ဦးခင်ရီ၊(ဝန်ကြီး) လူမှု့ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန

blackman999April 5, 20111min8420

၁၉၈၂ ခုနှစ် ပြည့်သူ့လွှတ်တော် အမှတ် (၄) နိုင်ငံသားဥပဒေပုဒ်မ ၁၈ ကို ကျူးလွန်၊ ကိုယ်ရေးရာဇဝင်အား မမှန်မကန် ဖေါ်ပြပြီး နိုင်ငံသား လက်မှတ်ကို ရယူထားသော သံတွဲမြို့ ရဲအောင်လ ဂိတ်မှူး ထွန်းသန်းကျော် (ခ) ကျော်ကျော် အား လိုအပ်သလို စစ်ဆေးအရေးယူပေးပါရှင်

အထက်ပါ ကိစ္စနှင့်ပါတ်သက်၍ ထွန်းသန်းကျော်သည် မိခင်ဖက်မှမျိုးရိုးဇာတိ ကိုဖျောက်ဖျက်ထိန်ချန်၍ မမှန်မကန် ဖေါ်ပြပြီး ရ/မလန (နိုင်) 000057 ကိုကိုင်ဆောင်နေပါသည်။ နိုင်ငံသားတစ်ဦးသည် လွတ်လပ်စွာ မည်သည့် ဘာသာကိုမဆို ကိုးကွယ်ခွင့်ရှိပါသော်လည်း မိခင် ဖခင် အဖိုးအဖွားတို့၏ ကိုယ်ရေးရာဇဝင်ကို ဖျောက်ဖျက် ၍ မရပါ။ ဖျောက်ဖျက်ထိန်ချန်ပြီး မှတ်ပုံတင်ပြုလုပ်ပါက နိုင်ငံသားဥပဒေကို အတိအလင်းချိုး ဖောက်ရာရောက်ပါသည်။ သို့ပါ၍ ၎င်း ကျော်ကျော်၏ ၇/မလန (နိုင်) 000057 အားဥပဒေနှင့်အညီ စစ်ဆေးအရေး ယူပေးပါရန်….ထွန်းသန်းကျော်၏မိခင်နှင့်ဖခင်သည် အစ္စလာမ်တရားတော်နှင့်အညီသံတွဲမြို့ ဇာဒီပြင်ရွာတွင်နေကာ ရှာဒီ ပြုလုပ်နေကြပါသည်။ ၎င်း၏ဖခင်သည် အရင်က တန်းလွဲသား ဗုဒ္ဓဘာသာဖြစ် သော်လည်း ကျော်ကျော်၏မိခင် ဘာသာသို့ ကူးပြောင်း၍ လက်ထပ်ခဲ့ခြင်း ဖြစ်ပါသည်။ ကျော်ကျော်၏ ဖခင်ဦးထွန်းရွှေ ၏ အစ္စလာမ် အမည်မှာ နှုယာဟာဆင်ဖြစ်ပါသည်။

 

ကျော်ကျော်သည် မိခင် ဖက်မှ မျိုးရိုးဗီဇကို ထိန်ချန်၍ ရယူထားသော ၇/မလန (နိုင်) 000057 အားရယူထား ခြင်း အပေါ် စီစစ်ပေးပါရန်နှင့် လိုအပ်သလို အရေးယူပေးပါရန်

 

 

20 comments

  • shwe ni

    April 5, 2011 at 8:40 am

    စ စချင်းထုတ် ပေးတဲ့ နိုင် ကဒ်တွေမှာ အဖအမည် ပဲပါတာနော် .

    • zippo

      April 9, 2011 at 7:05 pm

      ဘာလဲဂျ……………… ဒီလူ့ကို စစ်ဆေးပေးကြပါဂျ………………..
      သူ့ နိုင်ငံသားကဒ် ( အနီရောင်ကဒ်) ကို သေချာစစ်ပါဂျ……………..
      မှတ်ပုံတင် အတု ဆိုတာ သေချာပါတယ်ဂျ…………………………..
      ဒီလူ အရေးယူခံရရင် ….အရေးယူပေးတဲ့သူ …ကုသိုလ်ရမှာဂျ…….
      မယုံရင်………………..စမ်းကြည့်ပါဂျ………………………………..

      • thanmyint84

        April 10, 2011 at 7:26 am

        ဟုတ်ကဲ့ ဝန်ကြီးရှင့် စစ်ဆေးပေးတော်မူပါ ၊ ဒီသူက တော်တော်ဆိုးတဲ့သူ
        မို့ပါရှင်၊ မှတ်ပုံတင်အတုနဲ့ လုပ်စားနေတာကြာပါပီ၊
        သူ့မှတ်ပုံတင်ဟာ..လ.ဝ.က ကိုလာဘ်ထိုးပီးရယူထားတဲ့ အတုပါ၊
        အဲ့ဒီအတုနဲ့ ပြည်ခိုင်ဖြိုးပါတီ လူကြီးတောင်ဖြစ်နေပါပြီ၊
        ခုလဲ ပါတီရဲ့အကြီးဆုံးလူကြီးဖြစ်အောင် လူကြီးတွေ အမတ်တွေကိုအရက်တိုက် လက်ဆောင်ပေးပီး အတင်းကြိူးစားနေပါတယ် ရှင့်၊ ဒီသူသာလုူကြီးဖြစ်လာမယ်ဆိုရင် အချုပ်ခန်း တွေမှာလူ ပြည့်နေမှာ သေချာသလောက်ပါ၊
        သက်ဆိုင်ရာမှ ဖြေရှင်း ပေးစေလိုပါတယ်ရှင်၊

  • moegyothwar

    April 5, 2011 at 9:51 am

    နိုင်ငံသားမဟုတ်ဘဲနဲ့ နိုင်ငံသားယောင်ဆောင်၊ ဝန်ထမ်းတွေကလဲ လာဘ်စားပြီး နိုင်ငံသားကဒ်လုပ်ပေး၊ ဒီလိုကောင်တွေရှိနေရင် တိုင်းပြည်အတွက်ရော သာမန်ပြည်သူတွေရောနစ်နာတယ်။ သေသေချာချာ စုံစမ်းပြီးမှန်ကန်ရင် ထိထိရောက်ရောက်အရေးယူဖို့လိုလာပါပြီ။ နိုင်ငံသားကဒ် ကိစ္စက ပေါ့သေးသေးကိစ္စမဟုတ်ပါဘူး။ တသက်လုံးနိုင်ငံသားအဖြစ်နဲ့နေသွား ရမှာဖြစ်တဲ့အပြင် နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေခံစားနိုင်မှာဖြစ်လို့ အစစ်အမှန်နိုင်ငံသားများကိုသာ နိုင်ငံသားကဒ် ပိုင်ဆိုင်ခွင့်ရှိစေချင်ပါတယ်။ ဒါကြောင့် အမှန်တရားဘက်က ရပ်တည်တဲ့၊ အစိုးရသစ်မှတာဝန်ရှိဝန်ကြီးကိုယ်တိုင် ကြပ်မတ်ပြီး ထိထိရောက်ရောက် အရေးယူပေးစေလိုပါတယ်။

    • i love this

      April 6, 2011 at 6:59 pm

      ဟုတ်ပါတယ်ဗျာ..ဒီလူကတော့ ကမ ္ဘာဆိုးပါ…သူ့ကိုတော့အရေးယူသင့်ပါတယ်..
      ကြံ့ဖွံ့ ပါတီ ကလဲထုတ်ပယ်သင့်ပါတယ်..သူသာ ပါတီလူကြီးဖြစ်လာခဲ့ရင် မတွေးဝံ့တော့ပါဘူး၊
      ရှိသမျှအာဏာကို အပြည့်အဝ ထုတ်သုံးတဲ့သူပါ၊…
      သူ့ နိုင်ငံသားကဒ်ကို စစ်ဆေးပေးသင့်တာအမှန်ပါ..ဘာသာရေးကိစ္စ လူမျိုးရေးကိစ္စတွေလဲမပါပါ ဘူးခင်ဗျာ…လူအများကိုဒုက္ခပေးသူကို နောက်ထပ်မပေးနိုင်အောင်တားဆီးချင်တာပါ၊
      အင်း.ဒီနေရာမှာတစ်ခုတော့ပြောချင်ပါတယ်…သံတွဲမြို့သား ဝန်ကြီး (လူမှုကြီးကြပ်ရေး) ကို အပိုင်စည်းရုံးထားပီးပီလို့တော့ပြောနေပါတယ်ဗျ..အဲဒီ ဝန်ကြီးကလဲ..သူ့ကိုကူညီမယ်လို့ သူက ပြောနေတော့လဲ..ခက်ရပြန်တာပေါ့ဗျာ…
      ဘာပဲဖြစ်ဖြစ်ဗျာ..ကျော်ကျော်ရဲ့ နိုင်ငံသားကဒ် ရာဇဝင်ကို စစ်ဆေးပေးစေချင်တာတစ်ခုပါဘဲ၊

      • Gipsy

        April 8, 2011 at 6:43 am

        အား ဟုတ်ကဲ့ဗျ……မိတ်ဆိုး ကြီး ဇတ်လိုက်ကျော်ကြီး…အသက်ကလဲပြင်းပ.
        အင်း…ဒီကိစ္စ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ရတော့မယ်….
        ဦးခင်ရီ (ဝန်ကြီး) အထိ လိုက်ပီး..လာဘ်ထိုးချင်ထိုးနေအုံးမှာ..ဟိဟိ….
        ပြောလို့တော့မရဘူး…ထိုးသာထိုးပါ ကပ်ဖား..ဖားကပ်ကြီးရေ..မင်းရဲ့ ..
        နေဝင်ချိန်ရောက်လာတော့မကွ….
        လူတွေကိုဒုက္ခပေးနေတဲ့ မသာကောင် လူယုတ်မာ ကပ်ဖား ထွန်းသန့်ကျော်
        ခုတော့ ထမင်းဝအောင်စား…သူများပိုက်ဆံနဲ့ လူတွင်ကျယ်လုပ် ..
        အရက် ဘီယာ..တွေနဲ့ လူကြီးတွေကိုဖားနေနှင့်အုံးပေါ့ကွာ…

    • Gipsy

      April 10, 2011 at 3:14 pm

      အားလုံးအတွက် ကံဇတ်ဆရာအတိုင်းဖြစ်လာတော့မှာပါ………၊
      ဖြစ်ချိ်န်တန်ဖြစ် ပျက်ချိန်တန်ပျက် ဆိုတာတကယ်ပါ…………..၊
      ခင်ဗျားတို့ မယုံမရှိ မဖြစ်ပါနဲ့..၊
      မကောင်းတဲ့သူ အတွက် မကောင်းတာတွေက အဆင်သင့်ရှိနေပါတယ်….၊
      စောင့်ကြည့်ကြပါအုံး…

  • meelay

    April 5, 2011 at 9:57 am

    အဲဒါဆို မြန်မာပြည်မှာရောက်နေတဲ့ နိုင်ငံသားလက်မှတ်ကိုင်ထားတဲ့ တရုတ်တွေကျတော့ ဘယ်လိုလုပ်မှာလဲ….

  • meelay

    April 5, 2011 at 10:01 am

    မြန်မာပြည်မှာ နိုင်ငံသားမဟုတ်ပဲ နိုင်ငံသားလက်မှတ်ကိုင်ထားတဲ့သူတွေ အများကြီးပါ …
    မြန်မာပြည် တစ်ဝက်လောက်တောင် ရှိနေပြီထင်တယ် ….

  • good

    April 5, 2011 at 10:55 am

    နိုင် ငံသား ( တိုင်းရင်းသား ) ဖြစ်ပြီး မှတ်ပုံ တင် မရှိ ဖြစ်နေတဲ့ သူ တွေ လည်း အများ ကြီး ပါ။

  • ogre

    April 5, 2011 at 11:30 am

    အရင်ကထုတ်ပေးထားတဲလွယ်လွယ်ခေါ်ကြတဲသုံးခေါက်ချိုးကပ်ဆိုရင်တော့
    ဒီလူလွတ်သွားနိုင်တယ်..ကဒ်မှာပါပြီးသားစာပုဒ်က
    မှတ်မိသမျှတော့……ဤသက်သေခံလက်မှတ်ကိုင်ဆောင်သူသည်သက်သေခံလက်မှတ်ပါနိူင်ငံသားဟု
    သက်သေခံခြင်းအလျှဉ်းမဖြစ်စေရ။။ဆိုလားပဲ
    ဝိုက်ပြီးခေါင်းရှောင်ထားတာပေါ့ဗျာ..သူများနိုင်ငံမှာပြသနာဖြစ်ရင်..ငါနိုင်ငံသားမဟုတ်ဘူးလို့ငြင်းလိုရတာပေါ့
    မဆလခေတ်….အိုက်ဒီယာတွေပေါ့

  • “တသက်လုံးနိုင်ငံသားအဖြစ်နဲ့နေသွား ရမှာဖြစ်တဲ့အပြင် နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေခံစားနိုင်မှာဖြစ်လို့ ..” ဆိုတဲ့စကားမှာ ကျွန်တော်နားမလည်တဲ့ စကားလုံးတွေပါနေပါတယ်။ မြန်မာလို သေချာထပ်ရှင်းပြရင် ကောင်းမလားလို့။

    ဒီ မပုတင် အကြောင်းကိုတော့ ပြောလဲ ပြောမောပဲ ရှိမှာပါ။ ဘယ်တုန်းကမှ ဘယ်သူကမှ အရေးတယူ၊ ကြပ်ကြပ်မတ်မတ် မလုပ်ပါဘူး။ စာအုပ်ထဲမှာ ရေးထားတာတွေရှိတယ်၊ မယုံရင် ဖတ်ကြည့်ဆိုတာကလွဲလို့ ဘာမှ မတတ်နိုင်ပါဘူး။ ဒီလိုနဲ့ပဲ… ဒီလိုနဲ့ပဲ.. နိုင်ငံတစ်ကာရောက်တော့ မြန်မာနိုင်ငံဆိုတာ India ကပြည်နယ်လား၊ တရုတ်ပိုင် နယ်မြေတစ်ခုလား၊ …လား၊ …လားဆိုပြီး အမေးခံနေရတာ ပြန်ရှင်းပြလဲ နားမလည်တော့ အသားနည်းနည်းမည်းတဲ့သူတွေက ဟုတ်တယ် India ကလို့ဖြေ၊ နည်းနည်းဖြူတဲ့လူတွေက တရုတ်ကလို့ဖြေလိုက်မှ သူတို့တွေသိကြပါတယ်။

    စာတွေ့မဟုတ်တဲ့ ငါတွေ့ပါ။

  • padonmar

    April 5, 2011 at 2:30 pm

    နယ်ကကျွန်မရဲ့အဖွားဟာ မှတ်ပုံတင်ကနေ နိုင်ငံသားစိစစ်ရေးကဒ်ပြောင်းတဲ့ အချိန်မှာ နိုင်ငံသားဟုတ်မဟုတ် မသေချာသံသယရှိဆိုပြီး လုပ်မပေးပါဘူး၊
    အဲဒီအချိန်က သူ့အသက် ၈ဝ ပါ။တကယ်လည်း သူက မြန်မာပြည်မှာမွေး မြန်မာစကားတစ်မျိုးကလွဲလို့ ဘာမှမတတ်တဲ့ ဘယ်နိုင်င့ခြားမှမရောက်ဖူးတဲ့ အဖွားကြီးပါ၊မြန်မာစာကိုတော့ ဘုရားရှိခိုးပါဠိတွေကအစရပြီး အသားညိုညို မြန်မာစစ်စစ်ရုပ်ပါ။သူ့အမျိုးသားက တရုတ်ပြည်ကလာတဲ့တရုတ်။သေသွားပါပြီ၊
    ရပ်ကွက်က အသက် ၆၀-၇ဝ တွေက ဒီအဖွားကြီးမြန်မာပြည်သူပါလို့ ဝိုင်းအစစ်ခံပေမယ့် ရေမလောင်းနိုင်တော့ အသက်၁၀၂နှစ်မှာသေသာသွားရော နိုင်ငံသားမဖြစ်သွားပါဘူး၊
    သု့အတွက်တော့ နိုင်ငံသားမဟုတ်လည်း ဘာမှမဖြစ်ပေမယ့် သူ့မြေး အသက်၁၈-၂ဝ မှာ ဘောလုံးအလွန်ထူးချွန်လို့ မြို့နယ်လက်ရွေးစင်ရွေးခံရလိုက် နိုင်ငံသားကဒ် မရှိလို့ပြုတ်လိုက်နဲ့ နောက်ဆုံးစိတ်လေသွားပါတယ်၊
    နယ်စပ်က ကျော်ဝင်လာတဲ့ တရုတ်စစ်စစ်တွေက မြန်မာစကားတောင်မတတ်ပဲ နိုင်ငံသားအခွင့်အရေးတွေရနေကြတော့
    ပေါင်ချိန်ကိုသာ အသက်ရှိစေချင်တော့တာပါပဲ၊

  • winkyawaung

    April 5, 2011 at 5:29 pm

    ရဲချုပ်ဘဝကနေ လဝက ဝန်ကြီးသို့ကူးပြောင်းလာတဲ့ ဝန်ကြီးခင်ဗျာ..ကူညီပေးလိုက်ပါ။ မြေမြို၍ လူမျိုးမပြုတ်ပါ။ လူမြို၍ လူမျိုးပြုတ်တော့မယ့် မြန်မာနိုင်ငံတော်ကို အမှန်တကယ် ပြုပြင်ပေးတော်မူကြပါ။

  • maungmoenyo

    April 6, 2011 at 1:21 am

    နိုင်ငံတနိုင်ငံရဲ့ပိုင်နက်နယ်နမိတ်ထဲမှာ မွေးဖွားသူ ဘယ်သူမဆိုကို အဲ့ဒီနိုင်ငံရဲ့ နိုင်ငံသားအဖြစ်အလိုအလျောက်သတ်မှတ်ရတာ၊ အဲ့ဒီသူရဲ့မွေးရာပါအခွင့်အရေးဖြစ်သလို၊ နိုင်ငံတကာရဲ့စံနှုန်းပါ။ အဲ့ဒီသူကို ဘယ်လိုဥပဒေ ပုဒ်မ တတ်ပြီး နိုင်ငံသားအဖြစ်ကရပ်စဲခွင့်မရှိပါဘူး။ ချွင်းချက်အနေနဲ့ အဲ့ဒီမွေးဖွားရာ နိုင်ငံကိုသစ္စာဖေါက်ဖျက်ပြီးလက်နက်ကိုင်ပုန်ကန်ရင်တော့အရေးယူလို့ရပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အစိုးရရဲ့ မမှန်ကန်မှုကိုတော်လှန်ပုန်ကန်တာနဲ့၊ တိုင်းပြည်ကိုပုန်ကန်တာက တူမလိုနဲ့ခြားနားပါတယ်။ အစိုးရရဲ့မတရားဖိနှိပ်မှုကိုမကြေနပ်လို့တော်လှန်တာကို ပုဒ်ထီးပုဒ်မမျိုးစုံတတ်ပြီး ပုန်ကန်တာကို ဝါးလုံးရှည်နဲ့ရမ်းပြီး၊ ဒါသစ္စာဖေါက်တာဘဲလို့ စွပ်စွဲလို့မရပါဘူး။ ခပ်တည်တည်နဲ့ ရောချပြီးအရေးယူလို့မရပါဘူး။
    နိုင်ငံသားပြုခြင်းဖြစ်ခြင်းဟာ အဲ့ဒီနိုင်ငံရဲ့နိုင်ငံသားတွေဘယ်လောက်ရပိုင်ခွင့် ရှိလဲဆိုတာကိုပြဆိုတဲ့ညွှန်ပြချက်တခုဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံမှာမွေးတဲ့သူတယောက်က အဲ့ဒီနိုင်ငံရဲ့မှတ်ပုံတင်ရရှိရေးကို ခက်ခက်ခဲခဲ လုပ်ယူရတယ်ဆိုရင်၊ အဲ့ဒါမူမမှန်စံမဝင်တဲ့ နိုင်ငံသားစနစ်ဖြစ်ပါတယ်။ ထိုနည်းတူစွာဘဲ သက်ဆိုင်ရာနိုင်ငံအစိုးရများကလည်းအဲ့ဒီနိုင်ငံမှာမွေးဖွားသူ မည်သူမဆိုကို နိုင်ငံသားဖြစ်ကြောင်းအသိမှတ်ပြုရရှိရေးကို ဖြစ်မြောက်အောင်မြင်အောင်ဆောင်ရွက်ပေးဘို့တာဝန်အပြည့်ရှိပါတယ်။ ထိုနည်းတူ ကိုယ်နိုင်ငံသားကိုစောင့်ရှောက်ကာကွယ်ခွင့်အပြည့်ရအောင်လုပ်ပေးရမဲ့တာဝန်ရှိပါတယ်။ ဒီတာဝန်တွေဥပဒေစာရွက်ပေါ်မှာရှိတဲ့ ခံစားခွင့်တွေကို ကာကွယ်လုပ်ဆောင်ပေးဘို့ကအစိုးရတာဝန်ပါ။ ဥပဒေကိုလက်ညှိုးထိုးပြပြီး၊ ဒီခံစားခွင့်တွေရှိပါတယ် ဆိုပြီးခပ်တည်တည်နဲ့ ဖြီးလို့မရပါဘူး။

    • kai

      April 6, 2011 at 6:57 pm

      ဆရာမောင်မိုးညို ရေးတာကို အပြည့်အဝထောက်ခံပါတယ်..။
      ထပ်တိုးချင်တာက.. လူတယောက်အုပ်ချုပ်တာအသုံးမကျ..လဘ်စား..အကျင့်ပျက်.. စတာတွေလုပ်တာနဲ့.. အဲဒီလူရဲ့လူမျိုးရေး..ဘာသာရေးတွေ..ဆွဲထည့်မတိုက်ခိုက်သင့်ပါဘူး..။

      ဘာဖြစ်မလည်းဆိုတော့.. ကိုယ့်ဖက်ကရပ်တည်မယ့်သူတွေနည်းသွားတာပဲ.. ရှိပါမယ်..။

      ဆိုတော့..
      မကျေနပ်သူတွေစုပြိး.. လက်မှတ်ထိုး..စံနစ်တကျနဲ့.. ဆိုင်ရာဝန်ကြီးရုံးစာတင်သင့်ပါတယ်..။ ဆိုင်ရာလွှတ်တော်အမတ်တိုင်သင့်ပါတယ်..။
      မိတ္တူကိုသာ မီဒီယာကို တခုပေးပါ..။

  • thanmyint84

    April 6, 2011 at 6:46 pm

    တခြားသူမှတ်ပံတင်ကိစ္စကိုတော့ မပြောလိုပါရှင် ဒီလူ့အတွက်တော့ပြောခွင့်ပေးပါ
    ထွန်းသန့်ကျော်ရဲ့ နိုင်ငံသားကဒ်မှာ ရခိုင် ဗုဒ္ဓ လို့ အတင်းဖန်တီးပီးရေးထားပါတယ်
    အမှန်ဖြစ်ရမှာက ဘင်္ဂါလီ ရခိုင် ဗုဒ္ဓ ရေးရမှာပါ ၊
    သက်ဆိုင်ရာလ.ဝ.က မှုးတွေကို လာဘ်ထိုးပီး လုပ်ထားတဲ့ နိုင်ငံသားကဒ်ကို စစ်ဆေးပေးစေလို ပါတယ်၊

  • meelay

    April 7, 2011 at 3:52 am

    မြန်မာနိုင်ငံမှာ လာဘ်မထိုးဘဲနဲ့ရတဲ့ မှတ်ပုံတင်ဆိုတာ မရှိသလောက်ပါပဲ …..

  • moethidasoe

    April 7, 2011 at 7:49 am

    အပြောမဟုတ် အလုပ်ဖြင့်သာ သူ့ဂုဏ်ကို ဆောင်မှာလား ..
    သွားလေသူ စောထွန်းလို နာမည်ပျက် ကျန်အောင် လုပ်မှာလား ..
    မျှော်

  • kokolatt

    April 8, 2011 at 11:36 am

    ဟုတ်တယ်..နိုင်ငံသားမ ဟုတ်တဲ့သူတွေ နိုင်ငံသားကဒ်ရတာဘာကြောင့်ရတာလို့မပြောချင်ပေမယ့်..နိုင်ငံသားအစစ်တွေကိုတော့ နိုင်ငံသားကဒ်အဆင်ပြေပြေရနိုင်ရင်တော့ ကောင်းလိမ့်မယ်ထင်တယ်..ကျွန်တော်ဆို ဗမာစကားတစ်လုံးမှမပြောတတ်တဲ့ တရုတ်မတစ်ယောက် ဗမာပတ်စပို့ကိုင်ပီး သံရုံးမှာစာအုပ်သက်တမ်းလာတိုးတာတွေဖူးတယ်..အားလုံးကိုရှုပ်နေတာပဲ

Leave a Reply