Yan ShinAugust 1, 20111min28911
ကျွန်တော်တို့ ညောင်တုန်းကျွန်းရေနက်ကွင်း စိုက်ကွင်းတဲမှာ နေတုန်းကပါ။ သူဌေးက ကက်ဆက်တစ်လုံး ဘက်ထရီနဲ့ ထားပေးပါတယ်။ ကျွန်တော်တို့ ငကြပ်ကောင်ကိုစည်သူတို့က (အဲဒီတုန်းက) ခေတ်စားတဲ့ လေးဖြူရဲ့ ပင်လယ်အော်သံတို့ ဇော်ဝင်းထွတ်ရဲ့ ဂျစ်ပစီမိုးတိမ်တို့ ငှက်ကြီး(ထူးအိမ်သင်)တို့ ကြိုက်ကြတာပေါ့။ ကျွန်တော်တို့နားရင် ကက်စက်ဖွင့်ရင် အဲဒီတိတ်ခွေတွေပဲ ဖွင့်ပါတယ်။ တိတ်ခွေပုံ အပေါ်ပိုင်းမှာ အဲဒီတိတ်ခွေတွေက နေရာယူမြဲပေါ့။ တပည့်ကျော် ကျော်ထွေးတို့ ရွာထဲက လာလည်တဲ့ ကျော်ထွေးသူငယ်ခြင်းတို့တစ်တွေ ဖွင့်ရင်တော့ ဟသာင်္တထွန်းရင်တို့ တွံတေးသိန်းတန်တို့ပါပဲ။ အဲဒီအခါ ကျွန်တော်တို့ဖွင့်တုန်းက အောက်ပိုင်းရောက်နေတဲ့ အခွေတွေဟာ တိတ်ခွေပုံရဲ့ အပေါ်ပိုင်းကို တက်လာခဲ့ပြီပေါ့။ ကျွန်တော်ဟာ တိတ်ခွေတွေ စာအုပ်တွေကို စနစ်တကျ စီထားတတ်ယုံမက အိပ်ယာခြင်ထောင်စောင်တွေကိုလည်း စနစ်တကျ ခေါက်သိ်မ်းထားတတ်ပါတယ်။ ကျွန်တော်ဟာ ဇီဇာကြောင်တတ်သူမဟုတ်ပေမဲ့ ကျွန်တော့်အဝတ်အစား သူများယူဝတ်တာ ကျွန်တော်အိပ်ယာ သူများလာအိပ်တာကိုတော့ […]