koyinOctober 21, 20119min21512
နှုတ်ဆက်လှည့်… မေ တမင်သတ်သတ် ခြွေရက်လို့…ကြွေ။ နွေလိုပူတဲ့ စမ်း လွမ်း..ရယ်မပြေ။ မဝေချင် ပင်အိုထက်မှာနွမ်း ပန်းရဲ့ သက်သေ…။ အမျက်ဖြေ… မျက်ရည်ယို ငိုချင်း မညည်းတတ်လေ။ ပင်ကိုပျိုးပြီး ရွက်ကို ခြွေ မုန်တိုင်းတွေ ဆဲတော့မှ  လွန့်ရတဲ့ လေပြေ…။ လှေငယ်ငယ်ဝမ်းဗိုက် စိမ့်တက်လာတဲ့…ရေ ဆားငန်နေလျှက် တစ်မနက်ကို အလွမ်း…ဆက်စေ။ အသက်တွေ အိုမင်း (နွေလေညှင်း…တဲ့) သေမင်းလက်က ထွက်ပြေး ဝဋ်ကြွေး…မကျေ။ သင်ပုန်းကို ချေပါကွဲ့ ခါးသက်လှတဲ့…ပျားရည်။ သားသေကို ပုခုံးမှာထမ်း မုဆိုး… လမ်းပျောက်တဲ့ ညနေ။ အရှေ့ကို… စေ အနောက်ဆီ ယွန်းလေသတဲ့… (ဝေခွဲရခက်တဲ့ အကြည့်နဲ့ပဲ နှုတ်ဆက်ခဲ့… လေ။) ဝေချင်လည်း မဝေ… ကြွေချင်လည်း မကြွေ…။ မွန်းနေတာ ကြာတဲ့ရင် ပြာလဲ့ချင် ညိုရိပ်သန်း မှန်းဆခက်လေ…။ အရှက်ပြေ… ထွက်ခွာလေသူ တစ်ဦး […]