အချို့ပုဂ္ဂိုလ်က အစအနောက်သန်၏။ ထိုအစအနောက် သန်သော ပုဂ္ဂိုလ်တို့တွင် အချို့က အခြေအနေ အချိန်အခါကို သိကာ စနောက်၏။ အချို့ကလည်း မိမိစနောက်လိုခြင်း တစ်မျိုးကိုသာကြည့်၍ စနောက်၏။ ထိုပုဂ္ဂိုလ်မျိုးကြောင့် အစအနောက်ခံရသော ပုဂ္ဂိုလ်တို့ စိတ်အခန့်မသင့်ချိန်နှင့် တွေ့သောအခါ အချင်းများရ၏။ အချင်းဖြစ်ပွားပြီးနောက် “ငါက ချစ်လို့ ခင်လို့ ကျီစယ်တာကို သူက အတည်ယူပြီး ရန်ပြန်လုပ်တယ်” ဟု စနောက်သူက အကာအကွယ်ယူတတ်၏။ ထိုအခါ အစခံရသူမှာ ပိုနာသွား၏။ နဂိုရ်ကမှ စိတ်မကြည်ချိန် အစနောက် ခံရတာ တမျိုး မိမိက ပြန်စိတ်တိုလိုက်သောကြောင့် ရန်လုပ်သည်က တမျိုး အမျိုးမျိုး ပေါင်းလိုက်သောအခါ ဒေါသက အတိုင်းအဆ မရှိတော့။ ထိုသူများမှာ တစ်သက်တာ ရန်သူတို့ ဖြစ်သွားတတ်ကြသည်။ ထို့ကြောင့် မိမိက နောက်ပြောင် […]