uncle gyiSeptember 4, 20161min2667
  ကျွန်တော်တို့ပတ်ဝန်းကျင်မှာမကြာခဏဖြစ်တတ်တဲ့ ပင့်ကူရှပ်ခြင်း ကင်းကိုက်ခံရခြင်း စသဖြင့်အဆိပ်ရှိအကောင်များကိုက်ပါကအနေရလွန်စွာခက်ပြီး တရက်နှစ်ရက်မပျောက်တတ်ရှိတတ်ပါတယ် မြွေမှအ ပ အဆိပ်ရှိအကောင်အတော်များများကိုက်တာကိုဆေးမြီးတိုများဖြင့်ကုသပျောက်ကင်း နိုင်ကြပါတယ်နေရာဒေသကွဲပြားသွားသလိုကိုယ့်နယ်အလိုက်ကုသပုံလဲအမျိုးမျိုးကွဲပြား ကြပါတယ် အဆိပ်ရှိအကောင်ကိုက်ပါကသက်သာပျောက်ကင်းစေတဲ့အပင်တွေလဲအမျိုးမျိုးရှိကြပါတယ် စာရေးသူတိုို့လက်တွေ့သက်သာပျောက်ကင်းတဲ့အပင်တပင်အကြောင်းပြောပြချင်ပါတယ် သိကြားမကိုဠ်ပင်လို့ခေါ်ပါတယ် အချို့နေရာတွေမှာစေတီပင်လို့လဲခေါ်ပါတယ် အချို့နေရာတွေမှာတော့ဒီအရွက်ကိုသိကြားမကိုဠ်လို့အသိအမှတ်မပြုပဲ အရွက်အနည်းငယ်ကြီးအရွက်ပတ်လယ်ခွေးသွားစိတ်များကဲ့သို့ဖြစ်နေတဲ့အပင်က်ိုခေါ်ပါသတဲ့ ဘာပြောပြောအခေါ်ကအရေးမကြီးပါဖူး အပင်ရဲ့အသုံးဝင်မှုကအရေးကြီးပါတယ် အပင်ဆိုပေမဲ့အပင်ကြီးမျုိုးမဟုတ်ပါ ချုံပင်မျိုးဖြစ်ပါတယ်အရွက်ကအနည်းငယ်ရှည်ပြီးနဲနဲကြီးပါတယ် ထူးခြားတာကအရွက်ပေါ်မှာသိကြားမင်းမကိုဠ်လိုပုံကလေးက သစ်ရွက်စိမ်းပေါ်မှာအမဲရောင်နဲ့ပေါ်နေတာပါ စိုက်ပျိုးရလဲမခက်ပါဖူးအပင်ကအကြမ်းခံပါတယ်ရေရှိရင်အပါွးမြန်ပါတယ် အဆိပ်ရှိအကောင်ကိုက်ရင်သိကြားမကိုဠ်အရွက်ကိုခူးပြီးကြိတ် အကိုက်ခံရတဲ့အနာပေါ်အုံပေးအဝတ်နဲ့စည်းထားပါ တညအိပ်ပြီးနောက်နေ့ဆိုအကောင်းပါပဲ နောက်တခုသုူ့အရွက်ထူးခြားချက်ကအနာမန်းတွေလဲနိုင်ပါတယ် မွှေးကျွှတ်နာလိုကုရခက်တဲ့အနာမ ျီုး ဝက်ခြံလိုမ ျိုးဖြစ်ရင် အရွက်ကိုမီးအပူပေးပြီးပျော့သွားတဲ့အခါအနာပေါ်ကပ်ထားလိုက်ပါ အနာကအရည်တွေထွက်ပြီးသက်သာသွားပါတယ် ကိုယ့်ပတ်ဝန်းကျင်မှာမြေလွတ်ရှိတယ်ဆိုစိုက်ထားသင့်တဲ့အပင်တပင်ဖြစ်ပါတယ် လူသားအားလုံးက ျမ်းမာကြပါစေ  


cruzOctober 11, 20101min1593
မန္တလေးအောင်ပင်လယ်ရပ်ကွက်ရဲ့ရေကြီးနေတဲ့ ပုံတွေပါ.. တင်တာနောက်ကျတဲ့အတွက်တောင်းပန်ပါတယ် ခုချိန်မှာတော့ တစ်ချို့နေရာတွေ ရေပြန်ကျသွားပေမယ့် ခုပုံထဲမှာပါနေတဲ့နေရာတော်တော်များများကတော့ ရေထဲရောက်နေတုန်းပါပဲ … ကျန်တဲ့ မြို့သစ်တွေဖြစ်တဲ့ မြရည်နန္ဒာ ထွန်တုံး ပြည်ကြီးတံခွန်မြို့နယ်ထဲကနေရာအချို့ နဲ့ သမန်းကုန်းရပ်ကွက်တွေမှာလည်း ရေကြီးမှုတွေဖြစ်ခဲ့ပါတယ်…လူအသေအပျောက်ရှိပါတယ်…ကယ်ဆယ်ရေးတွေလည်း အချိန်မှီလုပ်ခဲ့ကြပေမယ့် တစ်ချို့ရပ်ကွက်တွေဆို ရေတက်တာ အရမ်းမြန်တဲ့အတွက် ဆုံးရှုံးမှုတွေများတယ်လို့ သိရပါတယ်.. လွန်ခဲ့သည့်ရက်များက မန်းလေးမှာ မိုးများ သည်းထန်စွာရွာသွန်းပြီးဆည်များမှလည်းရေမထိန်းနိုင်တော့ပဲရေများဖောက်ထုတ်ခဲ့ရာမှ ခုလိုဖြစ်ပွားခဲ့ရခြင်းဖြစ်ပါတယ်…မြို့ပေါ်ရှိလူမှုရေးအသင်းအဖွဲ့များ စေတနာရှင်များမှရေဘေးဒုက္ခသည်များအတွက်လိုအပ်သည့် စားစရာနှင့်သောက်သုံးရေများကို လှူဒါန်းလျက်ရှိကြပါတယ် အားရစရာပါခင်ဗျာ.. လာလှူတဲ့အဖွဲ့တွေကလည်းမနည်းဘူးဗျ ခြင်္သေ့တွေလည်းပါတယ်(သိတယ်နော်) သူတို့ကထိပ်ဆုံးကပေါ့ ကျန်တဲ့တစ်ဦးခြင်းအလှူရှင်တွေဆိုလည်းမနည်းပါဘူးဗျာ လာပြီးကူညီနေကြတာဒုက္ခသည်တွေအတွက် အားတက်စရာပါဗျာ ပုံတွေကတော့သေးနေလို့ကောင်းကောင်းမတွေ့ကြရဘူးဆိုရင် တောင်းပန်ပါတယ်ခင်ဗျာ… ဖုန်းကင်မရာနဲ့ရိုက်တာဖြစ်တဲ့အပြင်..ဆိုဒ်ကိုလည်းချုံ့ရိုက်လိုက်လို့ပါ။


CharTooLanOctober 5, 20101min1323
ဒီမိုကရေစီရမှအမျှှဝေပါ ဆိုသူ မဝင်းမော်ဦး တိုက်ပွဲဝင်ခဲ့တဲ့ သမိုင်းဝင် ဗိုလ်ချုပ်ပုံ မဝင်းမော်ဦး.. တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်ချုပ်ပုံပါ.. ဗိုလ်ချုပ်ပုံကို ကိုင်ထားရင်း ကျည်ဆံ ထိမှန်ပြီး ကျဆုံးခဲ့ရပါတယ်.. မဝင်းမော်ဦး မိဘတွေ အိမ်မှာချိတ်ဆွဲထားတဲ့.. မဝင်းမော်ဦးရဲ့ သမိုင်းဝင်ဓာတ်ပုံပါ… အရေးခင်းတွေအကြောင်း ပြန်ပြောကြပြီဟေ့ဆိုရင် ၈၈တုန်းက မှီခဲ့တဲ့သူတွေပြောပြလို ့ သူ့ အကြောင်းကို ခဏခဏကြားခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်ပုံကိုကိုင်ပြီး ဆန္ဒပြလူအုပ်ကြီးရဲ ့ရှေ့ဆုံးကတက်လာတဲ့ မိန်းကလေးဆိုပြီးတော့လေ…. ဒီလိုမျိုးကြီးမြင်ရတော့လဲ ဝမ်းနည်းစရာကြီးဗျာ………………….. Photo:www.shwemandalay.com