ပွဲကြိုက်သူများ
တို့လူမျိုးတွေ ကိုယ် ၌က
ပွဲဆိုရင်ကြိုက်တတ်ကြတာကလား….။
ဘာပွဲဖြစ်ဖြစ် ရှေ့ဆုံးက နေရာဦးပြီးကြည့်ရမှကျေနပ်ကြတာ
ပွဲ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ
ညစာရှိတာ မရှိတာအသာထား
ဗေထိမြည်တဲ့နေရာပြေးကြည့်လိုက်ကြတာပဲ…..။
ပွဲခင်းမှာ ကနေတဲ့ဇာတ်ရုပ်
တစ်ကယ်မဟုတ်မှန်းလည်းသိရက်နဲ့
မျက်ရည်လေး တစ်စမ်းစမ်းနဲ့
ဝမ်းနည်းတတ်သူလည်းရှိရဲ့…..။
ဇာတ်ထဲက ဗီလိမ်ကို ကြည့်ပြီး
ဒေါသ အမျက်ခြောင်းခြောင်းနဲ့
ပြောင်ဖူးရိုးနဲ့ပေါက်သူလည်းရှိရဲ့
အတော်ကို ဗရုတ်ဗရက် နိုင်လိုက်ပုံများ
မကြာခင် ကန့်လန့်ကာ ချ
ဆိုင်းက ပတ်စာခွာမှ
သန်းဝေပြီး ဖျာသိမ်းထလာမယ်
အိုဘယ့် ပွဲကြိုက်တဲ့သူရေ
ရောက်လေရာ တွေ့တဲ့သူနဲ့
ညကပွဲအကြောင်းပြောပြီး
နေ့လည်ဘက်ငိုက်လိုက်ဦးမယ်…..
နောက်ညတွေကျတော့ကော
ပွဲဆိုရင် ရှေ့ဆုံးကရောက်လာကြတာပါပဲ…..
အဲဒီလိုနဲ့
ကြည့်လိုက်ရတဲ့ပွဲတွေ
တစ်ညတစ်လေမှမနား
မွေးကတည်းက သေတဲ့အထိအောင်ပါပဲ…………..။
နေဝန်းနီ
8 comments
ကိုပေါက်(မန္တလေး)
April 17, 2013 at 10:43 pm
စိတ်ထဲရှိသမျှပြောမရ တဲ့အချိန်များမှာ
ကျုပ်တို့ရင်ထဲက ပြောမရတဲ့စကားများ
ကျုပ်တို့ရဲ့ကိုယ်စား အငြိမ့်ပွဲထဲကလူရွှင်တော်
မထိတထိ ခပ်ညိညိလေးများပြောသံကြားရင်
စိတ်ထဲမှာ အဆာပြေ သမို့
ဗေထိသံကြားရင် သွားချင်မိတယ် ကိုနေရေ
KZ
April 18, 2013 at 9:54 am
ပွဲတော့ ကောင်းကောင်းမွန်မွန် အစအဆုံး မကြည့်ဖူးဘူးဗျ။
မိုးမင်း ဘရိတ်ဒန့်လေးကြည့်ချင်လို့ တစ်ခါလားကြည့်ဖူးတယ်။
ဒါမဲ့ ပွဲဆို မျှော်နေတာပဲ။
ကြည့်ချင်လို့ဟုတ်ပေါင်။
ပွဲခင်း ဈေး မုန့် စားချင်လို့။
:kwi:
ဦးကြောင်ကြီး
April 18, 2013 at 10:13 am
ပွဲကြိုက်သူ
သဲလှိုက်အူ
ဘဲနှိုက်ဆူ
ရဲလိုက်ထူ
ချဲဝိုက်ဖြူ
မဲတိုက်လှူ
လွဲရိုက်ကူ
ဆဲမိုက်ဘူ..။
Mr. MarGa
April 18, 2013 at 12:23 pm
ဒါဟာ မြန်မာ့ အနုပညာ
ဒါဟာ မြန်မာတွေနှစ်သက်ခဲ့တာ
ဘယ်လောက် ဆိုးတယ်ပြောပါစေ
ဘယ်လောက် ညံ့တယ် ပြောပါစေ
ပွဲရှိရင်တော့ သွားဖြစ်သေးတာ
ပြင်လို့မရတဲ့ အကျင့်ပါ………
မောင် ပေ
April 18, 2013 at 2:26 pm
ပွဲကြိုက်
ဘဲမိုက်
ပဲနှိုက်
ဖဲရိုက်
ကဲငိုက်
ချဲတိုက်
အလင်း ဆက်
July 20, 2013 at 3:16 pm
ပွဲကြိုက်လို ့ဒုက္ခရောက် သွားတဲ ့အဖြစ်လေး
ပါတဲ့
ဂျူးရဲ့ သူ မင်းကို ဘယ်တော့မှ ဆိုတဲ့စာအုပ်ကို
သတိရ သွားတယ်
padonmar
July 20, 2013 at 9:26 pm
နယ်က ကျမတို့ အိမ်ဘေးမှာ ကွင်းကျယ်ကြီးရှိတယ်။
အဲဒီမှာ နှစ်စဉ် ဦးရှင်ကြီးပွဲလုပ်ပြီး အငြိမ့်တွေ ဇာတ်တွေ ဗလာပွဲသွင်းတယ်။
အိမ်ပေါ်ကဆို အလကားမတ်တင်း ဒီစီပဲ။
ငယ်ငယ်ကတော့ ၃ညကရင် ၃ညလုံးကြည့်တာပဲ။
ကြီးလာတော့ သိပ်ကောင်းတဲ့ ဇာတ်မှ ကြည့်ဖြစ်တော့တယ်။
ပြဇာတ်တွေကလည်း ရိုးလာတယ်။
မိထွေးပါရင် မင်းသားကိုနှိပ်စက်မယ်။
ပထွေးပါရင် မင်းသမီးကို ရိသဲ့သဲ့လုပ်မယ်။
မင်းသားကကယ်မယ်။ဒါတွေချည်းပဲ။
သီချင်းအဆိုကောင်းတဲ့ အငြိမ့်မင်းသမီးဆိုရင်တော့ အားပေးဖြစ်သေးတယ်။
အခုတော့ ဇာတိနဲ့ ဝေးလို့ ပွဲမကြည့်ရတော့ဘူးထင်နေတာ၊
ကွန်ပျူတာ ဖန်သားပြင်ကနေ ကြည့်နေရတဲ့ ဇာတ်က မနားတမ်းပါပဲ၊
တခါတလေ ဒီဇာတ်လမ်းကိုပဲ ဇာတ်ဆောင်တွေ နေရာတွေ ပြောင်းပြောင်းပြီးကပြန်တော့
ရိုးအီနေတဲ့ ဇာတ်လမ်းကြီးကို ကြည့်တဲ့ ပရိသတ်ကလည်း မရိုးတန်း လူကြမ်းဆို ဆဲတုံး၊မင်းသမီးငိုရင် မျက်ရည်ကျတုံး။မင်းသားထွက်လာရင် လက်ခုပ်တီးတုံး။
naywoon ni
December 29, 2014 at 6:38 pm
ပထမဆုံး ကိုယ့်သဘောနဲ့ ကိုယ် တစ်ညလုံး ထိုင်ကြဘ်မိတဲ့ ပွဲက “ချစ်ဖွယ် ” ကျော်ချစ်ဖွယ်ဟိန်ဆိုပြီး နာမယ်ကြီးနေတယ်အချိန် မန်းလေး မှာ လမ်း၈ဝ ဘေးက ဇာတ်ရုံထဲမှာ ရှေ့နောက်လမ်းဘယ်လောက်လဲ မမှတ်မိ ။ ( ကိုပေါက်တော့ သိမှာဘဲ – 1986 လောက်က ) အဲ့ည မှတ်မှတ်ရရ မော့စ်တို့ ရဲ့ မင်္ဂလာဦးည ကတဲ့ည 🙂 အဲ့ ထဲက မော့စ်နဲ့ မိုးဒီအတွဲကို ကြိုက်တာ အခုထိပဲ 🙂