ကျွန်တော် စာတွေရေးပါသည်။ မြန်မာလိုသက်သက်ရေးခြင်းသာဖြစ်သည်။ သို့ဆိုလျင် စာရေးပါသည်ဆိုမှတော့ အဘယ်ကြောင့်များ မြန်မာလိုရေးရသနည်းဟု အထွန့်တက်ချင်ကြသူများ ရှိကြပေဦးမည်။ တစ်ခြားဘာသာစကား နှစ်ခုဖြင့်လည်း ရေးလိုက ရေးသားနိုင်သောကြောင့်ဖြစ်သည်။ ရှိစေတော့.. လူ့သဘာဝမို့ပေလား။ ဆိုရလျင် ကျွန်တော်သည် အဖမြန်မာပြည်ကြီးမှ ဝေးရာ ရပ်ဝေးတစ်နေရာတွင် နေထိုင်ရသူဖြစ်သည့်အားလျော်စွာ Home Sick ဖြစ်တတ်လေသည်။ အချိန်တိုင်းဟုတော့ မဆိုသာ၊ တစ်ခါတစ်ရံတော့လည်း ကိုယ့်မြေ ကိုယ့်ရေတွင် မရနိုင်သည်များကို ခံစားမိသည့်အခါ ကျေနပ်ခြင်းဖြစ်ရသည့်အလျောက် တစ်ခါတစ်ရံတွင်မတော့ ငါ့မြေ၊ ငါ့ရေမှာရော ဒီလိုတွေ မရနိုင်ဘူးလား၊ ဒီလိုတွေ မဖြစ်နိုင်ဘူးလားဟု ခံပြင်းခြင်းဖြစ်မိတော့သည်။ ကျွန်တော်သည် လစ်ဘရယ်သမားသာဖြစ်၏။ ကွန်ဆာဗေးတစ်များနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းပင်။ ကိုယ်မှန်သည်ထင်သည့်အရာကို ရှင်းရှင်းဘွင်းဘွင်းပြောတတ်သည်။ လမ်းရိုးမှ ဖောက်ထွက်လိုခြင်းလဲဖြစ်သည်။ လမ်းဟောင်းကြီးမှ လမ်းသစ်ထွင်လိုခြင်းလဲဖြစ်သည်။ မွေးစကပင် ဒီလိုနေ၊ ဒီလိုစား၊ ဒီလိုသွား၊ […]