မြေညီထပ် တိတ်ဆိတ်နေတဲ့ ညသန်းခေါင်ကျမှ ရုံးထဖို့ ခွန်အားပြည့်ဝကြတဲ့ ရေစုပ်စက်ရဲ့ ရင်ခေါင်းကွဲအော်သံတွေကြားမှာ သန်းခေါင်ထက် ညဉ့်နက်ခဲ့တဲ့ကျွန်တော် အသားကျခဲ့ရပြီ။ ဈေးသည်တိုင်းခေတ်မှီပြီး လော်စပီကာအသေးကိုယ်စီကိုင်နိုင်တာကြောင့် ညပိုင်းညဉ့်နက် အတွေးနယ်ချဲ့တက်ကျမ်းတွေဖတ်တဲ့ကျွန်တော် နေဖင်မထိုးခင် မနိုးချင်ပဲ နိုးခဲ့ရပြီ။ နေ့ခင်းကြောင်တောင် မှောင်မိုက်နေတဲ့မီးဖိုချောင်မှာ နေရောင်ခြည်နဲ့လင်းချင်ပေမယ့် မနှစ်လိုတဲ့ အာရုံနှစ်ပါးကြောင့် ချွေတာချင်တဲ့ စွမ်းအင်ကိုလဲ သုံးမြဲသုံးခဲ့ဖူးပြီ။ အလှူခံမျိုးစုံ အလှူခံနည်းမျိုးစုံကြောင့် လှူသင့်တယ်ထင်တာကိုလှူရင်း မလှူသင့်ဖူး ထင်တာကိုးလဲ အကုသိုလ်ထိုင်ပွားတတ်ခဲ့ပြီ။ လူတစ်ကိုယ်မြေဘယ်လောက်လိုလဲဆိုတဲ့ တော်လ်စတွိုင်းကြီးလဲ တိုက်ခန်းရှေ့ မြေလွတ်လေးမှာ ကားရပ်ဖို့ အပြိုင်အဆိုင်နေရာဦးနေသူတွေကိုကြည့်ပြီး ဪ သူမြင်ရင် ဘာစာတွေထပ်ရေးအုံးမှာပါလိမ့်လို့ တွေးမိခဲ့ဖူးပြီ။ Ko Thou.