myuemyueApril 5, 20111min37527
စလုံးမှာအလုပ်လုပ်ရတာ တကယ်တော့သိပ်မလွယ်လှ.. ကျွန်မလို သင်္ဘောကျင်းမှာလုပ်ရတာဆို ပိုဆိုးတာပေါ့.. နိုင်ငံပေါင်းစုံက အလုပ်သမားတွေ.. အင်ဂျင်နီယာတွေ.. မန်နေဂျာတွေ.. စုံလို့ပဲ.. လူမျိုးစုံ စရိုက်စုံဆိုတော့ ပြဿနာကလဲ ပေါင်းစုံပေါ့လေ.. ကျွန်မက HR မှာလုပ်ရတာဆိုတော့ ဖြစ်သမျှပြဿနာကို ကိုင်တွယ်နိုင်တဲ့သူမရှိတော့ရင် ကျွန်မတို့ဆီတွန်းလွှတ်တော့တာကိုး.. အလုပ်ချိန်မှာ ခိုးအိပ်နေတာမိသွားတာကအစ မဖွယ်မရာဗွီဒီယိုတွေ ကြည့်နေတာ ဖမ်းမိတဲ့ကိစ္စအဆုံး ကျွန်မတို့ပဲ ဖြေရှင်းရပါတယ်.. ခုတလောတော့ ခွေးနဲ့ကြောင်ပြဿနာ တက်နေလေရဲ့.. ကျွန်မတို့ သင်္ဘောကျင်းထဲ ခွေးလေခွေးလွင့် ကြောင်လေကြောင်လွင့်တွေ ရောက်ရှိသောင်းကျန်းနေပါသတဲ့.. ကျွန်မမန်နေဂျာက အဲဒီကိစ္စ နင်ရှင်းလိုက်ဆိုလို့ ဂူဂယ်လ်ကြီးကိုအကူအညီတောင်းလို့ စလုံးကခွေးဖမ်းတဲ့အဖွဲ့ကို ရှာဖွေခေါ်ယူရပါတော့တယ်.. ကျွန်မက စပ်စပ်စုစုနဲ့ အဲဒီအဖွဲ့ကိုမေးမိတယ်.. ဖမ်းမိတဲ့ခွေးတွေ ကြောင်တွေကို ဘာလုပ်တာလဲလို့.. သူတို့က သတ်ပစ်တာတဲ့.. စိတ်မကောင်းလိုက်တာလေ.. မတတ်နိုင်ဘူး ကိုယ်ကခေါ်ပြီးနေပြီ.. နောက်တနေ့ကျတော့ သူတို့ရောက်လာကြတယ်.. သတ္တဝါတွေက […]