မလေးရှားသို့ တစ်ခေါက်တစ်ခါ (၇) အရှေ့မှာ ပြောခဲ့သလို ရောက်ခါစဆိုတော့ ရဲဖမ်းမှာလည်းကြောက် (ကိုယ့်မှာက စာအုပ်မရှိတော့ဘူး ဆိုတော့ တရားမဝင်နေသူ ဖြစ်သွားပြီလေ)၊ ရှိစုရှိမဲ့ ပိုက်ဆံလေးလဲ ရဲကို ဘလန်ချာ မပေးချင်၊ ကိုယ်လည်း ဟိုနားသွားရရင် ရဲနဲ့တွေမှာလည်း ပူရဆိုတော့ ရှိစူရှိမဲ့ ပါလာတဲ့ ပိုက်ဆံလေးနဲ့ ကဒ်လေးတော့ လုပ်ထား လိုက်မယ်လို့ ဆုံးဖြတ် လိုက်တာပါ။ ကဒ်လုပ်ဖို့ကိုတော့ လူရင်းမိတ်ဆွေက စီစဉ်ပေးပါတယ်။ ကဒ်လုပ်ခိုင်းလိုက်ပြီး ၂ရက်လောက်နေတော့ လုပ်ခိုင်းတဲ့ ကဒ်ရလာပါတယ်။ ကဒ်ကိုပေးတဲ့အခါ အထက်မှာ ကျွန်တော်ပြောခဲ့သလို ကွေးလို့ရတာ၊ UV Light နဲ့ ထိုးပြတာတွေ လုပ်ပြပါတယ်။ ကဒ်ရတဲ့ အခါ ကျွန်တော်က ကဒ်ပေါ်က Data တွေကို အလွတ်ရအောင် ကျက်ထားရပါတယ်။ အမည်စာလုံးပေါင်းတွေက […]