who whoDecember 9, 20111min863
“…ပန်းလေးတွေ လှတယ်နော် အားပေးပါဦး….” ဘုရားပန်းအိုးများကို တိုက်ချွတ်ရင်း အသံလာရာဆီသို့ ကျနော် လှမ်းကြည့် လိုက်သည်။ အယ် လှလိုက်တဲ့ ကြာပန်းစည်းတွေပါလား။ အတော်ပဲဟေ့။ ဘုရားပန်းတွေ လဲဖို့လုပ်တုန်းဆိုတော့ …။ “အေး ယူဦးမယ်ဟေ့…”။ ဆိုပြီး ဆပ်ပြာမြှုပ်တွေ ပွနေသော လက်ကို အမြန်ဆုံးဆေးလို့ ကပျာကယာ ထ လိုက်ရသည်။ “အို …ပန်းတွေက လှလှချည်လား။ ဘယ်လောက်တဲ့လဲပြောပါဦး…”။ ကြာပန်းစည်းများထဲမှ လှပေ့ဆိုတာတွေကို ရွေးရင်း ဈေးသည်လေး အား မေးလိုက်ပါတယ်။ ဈေးသည်လေးကို ကြည့်လို့ ဈေးဆစ်ဖို့တောင် မဆစ်ရက် တော့တာမို့ အလှဆုံး ပန်းစည်းတွေကို ရွေးဝယ်လိုက်တယ်လေ။ ကြာပန်း တွေက အရောင်ကို စုံလို့ပေါ့။ ကြာပန်းစည်းတွေပိုက်ရင်း ဘုရားပန်းအိုးကို လှအောင်လေးထိုးလို့ ပိုတာကို ဧည့်ခန်းထဲက အလှအိုးပါ ထိုးလိုက်ပါတယ်။ […]