အမှတ်တရ ကျိုက်ထီးရိုးဘုရားဖူး ခရီးစဉ်

moonpoemApril 5, 20111min1764

ကျွန်မတတိယတန်းလောက်က အိမ်ကမိသားစုတွေနဲ ့ ကျိုက်ထီးရိုး ကိုပထမဦးဆုံးအကြိမ် စရောက်ဖူးခဲ့ပါတယ်။ ကလေးအတွေးထဲမှာ မှတ်မိနေတာက အိမ်က ကားက တစ်နေရာမှာရပ်တယ်။
Truckကားကြီးစီးရတယ်။ ပြီးတော့ လမ်းလျှောက်တက်မလား Truckကားနဲ့အပေါ်ဆက်တက်မလား
လို ့မေးတော့ လမ်းလျှောက်တက်မယ်လို ့အမေဖြေတာရယ်ဘုရားဖူးကြတယ် ချမ်းတယ်
ဒီလောက်ပဲမှတ်မိတာပါ။ ဒီလိုနဲ ့ပထမနှစ်ကျောင်းအပြီး ဂျပန်သံရုုံးစာမေးပွဲဖြေဖို ့သူငယ်ချင်း၄ယောက်စုပြီးရန်ကုန်ကို လာကြတယ်။ စာမေးပွဲဖြေပြီးတော့ သူငယ်ချင်း၃ယောက်က ကျိုက်ထီးရိုးကိုတစ်ခါမှမရောက်ဘူးလို ့သွားချင်တယ်လို့ပြောလာတယ်။ ၄ယောက်ထဲမှာ ကျွန်မက ဆရာမကြီးပေါ့။ ငါက တစ်ခေါက်ရောက်ဖူးတယ်ဆိုပြီး သူတို့ကို ဦးဆောင်ပြီး ခေါ်သွားပါတယ်။
ရန်ကုန်ကနေ စီးလာတဲ့ ကားကြီးက ကင်ပွန်းစခန်းမှာရပ်တယ်။ စိတ်ထဲမှာထင်နေတာက ရပ်ပေးတဲ့နေရာက ငယ်ငယ်တုန်းက လိုပဲTruck ကားစီးမလား၊ လမ်းလျှောက်တက်မလားလို ့မေးတဲ့နေရာလို့
ထင်နေတယ်။ ဒါနဲ လမ်းလျှောက်တက်ရတာ ပျော်စရာကောင်းတယ်ဟ
၁နာရီခွဲလောက်ပဲကြာမှာလို့ပြောုတော့ အားလုံးကလည်းသဘောတူကြတယ်။ လမ်းလျှောက်တက်မယ်တဲ့။
သွားရင်းသွားရင်းနဲ ့စိတ်ထဲမှာ တစ်မျိုးဖြစ်လာတယ်။ ၃တန်းတုန်းက သွားတုန်းက တောလမ်းမဟုတ်ဘူးဆိုတာကို သတိထားမိပေမယ့် စိတ်ထဲမှာရေးတေးတေးပဲ မှတ်မိနေတယ်။ သွားလို့တစ်နာရီသာ ကျော်သွားတယ်
ကျိုက်ထီးရိုးဘုရား အရိပ်အယောင်တောင် မတွေ ့ရဘူး။ အားလုံးကလည်း ဗိုက်တွေဆာပြီး
ပင်ပန်းနေကြပြီ အဲဒီအချိန် တောင်ပေါ်ကဆင်းလာပုံရတဲ့ လူ၃ယောက်ကို မေးလိုက်တော့
သူတို့က မနက်၃နာရီကတည်းက ဆင်းလာတယ်တဲ့။ တစ်ခုခုလွဲနေမှန်းကျွန်မသိလိုက်တယ်
ဘာလွဲတယ်ဆိုတာတော့ မသိဘူး။ အကုန်လုံးကတော့ ကျွန်မကိုမေတ္တာပို့ နေကြပါပြီ။
တောင်ပေါ်တက်တက်ချင်းမှာ ရေသန့်ဘူးရောင်းတဲ့အဒေါ်ကြီးက အဝေးကြီးတက်ရမှာကွဲ ့
ရေဘူးတွေဝယ်သွားဆိုတာကို ကျွန်မကပဲ လျှာရှည်ပြီး အလကား သူရောင်းချင်လို ့လျှောက်ပြော
တာ ဘယ်လောက်မှ မကြာဘူးရယ် လို ့အတင်းအုပ်လိုက်ပါသေးတယ်။
ကျွန်မတို့က မောရင် ထိုင်လိုက်၊ ဟို၃ယောက်သားက ကျွန်မကို ဆူလိုက်အော်လိုက်နဲ ့ဆိုတော့ မနက်၆နာရီလောက်မှာ တက်ခဲ့တာ ဘုရားပေါ်ကို နေ ့လည် ၁နာရီမှ ရောက်သွားပါတယ်။
ရောက်ရောက်ချင်း ဘုရားဖူးပြီး ဓမ္မာရုံတစ်ခုရဲ ့မြေအောက်ခန်းမှာ အိပ်လိုက်ကြတာ
ညနေ၅နာရီလောက်မှ နိုးပါတယ်။ နိုးတော့ ကျွန်မထဖို ့ကြိုးစားတာ ထလို ့မရဘူးဖြစ်နေတယ်။
အားလုံးကိုလိုက်နှိူးပြီး ထူခိုင်းတော့ အားလုံးလည်း ထလို ့မရဘူးဖြစ်နေကြတယ်။ ဒါနဲ ့ပဲ
ကို်ယ့်ဒူးကို်ယ်ကြည့်လိုက်တော့ ဒူးတွေဟာ ခွေးခေါင်းကြီး လိုဖြစ်နေပါပြီ။ ယောင်ကိုင်းပြီး
ထလို ့ထိုင်လို ့မရတော့ပါဘူး။ဒဏ်ကျေလိမ်းဆေးလည်း ပါမလာတော့ အားလုံးထဲမှာ
အပြစ်အရှိဆုံးဖြစ်တဲ့ ကျွန်မကပဲ ဉာဏ်နီဉာဏ်နက်ဉာဏ်ဝါဉာဏ်ပြာ အစုံထုတ်ရပါတယ်။ ဖင်တရွတ်တိုက်အနေအထားနဲ့ပဲ
အခန်းတံခါးကို ရအောင်ဖွင့် တစ်ဖက်အခန်းကနေ ထွက်လာတဲ့ သဘောကောင်းပုံရတဲ့ အစ်မ
တစ်ယောက်ကိုပဲ ဒဏ်ကျေလိ်မ်းဆေးလေးရှိရင် ငှားပါလားဟင်ဆိုတော့ သူက အခန်းထဲကို
လိုက်လာပါတယ်။ ၃ယောက်သားငုတ်တုတ်အနေအထားနဲ ့ လဒမှိုင်နေတာ တွေ ့သွားတယ်။
ဒဏ်ကျေလိမ်းဆေးကို ငှားသာငှားရတယ် ဆေးကိုအားစိုက်ပြီးတော့လည်း မလိမ်းနိုင်ကြပါဘူး
တစ်ချက်လှုပ်လိုက်ရင် ဒူးက အသည်းခိုက်မတတ်နာနေတာကိုး။ အဲဒီအစ်မက ကြင်နာစွာနဲ့ပဲ
မေးပါတယ်။ ဘာဖြစ်လာကြတာလဲဆိုတော့ ဟို၃ယောက်က အသည်းအသန်ရှင်းပြကြတယ်လေ။
အစ်မက ပြောသွားပါတယ်စတက်တဲ့နေရာကကင်ပွန်းစခန်းပဲ ရှိသေးတာတဲ့။ တောင်တက်သမားဖြစ်ချင်ရင်
တစ်နေ ့ကို တစ်မို်င်၊နှစ်မိုင်ကနေ လမ်းလျှောက်ကျင့်ပြီး ကျင့်သားရတော့မှ တောင်တက်ရတာတဲ့
ညီမလေးတို ့က အကျင့်မရှိသေးပဲ တစ်ခါတည်း တက်လိုက်ကြလို ့ ဒီလိုဖြစ်တာတဲ့။ မှတ်သားစရာပါပဲ။
ကျွန်မကတော့ အဲဒီမမကိုပဲ ထိုင်ရှိခိုးမတတ်ကျေးဇူးတင်ပါတယ်။ ကျွန်မတိ ု ့တွေကိုရယ်ရယ်မောမော
ပြောရင်းနဲ ့ပဲ ဆေးတွေကိုလိ်မ်းပေးသွားပါသေးတယ်။နောက်နေ ့ကျတော့ ကျီးကန်းပါးစပ်သွားမလား
၄၅မိနစ်ပဲ ကြာမှာလို ့သူငယ်ချင်းတွေကို အဖော်ညှိလိုက်ပါသေးတယ်။ သူတို ့တွေက ပြောကြပါတယ်
နင့်ရဲ ့တစ်နာရီခွဲဆိုတာ ယုံမိလို ့ဒူးယောင်ပြီးပြီ အခု နင်ပြောတာယုံမိရင် သရဏဂုံကြိုတင်ပြီးသွားရုံပဲ ငါတို ့ကတော့ နင့်ကို အယုံအကြည်မရှိဘူးဆိုပြီးမသွားဘူးတဲ့ ကျွန်မကိုအူလှိုက်သည်းလှိုက်ချစ်ကြတဲ့သဘောပေါ့နော်။ ဒါပေမယ့် မနေ ့ကအစ်မကပဲ ဒီတစ်ခါသူ
ပြောတာတကယ်ပါဆိုပြီး ကျွန်မတို ့ကို ဖေးဖေးမမနဲ ့သူ ့မိသားစုတွေနဲ ့အတူခေါ်သွားလို ့
ကျီးကန်းပါးစပ်ကို တော့ ချောချောမောမောရောက်သွားခဲ့ပါတယ်။ ပျော်စရာကြီးပါပဲ။အခုတော့
ကျွန်မသူငယ်ချင်းတွေနဲ ့ကျွန်မ မတွေ ့ရတာတောင်ကြာခဲ့ပါပြီ။ သူတို ့တွေလည်း ကိုယ့်အလုပ်နဲ့ကိုယ်
ကိုယ့်အိမ်ထောင်နဲ့ကိုယ် ၊ လူမှုရေးကိစ္စတွေကြားမှာ နစ်မြုပ်နေကြပေမယ့် အခါအခွင့်ကြုံလို ့
ကျိုက်ထီးရိုးသွားကြမယ်ဆိုရင်၊ ဒါမှမဟုတ်စပ်ဆက်မိလို ့ဒီအကြောင်းကို ပြောဖြစ်တဲ့အခါတိုင်းမှာ
ကျွန်မကိုတော့ အဓိက ဗီလိန်သရုပ်ဆောင်အနေနဲ ့ထည့်ပြောကြလိမ့်မယ်ထင်ပါရဲ ့။ ကျွန်မအတွက်ကတော့ ဘဝတစ်သက်မှာ မမေ့နိုင်တဲ့ကျိုက်ထီးရိုးခရီးစဉ်လေးပါပဲ။

4 comments

  • ဆူး

    April 5, 2011 at 2:55 pm

    လမင်းကဗျာလေး တောင်တက်ရတာ တော်တော် မောသွားမှာပေါ့..
    ကျိုက်ထီးရိုးတက်ရင် ခြေထောက်တွေ အရမ်းနာတယ်။ လူက မောပြီး ညောင်းနေပေမဲ့.. အနီးအနားတွေကိုတော့ လျောက်လည်ချင်တယ်။ ကျိုက်ထီးရိုးမရောက်တာ နှစ်နဲ့ ချီ ကြာနေပြီ။

  • Gong Zhu

    April 5, 2011 at 6:26 pm

    အဲ့ဒီ လမ်းလျှောက်ရတာကိုကအရသာရှိတယ်နော်… တောင်ပေါ်ရောက်ရင်လည်း ခြေထောက်က အလိုလိုလှုပ်နေတာ ရပ်လို့မရဘူးနော် … အရမ်းပျော်စရာကောင်းတယ် … အရမ်းလည်းအေးချမ်းတယ် … သွားတောင်သွားချင်လာပြီ … ကျိုက်ထီးရိုးသွားတာ ကားခ က အဲ့လောက်မဟုတ်ဘူး တည်းစရိတ်နဲ့ စားစရိတ်ကကြီးနေတာနော် …

  • nature

    April 6, 2011 at 3:44 pm

    အခုဆိုအထမ်းသမားတွေတောင် တောင်ခြေကနေတောင်ပေါ်အထိ တက်နိုင်တဲ့သူရှားသွားပြီ။

  • မမလေး

    April 6, 2011 at 6:18 pm

    ဟုတ်တယ် .. သူတို့လည်း ကားနဲ့လိုက်တတ်တယ်နော် …

Leave a Reply