ကျောက်ကပ်ကောင်းစေရန် Healthy Kidney

weiweiApril 5, 20111min36016

အခုပေးမဲ့ နည်းလမ်းက ကြိုတင်ကာကွယ်နည်းဖြစ်သလို ကျောက်တည်နေသူများအတွက်လည်း အသုံးဝင်ပါတယ်။ တကယ်ဝေဒနာခံစားပြီး ဒီနည်းနဲ့ ဝေဒနာပျောက်ကင်းသွားသူ နှစ်ဦးဆီက ကိုယ်တိုင်ကြားခဲ့ရလို့ တခြားသူတွေလဲ သိရအောင် မျှဝေပေးလိုက်ပါတယ် …

နည်းလမ်းက အလွန်လွယ်ပါတယ် … အပေါ့သွားချင်စိတ်ပေါ်လာရင် ရေအရင်သောက်ပါတဲ့ … ပြီးမှ ချက်ခြင်းအပေါ့သွားလိုက်ပါတဲ့ … အဲဒီအလေ့အကျင့်ကို မှန်မှန်လုပ်ရင် ကျောက်တည်ခြင်း၊ ဆီးကြိတ်ဖြစ်ခြင်းတို့မှ ကင်းဝေးမယ် …

ကျွန်မလဲ အဲဒီအကျင့်ကို လုပ်ကြည့်မယ်ဆိုပြီး အားခဲထားတာ ယနေ့အထိ ၃ ရက်သာ ရှိသွားတယ် … အကြိမ်တိုင်း သတိမေ့နေလို့ အိမ်သာထဲမှာပဲ ရေသန့်ဗူးတစ်ဗူးထည့်ထားလိုက်ရင် ကောင်းမလားလို့တောင် တွေးနေမိပါတယ် 😛 ….

16 comments

  • akswe

    April 5, 2011 at 9:30 am

    မဝေ ကျေးဇူးပါ၊ ဒါနဲ.အသည်း ကျမ်းမာရေး အတွက်နည်းလေးများရောမရှိဘူးလား။
    ရေသန်.ဘူးထားတာတော.ဟူတ်ပါရဲ. တော်ကြာ သူများယူဆေးသွားဦးမယ် ။

  • good

    April 5, 2011 at 10:05 am

    မှတ်မှတ်သားသား ဖတ်သွားပါသည်။ ကျေးဇူး…………….

    ( အိမ်သာထဲ ရေသန့်ဗူး ထည့်ရမှာ ပါ မေ့ နေရင် အကြံပေး လိုက်မယ်၊
    အင်္ကျီ ကို ရေ စစ် လုပ် လို့ ရ တယ် နော်။ )

  • sayargyi

    April 5, 2011 at 10:21 am

    ကျွန်တော်လဲ ဆီးကျောက်ဝေဒနာ ခံစားနေရသူပါ..ဒီနည်းကို စမ်းကြည့်ပါမယ်..
    တခြား နည်းလမ်းတွေရှိရင်လဲပြောကြပါအုံး…ကျေးဇူးတင်ပါတယ်

  • meelay

    April 5, 2011 at 10:59 am

    အိမ်သာထဲ ရေသန့်ဗူးထည့်ထားတာ ရွံစရာကြီး … ကျောက်ကပ်ပျောက်ပြီး တခြားရောဂါတွေ ဝင်နေအုံးမယ်နော် …. 🙂

  • parlayar46

    April 5, 2011 at 11:25 am

    ဒါကတော့ တဦးတည်းသုံးနိုင်တဲ့ အိမ်သာရှိမှဖြစ်မယ်ထင်တယ်။ မဟုတ်ရင်တော့ အပေါ့သွားချင်တုန်း ရေအဝသောက်ပြီးမှ အိမ်သာမအားသေးရင် ???

  • ဆူး

    April 5, 2011 at 2:12 pm

    ဒီနည်းတော့ မကြားဖူးသေးဘူး မှတ်သွားပါတယ် မဝေ ရေ..
    ကျေးဇူးပါဘဲ။

  • Oo Oo

    April 5, 2011 at 2:48 pm

    ကောင်းပါတယ်…လက်တွေ့စမ်းသပ်ချင်သူတွေအနေနဲ့လည်းဘာဆိုးကျိုးမှမရှိနိုင်တဲ့နည်းလေးမို့
    သဘောကျပါတယ်

  • Gong Zhu

    April 5, 2011 at 6:21 pm

    ဟားဟား … နွားနို့သောက်တာများရင်လည်း ကျောက်ကပ်မှာ ထုံးတည်တတ်တယ်တဲ့ …

  • bigcat

    April 6, 2011 at 1:52 am

    ကျောပိုးအိတ်ထဲ ရေဗူးထည့်ပြီး အမြဲလွယ်ထားလိုက်ပါလား။

  • weiwei

    April 6, 2011 at 2:49 am

    တရုတ်လူမျိုးတွေကို သောက်ရေကို ကိုယ်နဲ့မကွာ ထားတတ်တဲ့အကျင့်ရှိတယ် … ကျွန်မလဲ အတတ်နိုင်ဆုံးသတိထားပြီး ကြိုးစားကြည့်အုန်းမယ် …
    Prevention is better than cure.

  • shwe ni

    April 6, 2011 at 9:14 am

    ဝေဝေရေကျေးဇူး လုပ်ကြည့်နေတယ်
    အချဉ် အစားများရင်လဲ ကျောက်ကပ်ထိတယ်တဲ့ . ကျောက်ကပ်ရောဂါဖြစ်တဲ့ သူငယ်ချင်းကိုတော့ ဆရာဝန်က ခရမ်းချဉ် နဲ့ သံပုရာသီးရှောင်ခိူင်းတယ်

  • kai

    April 6, 2011 at 9:28 am

    ဆေးပညာတော့ နားမလည်ပါဘူး..။
    ဒါပေမဲ့..ကျောက်ကပ်အလုပ်က.. ဆီးသွားတဲ့အခါ..ရှေ့က စကာစစ်ပေးတဲ့အလုပ်မို ့.. ရေများများသောက်ရင်.. ဆီးများများသွားပြီး.. ကျောက်ကပ်ရဲ့အလုပ်.. သက်သာမယ် ..တွေးမိတာပါပဲ..။ အင်ဂျင်နီယာတွေးနည်းနဲ့ တွေးတာ..။

    ဆိုတော့..
    ကျောက်ကပ်ကောင်းချင်ရင် ရေးများများသောက်ပေါ့..။
    အပေါ့သွားခါနီးသောက်တေ့ာ.. တွန်းချသလိုဖြစ်ပြိး.. ပိုသန့်မယ်ထင်ပါတယ်..။
    စီးဆင်းနေတဲ့ ရေက..အနယ်အနောက်နည်းပြီး.. ကြည်တယ်မဟုတ်လား..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 6, 2011 at 9:57 am

    ဥပမာ
    ထိုဆေးနည်းကို အပြည်ပြည်ဆိုင်ရာ
    ဗိန္ဒောဆေးဆရာ ပါရဂူဘွဲ ့ရ
    မတ်ဆတာ မိုက်ကယ်ဂျော်နီအောင်ပု မှ ပြောပြသောနည်းဖစ်ပါတီ
    တို ့ဘာညာလေး ကျမ်းညွှန်းပုဂ္ဂိုလ်ညွှန်းမရှိပေဘူးလား
    ရေတွက်ကတော့
    စင်္ကာပူမှာနေတုန်းက
    ကိုယ့်အခန်းထဲက ရေချိုးခန်းထည်းက ရေကိုဘဲသောက်တယ်
    ရှောင်ဝါက တစ်ပိုက်
    ဘေဆင်က တစ်ပိုက်
    အီအီးကုန်းတာက တစ်ပိုက်
    စာရင်းချုပ်လိုက်တော့ မိန်းပိုက်ကတစ်လိုင်းထည်းလေ
    နောက်ပြီး အိုဘာစတေးတွေဆိုရင် ဒုက္ခရောက်ဘူးရင်သိမယ်ထင်တယ်
    အိမ်သာထဲက ရေကြည်အိုင်တွေနဲ ့လွေးခဲ့ရတဲ့ဘဝတွေကို

    • evolution

      April 7, 2011 at 4:06 am

      မဝေရဲ့စာလေးကိုဖတ်ပြီး ကိုယ်တွေ့လေးတစ်ခုဝေမျှချင်လို့ပါ။
      ကျတော်က ဆယ်တန်းနှစ်လောက်ကစပြီး ဗိုက်အောင့်တဲ့ဝေဒနာက်ို ခံစားခဲ့ရပါတယ်။ ဆရာဝန်ပြတဲ့အခါမှာ အစာအိမ်ရောင်တယ်လို့အဖြေထွက်ပါတယ်။ ဒါပေမယ့်ဆရာဝန်တွေက ကျောက်ကပ်ကိုလဲသံသယရှိခဲ့ကြပါတယ်။ ဆီးကောင်းလားလို့လဲခဏခဏ မေးပါတယ်။ ဒါပေမယ့်အဲလိုဗိုက်အောင့်တဲ့အချိန်တွေမှာလဲ ဆီးက အရောင်ကော အနည်းအများပါ ပုံမှန်အတိုင်းဖြစ်နေလို့ အစာအိမ်ရောင်တယ်လို့ပဲ ယူဆခဲ့ကြပါတယ်။ တကယ်လဲ အစာအိမ်က အဲဒိအချိန်မှာအောင့်ပါတယ်။ အောင့်တာမှ မခံနိုင်အောင်ကိုအောင့်တာပါ။ ဆေးထိုးလို့် အစာဟောင်းတွေပြန်အန်ထွက်ပြီးမှ သက်သာတတ်ပါတယ်။ တစ်လက်ိုတစ်ခါလောက်ဖြစ်နေတက်ပါတယ်။ အစားမမှန်ရင်ပြန်အောင့်ပါတယ်။
      ဒီလိုနဲ့ ဘွဲ့တစ်ခုရပြီးတဲ့အခါမှာ ဝန်ထမ်းအလုပ်တစ်ခုက်ိုရွေးခဲ့ပါတယ်။ လုပ်ရတဲ့အလုပ်က တစ်ပတ်မှာငါးရက်လောက်ကို သင်္ဘောနဲ့ ကျေးရွားလေးတွေကိုသွားရတာပါ။ မိုးချုပ်မှပြန်ရောက်တက်ပါတယ်။ ကိုယ်နဲ့အတူမိန်းကလေးဝန်ထမ်းတွေလည်းပါတော့ ဆီးသွားချင်ရင်လည်းအောင့်ထားရပါတယ် ( အခင်းသာတဲ့အချိန်ကျမှ အခင်းသွားရပါတယ် 🙂 ) အဲလိုနဲ့ အဲဒိအလုပ်ထည်းမှာ သုံးနှစ်လောက်နေပြီးတဲ့အခါမှာ တစ်နေ့မှာတော့ မိမိဒုက္ခကို ပြန်သတိထားမိလိုက်တယ်။ ငါခရီးထွက်နေရတဲ့အချိန်မှာ ဆီးသွားရတာနည်းတယ်ပေါ့ ဒီတော့ရေသောက်နည်းတာကိုလည်း သတိထားလိုက်မိပါတယ်။ အဲဒါနဲ့ ရုံးထိုင်ရက်တွေကို ရေများများသောက်ဖို့ ဆုံးဖြတ်ပြီး တစ်ကယ်လဲသောက်ခဲ့ပါတယ်။ သောက်နည်းကတော့ ဆီးသွားချင်လာရင်ရေအရင်သောက်ပါတယ်၊ တစ်ခါတစ်လေ ဆီးသွားပြီးပြန်ထွက်လာတဲ့အခါကျမှ ရေတစ်ခွက် အဲလိုသောက်ပါတယ်။ ထူးဆန်းတာက ဆီးသွားပြီးရေသောက်ရင်ပဲဖြစ်ဖြစ် ရေသောက်ပြီးမှဆီးသွားရင်ပဲဖြစ်ဖြစ် နောက် ဆယ်မိနစ် ဆယ့်ငါးမိနစ် လောက်ကြာရင် ဆီးထပ်သွားချင်လာတာပါပဲ။ ထပ်သွားထပ်သောက်၊ ထပ်သောက်ထပ်သွားပေါ့။ ဒီလိုနဲ့နှစ်ပတ်လောက်ကြာသွားတဲ့အခါမှာတော့ တစ်ညနေမှာ ဆီးသွားချင်လာလို့ ဆီးသွားလို်က်တဲ့အခါ (ကျန်းမာရေးအတွေ့အကြုံကိုပြန်လည်ဝေမျှရခြင်းကြောင့် မရိုသေ့စကားပါ ကြိုတောင်းပန်ထားပါတယ်) ဆီးလမ်းကြောင်းကို တစ်ခုခုက ပိတ်ဆို့လိုက်သလို ဝေဒနာကိုခံစားလိုက်ရပါတယ်။ ဆီးသွားရတာအဆင်မပြေတော့ပါဘူး၊ နာတာလဲ တော်တော်နာပါတယ်။ အိမ်နဲ့လည်းဝေးနေရတဲ့အချိန်ဆိုတော့ ဆေးမြှီးတိုဖြစ်တဲ့ တိုင်းရင်းဆီးဆေးတွေပဲသောက်ဖြစ်ပါတယ်။ ဒါပေမယ့်မသက်သာလာပါဘူး။ တစ်ခုသတိပြုမိခဲ့တာက နာကျင်တဲ့နေရာဟာ တစ်နေ့ထက် တစ်နေ့ အဝဖက်ကိုရောက်လာသလိုပါဘဲ။ ဒီလိုနဲ့ လေးရက်မြောက်တဲ့နေ့မှာတော့ ဆီးသွားတဲ့အင်္ဂါရဲ့အဝမှာ အဝါရောင်တစ်စုံတစ်ခုရောက်နေတာကိုသတိထားမိလို့ စမ်းသပ်ကြည့်တဲ့အခါမှာ ကျောက်တုံးလေးတစ်ခုမှန်း သတိထားမိသွားပါတယ်။ အပြီးတော့ထွက်မလာသေးပါဘူး။ အဲဒါနဲ့ဆရာဝန်ဆီကိုသွားပြပြီးခွဲစိတ်ခိုင်းတော့ ဆရာဝန်က ခွဲမပေးတော့ပါဘူး ဒီလောက်တောင်ရောက်လာတဲ့ကိုယ်တော်ချောပေါ့ သူ့အလိုလိုထွက်သွားပါလိမ့်မယ် ဆိုပြီးအားပေးပါတယ်။ Fame ကထုတ်တဲ့ သံမနိုင်ကျောက်မနိုင်နဲ့လုပ်တဲ့ ဆေးသုံးလုံးကိုလဲ ပေးလိုက်ပါတယ် (ဆေးဘိုး စစ်ဆေးခ လုံးဝမယူလိုက်ပါဘူး )။ အဲဒါနဲ့ ရုံးပြန်ရောက်တဲ့အခါမှာ အစာကိုအရင်စား ပြီးတော့ပေးလိုက်တဲ့ဆေးကိုသောက်၊ နောက်ရေများများသောက် လမ်းလျှောက်တာပေါ့။ ဒီလိုနဲ့ အချိန်တန်လို့ ဆီးသွားချင်လာတဲ့အခါမှာတော့ အသုံးမပြုတော့တဲ့ ဇလုံအဟောင်းတစ်ခုကိုယူ၊ ကိုယ့်ကိုကိုယ်အားပေး၊ ကီအပြည့်သွင်း၊ ရှူ ရှူးဆိုပြီးလုပ်တလို်က်တော့မှ မောင်မင်းကြီးသားဟာ ကလောင်ဆိုပြီးဇလုံနှတ်ခမ်းကို ဒေါနဲ့ပြေးဆောင့်ပါတော့တယ်။ လူမှာလဲ တစ်ကိုယ်လုံးကိုပေါ့သွားသလိုပါဘဲ။ အဲလိုနဲ့ ဇလုံထဲကိုကြည့်လိုက်တော့ လုံးပတ်က ခဲတံရဲ့သုံးပုံ နှစ်ပုံလောက်နဲ့ အရှည်က လက်မဝက်လောက်ရှိတဲ့ အဝါရောင်ကျောက်တုံးလေးတစ်ခုပါ။ သေသေချာချာ ရေစင်အောင်ဆေးပြီးကြည့်တော့ သူက ဘိမ်းစိလောက်ရှိတဲ့ အစိအစိလေးတွေစုပေါင်းပြီးကျစ်ခဲနေတဲ့ ကျောက်တုံးလေးပေါ့။ ဆရာဝန်ကိုသွားပြတော့ ဆီးကနေအနည်ထိုင်ပြီးဖြစ်တဲ့ ကျောက်လို့ပြောပါတယ်။ နှစ်ပတ်လောက် ရေသောက် ဆီးသွား၊ ဆီးသွားရေသောက်လုပ်လိုက်လို့် ဆီးအိမ်ထဲကနေခလောက်ဆန်ပြီးထွက်ကျလာတာလို့ ဆိုပါတယ်။ အဲဒိကတဲက နောက်ပိုင်းအဲလိုကျောက်ထပ်ထွက်ခြင်းမရှိတော့ပါဘူး။ ထူးစမ်းတာက အဲဒိကတဲ့က ဗိုက်ထပ်မအောင့်တော့တာ အခုဆိုရင် သုံးနှစ်ကျော်လို့ လေးနှစ်ထဲတောင်ရောက်လာပါပြီ။ ဒါကြောင့် အပေါ်က မဝေပြောထားတာနဲ့ ကိုယ်တွေ့လေးတိုက်ဆို်င်နေလို့ တင်ပြလိုက်တာပါ။ မှတ်မှတ်ရရ အဲဒိကျောက်ကလေးကို ရင်တွင်းဖြစ်လေးဆိုပြီး သိမ်းထားပါသေးတယ်၊ ဒါပေမယ့် နာဂစ်ကြောင့်အဲဒိရင်တွင်းဖြစ်ကလေး ပျောက်ဆုံးသွားခဲ့ရတဲ့ အတွက် ဓါတ်ပုံတော့တင်မပြနိုင်တော့ပါဘူးးးးးးးး 🙁

  • winkyawaung

    April 7, 2011 at 7:34 am

    ဖြစ်မှ ဖြစ်ရပလေကွယ်.. ရင်တွင်းဖြစ်ကလေး နာဂစ်ထဲကိုပါသွားရှာရတယ်..။

  • moethidasoe

    April 7, 2011 at 8:14 am

    ကျောက်ကပ် ပျက်စီးမှာကြောက်ရင်
    ဝေဝေပြောတဲ့ ရေသောက်တာ က နံပါတ် (၁)
    ဒညင်းသီး ရှောင်ရမှာက နံပါတ် (၂)
    ကိုယ်ခံအား ကောင်းတယ် ဆိုပြီး ပြောကြလွန်းလို့ စီဗစ်တွေ များများ စားတာကို ရှောင်ဖို့က နံပါတ် (၃)
    ဆေးလိပ် အရက်ကို တတ်နိုင်သမျှ ရှောင်ဖို့က နံပါတ် (၄)
    (ဒါကတော့ မသေချာဘူး .. ရောင်းသမားတွေ ပြောတာ) ဖရဲသီး များများစားတဲ့ ဟုတ်ချင်မှ ဟုတ်မှာ

Leave a Reply