တခါတုန်းက အသိတယောက် ခွဲစိတ်မှု တခု ခံယူရန် ဆေးရုံတက်စဉ်က အဖော်အဖြစ် ညဘက် လိုက်စောင့်အိပ်ပေးဘူးတယ်။ ဆေးရုံကတော့ သိပ်မကြီးပါဘူး.. ခပ်သေးသေးဘဲ.. ကိုယ်ပိုင်အခန်းမှာ တက်တော့ နေ့နေ့ညည ဆေးရုံစောင့်ပေးရတာ သက်တောင့် သက်သာတော့ ရှိတယ်။ တီဗွီလည်း ရှိတော့ ရုပ်ရှင်တွေ အပျင်းပြေ တနေကုန်ကြည့်.. လူနာ အိပ်တဲ့ ကုတင်အပြင် နောက်ထပ် ကုတင် တစ်လုံး အပိုတောင်ပါသေးတယ်။ ဟော်တယ်မှာ တက်အိပ်သလိုဘဲ.. လူနာက လည်းအိပ် လူနာစောင့်လည်း အိပ်.. အဆင်တော့ ပြေနေတာဘဲ.. တညမှာတော့.. ခါတိုင်း ညတွေလို အေးချမ်းစွာ အိပ်စက်ဖို့ မဖြစ်နိုင်လောက်တဲ့ အသံတခု ဆူညံစွာ ကြားလိုက်ရသည်။ အသံကြားတဲ့ အချိန်ကတော့ ည ၁၂နာရိကျော်နေပြီ.. အမှတ်မထင် ကျယ်လောင်တဲ့ အသံဆိုတော့.. […]