အော် အဖေ အဖေ ဒီနံမည် မခေါ်ခဲ့ရတာ အတော်ကြာပါပေါ့လား……. သူများတွေ အဖေ လို.ခေါ်တိုင်း ရင်ထဲမှာ မကောင်းခဲ့ဘူး.. အဖေမပါတဲ့ မိသားစုဘဝကို အမေ လက်ဆွဲဖြတ်သန်းခဲ့ရတာ.. ဟော အခု ၁၅နှစ် တောင် ဖြစ်သွားပြီး အဖေ……….. အဖေရေ အခု သား အိမ်ထောင်ကျသွားပြီ အဖေ… အဖေ ချွေးမလေးက ပုပေမယ့် အချောသားဗျ.. ကျွန်တော်နဲ.လဲ လိုက်တယ်တဲ့ လူတိုင်းက ပြောကြတယ်… အဖေမြင်ရင်လဲ အဖေ့ချွေးမလေးကို ချစ်ရှာမှာ….. သားမင်္ဂလာဆောင် အရမ်းပျော်ဖို.ကောင်းတယ်အဖေ… ရန်ကုန်မှာပဲလုပ်လိုက်တယ်… သူငယ်ချင်းတွေ ရော… မိသားစုတွေရော… အများကြီးလာကြတယ်.. ပျော်စရာကောင်းလိုက်တာအဖေ… အမေကတော့ အဖေမကြိုက်တဲ့ မိတ်ကပ်တွေနဲ. သူ.သားမင်္ဂလာဆောင်မှာ ပျော်နေရှာတယ် အဖေ.. သူလဲ အဖေကိုတော့ သတိရရှာမှာပါ.. မင်္ဂလာ […]