်ရင် ကိစမရှိပေမဲ့၊ အွန်လိုင်းကောင်းပြီး ချော်တောငေ့ါပြီး ဗားရှင်းမြင့်သွားပြီး ဘလက်လစ်ဖြစ်သွားရင်တော့ ဂိန်ပြီ… -တချိန်လုံး တောက်မြင်ကပ်အောင်ကို မက်ဆစ်ဘောက်တွေ ကျလာမှာ… ကိုယ်တွေ့ပဲ… […]


ကုိ ထြဋ္July 14, 20161min104412
-တနေ့ကပေါ့… ကွန်ပျူတာ ဆားဗစ်သွားရတယ်… အမည်းရောင် screen မှာ စာတန်းအဖြူလေးတွေ ပေါ်တယ်.. ပြီးရင် shut down ကျကျသွားတယ်တဲ့… အော်… ဒါဆို.. window မတက်တာဘဲ ဆိုပြီး… window အခွေလေး ယူသွားတယ်… -ရောက်တော့ စာတန်းက သိပ်မမှတ်မိချင်ဘူး.. မြန်မာလို ဘာသာပြန်ကြည့်တာပဲ မှတ်မိတယ်… ” မင်းရဲ့ USB ပစ္စည်းတွေက Over Current ဖြစ်နေပါတယ်တဲ့ ” ” Bios Setting ကို ပြန်ချိန်ပါတဲ့ ” ” မဟုတ်ရင် နောက် 15 sec ဆို shut down ချပါမယ်တဲ့ ” ဒီတော့ ကိုယ်လဲ ရွှေဉာဏ်တော် စူးသွားတယ်… အိုကေ… […]


ကုိ ထြဋ္July 7, 20161min73416
-တမြန်နေ့က အိမ်ကို သူခိုးကပ်တယ်ဗျ… ကပ်မကပ်က ခြေရာလက်ရာပျက်တာ ကြည့်ရင် သိတာပေါ့… -ပထမဆုံး စဝင်ကတည်းက သော့က ပုံစံပျက်နေပြီ… -ဒုတိယ ကျွန်တော် ကျော်ကျော်သွားတဲ့ အိမ်ရှေ့ တည့်တည့်က ကြောင်ချေးပုံ ခြောက်ပုံ… သုတ်သုတ် သုတ်သုတ်နဲ့ အိမ်ထဲကို ဝင်လိုက်တော့ သတိမထားမိဘဲ နင်းမိထားတာ ဖြစ်မယ်… ကြောင်ချေးနင်းထားတဲ့ ဖိနပ်ရာ နဲ့ ၃ ၄ လှမ်း ထားတာ… -ပြီးတော့ ဖိနပ်ကို ချွတ်ပြီး ခြေဗလာနဲ့ ဝင်သွားတာ ဖြစ်မယ်…အိမ်ရှေ့ က တီဗွီက အန်းတိတ်ကိုး ဘယ်မက်မလဲ… -ပြီးတော့ အိမ်ရှေ့ နဲ့ နောက်ဖေး ဆက်ထားတဲ့ သစ်သားကြမ်းခင်းလေး ကျိုးနေတယ်… အဲဒါ မနင်းရမယ့်နေရာ ကျွန်တော်ပဲ သိတယ်… အဲနားလေးက နင်းလိုက်ရင် […]


ကုိ ထြဋ္July 1, 20163min102312
-တဂျီးရေ ဒီပို့စ်လဲ တချိန် လူကြည့်များလာလောက်တယ်…. ဟဲ… ကျိန်းသေတာက ကျွန်တော်က မေ့တတ်တော့ ကိုယ့်ဘာသာ ပြန်လာကြည့်ဖို့ များတယ်… -အရင်ဆုံး ဘာတွေ ပြသနာတက်လဲ အရင်ပြောမယ်… ဂျီမေးလ်ကို အောက်လွတ်ထဲမှာသုံးမယ်ဆို POP နဲ့လား IMAP နဲ့လားဆိုတာ အရင်ရွေးရမယ်… -အလွယ်ပြောရရင် POP နဲ့ဆိုရင် အော်ရီဂျင်နယ် Web နဲ့သုံးတဲ့ နေရာမှာရော နောက်ထပ် အခွဲ အောက်လွတ် သို့မဟုတ် ဖုန်းထဲကိုရော မက်ဆစ်တွေ ဝင်မယ်… -IMAP ကတော့ တနေရာက ဆွဲလိုက်ရင် နောက်တနေရာမှာ အဲမက်ဆစ်ပေါ်တော့ဘူး… (မှားရင် ထောက်ပြဦးနော်…) ပြီးတော့ Option များတယ်… စမ်းလဲ စမ်းဘူး… 🙂   -ကဲ.. POP ပဲ သုံးပြီဗျာ… […]


ကုိ ထြဋ္May 11, 20161min102219
  -မနေ့က ကျွန်တော့်ခယ်မကို သူ့အဖေ ကျွန်တော့် ယောက္ခထီးက မေးတယ်… ” နင်တို့ ဖေ့ဘွတ်သုံးတာ ဘာကောင်းလဲတဲ့…???”   -ကျွန်တော် ဖြေလိုက်ချင်ပါတယ်… သို့ပေမဲ့ ကိုယ်ပြောလို့ ဖောင်းသွားရင် မကောင်းဘူးလေ… -ဖေ့ဘွတ်အကြောင်းမပြောခင်.. ထုံးစံအတိုင်း လေနည်းနည်းလေး ရှည်ပါရစေဗျာ… -အင်တာနက် နဲ့ ကျွန်တော် စတွေ့ပုံလေးကိုပါ…   -၂၀၀၂ ဧပရယ်လောက်မှာ အင်တာနက်ကို စတွေ့ဖူးခဲ့တယ်ဗျ… အဲတုန်းက မြန်မာပြည်က ရပြီလား မရသေးလားတော့ မသိဘူး… -တွေ့ပုံက ကျွန်တော် Forever Group ကို ကွန်ပျူ တာ သင်ဖို့ အလုပ်သင်သဘောပေါ့ နဲ့ အဲလမှာ စရောက်တာကိုး… -ရလဲ သေချာတယ် မတွင်ကျယ်သေးဘူး…  IBM ခေါ် PC တကိုယ်ရည်သုံးကွန်ပျူ […]


ကုိ ထြဋ္May 3, 20161min72813
  -အကြောင်းအရာက တကယ် ရီရတယ်… ဒါပေမဲ့ ကျွန်တော်ရေးလိုက်ရင် မရီရဘူး… -တကွက်စာ ဟာသတို့… ဖေ့စ်ဘုတ်က လေးငါးကွက်ကာတွန်းတို့ဆို ပိုဆိုး… -အပြစ်က.. Sentence ကို ရှည်ရှည်ပဲ ရေးတတ်တယ်… စကားဆက် မနိုင်ဘူး… အကြောင်းမသိတဲ့သူဆို လိပ်ပတ်ပါ မလည်တော့ဘူး… -စာစီပါဆို Subject + Verb + Object စီတယ်… ၏ သည် မထပ်အောင် လိုက် ဂရုစိုက်နေတယ်… -တခါရေးပြီး တခါပြန်ဖတ်တိုင်း တခုခုလိုတယ် ခံစားရတယ်… ပြင်လို့လဲ မဆုံးတော့ဘူး… -ထောက်နေသလိုပဲ ထင်ပြီး တကယ်လဲ ထောက်နေတယ်… လိုရင်းကို မထိမိဘူး…     ps: ပွိုင့်လိုချင်လို့ ဟုတ်ဘူး… သတိရလို့… စိတ်ထဲမလဲ ခံစားနေရတာ အမျိုးတွေဆီ […]