Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


naywoon niJuly 7, 20131min4709
အဲဒိနေရာမှာ မြင်မြင်သမျှ အရာအားလုံး ခံစားရသမျှ အားလုံးဟာ မိတ္တူတွေချည့်ပဲ ….. မူရင်းရှာမတွေ့တော့ဘူး …..။ မိတ္တူကို မိတ္တူတွေကူးရင်း မိတ္တူပေါ်မှာ မိတ္တူတွေ ကူးရင်းနဲ့ မူရင်းကိုမေ့နေကြတာကြာလှပါပကောလား……..။ တစ်ကယ်တော့က မူရင်းဆိုတာကိုသတိမရတော့လောက်အောင် မိတ္တူတွေဆင့်ပွားယူလာကြ မိတ္တူပေါ်မိတ္တူတင်ကူးလိုက်နဲ့ အလုပ်တွေရှုပ်နေကြတော့တာပ……။ နေဝန်းနီ


naywoon niJune 30, 20131min81514
အို…. မိခင် နို့ဆာလောင်လို့ ငိုကြွေးနေတဲ့ကလေး ရေကျက်အေးလေးတိုက်ကျွေး ခြူသံလေး လှုပ်လို့ အာရုံကို လွှဲပြောင်းပေးထားတယ်…..။ ပုခက်ထဲက ကလေးငယ်ခမြာမှာတော့ ရေအေးလေးသောက်ပြီး ခြူသံလေးရဲ့နောက်မှာ နို့ချိုချိုတွေ ကျလာမလားလို့ အသံလာရာနောက်ကို ငေးမော မျှှော်လင့်ချက် အရောင်တစ်စ သူ့မျက်ဝန်းလေးမှာ တွဲခိုနေတယ်……။ မိခင် ကတော့ သူ့သားငယ်ကို နို့တစ်နပ် အငတ်ထားလိုက်ပြီး တိုက်ကျွေးရမဲ့နို့ချိုချိုတွေကို လိုနေတဲ့ တစ်နေ့တာအိမ်စရိတ်အတွက် မိခင်နို့ မထွက်တဲ့ တစ်ခြားကလေးငယ်တစ်ယောက်ကို ဒီတစ်နေ့စာ နို့ပေးတိုက်လိုက်ရတယ်…….။ နေဝန်းနီ


naywoon niJune 8, 20131min56113
အစစ်များနဲ့ မနီးစပ်နိုင်သေးသမို့ အတုတွေနဲ့ပျော်ပါး ကာလများ ကြာလာတော့ အတုကိုပဲ အစစ်ထင် ထင်ယောင်မိမှာ ဝိုးတဝါးဖြစ်စဉ်………။ တစ်ချို့ အသိနုံနဲ့လို့ အတုကိုသုံးတယ် တစ်ချို့ မတတ်နိုင်လို့ အတုကိုသုံးနေရ တစ်ချို့ ပေါပေါပဲပဲ ရလို့ အတုနဲ့နေတယ် တစ်ချို့ ပညာမတတ်လို့ အတုကို လုပ်ပြီးသုံးတယ် တစ်ချို့ သိရက်နဲ့ အတုကိုစွဲလမ်းနေတတ် အတုနဲ့ပျော်ပါးရတာများလာတော့လည်း အဲဒိဘဝတွေက ခါးသက် ကြာလာတော့ အဲဒိအခါးတွေပေါ်မှာပဲ သကြားပေါက်လာပြီး ချိုသလိုလို အရသာကိုစွဲလမ်း အတုကို အစစ်ထင်မှတ်ပြီး အစစ်ကိုတောင် ရန်လုပ်နေတတ်ကြတော့တာ……….။ နေဝန်းနီ


naywoon niJune 7, 20131min3856
ရုပ်ရှင်တွေမှ ာ ပြဇာတ်ကရာမှာ ဇာတ်ပေါင်းခန်းပြီးရင် ပြီးပါပြီ စာတမ်းထိုး ကန့်လန့်ကာ ချလိုက်ပြီး ပရိဿတ်ကို ပြန်ခိုင်းလိုက်တော့တာ……..။ ဟော့ဒိလောကကြီးရဲ့ လူ့ဇာတ်ခုံကြီးပေါ်မှာတော့ ဇာတ်သိမ်းတယ်ဆိုတာမရှိ ပြီးပါပြီလို့ စာတမ်းလည်းမထိုး ပရိဿတ်ဆိုတာလည်း သီးခြားမရှိ ကန့်လန့်ကာချဖို့ဝေးစွ ပရိဿတ်ကိုမြူဆွယ်ပြီး ဇာတ်ကောင်အဖြစ်ပြန် ဖန်တီး ဇာတ်ကောင်တွေကိုလည်း ပရိဿတ် အဖြစ်ထားလိုထားနဲ့ မရှုပ်သေးတာ ရှုပ်ပြလိုက် မရှင်းသေးတာ ရှင်းအောင်လင်းလိုက်နဲ့ အမှောင်တစ်ဝက်အလင်းတစ်ခြမ်း နောက်ခံကားချပ်တွေ အမျိုးမျိုးပြောင်းလဲရင်းနဲ့ပဲ ညတာကို ဆွဲဆန့်ခဲ့တာက ကမ္ဘာ ….. ကမ္ဘာ ကြာခဲ့ပါပြီကော……..။ နေဝန်းနီ 6-6-2013(23း 45)


naywoon niJune 7, 20131min3674
“ ….$ @! ? ♥ ♦♦ ♣♠☻….#%^ & …. ….)(_ = ျွှ ျ *^☻☺•◘○….” အော်….. အဲဒိလိုလား ဒါဆိုရင်လည်း ဒီဇာတ်လမ်းမှာ ငါက လူကြမ်းပေါ့လေ……။ အတု အယောင် ဆောင် အလိမ်အညာသမားတွေအတွက် ငါ ဗီလိန်ဖြစ်ရရင်လည်း မမှုပါဘူး….။ အမှန်တရားအတွက်ဆိုရင် အသက်ပဲသေသေ ဘဝပဲပျက်သွားသွား ငါရင်ဆိုင်မယ်ဟေ့…..။ ကဲ…….. ခိုင် မင်းရဲ့ခြေဖဝါးအောက်က ခရောင်းလမ်း အင်္ဂေတေဖျော်စက်ထဲ ထည့်ဖျောလို့ လမ်းလျှောက်ဖို့ လမ်းချောခင်းပေးလိုက်မယ် မင်း ရှေ့ဆက်လျှောက်တော့………..။ နေဝန်းနီ 5-6-2013(23း00)


naywoon niMay 28, 20131min58013
အတု…… ငါအခုရောက်နေတဲ့နေရာကိုတောင်မှ အတုလား အစစ်လား မဝေခွဲတတ်တော့ပါဘူး….။ ငါ့အနားမှာရှိနေတဲ့အရာတွေကိုတောင်မှ ဘယ်ဟာကဖြင့် အတု ဒီအရာကတော့ အစစ်ရယ်လို ငါမခွဲခြားတတ်တော့တာကြာပေါ့……….။ လူအတု မိန်းမအတု ယောက်ျားအတု ပစ္စည်းအတု… ဆေးဝါးအတု နာမယ်တောင်အတု ရှိသေးရဲ့…..။ ရုပ်ရှင်တွေထဲမှာလို အတုကို သေမပေးလေတော့ အားလုံးက သူတို့ဟာ အစစ်တွေပါလို့ အော်ဟစ်လို့……….။ တစ်ချို့ အတုကို ငွေကြေးကြောင့်တုတယ်။ တစ်ချို့….. ကျော်ကြားမှုကိုလိုချင်လို့တုတယ်။ တစ်ချို့ …….. ချစ်လို့လိုက်တုတယ်။ တစ်ချို့ကျပြန်တော့ ……. မုန်းလွန်းလိ်ု့ကို သူ့နာမယ်ပျက်အောင်တုသတဲ့…။ တစ်ချို့က အတုကို ပညာရည်နိမ့်ပါးလို့သုံးကြတယ်…။ တစ်ချို့က အတုကို ငွေကြေးမတတ်နိုင်လို့ သုံးရတယ်…။ တစ်ချို့က အတုကို သုံးချင်လို့ကိုသုံးကြတယ်….။ ဘာကြောင့်ပဲတုတု ဘယ်လိုကြောင့်ပဲသုံးသုံး နောက်ဆုံးတော့ အတုဟာ အတုပါပဲ…။ ဒါသေချာတယ်……. အတုဆိုကတည်းက အစစ်ကိုမှီပြီးမှပေါ်လာရတာ […]


naywoon niMay 14, 20131min4959
ငါ……… ဒီလမ်းလေးထဲကို ကာလအတန်ကြာ ကြိမ်ဖန်များစွာ ဖြတ်သန်းသွားလာဖူးပါရဲ့…….။ လမ်းနံဘေးက မြက်ရိုင်းပင်တို့ရှည်လာတာ ခင်းထားတဲ့ ကျောက်ခဲလေးတွေ ယိုယွင်းလာတာကလွဲပြီး ဘာမှမပြောင်းလဲသေးပါဘူး……။ လမ်းနံဘေးက ရေနံဝနေတဲ့ အိမ်အိုကြီးကလည်း အရင်အတိုင်းပါပဲ….. အိန္ဒြေယ နေလိုက်တာ တိတ်ဆိတ်လို့ ဘာသံမှမကြားရဘူး……။ အိမ်ရှေ့က ရေမြောင်းလေးမှာတော့ ဒိုက်တွေ ပိုများလာတာကလွဲပြီး အရင်အတိုင်းပါပဲ…..။ အတိတ်ကို ထိန်းသိမ်းထားနိုင်တာ ဂုဏ်ယူရမလား မပြောင်းလဲ(မတိုးတက်တာ) ကို ဝမ်းနည်းရမှာလား လမ်းကလေးထဲကိုဝင်လာရင်း အတွေးတွေ ရှုပ်နေလိုက်တာ………… အိမ်ကို တောင်ကျော်လာခဲ့ပါပကောလား……။ နေဝန်းနီ


naywoon niMay 11, 20131min4297
ယဉ်ကျေးမှု ဆိုတာက မထိန်းထားနိုင်ရင် သိမ်းထားလိုက်ရမဲ့အရာ အခုတော့ကွာ မင်းတို့ဟာက ထိန်းတာလည်းမရှိ သိမ်းတာလည်းမရှိ ဗရမ်းဗတာအသိနဲ့ လူကြည့်လို့မကောင်းအောင်ဖျက်ဆီးနေတာ အရမ်းကာရောလွန်လာပြီနော် ဟိုနေရာ ဒီနေရာ အရူးချိီးပန်း လျှောက်လုပ်နေတာက အိမ်ဦးခန်းတောင် မကျန်တော့ဘူး…..။ ကိုယ့်လက်ထဲမှာ ကောင်းသထက်ကောင်းအောင် ထိန်းမထားနိုင်ရင်တော့ ပြတိုက်ထဲမှာပဲ သိမ်းထားလိုက်တာကောင်းမယ်ထင်တယ်……။ နေဝန်းနီ • ထမင်းတစ်လုပ်စားဖို့ ယဉ်ကျေးမှု ဖျက်ဆီးနေသူများသို့ • 1970 လောက်က ယဉ်ကျေးမှုဆိုတာနဲ့ အခုယဉ်ကျေးမှုဆိုတာ တော်တော်လေး ပြောင်းလဲပျက်စီးသွားတာ နှမြောစရာကောင်းလွန်းလို့ ဒီကဗျာလေးရေးဖြစ်တာပါ…………။


naywoon niMay 4, 20131min65113
ပြင်နေတယ် ….. ပြင်နေတယ်နဲ့ ဘယ်နားသွားပြင်နေကြသလဲဟေ့…….။ အမိုးပေါက်တာ ဖာနေရုံပဲလား ထုပ်တန်းမှာ ပိုးကိုက်နေတာကို အသစ် လဲမပစ်ကြဘူးလား? ပြင်နေတယ် ….. ပြင်နေတယ်နဲ့ ဘယ်နားသွားပြင်နေကြသလဲဟေ့…….။ ဧည့်ခန်းဆောင် ဆက်တီ လဲရုံပဲလား ဘုရားဆောင်မှာ ပေါက်ပြဲနေတာတွေ မပြင်ကြတော့ဘူးလား? ပြင်နေတယ် ….. ပြင်နေတယ်နဲ့ ဘယ်နားသွားပြင်နေကြသလဲဟေ့…….။ နံရံတွေကို ချေးပြောင်အောင်မချွတ်ပဲ ဆေးအသစ်ထပ်သုတ်နေကြသလား တံခါးပေါက်တွေ ရွဲ့စောင်းနေတာ ကြည့်ကောင်းနေကြသလား? ပြင်နေတယ် ….. ပြင်နေတယ်နဲ့ ဘယ်နားသွားပြင်နေကြသလဲဟေ့…….။ …………………………………………………………. …………………………………………………………. ?? အဲဒိလိုနဲ့ အဓိကကျတာနဲ့ အပေါ်ယံ အပြင်အဆင် အထားအသိုက လွဲနေတာ စဉ်းစားကြပါဦး……။ နေဝန်းနီ


naywoon niMay 1, 20131min83513
လိမ်တယ် …. လိမ်တယ် ….. လိမ်တယ် တစ်ဦးတစ်ယောက်ချင်းလည်းလိမ်တယ် အုပ်စုဖွဲ့လို့လည်းလိမ်တယ် လိုင်စင်ဆောင်ပြီးတော့လည်း လိမ်တယ် လိုင်စင် မဆောင်ရသေးဘဲနဲ့လည်း လိမ်တယ်…..။ တရားဝင်လည်း လိမ်တယ် ….။ ဇယားမဝင်ဘဲလည်း လိမ်တယ် …..။ တစ်ချို့ ဝမ်းရေးအတွက် လိမ်တယ်…။ တစ်ချို့ လွမ်းရေးခက်လို့ လိမ်တယ် …..။ တစ်ချို့ အသပြာအတွက် လိမ်တယ် …..။ တစ်ချို့ ဘလချာနဲ့ လိမ်တယ်…..။ တစ်ချို့ မလိမ်မိုး မလိမ်မာမို့ လိမ်တယ်….။ တစ်ချို့ ဆန်ဘိုးဆီဘိုး အိမ်ပါဖို့ လိမ်တယ်….။ တစ်ချို့က ဝါသနာ ပါလို့လိမ်တယ် ……။ တစ်ချို့က လိမ်တာကို အကျင့်လို စွဲနေလို့ကို လိမ်တယ်….။ တစ်ချို့က ချစ်လို့ လိမ်တယ်….။ တစ်ချို့က မုန်းလို့ကို လိမ်လိုက်တယ် […]


naywoon niApril 21, 20131min2786
ဘယ်သူကမှု ရှို့ခဲ့တဲ့မီးမဟုတ် ဘယ်သူ့ကြောင့်မှလဲ လောင်တာမဟုတ် စကတည်းကိုက ရှိနှင့်ပြီးသား ဖွဲမီးပမာ ဒါကြောင့်……….. ဘယ်သူလာရှို့တာမှလည်းမဟုတ် ဘယ်သူ ဘယ်ဝါရဲ့ပေါ့ဆမီးလည်းမဟုတ်တဲ့ ဒီသံသယ ဆိုတဲ့ မီးကို အရင်ငြိမ်း နို့မဟုတ်လို့ကတော့ လေတစ်ချက်ဝေ့လိုက်တိုင်း ဒီမီးကထထလောင်နေမှာ…..။ အဲဒိတော့မှ ဟိုလူ့ကြောင့် ဒီလူလုပ်လို့နဲ့ နားငြီးအောင်လာလာမပြောကြပါနဲ့ သံသယ ဆိုတဲ့ မီးကြွင်းမီးကျန်ကို တစ်ခါထဲ ကြိုရှင်းထားမယ်ဆိုရင် အရှိအတိုင်း လက်ခံရာလည်းရောက်ပါတယ်….။ အဲဒိတော့ ခင်ဗျားတို့ ကျုပ်တို့ အရှိကိုအရှိအတိုင်း လက်ခံလိုက်ကြရအောင်……….။ နေဝန်းနီ


naywoon niApril 18, 20131min3327
ဆင်သွားရင်လမ်းဖြစ်တယ်လို့ ဆိုရိုး စကား ရှိပေငြားလည်း ဒီတော ဒီတောင်ထဲမှာ ရှိတဲ့ ဆင်တွေက စောက်ပျင်းတွေရယ်….။ လမ်းအသစ် ပြောင်းလျှောက်ဖို့ ဝေးစွ ရှိပြီးသား လမ်းဟောင်းပေါ်တောင်မှ ဖြောင့်ဖြောင့်တန်းတန်း မသွားချင်ကြလေပဲ ဘေးဖဲ့ဖဲ့ ဆင်းချင်နေကြသေးလေတော့ လမ်းဟောင်းကြီးက ပေါက်တဲ့နေရာကပေါက် ကုန်းကမူ ခြုံနွယ်တွေပိတ်တဲ့နေရာကပိတ် အရိပ် ဆိုတာကလည်း ကျိုးတို့ကျဲတဲနဲ့ ဆင် ငပျင်းတွေကတော့ လမ်းဟောင်းပေါ်မှာပဲ ယဲ့တဲ့တဲ့ မူရာမာယာ ကောင်းကောင်းနဲ့ ဆက်လျှောက်နေတုန်း နောက်က သတ္တဝါလေးတွေမှာတော့ ခလုပ်တိုက်တဲ့ အကောင်ကတိုက် ချောင်းအရိုက်ခံရတဲ့အကောင်ကရိုက် အမဲအလိုက်ခံရတဲ့အကောင်ကလည်းရှိရဲ့ ဆင်တွေ မစဉ်းစားကြပုံများ ပြောပါတယ် အကောင်တွေ ကြီးသလောက် စဉ်းစားရမဲ့ ကိစ္စကိုတောင်မှ ပျင်းနေပုံ ရှိပြီးသားလမ်းထက် သာလွန်ကောင်းမွန်မဲ့ လမ်းသစ်တစ်ခု အခုပဲဖောက်လိုက် ကြပါတော့လား အင်အားတွေနှမြောနေတာလား ကိုယ့်ကိုကိုယ်ပဲ ယုံကြည်မှု မရှိလေရော့သလား […]


naywoon niApril 17, 20131min4078
တို့လူမျိုးတွေ ကိုယ် ၌က ပွဲဆိုရင်ကြိုက်တတ်ကြတာကလား….။ ဘာပွဲဖြစ်ဖြစ် ရှေ့ဆုံးက နေရာဦးပြီးကြည့်ရမှကျေနပ်ကြတာ ပွဲ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ညစာရှိတာ မရှိတာအသာထား ဗေထိမြည်တဲ့နေရာပြေးကြည့်လိုက်ကြတာပဲ…..။ ပွဲခင်းမှာ ကနေတဲ့ဇာတ်ရုပ် တစ်ကယ်မဟုတ်မှန်းလည်းသိရက်နဲ့ မျက်ရည်လေး တစ်စမ်းစမ်းနဲ့ ဝမ်းနည်းတတ်သူလည်းရှိရဲ့…..။ ဇာတ်ထဲက ဗီလိမ်ကို ကြည့်ပြီး ဒေါသ အမျက်ခြောင်းခြောင်းနဲ့ ပြောင်ဖူးရိုးနဲ့ပေါက်သူလည်းရှိရဲ့ အတော်ကို ဗရုတ်ဗရက် နိုင်လိုက်ပုံများ မကြာခင် ကန့်လန့်ကာ ချ ဆိုင်းက ပတ်စာခွာမှ သန်းဝေပြီး ဖျာသိမ်းထလာမယ် အိုဘယ့် ပွဲကြိုက်တဲ့သူရေ ရောက်လေရာ တွေ့တဲ့သူနဲ့ ညကပွဲအကြောင်းပြောပြီး နေ့လည်ဘက်ငိုက်လိုက်ဦးမယ်….. နောက်ညတွေကျတော့ကော ပွဲဆိုရင် ရှေ့ဆုံးကရောက်လာကြတာပါပဲ….. အဲဒီလိုနဲ့ ကြည့်လိုက်ရတဲ့ပွဲတွေ တစ်ညတစ်လေမှမနား မွေးကတည်းက သေတဲ့အထိအောင်ပါပဲ…………..။ နေဝန်းနီ