Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မေမေ နဲ့ တခုသောညနေခင်း သို့မဟုတ် မိသားစုကို အချိန်ပေးပါ…

ကုိ ထြဋ္July 11, 20171min14309

#မေမေ နဲ့ တခုသောညနေခင်း သို့မဟုတ် မိသားစုကို အချိန်ပေးပါ#

အိမ်ထောင်သက် ၂၁ နှစ်ကျော်မှ ကျွန်တော့်မိန်းမက တခြားအမျိုးသမီးတယောက်နဲ့ ရုပ်ရှင်တွေသွားကြည့် ညစာစားစေချင်နေတယ်…
ပြောတော့ပြောပါသေးတယ်… “ကျွန်မ ရှင့်ကို ချစ်ပါတယ်… ဒါပေမဲ့ ကျွန်မသိတဲ့ အဲဒီအမျိုးသမီးကလဲ ရှင့်ကို ချစ်ပါသတဲ့၊ ပြီးတော့ အချိန်တချို့လဲ ကုန်ဆုံးချင်ပါသတဲ့” လေ…
မိန်းမက အလည်သွားစေချင်တဲ့ အဲဒီအမျိုးသမီးဆိုတာ တခြားမဟုတ်ပါဘူး… မုဆိုးမဘဝ နဲ့ ၁၉ နှစ် အနေကြာနေပြီဖြစ်တဲ့ ကျွန်တော့်အမေပါ…
အလုပ်ကများတာနဲ့ ကလေးသုံးယောက်ရဲ့ ဗာဟီရတွေက သူမဆီကို တခါတရံဆိုမှ တရံတခါလောက်သာ ရောက်ဖြစ်စေတော့တာ…
ဒီညပဲ သူမကို လျှောက်လည်ဖို့ (Night Out) ထွက်ဖို့ ဖုန်းဆက်လိုက်ပါတယ်… ထင်တဲ့အတိုင်းပဲ ” နင်နေရောကောင်းရဲ့လား.. ဘာတွေဖြစ်နေတာတုန်း” လို့ အမေက မေးပါတယ်…
အမေဆိုတာကလဲ ညနက်ချိန်မှ ဖုန်းလှမ်းဆက်တာမျိုး၊ ထူးထူးဆန်းဆန်း ချိန်းဆိုမှုလုပ်တာမျိုးဆို သတင်းဆိုးရဲ့လက္ခဏာတွေလို့ အယူသည်းတတ်သူတစ်မျိုးလေ…
“ကြည်နူးစရာအချိန်တွေကို အတူတူဖြတ်သန်းရမယ်လို့တော့ ကျွန်တော်ထင်တယ်”လို့ စကားတုံ့လိုက်ပါတယ်…
“ငါတို့ နှစ်ယောက်တည်းလား” ဆိုပြီး တခဏမှာပဲ “ပျော်စရာကောင်းမှာ သားရဲ့” လို့ ပြန်ပြောပါတယ်…
အလုပ်သိမ်းပြီးလို့ ထိုသောကြာနေ့မှာပဲ ကျွန်တော် သူမကို ခေါ်ဖို့ ကားလေးမောင်းလာခဲ့ပါတယ် ရင်လဲ နည်းနည်းတော့ ခုန်နေတာပေါ့…
သူမအိမ်ရှေ့ကို ကားဆိုက်လို့ သူမကို သတိပြုမိချိန်မှာပဲ ကျွန်တော်တို့ချိန်းဆိုမှုကို ရင်ခုန်ချင်ချင်ဖြစ်လာမိတယ်…
ကုတ်အကျီင်္လေးဝတ်ပြီး တံခါးနားလေးမှာ သူမစောင့်နေတယ်လေ… ဆံနွယ်တွေကိုလိပ်လို့ ဝတ်ထားတာကလဲ နောက်ဆုံးအကြိမ် မင်္ဂလာနှစ်ပတ်လည်လုပ်ခဲ့တုန်းက ဝတ်စုံလေး…
သူမမျက်နှာပေါ်က အပြုံးဟာလဲ နတ်သမီးတပါးလို တောက်ပလို့ပေါ့…
“ငါ့ဘော်ဒါတွေကို ပြောထားသေးတယ် ဒီနေ့ ငါ့သားနဲ့ လျှောက်လည်မလို့ဆိုတော့.. သူတို့ကအံ့အားသင့်နေကြတာ”ဆိုပြီး ကားထဲကိုဝင်ရင်း ပြောပါတယ်…
ငါပြန်ပြောပြပါ့မယ်ဆိုတာ မစောင့်နိုင်ကြဘူး လုပ်နေကြလေရဲ့…
သိပ်မခမ်းနားပေမယ့် အဆင်ပြေပြီး သက်တောင့်သက်သာဖြစ်စေလောက်တဲ့ စားသောက်ဆိုင်တခုကို ကျွန်တော်တို့ သွားခဲ့ကြပါတယ်…
ကျွန်တော့်အမေကတော့ သူ့ကိုယ်သူ သမ္မတကတော်လိုမျိုး ကျွန်တော့်လက်ကိုတွဲပြီးတော့ပေါ့…
ထိုင်ပြီးတဲ့နောက်တော့ Menu ကို ကျွန်တော်ဖတ်ပြပါတယ်… အမေက စာလုံးကြီးတဲ့ မီနူးမှ မြင်နိုင်တာကိုး…
တဝက်လောက်ဖတ်ပြီးတဲ့အချိန် ကျွန်တော်မျက်လုံးပင့်ကြည့်တော့ ကျွန်တော့်ကို စိုက်ကြည့်နေတဲ့ မေမေ့ကို မြင်လိုက်ရပါတယ်…
သူမနှုတ်ခမ်းလေးတွေက လွမ်းဆွတ်ဖွယ်ပြုံးပြီး “အမေဒီလို မီနူးကို ဖတ်ပြခဲ့စဉ်တုန်းက မင်းက သေးးး သေးးး လေး ရှိသေးတယ်” လို့ ပြောပါတယ်…
“ကဲ.. ဒါဆိုလဲ ေမေမေနားထောင်တလှည့်၊ သား အမေကြိုက်တာတွေ မှာပေးမယ်လို့” ကျွန်တော်ပြောလိုက်ပါတယ်…
စားသောက်နေတဲ့အချိန်တွေမှာလဲ သာယာတဲ့ စကားစမြည်တွေပဲ ဆိုနေမိကြတယ်လေ…
ထူးထူးထွေထွေတော့မဟုတ်ပါဘူး ဒါပေမဲ့ ကိုယ်စီကိုယ်စီရဲ့ မရှေးမနှောင်းဖြစ်ရပ်လေးတွေ ပြောမိနေကြတယ်လေ…
စကားလက်ဆုံကျနေတာနဲ့ပဲ ရုပ်ရှင်လွတ်သွားတယ်… 🙂
သူမအိမ်ကို ပြန်ရောက်တာနဲ့ “သားနဲ့ မေမေ လျှောက်လည်ကြဦးမယ်နော်.. သားက ဖိတ်ခေါ်မှပါ” လို့ဆိုရှာတယ်…
ကျွန်တော်လဲ လက်ခံခဲ့ပါတယ်…
“ဒင်နာဒိတ်က ဘယ်လိုလဲ” မိန်းမက အိမ်ရောက်တာနဲ့ ဆီးပြီးမေးပါတယ်…
“အရမ်းကောင်းတယ်ကွာ မှန်းထားတာထက်ကို ပိုသေးတယ်” လို့ ပြန်ဖြေဖြစ်ခဲ့ပါတယ်…
ဘယ်နှရက်မှ မကြာလိုက်ဘူး နှလုံးရောဂါဖောက်ပြီး မေမေဆုံးသွားပါတယ်…
ရုတ်ချည်းဆိုသလိုဖြစ်သွားတော့ ဘာမှတောင် ကျွန်တော်လုပ်မပေးလိုက်ရပါဘူး… 🙁
ရက်အနည်းငယ်ကြာပြီးတဲ့နောက် ကျွန်တော့်ဆီကို စားသောက်ဆိုင်က လက်ခံမိတ္တူတစောင် စာအိတ်နဲ့ ရောက်လာပါတယ်…
မေမေနဲ့ ညစာအတူစားခဲ့တဲ့ ဆိုင်ကပေါ့…
ပြေစာထဲမှာလဲ “မေမေ ဒီပြေစာကိုရှင်းထားပြီးသားပါ..နောက်တခေါက်ဆိုတာ မေမေအတွက် မသေချာတော့ဘူး.. ဘာပဲဖြစ်ဖြစ် နှစ်ယောက်စာ မေမေရှင်းပေးထားပါတယ်…
တယောက်ကတော့ သားပေါ့.. နောက်တယောက်ကတော့ သားရဲ့ဇနီးအတွက်ပေါ့.. သားသိမှာမဟုတ်ပါဘူးလေ အဲဒီညက မေမေ့အတွက် ဘယ်လောက်အဓိပ္ပာယ်ရှိလိုက်သလဲဆိုတာကို…
မေမေ သားကိုချစ်တယ် သား…” လို့ ရေးထားပါသေးတယ်…
အဲဒီတခဏမှာပဲ.. “ချစ်တယ်”ဆိုတဲ့ စကားကို အချိန်မှီပြောခြင်းက ဘယ်လောက်အရေးကြီးတယ်ဆိုတာရယ်
တယောက်ယောက်ကိုလဲ လိုအပ်နေတဲ့အချိန်မှာ “အချစ်တွေ” ပေးလိုက်ရင် သူတို့အတွက် ဘယ်လောက်အဖိုးမဖြတ်နိုင်ကြောင်း ကျွန်တော်သဘောပေါက်လိုက်ပါတယ်…
မိသားစုလောက်အရေးကြီးတာ ဘဝမှာ ဘာမှမရှိပါဘူးဗျာ…
အချိန်ပေးလိုက်ကြပါ သူတို့အတွက် အရမ်းအဖိုးတန်လွန်းလို့ပါ… ပြီးတော့ ဒီလိုအမှတ်ရစရာလေးတွေက ဘယ်တော့မှလဲ မေ့ဖျောက်လို့ရမှာမဟုတ်လို့ပါ…

Translate: Give Time To Our Family

ps: ကျွန်တော့်ဘဝနဲ့ အရမ်းတိုက်ဆိုင်လွန်းပါတယ်ဗျာ… မေမေဘုရားဖူးသွားမလားဆိုတော့ သွားဘူး ငါ့ကို ကမ်းခြေပဲလိုက်ပို့ဆိုလို့ လိုက်ပို့ခဲ့ပါတယ်…
အဲလိုလိုက်ပို့ပြီး သိပ်မကြာဘူး မေမေလဲ ရောဂါဆိုးပြီး ဆုံးသွားတယ်… အဲဒီအချိန်တုန်းက မေမေ့အပြုံးတွေ အပျော်တွေက ကျွန်တော့်တသက်မေ့မရတော့ပါဘူးဗျာ…
တကယ်ကို မိသားစုကို ချစ်သလား တန်ဖိုးထားသလား အချိန်ပေးဖြစ်အောင် ပေးလိုက်ကြပါ… မိသားစုဘဝတွေ နွေးထွေးပျော်ရွှင်ကြပါစေ…

လေးစားစွာဖြင့်

ကိုထွဋ် ခ ရေမြေ့သနင်း

9 comments

  • ဒီလိုစာတွေ ဖတ်ရရင် ငိုချင်တယ်.. အဖေ့တုန်းက ဘာမှလုပ်မပေးနိုင်ဘဲ ဆုံးသွားခဲ့တယ်..
    ခု အမေ့ကျတော့လည်း ဘယ်မှ ခေါ်လို့မရဘူး.. 😥

  • manawphyulay

    July 11, 2017 at 4:46 pm

    အရင်တုန်းကတော့ ဖေရယ်မေရယ် တူတူသွားဖြစ်ခဲ့ကြတယ်။ ခုအိမ်ထောင်ကျပြီးနောက် မေမေနဲ့တူတူသိပ်မသွားဖြစ်တော့ဘူး။

  • kai

    July 11, 2017 at 5:00 pm

    မြန်မာဓလေ့မှာ.. အရွယ်ရောက်သူတွေမှာ.. မိဘကို ချစ်တယ်လို့ သီးသန်ပြောနှုတ်ဆက်ကြတာမရှိ.. ရှားပါးသလို.. ထွေးပွေ့နှုတ်ဆက်တာမျိုးလည်း.. မရှိ..ရှားပါးလှတယ်..။
    လူသားဆက်ဆံရေးမှာ.. လိုအပ်တာတွေပါ..။

    ဆိုတော့..
    အရင်ဆုံး.. မနက် ညနေ ရုံးသွား/ရုံးပြန်တွေမှာ.. ဝန်ထမ်းချင်း…နှုတ်ဆက်တာက စသင့်လှတယ်..။
    တိုးတက်တဲ့နိုင်ငံတွေမှာ.. မနက်ရုံးအဝင်တွေ…. မနက်ခင်းတွေ့သူတွေ.. ညနေခင်းတွေ့သူတွေ.. နှုတ်ဆက်သံတွေ စုံလို့..
    အဲဒီအတိုင်း.. အိမ်အပြန်.. အိမ်အဝင်.. အိမ်အထွက်.. နှုတ်ဆက်သံတွေ..

    ဂျပန်လူမျိုးတွေဆီမှာဆို.. ပိုလို့များသေး..။
    အတုခိုးသင့်..။
    good morning, good afternoon, good night, good evening, how are you? good bye, bye စသဖြင့် စုံလို့..။

    • Yae Myae Tha Ninn

      July 17, 2017 at 2:33 pm

      ကျွန်တော်ကတော့ ရုံးသွားခါနီး Blessing ယူတယ်ဆိုပြီး အမေ့ နဖူး နမ်းနေကြဗျ… ချစ်တယ် သီးသန့်တော့ မပြောဖြစ်ကြပေမဲ့ အဲလိုလေး တော့ လုပ်ဖြစ်တယ်… အခုပို့စ်လေးကို လာမန့်ပေးကြတဲ့ အမျိုးတွေ တယောက်ချင်းစီ ကျေးဇူးပါဗျာ… ကျွန်တော်လဲ ဂဇက်ကို ဝင်ကြည့်ဖြစ်တယ်ဆိုတာ ပို့စ်တင်ရင်း အသိပေးလိုက်တာပါ…

      လေးစားစွာဖြင့်
      ကိုထွဋ်

  • သင့်အေးရိပ်

    July 13, 2017 at 10:55 am

    ကျနော်တော့ အခုတလော အမေနဲ့ ညီ ညီမတွေကို ရုပ်ရှင် လိုက်ပြတာတို့ ဘုရား လိုက်ပို့တာ အတူသွားလာကြတာတို့ တစ်လ ၂ခါလောက် အချိန် ပေးဖြစ်နေတယ်။ အမေနဲ့ တမိုးအောက်ထဲ အတူမနေရတဲ့သားတစ်ယောက်အတွက်တော့ ဒီပိုစ့်လေးက အမေ အဖေကို တမ်းတမိစေပါတယ်

  • အဲ့ဒီပို့စ်လေးကို ဖတ်ဖူးခဲ့တယ်ဗျ..ကြိုက်လည်းကြိုက်ပါတယ်…
    ကျနော့မှာတော့ အဖေမရှိတော့ပါ..အမေပဲကျန်တော့တယ်..
    ကျန်နေတဲ့အမေကိုတော့တတ်နိုင်သလောက်ကရုစိုက်ပါတယ်ဗျာ…
    “မြန်မာဓလေ့မှာ.. အရွယ်ရောက်သူတွေမှာ.. မိဘကို ချစ်တယ်လို့ သီးသန်ပြောနှုတ်ဆက်ကြတာမရှိ.. ရှားပါးသလို.. ထွေးပွေ့နှုတ်ဆက်တာမျိုးလည်း.. မရှိ..ရှားပါးလှတယ်..။
    လူသားဆက်ဆံရေးမှာ.. လိုအပ်တာတွေပါ..။”
    သဂျီးပြောတာအမှန်ပဲဗျ…မိန်းကလေးတွေကတော့ ပြောတတ်ကြပေမဲ့…ယောက်ကျားလေးတွေက
    ပြောခဲတယ်…

  • Shar Thet Man

    July 14, 2017 at 5:04 pm

    မွန်လေးကတော့မိသားစုအရသာကို မခံစားခဲ့ရပါဘူး မိဘတွေကနယ်မှာအလုပ်လုပ်ကြတော့လေ.အဖေကလည်းနယ်မှာနေရင်း ဆုံးသွားတာဆိုတော့ အဖေနဲ့တောင်ဘဝမှာ အကြာကြီးမနေလိုက်ရပါဘူး

  • ဦးကျောက်ခဲ

    July 17, 2017 at 6:04 pm

    ကြွေးဟောင်းဆပ်ဖို့ ကြွေးသစ်ချဖို့ ငါ့ဝမ်းပူဆာမနေသာလို့ …
    အလုပ်ပြီးရင်း အလုပ် … မိဘကို အချိန်မပေးနိုင်ခဲ့ဘူး …

  • CharTooLan

    July 18, 2017 at 11:10 am

    ကိုယ်ပဲတမူကွဲနေသလားမသိဘူး ကိုယ်ကအချိန်ပေးပီး အမှတ်တရတွေဖန်တီးချင်တာတောင်
    ပစ်တင်သံကလွဲရင်ကျန်တာဗလာ :'(

Leave a Reply