အတွေးတစ်စ မင်းဆွဲထုတ်ခဲ့တယ်။ သူ့နေရာနဲ့သူ အံဝင်ခွင်ကျနေတာကို မကြည့်ရက်ခဲ့လေသလား။ ခုတော့ နှစ်ပေါင်းများစွာ ခိုင်မာခဲ့တဲ့ ယုံကြည်မှုတွေ၊ လက်ခံထားတဲ့ အမှန်တရားတွေ၊ ကျင့်သုံးခဲ့တဲ့ စည်းကမ်းကလနားတွေ၊ စိုက်ထူနိုင်ခဲ့တဲ့ ဘဝမှတ်တိုင်တွေ၊ ချမှတ်ခဲ့တဲ့ အနာဂတ်အတွက် ပန်းတိုင်တွေ….. အရာတွေအားလုံး သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်နေတာကို မရှုစိမ့်လေရော့သလား။ ရက်ရက်စက်စက် အတွေးတစ်စ မင်းဆွဲထုတ်ရက်လေတယ်။ 5/6/2015 Fri – 1:46pm