maung hninkharrSeptember 29, 20111min1974
“ဝှက်ဖဲလေးနှစ်ချပ်” အဲ့ဒီနေ့ပါဘဲ။ အဲ့ဒီနေ့မှာပေါ့ ကောင်မလေးတစ်ယောက်ကို တွေ့တာ။ ရိုးရိုးလေးပါ။ကောင်မလေးတစ်ယောက်  ပန်းရောင်အကျႋလေးနဲ့ ကပိုကယို အလှဆင်လို့လေ။ ကျွန်တော့်ရှေ့ကို လျှောက်လှမ်းလာတယ်လေ။ ‘ထိုင်ခုံလွတ်မရှိလို့ ထိုင်မယ်နော်’တဲ့။ အဲ့ဒီအချိန်ကတည်းက ကျွန်တော်သိလိုက်ရမှာ သူဟာ ကျွန်တော့်ရဲ့ အော်ရိုရာ (အာရုဏ်ဦး နတ်သမီး) လေးဖြစ်မယ်ဆိုတာကို။ ဘာကိုမှ လေးလေးနက်နက်မရှိတဲ့ ကျွန်တော်ခဏလေးအတွင်းမှာ မေ့ပျောက်သွားတယ်လေ။  သူငယ်ချင်း တွေရဲ့ကောင်းမှုကြောင့်ဘဲ သူတို့နှင့် ကျွန်တော်တို့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်လေ။ ခံစားချက်ခြင်း ခံယူပုံခြင်းတူတဲ့ ကျွန်တော်တို့ ခဏလေးအတွင်းမှာလဲ တော်တော်ရင်းနှီးသွားတယ်လေ။  နောက် သူလည်းကျွန်တော့်လိုဘဲ လက်ဘက်ရည် ဆိုင်ထိုင်ရတာကို နှစ်သက်မြတ်နိုးတဲ့သူတစ်ယောက်ပေါ့။ ကျွန်တော်နဲ့သူ  လက်ဘက်ရည်ဆိုင်ရင်း ကျွန်တော်တစ်ကိုယ်တည်း ခံစားမိတဲ့ လမ်းဘေးလက်ဖက်ရည် ဆိုင်ထိုင်ခြင်းရဲ့ Feel ကို ပြောပြဖြစ်တယ်။ “လမ်းဘေး လက်ဖက်ရည်ဆိုင်က လွတ်လပ်ခြင်းကိုပေးတယ်လေ။ စီတ်အညှစ်အကြေးတွေကို ခဏမေ့ထားပေးတယ်။ […]