ရေးတတ်ဘူး…
-အကြောင်းအရာက တကယ် ရီရတယ်… ဒါပေမဲ့ ကျွန်တော်ရေးလိုက်ရင် မရီရဘူး…
-တကွက်စာ ဟာသတို့… ဖေ့စ်ဘုတ်က လေးငါးကွက်ကာတွန်းတို့ဆို ပိုဆိုး…
-အပြစ်က.. Sentence ကို ရှည်ရှည်ပဲ ရေးတတ်တယ်… စကားဆက် မနိုင်ဘူး… အကြောင်းမသိတဲ့သူဆို လိပ်ပတ်ပါ မလည်တော့ဘူး…
-စာစီပါဆို Subject + Verb + Object စီတယ်… ၏ သည် မထပ်အောင် လိုက် ဂရုစိုက်နေတယ်…
-တခါရေးပြီး တခါပြန်ဖတ်တိုင်း တခုခုလိုတယ် ခံစားရတယ်… ပြင်လို့လဲ မဆုံးတော့ဘူး…
-ထောက်နေသလိုပဲ ထင်ပြီး တကယ်လဲ ထောက်နေတယ်… လိုရင်းကို မထိမိဘူး…
ps: ပွိုင့်လိုချင်လို့ ဟုတ်ဘူး… သတိရလို့… စိတ်ထဲမလဲ ခံစားနေရတာ အမျိုးတွေဆီ ရင်ဖွင့်ချင်လို့… ဟီး…
ရေမြေ့သနင်း
13 comments
ဦးဦးပါလေရာ
May 3, 2016 at 12:33 pm
အစားအသောက်ပိုစ့်လေးတွေလုပ်ပါဦး..
လိုက်စားကြည့်ရအောင်..
Yae Myae Tha Ninn
May 3, 2016 at 12:53 pm
ဟုတ်… ကလေးတဖက်နဲ့ သွားမစားဖြစ်တာ ကြာပြီဗျ… သွားစားဖို့ အကြွေးတင်နေတဲ့ ဆိုင်တွေ များပြီ… စမ်းချောင်းထဲမယ် ပြောပါတယ်… 🙂 ဟုတ်… တင်မယ်တင်မယ်… 🙂
ယမကာကျော်စွာ အူးမြောက်မြောက်
May 3, 2016 at 12:46 pm
ကျော်ဆို ခါတလေမှ ထောက်ဒယ်
Yae Myae Tha Ninn
May 3, 2016 at 12:54 pm
နောက်ပါနဲ့ဗျာ… အနော်က စာမရေးတတ်လို့… ထောက်တယ်ပြောပါတယ်ဗျာ… 🙁
ယမကာကျော်စွာ အူးမြောက်မြောက်
May 3, 2016 at 1:06 pm
အနော်လဲ မရေးတတ် ရေးတတ်မိုလို ့ ခါတလေ ထောက်တယ်လို ့ပြောဒါပါ အူးလေးရာ
Ma Ma
May 3, 2016 at 10:28 pm
မရေးတတ်ပေသေးလို့ပဲ။
ဖတ်ရတာ အစကနေ အဆုံးထိ ချောနေတာပဲ။ :a:
Yae Myae Tha Ninn
May 5, 2016 at 9:13 am
ကျေးဇူးတင်ပါတယ် အန်တီ မမ… ထပ်လဲ ရေးဖို့ ရှိသေးလို့ အားပေးပါဦးနော်…
မြစပဲရိုး
May 4, 2016 at 4:16 am
နင်းနင်း – သားလေးလား၊ သမီးလေးလား။
ဘယ်လောက်ရပြီလဲ။
ရွာ့မြေးလေးအကြောင်း သတင်းတောင် မပေးဘူး။ အတော်နေနိုင်ပါ့။
Yae Myae Tha Ninn
May 5, 2016 at 9:14 am
သားလေးပါ… နာမည်က ခန့်ထည်သွေးပါ… ပုံနဲ့ ပို့စ်တင်ပါဦးမယ်… အမှတ်တရပေါ့… ရန်ကုန်လာရင် ပြောနော် တွေ့ဖူးချင်လို့… 🙂
ခင်ဇော်
May 4, 2016 at 6:28 am
သား က အချော လေးး အရီးးရေ..!!
နင်းနင်းး ရေ, အလုပ်တွေ ရှုပ်နေရောပေါ့…
ကလေး တစ်ယောက်နဲ့..
အားတိုင်းတော့ ခနခန လာလည်ပါ..
:k:
Yae Myae Tha Ninn
May 5, 2016 at 9:16 am
ခု စာရေးတဲ့ထဲ စိတ်ပြန်ပါလာတယ်… မရေးလဲ ဖတ်မယ်… မန့်မယ်… ကြာကြာတော့လဲ ခွဲနိုင်ပါဘူးဗျာ… ဟီး…
ပျင်းတကာ့ ထိပ်ခေါင်တင်
May 4, 2016 at 9:10 am
အာဟေး ယောက်ခမွတျောက် တိုးပဟ :k:
Yae Myae Tha Ninn
May 5, 2016 at 9:17 am
ဟုတ်ကဲ့ပါ… ခမည်းခမက်ရယ်… 🙂