ကျွန်တော်တို့ ဘုရားရှင် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော်မူစဉ်တုန်းက ကောသမ္ဗီမြို့က လူတစ်ယောက်ဟာ သာသနာ့ဘောင်ထဲကို ဝင်လာတယ်။ သူက ကောသမ္ဗီမှာပဲနေတော့ သူ့ကို ကောသမီ္ဗကိုယ်တော်လို့ပဲ ခေါ်ကြတယ်။ ဘုရားရှင်လက်ထက်က ရဟန်းတော်တော်များအားလုံးဟာ ဘယ်မှာပဲ ဝါဆိုဆို ဝါကျွတ်တာနဲ့ ဘုရားရှင်ရှိရာအရပ်ကို ပြန်ကြွလာကြပါတယ်။ တရားထိုင်နေခဲ့ရင်လည်း ဘယ်အဆင့်ကို ရောက်ပြီ။ တရားမေးမြန်းလိုတဲ့ ပုဂ္ဂိုလ်တွေလည်း ဘယ်လိုတရားက ဘယ်သို့ဆိုပြီး မေးမြန်းဖို့ရယ် ဂါရဝပြုဖို့ရယ် အကြောင်းမျိုးစုံနဲ့ လာကြပါတယ်။ အဲလိုနဲ့ ဒီကောသမ္ဗီကိုယ်တော်လည်း ကြွလာတော့မယ်ဆဲဆဲပေါ့။ သူကျောင်းထိုင်တဲ့ ကျောင်းဒကာတွေက သင်္ကန်းနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေ လာလှူတယ်။ သူက “တော်ပါပြီတကာတို့ ပြန်ယူသွားပါ” “ဘာဖြစ်လို့လဲဘုရား” “အလှူမခံချင်လို့ မဟုတ်ပါဘူး။ ဦးဇင်းဆီမှာ ဒီပစ္စည်းကို သင့်တင့်လျှောက်ပတ်အောင် စီမံပေးနိုင်တဲ့ ကိုရင်တွေမရှိဘူး၊ အဲဒါကြောင့်ပါ” “ဟာ ဒါဆို တပည့်တော်ဆီမှာ […]


ခါတိုင်းနှစ်တွင် ကျွန်တော်က အလုပ်ရှိ၏။ အလုပ်ရှိသဖြင့် အလုပ်ရှိရာနေရာ၌ အိပ်ရသည်။ အဘယ့်ကြောင့် အလုပ်ရှိရာ၌ ဆိုသော် ကျွန်တော့်အလုပ်မှာ ကွန်ပျူတာနှင့် ဆက်နွယ်သော လုပ်ငန်းဖြစ်၏။ ကွန်ပျူတာနှင့် ဆက်နွယ်နေရာ ယခင်မြန်မာနိုင်ငံ၏ ထုံးစံအတိုင်း လျှပ်စစ်မီးအား မပြည့်မီသောကြောင့် အချိန်မှန် မဝေငှနိုင်။ ညအချိန် လူခြေတိတ်ချိန်မှ မီးလွတ်လေ့ရှိ၏။ တကယ့်အလုပ်လုပ်သည့်သူတို့သည် ထိုအချိန်တွင် လုံ့လဝီရိယစိုက်ကာ လုပ်ရ၏။ စာရိုက်စရာများ၊ ပရင့်စရာများ၊ ကော်ပီယာများ၊ ရွှေဖိ ဖောင်းကြွစာလုံးများ စသည့်အလုပ်ကို တက်သုတ်ရိုက်လုပ်ရ၏။ ထိုသို့ မီးလာချိန်ကို စောင့်ရင်းက အလုပ်ထဲတွင် အိပ်လိုက်ရသဖြင့် အိပ်စရာ သီးသန့်ရှာရန် မလိုတော့ဘဲ အလုပ်လုပ်သည့် နေရာ၌သာ အိပ်လိုက်ရာ နေစရာ ဆိုသော ကဏ္ဍပြီးစီးသွား၏။ သို့နှင့် သင်္ခါရ သဘောအရ အလုပ်မှာ ထာဝစဉ် ဖျက်သိမ်းခြင်း […]