manawphyulayDecember 11, 20101min2714
အပိုင်း ၁ မှာ ဈေးကွက်ဖွင့်ခြင်းနဲ့ သုတေသန အကြောင်းကိုတော့ သင်တို့ သိရှိပြီး ဖြစ်ပါလိမ့်မယ်။ အခု ဆက်လက်ပြီး ဈေးကွက်မှာ အောင်မြင်အောင် လုပ်ဆောင်ဖို့ အပိုင်း ၄ ပိုင်းမှ နောက်ထပ်တစ်ချက်ကို ကျွန်မ ပြောချင်ပါတယ်။ ဒါကတော့ ဗျူဟာ အခင်းအကျင်းပဲ ဖြစ်ပါတယ်။ ဈေးကွက်ဖွင့် အခင်းအကျင်းဆိုတာ စီးပွားရေးလုပ်ငန်းရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ ဦးတည်ရည်ရွယ်တဲ့ အကြောင်းအရာတွေကို ချမှတ်တာ ဖြစ်ပါတယ်။ ဒီတော့ ဘာအကြောင်းအရာတွေ စဉ်းစားသင့်လဲဆိုတာ ကြည့်ရအောင်။ – အခုကိုယ့်လုပ်ငန်းက ဘယ်နေရာ ဘယ်အဆင့်ရောက်နေသလဲ? – ကိုယ်တို့ ဘယ်နေရာ ဘယ်အဆင့်ကို ရောက်ချင်တာလဲ? – ဘာကြောင့် အဲဒီနေရာ အဲဒီအဆင့်ကို ရောက်ချင်ရတာလဲ? – ဒါဆိုရင် ကိုယ် ဘာတွေပြီးစီးအောင် လုပ်ရမှာလဲ […]