(၁) ဘာနဲ့တူလဲ (၂) အကောင်းမြင် နဲ့အဆိုးမြင် (၃) နိုင်ငံရေးပြစ်မှု (၄) တစ်ဈေးထဲပဲ (၅) မှားလို့ (၆) ဒုက္ခပေးတဲ့ကောင် (၇) မြဲမြဲကိုင် (၈) ဥပဒေသစ် (၉) ငါးပြား (၁၀) တက္ကစီ ************************************************************************************ (၁) ဘာနဲ့တူလဲ မင်းတို့မိန်းမတွေဟာလေ လက်မထပ်ခင်ကတော့ ရုပ်မြင်သံကြားလို့ပဲ အသံရောရုပ်ရော ကြားချင် ကြည့်ချင်စရာကောင်းတယ် လက်ထပ်ပြီးသွားရင်တော့ ရေဒီယိုလိုပဲ ရုပ်ကိုမကြည့်ချင်တော့ဘူး အသံကြားရတာတောင် နားညီးလာတယ် အိမ်ထောင်သက်ကလေးများကြာလာရင် ဘောလုံးလိုသာ လှိမ့်လှိမ့် ကန်ပစ်ဖို့ပဲကောင်းတော့တယ်…။။ ***************************************************************************************** (၂) အကောင်းမြင် နဲ့အဆိုးမြင် အဆိုးမြင်သမားက စိတ်မချမ်းသာစွာ ပြောသည် . . . ” ဒီထက်ပိုပြီးမဆိုးနိုင်တော့ ဘူး . . . […]