manawphyulayAugust 6, 20121min33812
အကျင့်စာရိတ္တက စကားလုံးများထက် တာသွားလှပေသည်။ အပွေးမြင် အပင်သိဆိုသလို သင့်ဘဝ အခြေအနေ ကို ကြည့်ကာ သင်မည်သူဖြစ်သည်ဆိုသည်ကို ဆုံးဖြတ်နိုင်ပါတယ်။ ထို့ကြောင့် ကျွန်မတို့ရဲ့ လုပ်ငန်းတစ်ခု စတင် တည်ထောင်တော့မယ်ဆိုရင် ကျွန်မတို့ရဲ့ အကျင့်စာရိတ္တကို ဦးစွာ အာရုံစူးစိုက်ရပါမယ်။ အကျင့်စာရိတ္တဆိုသည်မှာ ကျွန်မတို့ အမှန်တကယ် ပြုမူလုပ်ဆောင်နေသော အရာများကို ဆိုလိုပါတယ်။ လူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်ကို ကြည့်ခြင်းအားဖြင့် သူ၏ အကျင့်စာရိတ္တကို သိနိုင်မည်။ ကျွန်မတို့ လူဘဝဖြစ်တည်လာမည့် နေရာ၊ မိဘ၊ ကလေးဘဝ စသည်တို့ကို မရွေးချယ်နိုင်ပါ။ ယင်းအပြင် ကျွန်မတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ထူးချွန်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးတို့ကို မရွေးချယ်နိုင်ပါ။ သို့သော် ကျွန်မတို့ရဲ့ အကျင့်စာရိတ္တကိုမူ ရွေးချယ်မှု ပြုနိုင်ပါတယ်။ တကယ်တော့ အကျင့်စာရိတ္တကောင်းများက တာရှည်ခံတဲ့ အောင်မြင်မှုများကို ပေးစွမ်းပါလိမ့်မယ်။ […]