Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခွေးနဲ့ကြောင်ပြဿနာ

myuemyueApril 5, 20111min44927

စလုံးမှာအလုပ်လုပ်ရတာ တကယ်တော့သိပ်မလွယ်လှ.. ကျွန်မလို သင်္ဘောကျင်းမှာလုပ်ရတာဆို ပိုဆိုးတာပေါ့.. နိုင်ငံပေါင်းစုံက အလုပ်သမားတွေ.. အင်ဂျင်နီယာတွေ.. မန်နေဂျာတွေ.. စုံလို့ပဲ.. လူမျိုးစုံ စရိုက်စုံဆိုတော့ ပြဿနာကလဲ ပေါင်းစုံပေါ့လေ.. ကျွန်မက HR မှာလုပ်ရတာဆိုတော့ ဖြစ်သမျှပြဿနာကို ကိုင်တွယ်နိုင်တဲ့သူမရှိတော့ရင် ကျွန်မတို့ဆီတွန်းလွှတ်တော့တာကိုး.. အလုပ်ချိန်မှာ ခိုးအိပ်နေတာမိသွားတာကအစ မဖွယ်မရာဗွီဒီယိုတွေ ကြည့်နေတာ ဖမ်းမိတဲ့ကိစ္စအဆုံး ကျွန်မတို့ပဲ ဖြေရှင်းရပါတယ်.. ခုတလောတော့ ခွေးနဲ့ကြောင်ပြဿနာ တက်နေလေရဲ့.. ကျွန်မတို့ သင်္ဘောကျင်းထဲ ခွေးလေခွေးလွင့် ကြောင်လေကြောင်လွင့်တွေ ရောက်ရှိသောင်းကျန်းနေပါသတဲ့.. ကျွန်မမန်နေဂျာက အဲဒီကိစ္စ နင်ရှင်းလိုက်ဆိုလို့ ဂူဂယ်လ်ကြီးကိုအကူအညီတောင်းလို့ စလုံးကခွေးဖမ်းတဲ့အဖွဲ့ကို ရှာဖွေခေါ်ယူရပါတော့တယ်..

ကျွန်မက စပ်စပ်စုစုနဲ့ အဲဒီအဖွဲ့ကိုမေးမိတယ်.. ဖမ်းမိတဲ့ခွေးတွေ ကြောင်တွေကို ဘာလုပ်တာလဲလို့.. သူတို့က သတ်ပစ်တာတဲ့.. စိတ်မကောင်းလိုက်တာလေ.. မတတ်နိုင်ဘူး ကိုယ်ကခေါ်ပြီးနေပြီ.. နောက်တနေ့ကျတော့ သူတို့ရောက်လာကြတယ်.. သတ္တဝါတွေက သူတို့ဘေးတွေ့တော့မယ်ဆိုတာ ကြိုသိနေပုံရတယ်.. ဟိုအဖွဲ့တွေ ခွေးတကောင်ကြောင်တမြီးမှမမိဘဲ ပြန်သွားရတယ်လေ.. ကျွန်မကတော့ပျော်သည်ပေါ့.. ကိုယ့်ပယောဂကြောင့် ခွေးတွေကြောင်တွေ သေမယ့်အရေးက ဝေးပြီကိုး.. မန်နေဂျာကို သတင်းပို့ရင်း တခါတည်းပြောထားလိုက်တယ်.. ငါ့ကို နောက်တခါဒါမျိုးမခိုင်းပါနဲ့လို့.. ငါတို့ဘာသာရေးအရ မလုပ်ကောင်းတဲ့ အလုပ်မို့လို့ပါလို့လေ..

တနေ့ကတော့ ခွေးတွေကြောင်တွေ ပိုများလာလို့ဆိုပြီး ကွန်ပလိန်းထပ်ရောက်လာပါတယ်.. သဌေးလဲ ခေါင်းစားရတော့တာပေါ့.. နောက်တော့ ဘယ်ဉာဏ်ကြီးရှင်က အကြံပေးလိုက်တယ်မသိဘူး.. ခွေးတကောင် ကြောင်တကောင်ဖမ်းမိရင် ဆုငွေ ၅ဝပေးမယ်ဆိုပြီး နို့တစ်ထွက်လာပါတော့တယ်.. ကျင်းထဲက မ တစ်ရာသား အလုပ်သမားတွေဆိုတာလေ ဟိုချောင်း ဒီချောင်းနဲ့ ဖမ်းဖို့ချည်းချောင်းနေကြတော့တာ.. အလုပ်တောင် ဖြောင့်အောင်လုပ်နိုင်ကြသေးရဲ့လားမသိ.. ကျွန်မက နို့တစ်မထုတ်ခင်ပြောသေးတယ်.. ခွေးဖမ်းတဲ့သူတွေ ခွေးကိုက်ခံရရင် ပြဿနာတက်နေမယ်လို့.. ကျွန်မမန်နေဂျာက နေပါစေ.. သဌေးကထုတ်ခိုင်းတာဆိုလို့ ကြည့်နေလိုက်တယ်.. နေ့တောင်မကူးသေး ကြောင်ကုတ်ခံရလို့တဲ့ အလုပ်သမားတယောက် ရုံးကိုလာပြောတယ်.. အဲဒီတော့မှ ပြူးတူးပြာတာနဲ့ ဘာလုပ်ရင်ကောင်းမလဲတဲ့.. ကျွန်မကတော့ မကြားချင်ယောင်ဘဲဆောင်နေလိုက်တော့တယ်.. ခုထက်ထိတော့ ခွေးတစ်ကောင်မှမိတယ်လို့ မကြားမိသေးပါဘူး.. ကြောင်တော့ ၂ကောင်မိတယ်ကြားတယ်.. သနားစရာပါ.. သက်ဆိုင်ရာကိုအပ်ရင် သတ်ပစ်ကြမှာမဟုတ်လား..

ညနေရုံးဆင်းတော့ ရုံးကားပေါ်မှာ အဲဒီအကြောင်းပွားကြရင်း ကိုတင်မင်းထက်ကပြောပြတယ်.. သူအရင်လုပ်တဲ့ စူဇူကီးမှာ ဂျပန်ဘော့စ်လုပ်သလိုလုပ်ပါလားတဲ့.. ဘာလုပ်တာလဲဆိုတော့ “ခွေးလေခွေးလွင့်များ လုံးဝဝင်ခွင့်မပြု” ရယ်လို့ စာထုတ်တာပါတဲ့လေ.. ခွေးကို စာဖတ်တတ်တယ်လို့များ ထင်နေတာလား.. ဖတ်မိတဲ့လူတွေကိုပဲ ခွေးနားလည်အောင် ရှင်းပြစေချင်တာလားတော့ မပြောတတ်.. မြန်မာပြည်မှာနော်.. စာထုတ်တာမှ မြန်မာလိုတောင်မဟုတ်ဘူး.. အင်္ဂလိပ်လို ခန့်ခန့်ညားညားကြီးကို ထုတ်တာတဲ့လေ..

ပြောကြရင်း ကျွန်မဖေဖေပြောပြဖူးတာလေး သတိရလို့ ပြောပြီး ရယ်ကြရသေးတယ်.. ဖေဖေပုလဲနဲ့ငါးမှာလုပ်နေတုန်း ရခိုင်ဘက်မှာ တာဝန်ကျနေတုန်းက အကြောင်းလေးပေါ့.. ရွာထဲမှာလမ်းလျှောက်သွားလို့ ခွေးတကောင်ကောင်အနားကပ်လာရင် “ဟဲ့ခွေး”လို့ အော်ပြီးမောင်းလို့ကတော့ ခွေးက ဂရုတောင်မစိုက်ဘူးတဲ့.. “ဟဲ့ခွီး”ဆိုပြီး ရခိုင်သံနဲ့အော်မှ ဒင်းကပြေးတော့တယ်ဆိုတာကိုး.. ထူးဆန်းပါပေ့ ကိုကိုခွေးရယ်.. း)

 

(ကျွန်မဘလော့မှာ  တင်ပြီးသားပို့စ်လေးကို  စမ်းတဲ့အနေနဲ့  တင်ကြည့်တာပါ..  ပထမဆုံးပို့စ်မို့  အမှားပါရင်  သင်ပြလမ်းညွှန်ပေကြပါဦးနော်..)

27 comments

  • weiwei

    April 5, 2011 at 7:00 am

    အရေးအသားကောင်းပါတယ် …. ဆက်လက်အားပေးပါ့မယ် …

    • myuemyue

      April 5, 2011 at 11:43 pm

      အားပေးမယ်ဆိုလို့ ကျေးဇူးပါနော်.. ကြိုးစားပါဦးမယ်

  • fatty

    April 5, 2011 at 8:51 am

    ကြိုဆိုပါတယ်ခင်ဗျား .. အဲဒီကနေဓာတ်ပုံလေးတွေတင်ရတာလွယ်မယ်ထင်ပါရဲ့
    ဓာတ်ပုံလေးတွေနဲ့ပါ ပူးတွဲပြီး ရေးပါအုံး ကျနော်တို့ဆီမှာတော့ အီးမေးရော
    ဂျီမေးရော မရတော့ပါ။ ပရောက်ဇီ ဝယ်မှသုံးလို့ရပါတယ် ..။ ဒီဆိုက်ဟာ အဝေးရောက်မြန်မာတွေအတွက် ဒီကမြန်မာ
    တွေကရေးနေကြပေမဲ့ .. ဒီကမြန်မာတွေအတွက် အဝေးကနေပြန်ရေးတဲ့ ပိုစ်တွေနဲနေပါတယ်။
    အတွေ့အကြုံလေးတွေမျှဝေစေချင်ပါတယ်ခင်ဗျ။

    • myuemyue

      April 5, 2011 at 11:44 pm

      ဟုတ်ကဲ့.. စလုံးကအတွေ့အကြုံလေးတွေ ရေထားတာရှိပါတယ်.. တင်ဖြစ်မှာပါ..

  • kai

    April 5, 2011 at 9:09 am

    ဂျပန်လုပ်တာက ..ဥပဒေကြောင်းအရလွတ်အောင် ကြိုကန်ထားတာလည်း ဖြစ်နိုင်ပါတယ်..။
    ခွေးကစာမဖတ်တတ်ပေမဲ့..လူကစာဖတ်တတ်တော့… လူခေါ်လာတဲ့ခွေး ဝင်ခွင့်ရှိနေပြီး.. အထဲမှာပြသနာတက်ရင်..အဲဒီခွေးပိုင်ရှင်လူနဲ့သက်ဆိုင်တဲ့သဘောများ ဖြစ်မလားတော့မသိပါဘူး..။
    ပိုင်ရှင်မရှိပဲဝင်လာတဲ့ခွေးကျတော့ ..ခွေးလေခွေးလွင့်ဖြစ်တာမို ့.. သတ်ရင်လည်း ဥပဒေကြောင်းအရ.. တိရိစာ္ဆန်ချစ်သူတွေနဲ့ ရှင်းလို့ရသွားနိုင်တယ်ထင်တာပါပဲ..။
    သူများနိုင်ငံဆိုတော့.. ကမ္ဘာ့လုပ်နည်းနဲ့ လုပ်ထားလိုက်ပုံရပါတယ်..။

    တကယ်တော့.. ခြင်တို့..ယင်တို့..ကြွက်တို့..ခွေးတို့လည်း.. လူ့အထာတော်တော်သိတဲ့အကောင်တွေလို့ပြောလို့ရပါတယ်..။
    ခြင်များ..လာကိုက်လို့..မှတ်လောက်အောင်ရိုက်သတ်မဟဲ့..ရှာကြည့်လိုက်… အင်မတန်ဖမ်းရခက်နေပါလေရော..။
    မေ့သွားပြိး..ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေရင်..ကိုယ်တော်ချောက… ပြန်ပေါ်တော်မူလာတာမျိုး တော်တော်များများကြုံဖူး ကြမှာပါ..။

    တကယ်တော့.. လူမှာ..ဒေါသထွက်ရင်.. အပူချိန်အနံ ့အသက်ပြောင်းလာတယ်တဲ့..အဲဒါကို အာရုံခံမိပြီး.. တိရိစ္ဆာန်တွေ သဘာဝပေးအခြေအနေအရ ..သိကြတာဖြစ်ပါကြောင်း..။

    • myuemyue

      April 5, 2011 at 11:46 pm

      ဒီမှာက ခွေးလေခွေးလွင့်ရယ်လို့ ရှားပါတယ်.. ကျင်းထဲကိုသာ ဘယ်ကဘယ်လို ရောက်လာမှန်းမသိတာ.. k

  • ကြည့်ရတာ Kepple မှာ အလုပ်လုပ်နေတယ်နဲ့တူပါတယ်။ HR ဖြစ်တဲ့အတွက် နေ့စဉ် အလုပ်သမားတွေရဲ့ ဖြတ်သန်းနေကြပုံတွေကို သိတန်သလောက်တော့ သိမယ်ထင်ပါရဲ့။ လုပ်ငန်းခွင်ထဲတော့ ရောက်ဖူးမယ်မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် သင်္ဘောကျင်း အလုပ်သမားများဘဝ တစ်စေ့တစ်စောင်းကို ကိုယ်ပိုင် Post အနေနဲ့ ရေးတင်မယ်ဆိုရင်တော့ ရေးစရာအကြောင်းတွေ အများကြီးရှိမှာပါ။ မြန်မာနိုင်ငံမှ စလုံးသို့ ရရာအလုပ်လုပ်မယ်၊ စလုံးရောက် ပြီးတာပဲဆိုပြီး အများကြီးမျှော်လင့်ထားတဲ့သူတွေ ကြိုတင်ပြင်ဆင်၊ ဆင်ခြင်နိုင်အောင် သရုပ်မှန်စာပေတွေ ရေးသားပေးစေလိုပါတယ်။ ကျွန်တော်ကတော့ ကိုယ်ပိုင်တစ်ပုဒ်တင်ခဲ့ဖူးတယ်။ ထွက်လာတာလဲ ကြာပြီဆိုတော့ အချက်အလက်မစုံတော့လို့ ထပ်မရေးဖြစ်တော့တာပါ။

    စာရေးချင်တယ်ဆိုတဲ့အတွက် ဒီလိုလေးရေးကြည့်ပါလားဆိုတဲ့ အတွေးနဲ့ အကြံပြုကြည့်ခြင်းပါ။

  • ဆူး

    April 5, 2011 at 2:39 pm

    ခွေးလေခွေးလွင့်များ လုံးဝဝင်ခွင့်မပြု
    ဆိုတဲ့ စာမျိုး နဲ့ အကြောင်းရာ နီးစပ်တဲ့စာမျိုး ကြွက်ပေါတဲ့ အိမ်တွေမှာ ကြွက်ရောင်းရန် ရှိသည် ဆိုပြီး ရေးတာတော့ မြင်ဘူးတယ်။

    • myuemyue

      April 5, 2011 at 11:50 pm

      ဟုတ်တယ်နော်.. တကောင်၁ဝပြားဆိုတာမျိုးတောင် ပါတတ်သေးတယ်..

  • Gong Zhu

    April 5, 2011 at 6:23 pm

    ပုရွက်ဆိတ် မလာအောင်လို့ ပုရွက်ဆိတ်တွေလာတတ်တဲ့လမ်းမှာ ( လာဆိတ်ရွက်ပု ) အဲ့လိုမျိုးရေးထားရင် ပုရွက်ဆိတ်မလာဘူးတဲ့ … ပိုးဟပ်ပြေးစေချင်ရင်တော့ မုံညှင်းစေ့ကို ပိုးဟပ်လာရာလမ်းမှာချထားပါတဲ့ …

    • myuemyue

      April 5, 2011 at 11:51 pm

      အယ်.. ဟုတ်လား.. အဲဒါတော့ မကြားဖူးသေးဘူး..

  • bigcat

    April 6, 2011 at 1:47 am

    ကြောင်ကြီးကို ချစ်တယ်လို့ ပြောရင် နားလည်ပါ့မလာ မသိဘူးနော်၊ စမ်းကြည့်ပါလား….. 😳

    • eros

      April 6, 2011 at 3:35 am

      အခွင့်ကောင်းယူပြန်ပြီ။ မြန်မာပြည်မှာ စီးပွားရှာစားပါလား ကိုကြောင်ကြီးရယ် စီးပွားဖြစ်မှာ။

    • ဆူး

      April 6, 2011 at 3:05 pm

      ကျားတွေ ခြင်္သေ့တွေ ရောက်လာ ကုန်ုအုန်းမယ်။
      ရေးရဲဘူး။

  • weiwei

    April 6, 2011 at 3:21 am

    ကာတွန်းကားထဲမှာတော့ တိရစ္ဆာန်တွေ စာဖတ်တတ်တယ်လေ … 😛

  • dream

    April 6, 2011 at 4:03 am

    အိမ်မှာရှိတဲ့ ခွေးလေးကတော့ လက်နှိပ်ဓါတ်မီးရောင်ကို မှတ်မိတယ်ရှင့်
    မေမေပြန်လာလို့ လမ်းထိပ်ရောက်ရင်တောင် ထပြီးသွားကြိုတယ်
    ဘယ်လိုများ မှတ်ထားလဲမသိဘူး။
    ဒါနဲ့ စကားမစပ်
    မမ ဝေဝေက ကြောင်ချစ်တတ်ပုံပဲနော် ကြောင်ကလေးကိုင်ထားတဲ့ပုံနဲ့ 🙂

    • etone

      April 6, 2011 at 5:05 am

      ကြောင်ကိုင်ထားတာ မဟုတ်ဘူး လည်ပင်းညှစ်နေတာ … သေချာကြည့်မျက်စိကို ပြူးနေတာပဲ ဟိဟိ …:D ။ အိပ်မက်ထဲမှာ ကိုကြောင်ကြီးကို မကျေနပ်တာနဲ့ လည်ပင်းညှစ်လိုက်တာ အိမ်က ကြောင်ဖြစ်နေတယ်လေ … 😀 😀

  • researcher

    April 6, 2011 at 4:34 am

    singapore အကြောင်းနဲ့ Singapore အတွေ့အကြုံတွေ သိချင်ရင် http://myanmarinsingapore.com/ မှာ ဖတ်ကြည့်ပါလား၊ ဟိုကစာတွေ ဒီရောက်၊ ဒီက စာတွေဟိုရောက်နဲ့ ပြီးရင် copy right ကိစ္စနဲ့ အသံတွေကြား နေရဦးမယ်။

    • etone

      April 6, 2011 at 5:24 am

      အော ဂလိုလား … ဟိုရောက်ဒီရောက်ပေါ့ … ။

  • nature

    April 6, 2011 at 4:00 pm

    ကြောင်တွေကမြန်မာပြည်မှာအိမ်မွေးတိရိစာ္ဆန်ပေါ့၊စလုံး မှာတော့အိမ်မွေးတိရိစာှ္ဆန် မဟုတ်ဘူး၊ လမ်းပေါ်မှာနေရတယ်၊ ဒါဟာကြွက်နှိမ်နှင်းရေးအတွက် ပိုထိရောက်ပေမဲ့ ကြွက်တွေနဲလာတော့ကြောင်တွေအစာရေစာရှားပါးလာပြီး သောင်းကျန်းလာတော့ ကြောင်ကိုလည်းနှိမ်နှင်းဖို့လိုလာတယ်၊ ကြွက်ထက်စာရင် ကြောင်ကတော်ဦးမယ်ထင်တယ်။

  • nature

    April 6, 2011 at 4:08 pm

    ကြောင်တွေကိုမသတ်သင့်ပါဘူး၊မြန်မာပြည်မှာ မြွေပွေးသားက ကင်ဆာပျောက်တယ်ဆိုပြီးသတ်စားလိုက်ကြတာ မျိုးတုံးလုပဲ၊ အဲဒီအခါ စပါးကွင်းထဲမှာကြွက်တွေတအားသောင်းကျန်းတော့တာပဲ၊ အဲဒီတော့မှ မြွေရဲ့တန်ဘိုးကို နားလည်လာတယ်၊

  • ဆူး

    April 6, 2011 at 5:16 pm

    ကြွက်လည်း ပျောက်တယ် ကြောင်လည်း ဘာ ပျောက်တယ် ညာပျောက်တယ် ဆို အလိုလို အဆင်ပြေသွားမယ် ထင်တယ်။

  • etone

    April 7, 2011 at 3:27 am

    ရူး တိုးတို အမရေ… စည်ပင်ကလူတွေ ကြားသွားလို့ စင်္ကာပူထိလာပြီး အဆိပ်ထမင်းလိုက်ကျွေးနေဦးမယ် … ။ 😀
    လမ်းဘေးက ခွေး သနားလို့ ထမင်းဆိုင်ကနေ ညတိုင်း ထမင်းဝယ်ကျွေးတာ ..သုံးလေးလ လောက်ရောက်တော့ အဆိပ်လာပစ်တာ စားမိပြီး ကြွသွားတယ် … ခွေးလေးတွေပေါက်ထားတာ တပတ်လောက်ပဲ ရှိသေးတယ် သူတို့ အမေက ကြွသွားတယ် … သနားလို့ စိတ်တောင် မကောင်းဘူး ။

  • hmee

    April 7, 2011 at 7:53 am

    ဒီမှာလဲ ကြောင်တွေက လမ်းပေါ်မှာနေတာ။ခွေးတွေက အိမ်ပေါ်မှာ ရောက်စက တိုက်ရှေ.ကအပင်မှာ အကောင်တကောင် ညမှောင်မှောင် ဆိုတော. လန်.သွားတာ နောက်မှကြောင်တွေမှန်း သိတယ်။ အမှိုက်ပုံးမှာရှာစား ချုံထဲမှာ သားပေါက် သနားစရာလေးတွေ။

  • moethidasoe

    April 7, 2011 at 9:37 am

    ခွေးသားစားထားရင် ချွေးမှာ အနံ့ထွက်လို့ ခွေးတွေ ဟောင်တယ် လို့ ကြားဖူးတယ် ..
    ခွေးသားက ပူတယ်လို့လဲ ပြောကြတယ် (တစ်ချိ့ အရပ်မှာ ငှက်ဖျားကောင်းတယ်လို့တောင် အသံထွက်ခဲ့သေးတယ်)
    စလုံးမှာ ခွေးသား မစားကြလို့ ခွေးတွေ ပေါတာပါ ..
    ဒါပေမယ့် ပါနာတိကိုတော့ ကြောက်ရမှာပေါ့ .. (သတ်စေ စားစေချင်လို့ ပြောတာ မဟုတ်ပါ)

  • nature

    April 7, 2011 at 1:53 pm

    ဟောင်ကောင်သားစားကြမလား၊ ခွေးသားကို တချို့နယ်တွေမှာ ဟောင်ကောင်သား လို့ခေါ်တယ်လေ၊ ဟောင်တဲ့အကောင်ရဲ့အသားလေ။

Leave a Reply